Vivid Light Language Centre

Vivid Light Language Centre ပညာ့အလင်းဖြင့်လူမှုဝန်းကျင်အလှဆင်ကြစို့။
Beautify Our Social Atmosphere With The Light Of Knowledge

20/08/2026
16/08/2026

“သူများရဲ့ အားနည်းချက်ဟာ ကိုယ်ရယ်ဖို့အတွက် ဟာသတစ်ပုဒ် မဟုတ်ပါဘူး”

ကလေးတွေကို ငယ်ငယ်ကတည်းက သင်ပေးချင်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုရှိပါတယ်။

သူများရဲ့အမှား၊ သူများရဲ့အားနည်းချက်၊ သူများရဲ့ မပြည့်စုံမှုကို လှောင်ပြောင်ပြီး ပျော်တတ်တဲ့အကျင့် မရှိအောင်ပါ။

သူငယ်ချင်းတစ်ယောက် စာဖတ်မှားသွားလို့ ရယ်တယ်။
အင်္ဂလိပ်စကား အသံထွက်မှားလို့ လှောင်တယ်။
စာမလိုက်နိုင်လို့ နှိမ်တယ်။
ဝတ်စားပုံ၊ အသားအရောင်၊ ကိုယ်ခန္ဓာပုံစံ မတူလို့ ဟာသလုပ်တယ်။
တစ်ယောက်ယောက် ကြောက်နေ၊ ငိုနေ၊ အခက်အခဲဖြစ်နေတဲ့အချိန်မှာတောင် ဝိုင်းရယ်တတ်တယ်။

ဒီလိုအပြုအမူတွေကို
“ကလေးတွေပဲ၊ စနောက်ကြတာပါ” ဆိုပြီး ပေါ့ပေါ့လေးမမြင်စေချင်ဘူး။

ဘာကြောင့်လဲဆိုတော့ ငယ်ငယ်ကတည်းက သူတစ်ပါးရဲ့နာကျင်မှုကို ကိုယ့်ပျော်ရွှင်မှုအဖြစ် အသုံးချတတ်လာရင် Empathy နဲ့ Compassion ကိုယ်ချင်းစာစိတ်နဲ့ ဂရုဏာစိတ် တည်ဆောက်ဖို့ ခက်သွားနိုင်လို့ပါ။

ကျွန်တော်တို့က ကလေးကို
“မရယ်နဲ့” လို့ပဲ တားရမှာမဟုတ်ဘူး။

“သူ့နေရာမှာ သားသားဆိုရင် ဘယ်လိုခံစားရမလဲ”
“သမီးမှားသွားတဲ့အချိန် သူငယ်ချင်းတွေဝိုင်းရယ်ရင် ပျော်မလား”
“သူ့ကိုရယ်မယ့်အစား ဘယ်လိုကူညီပေးလို့ရမလဲ”

ဆိုတဲ့ မေးခွန်းလေးတွေ မေးပေးရမယ်။

ကလေးကို အပြုအမူတစ်ခု ရပ်တန့်ဖို့သင်ပေးတာထက် သူတစ်ပါးရဲ့နေရာကနေ ကြည့်တတ်အောင် သင်ပေးတာက ပိုအရေးကြီးပါတယ်။

ပညာတော်တဲ့ကလေးတစ်ယောက် ဖြစ်လာတာကောင်းပါတယ်။
Confidence ရှိတဲ့ကလေးတစ်ယောက် ဖြစ်လာတာလည်းကောင်းပါတယ်။

ဒါပေမယ့် ကိုယ့်ထက်အားနည်းတဲ့သူကို နှိမ်ပြီးမှ ကိုယ့်ကိုယ်ကို မြင့်တင်တတ်တဲ့ Confidence မျိုးတော့ မဖြစ်စေချင်ပါဘူး။

တကယ့်အားကောင်းတဲ့ကလေးဆိုတာ အားနည်းသူကို လှောင်တဲ့ကလေးမဟုတ်ဘူး။
အားနည်းသူဘေးမှာ ရပ်ပေးတတ်တဲ့ကလေးပါ။

သူများမှားရင် ရယ်မယ့်အစား ကူညီပေးတတ်ဖို့၊
သူများမတတ်ရင် နှိမ်မယ့်အစား သင်ပေးတတ်ဖို့၊
သူများကျရှုံးရင် ဟာသလုပ်မယ့်အစား လက်ကမ်းပေးတတ်ဖို့၊
သူများနာကျင်နေရင် ဝိုင်းကြည့်မယ့်အစား နားလည်ပေးတတ်ဖို့ သင်ပေးကြရအောင်။

ဒီနေ့ ကျွန်တော်တို့က ကလေးတစ်ယောက်ကို Compassion သင်ပေးလိုက်တာဟာ သူ့အတန်းထဲက သူငယ်ချင်းတစ်ယောက်အတွက်ပဲ အကျိုးရှိတာမဟုတ်ပါဘူး။

တစ်နေ့ သူကြီးပြင်းလာတဲ့အခါ
သူ့မိသားစုအပေါ်၊ သူ့လုပ်ဖော်ကိုင်ဖက်တွေအပေါ်၊ လူ့အဖွဲ့အစည်းအပေါ် ပိုပြီးကြင်နာတတ်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ အစပျိုးပေးလိုက်တာပါ။

ကျွန်တော်တို့ ကလေးတွေကို အောင်မြင်အောင်ပဲ မပျိုးထောင်ကြပါနဲ့။

သူတစ်ပါးရဲ့ မပြည့်စုံမှုကို မြင်တဲ့အခါ ရယ်စရာမမြင်ဘဲ
“ငါ ဘာကူညီပေးနိုင်မလဲ” လို့ စဉ်းစားတတ်တဲ့ နှလုံးသားလေးတွေပါ ပျိုးထောင်ပေးကြရအောင်။

