Future Success Special Education and Physiotherapy Centre

Future Success Special Education and Physiotherapy Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Future Success Special Education and Physiotherapy Centre, Educational consultant, အမှတ် (222) အေးစေတီရပ်ကွက်၊ မြစ်ကြီးနား။, Myitkyina.

26/01/2026

ကျောင်းသားလေးများကို Attention and Fine motor activities များ လေ့ကျင့်ပေးဖြစ် ဖြစ်ပါတယ်

11/01/2026

Future Success 2025-2026 Excursion❤️❤️

📣အထူးပညာရေးဆရာ/ဆရာမ (Special Education Teacher)အလိုရှိသည်။Future Success သည် အထူးပညာရေးလိုအပ်ချက်ရှိသော ကလေးငယ်များအတွက်...
07/01/2026

📣အထူးပညာရေးဆရာ/ဆရာမ (Special Education Teacher)အလိုရှိသည်။

Future Success သည် အထူးပညာရေးလိုအပ်ချက်ရှိသော ကလေးငယ်များအတွက် အရည်အသွေးရှိသော ပညာရေးနှင့် ပြုစုပျိုးထောင်မှုများကို ပေးအပ်နေသည့် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မိသားစုတွင် ပူးပေါင်းပါဝင်ပြီး ကလေးငယ်များ၏ အနာဂတ်ကို အတူတကွ ပုံဖော်ပေးရန် စိတ်ထက်သန်သော ဆရာ/ဆရာမများကို ဖိတ်ခေါ်အပ်ပါသည်။

၁။ ခေါ်ယူမည့် ရာထူး
✅ အထူးပညာရေး ဆရာ/ဆရာမ (Special Education Teacher)

၂။ လိုအပ်သော အရည်အချင်းများ
✅ သက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ (အထူးပညာရေး ဒီပလိုမာ သို့မဟုတ် ဘွဲ့ရရှိထားသူများကို ဦးစားပေးမည်။)
✅ ကလေးငယ်များအပေါ် စိတ်ရှည်သည်းခံနိုင်မှုနှင့် မေတ္တာထားနိုင်မှု အပြည့်ရှိရမည်။
✅ အထူးလိုအပ်ချက်ရှိသော ကလေးငယ်များနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိရမည်။
✅ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိရမည်။

၃။ အဓိက တာဝန်ဝတ္တရားများ
✅ ကလေးငယ်တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ခန်းစာများကို ပြင်ဆင်သင်ကြားပေးရန်။
✅ ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်စစ်ဆေးပြီး မှတ်တမ်းတင်ရန်။
✅ မိဘများနှင့် ပူးပေါင်းကာ ကလေးငယ်များ၏ ပညာရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအတွက် ဆွေးနွေးတိုင်ပင်ရန်။

၄။ ခံစားခွင့်များ
✅ ဆွဲဆောင်မှုရှိသော လစာနှင့် ခံစားခွင့်များ။
✅ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တက်ရောက်ခွင့်။
✅ နွေးထွေးပြီး အားပေးမှုရှိသော လုပ်ငန်းခွင် ပတ်ဝန်းကျင်။

၅။ လျှောက်ထားရန်
အသေးစိတ် စိတ်ပါဝင်စားသူများသည် မိမိတို့၏ ကိုယ်ရေးအကျဉ်း (CV) နှင့် လိုအပ်သော စာရွက်စာတမ်းများကို အောက်ပါလိပ်စာသို့ 23/1/2026 နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

✅ကျောင်းလိပ်စာ: (222) အေးစေတီ၊မြစ်ကြီးနား
✅ ဖုန်းနံပါတ်/Viber:09423917594

25/12/2025

Happy Merry Christmas 🎄🎄

ကျောင်းသားလေးများအတွက် Future success Merry Christmas ပါရှင့် 🎉🎉🎄🎄

23/12/2025

အရမ်းတော်သောကျောင်းသားလေးများကို Attention memory and Language များ လက်တွေ့သင်ကြားပေးနေခြင်း ဖြစ်ပါတယ် 🥰

02/12/2025

ကျောင်းသားလေးရဲ့ Brain gym activities စွမ်းရည်ကို မြင့်တင်ပေးနေခြင်းဖြစ်ပါတယ်😍

25/11/2025

ကျောင်းသား​လေးများကို Psycho Motor Activities and Reading skills ရရှိစေရန်အတွက် ​လေ့ကျင့်သက်ကြား​ပေး​နေတာဖြစ်ပါတယ်

16/11/2025

ကျောင်းသားလေးများကို reading skills and writing skills များ လေ့ကျင့်သင်ကြားပေးခြင်းများဖြစ်ပါတယ်ဗျ

