Tharapa Education Center

Tharapa Education Center Your Gateway To A Brighter Future

လုပ်ငန်းနယ်ပယ်အသီးသီး မှ "အလုပ်သမား" များအားဂုဏ်ယူ လေးစားလျက်........
01/05/2026

လုပ်ငန်းနယ်ပယ်အသီးသီး မှ "အလုပ်သမား" များအား
ဂုဏ်ယူ လေးစားလျက်........





🌕 ကဆုန်လပြည့်နေ့ အခါသမယ 🌿
30/04/2026

🌕 ကဆုန်လပြည့်နေ့ အခါသမယ 🌿





"နှစ်ဦး ပညာဒါန ၊ Maths Free Class"_______________________________________မင်္ဂလာပါ။ Tharapa Education Center ပါ။ ပထမဦးစွ...
23/04/2026

"နှစ်ဦး ပညာဒါန ၊ Maths Free Class"
_______________________________________

မင်္ဂလာပါ။
Tharapa Education Center ပါ။
ပထမဦးစွာ ဖေဖေ မေမေ သားသားမီးမီး တို့အားလုံး
ကိုယ် စိတ် နှလုံး အေးချမ်း ကြပါစေ လို့
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏🙏

📌 အခု Tharapa Education Center က
- Primary Level Maths
- Secondary Level Maths အတန်းလေးတွေကို
တစ်လ စာ Free (အခမဲ့)
ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။

ဒီအတန်းလေးဟာဆိုရင်
အစိုးရ ကျောင်းတက်နေတဲ့ သားသားမီးမီးတို့ နဲ့
Private School တက်နေတဲ့ သားသားမီးမီးတို့ နဲ့
အထူး သင့်လျော်ပါတယ်။
International school တက်နေတဲ့
သားသားမီးမီးတို့လည်း တက်လို့ရပါတယ်။
Classroom instructions က
အားလုံး အဆင်ပြေအောင်
English + Burmese ဖြစ်ပါမယ်။

Free Class ဆိုပေမယ့်
Level တစ်ခုကို ကျောင်းသား ၁၅ယောက် သာ
လက်ခံပါ့မယ်။

အတန်းအားတက်ရောက်မည် ဆိုပါကလည်း
လေးနက်မှု ရှိစေရန် Class Fees 20000 ကျပ်
ပေးသွင်းရပါမယ်။
အတန်းပြီးဆုံးသည်ထိ တက်ရောက်ပါက
Class Fees 20000 အားပြန်လည် ပေးသွားမှာပါ။
အတန်းအား ပြီးဆုံးသည် ထိ
မတက်လျှင်သော်လည်းကောင်း၊
အကြောင်းမဲ့ (ခွင့်မဲ့) ပျက်ကွက်ပါက
Class Fees အားပြန်လည် ပေးမည် မဟုတ်ပါ။

🚨 Primary Level
Starting Date - 7.5.2026
Ending Date - 29.5.2026
Thursday & Friday ( 4:00-5:00pm)

🚨 Secondry Level
Starting Date - 7.5.2026
Ending Date - 29.5.2026
Thursday & Friday ( 5:00 - 6:30 pm)

အသေးစိတ် အချက်အလက်များ မေးမြန်းလိုပါက
Page Chat Box or 09266777134 / 09740037967
တို့အား ဆက်သွယ် မေးမြနိးနိုင်ပါတယ်။




&CivicEducation

အတာသင်္ကြန် ကျောင်းပိတ်ရက် ကြေညာခြင်း နှင့် နှစ်သစ်ကူးဆုမွန််ကောင်းတောင်းခြင်း 💦💦Tharapa Education Center မှ ကျောင်းသား၊...
12/04/2026

အတာသင်္ကြန် ကျောင်းပိတ်ရက် ကြေညာခြင်း နှင့်
နှစ်သစ်ကူးဆုမွန််ကောင်းတောင်းခြင်း 💦💦

Tharapa Education Center မှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဖေဖေ မေမေတို့ အားလုံး မနက်ဖန် ကျရောက်တော့မယ့်
မြန်မာ့ရိုးရာအတာသင်္ကြန်အခါသမယတွင်
ဘေးဘယာဝေးကွာပြီး အေးချမ်းပျော်ရွှင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သင်္ကြန်ပိတ်ရက် အဖြစ် ဧပြီလ (၁၃) ရက်နေ့မှ
(၁၉) ရက်နေ့အထိ သတ်မှတ်ထားရှိပြီး အဆိုပါ ရက်များအတွင်း Academic ဝန်ဆောင်မှုများကို ခေတ္တ ရပ်နား ထား ပြီး ဧပြီလ (၂၀) ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