ပညာထက်မြက်တဲ့ ဦးနှောက်တစ်ခုနဲ့အတူ
ဂရုဏာရှိတဲ့ နှလုံးသားတစ်ခုပါရှိမှ ပညာရေးဟာ ပြည့်စုံပါတယ်။
ဦးသူရကျော်
Early Childhood Educator

နောက်တခါ ကိုယ်တွေလည်းဆရာ/ဆရာမခေါ်ရင်ဒီထဲကပါတဲ့အချက်လေးတွေ‌လဲ ထည့်ရေးရမယ်ထင်တယ်😁🙂🤭😂😂
14/08/2026

နောက်တခါ ကိုယ်တွေလည်းဆရာ/ဆရာမခေါ်ရင်
ဒီထဲကပါတဲ့အချက်လေးတွေ‌လဲ ထည့်ရေးရမယ်ထင်တယ်😁🙂🤭😂😂

14/08/2026
12/08/2026

လူပီသချင်ရင်.....
ကိုယ့်အကျိုးချည်းပဲ မကြည့်ရဘူး
သူတပါးမငိုဖို့လဲ....စာနာတတ်ရတယ်။

လူပီသချင်ရင်....
ရှက်သင့်တာကို...
ရှက်တတ်ရမှန်းသိသင့်သလို....
ကြောက်သင့်တာလည်း....
ကြောက်တတ်ရတယ်....

လူပီသချင်ရင်....
အားနည်းသူအပေါ်မှာ....
အနိုင်မယူသင့်သလို....
အားကိုးတဲ့သူတွေကိုလည်း....
ဖေးမတတ်ရတယ်.....

လူပီသချင်ရင်.....
အမှန်တရားကို....မြတ်နိုးသင့်သလို....
သစ္စာတရားကိုလည်း....
တန်ဖိုးထားတတ်ရတယ်.....

ဒါကြောင့်....
လူစစ်စစ်ဖြစ်ဖို့.....
လူသားဆန်တဲ့.... စိတ်ဓာတ်တွေနဲ့...
လူပီသဖို့တော့...လိုပါတယ်...။

(စိတ်ဖြေဆေး)

11/08/2026

တာဝန်ခံမှုရှိပြီး စည်းကမ်းကောင်းမွန်သောမူလတန်းပြ ဆရာမ၁ဦးအလိုရှိပါသည်ရှင့်🙂
စိတ်ပါဝင်စားပါက CV form နှင့်တကွ လာရောက်လျှောက်ထားနိုင်ပါသည်။

09/08/2026

ကိုယ့်ကလေးက bully အလုပ်ခံရတဲ့သူ victim နေရာက မဟုတ်နေပဲ bully လုပ်တတ်သူဖြစ်နေခဲ့မယ်ဆိုရင်ရော...?

မနေ့က ထိုင်းကျောင်းမှာ ကျောင်းသားအချင်းချင်း bully လုပ်တဲ့သတင်း နဲ့ ကျောင်းသားတစ်ယောက် သေနတ်နဲ့ ပစ်သတ်တဲ့ သတင်း ထွက်လာတော့ ..

ထုံးစံအတိုင်း မိဘတွေကြားမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုယ့်ကလေး သူ့ကလေး bully မခံရအောင် ဘယ်လို ပြန်တုံ့ပြန်ပါတွေ အမျိုးမျိုး ရေးသားကြ ကောမန့်ပေးကြတာ တွေ့မိတယ်

ဒါပေမဲ့ ဒီနေရာမှာ မိဘတွေ တစ်ခုလောက် ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ဖူးကြလား...

"ကိုယ့်ကလေးက ခံရတဲ့ Victim မဟုတ်ဘဲ တစ်ဖက်ကလေးကို အနိုင်ကျင့်နေတဲ့ Bully သာ ဖြစ်နေခဲ့ရင် မိဘတစ်ယောက်အနေနဲ့ ဘာလုပ်ကြမလဲ...?"

ဘယ်မိဘမှတော့ ကိုယ့်သားသမီးကို အဆိုးမမြင်ချင်ကြသလို၊ ဒါမျိုးလည်း မဖြစ်စေချင်ကြဘူးဆိုတာ နားလည်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ Bully လုပ်တတ်တဲ့ ကလေးအများစုရဲ့ မိဘတွေက "ကျွန်တော်/ကျွန်မကလေးကတော့ အိမ်မှာ လိမ္မာပါတယ်" လို့ပဲ ထင်ထားကြတာမျိုးတွေ ရှိနေတတ်တယ်။

မိဘတို့ရော... အကယ်၍များ ဒါမျိုး ကြုံလာခဲ့ရင် ကိုယ့်ကလေးကို ဘယ်လိုမျိုး ကိုင်တွယ်ဆုံးမ မလဲ?

ဒါမှမဟုတ် ကလေးတစ်ယောက် Bully မလုပ်မိအောင် အိမ်မှာ ဘယ်လိုကြိုတင် ဆိုဆုံးမ ပျိုးထောင်သင်ကြား ပေးသင့်တယ်လို့ ထင်လဲ?

မိဘတို့ရဲ့ အတွေးအမြင်နဲ့ အကြံပြုချက်တွေ အခြား ဖေဖေမေမေတွေလည်း မတူညီနဲ့ perspective ကနေ ဖတ်ရှုလေ့လာလို့ရအောင် ကောမန့်မှာ ဝိုင်းဝန်းဆွေးနွေး မန့်ကြည့်ကြရအောင်

Address

Rampur Quarter
Myitkyina

Alerts

Be the first to know and let us send you an email when Vivid Light Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Vivid Light Language Centre:

Shortcuts

Share