4th Year Anniversary အထိမ်းအမှတ် Big Promotion ကြီးလာပါပြီ 🥳မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ထားတဲ့ "Future Success Special ...
02/11/2025

4th Year Anniversary အထိမ်းအမှတ် Big Promotion ကြီးလာပါပြီ 🥳

မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ထားတဲ့ "Future Success Special Education & Physiotherapy Center" ကြီးကတော့ အခုဆို 4 နှစ်တိတိ ပြည့်ခဲ့ပြီပဲဖြစ်ပါတယ် ✨

ဒီ 4 နှစ်တာကာလအတွင်းမှာ Special Education လိုအပ်တဲ့ သားငယ်၊ သမီးငယ်တွေများစွာကို တစ်ဦးချင်းစီအလိုက် သင့်တော်မဲ့ သင်ကြားမှုပုံစံများစွာနဲ့ စေတနာအပြည့်ထားကာ ဂရုစိုက်လေ့ကျင့်ပေးရင်း ပျိုးထောင်ပေးနိုင်ခဲ့ပါတယ် 💁🏻‍♀️

အခုဆိုရင်လည်း "Future Success Special Education & Physiotherapy Center" ကြီးရဲ့ 4th Year Anniversary အထိမ်းအမှတ်အနေနဲ့ အမှတ်တရဖြစ်စေဖို့ အထူး Promotion တစ်ခုကို စီစဉ်ပေးထားပါတယ်နော် 🎁

4th Year Anniversary Promotion ကြီးမှာဆိုရင်တော့ 2025 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ကျောင်းအပ်နှံကြမဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက်

💌 Full Day သင်တန်းကြေး
Original Price - 700,000 MMK
Promotion Price - 450,000 MMK တို့လို အထူးလျှော့ဈေးတွေကို တစ်သက်တာခံစားခွင့်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် "Future Success Special Education & Physiotherapy Center" ကြီးမှာ တက်ရောက်ကြမဲ့ သားငယ်၊ သမီးငယ်တိုင်းအတွက် Early Intervention အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Assessment ကို အခမဲ့စစ်ဆေးပေးသွားဦးမှာပါ 🤗

ဒါတင်မကသေးဘဲ ကလေးတစ်ဦးချင်းအလိုက် အထူးဂရုစိုက်‌လေ့ကျင့်ပေးနိုင်ဖို့ Special Care & Special Education ဆိုင်ရာမှာ အထူးကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမများကိုယ်တိုင် One by One အနီးကပ်သင်ကြားပေးသွားမှာဖြစ်ပါတယ် 👩🏻‍🏫

ကလေးတစ်ဦးနဲ့တစ်ဦးမှာလည်း သင်ယူမှုပုံစံနဲ့ လက်ခံနိုင်စွမ်းချင်း မတူညီတာကြောင့် Individualized Education Program (IEP) စနစ်နဲ့ လေ့ကျင့်ပေးနေတာဖြစ်လို့ တိုးတက်မှုဆိုင်ရာအတွက် အပြည့်အဝစိတ်ချရပါတယ် 😉

ဒီလိုမျိုး Special Education အတွက် နွေးထွေးတဲ့ ရပ်ဝန်း‌လေးတစ်ခုမှာ ဆရာ၊ ဆရာမကောင်းတွေနဲ့အတူ စနစ်တကျသင်ယူနိုင်ဖို့ "Future Success Special Education & Physiotherapy Center" ကြီးမှာ Promotion ကာလအမီ အခုပဲလာအပ်ထားလိုက်တော့နော် 🥳

"Future Success Special Education & Physiotherapy Center"
ဖုန်း - 09402037212
လိပ်စာ -No.(၂၂၂) ၊အေးစေတီရပ်ကွက်၊ မြစ်ကြီးနားမြို့။





27/10/2025

ခန္ဓာကိုယ် ဟန်ချက်ညီညီလုပ်ရှာနိုင်ဖို့နှင် fine motor အတွက်လေ့ကျင်နေတာပါရှင့်

ကျောင်းသား ကျောင်းသူများကို Firme motor activity and gross motor သင်ခန်းစာများကို သင်ကြားပေးခြင်း
29/09/2025

ကျောင်းသား ကျောင်းသူများကို Firme motor activity and gross motor သင်ခန်းစာများကို သင်ကြားပေးခြင်း

23/09/2025

ကျောင်းသားလေးများအား ဘာသာစကား လေ့ကျင့်ပေးခြင်းနှင့် gross motor and eye hand coordenitation ကို သင်ကြားပေးနေခြင်းများ ဖြစ်ပါတယ်ဗျ


Address

အမှတ် (222) အေးစေတီရပ်ကွက်၊ မြစ်ကြီးနား။
Myitkyina
1016

Website

Alerts

Be the first to know and let us send you an email when Future Success Special Education and Physiotherapy Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share