သင်္ကြန်ပိတ်ရက်အတွင်း မိသားစု၊ သူငယ်ချင်းများနှင့်အတူ စိတ်အပန်းပြေ ပျော်ရွှင်နိုင်ပြီး ဘေးအန္တရာယ်ကင်းဝေးကြပါစေကြောင်း၊
အတာရေနှင့်အတူ ကံ/ စိတ် အညစ်အကြေးများ ဆေးကြောသန့်စင်ကာ နှစ်သစ်တွင် စိတ်သစ်ကိုယ်သစ်ဖြင့် အောင်မြင်မှုအသစ်များ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Tharapa Education Center မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

✨ International school တက်နေတဲ့ သားသားမီးမီးတို့အတွက် Social Studies နဲ့ Moral and Civic Education ✨ အခု international s...
03/03/2026

✨ International school တက်နေတဲ့
သားသားမီးမီးတို့အတွက် Social Studies နဲ့
Moral and Civic Education ✨

အခု international school တွေမှာ ဆိုရင်
Social Studies နဲ့ စာရိတ္တနှင့်ပြည်သူ့နီတိလို
ဘာသာရပ်တွေဟာ မသင်မဖြစ် သင်နေရပါတယ်။

English လိုပဲ ပြောရ သင်ရတဲ့ ကျောင်းတွေမှာ
ဒီလိုဘာသာရပ်တွေဟာ ကလေးတွေ
စိတ်ဝင်စားမှုအနည်းဆုံးနဲ့
စာမေးပွဲအမှတ်တွေကိုလည်း
သိပ်မထိခိုက်တာကြောင့်
ဖေဖေမေမေတို့ အနေနဲ့လည်း အလေးထားမှု နည်း နေတတ်ပါတယ် 🥺

ဒါပေမယ့် လည်း 🤔
တစ်ဖက်မှာလည်း ဒီလိုဘာသာတွေ ရပ်တွေရဲ့
အရေးပါမှု တွေကို မေ့ထားလို့ မရပြန်ပါဘူး။

ဒါကြောင့် ခုနွေရာသီ မှာ
ဒီလိုဘာသာရပ်တွေကို
စိတ်ဝင်စား စရာကောင်းပြီး
Storytelling ပုံစံတွေ
လက်တွေ့ mini project လေးတွေနဲ့
သင်ယူရမယ် ဆိုရင် ရော
စိတ်ဝင်စားကြလားရှင့်။

📌ဒီနွေရာသီအတန်းလေးမှာဆိုရင်
အတန်းအလိုက် နဲ့
အခြေခံ မြန်မာ့ သမိုင်းနဲ့ ပထဝီဝင်
စာရိတ္တနဲ့ပြည်သူ့နီတိ တို့ကို
English to English သင်ကြားပေမယ့် အပြင်
ကျောင်းသင်ခန်းစာထဲမှာ မပါတဲ့
Extra Curriculum+ လေးတွေနဲ့
စိတ်ဝင်စားစွာ သင်ကြားပေးမှာဖြစ်ပါတယ် ။

တန်းခွဲတွေနဲ့ ပတ်သက်တဲ့
အသေးစိတ်အချက်အလက်များကိုတော့
Page Chat box နဲ့ ဖုန်း - 09266777134 တို့မှတဆင့်
ဆက်သွယ် မေးမြန်းနိုင်ပါတယ်။




&CivicEducation

မင်္ဂလာပါ 🍀Tharapa Education Center ပါ။နွေရာသီလည်း စရောက်လာပြီ ☀️သားသားမီးမီးတို့ လည်း ကျောင်းတွေ စပိတ်နေကြပြီဆိုတော့ နွ...
02/03/2026

မင်္ဂလာပါ 🍀
Tharapa Education Center ပါ။

နွေရာသီလည်း စရောက်လာပြီ ☀️
သားသားမီးမီးတို့ လည်း ကျောင်းတွေ
စပိတ်နေကြပြီဆိုတော့ နွေကျောင်းပိတ်တဲ့
ဒီရက်တွေမှာ အချိန်ကို အကျိုးရှိစွာ
စီမံခန့်ခွဲပေးဖို့က ဖေဖေမေမေ တို့ရဲ့
တာဝန်ဖြစ်လာပြန်ပါတယ်။

ဒီလိုကျောင်းပိတ်ရက်မှာ
သားသားမီးမီး တို့အတွက်
အဓိက ဖြည့်တင်းသင့်တဲ့ဝမ်းစာကတော့
English and Maths ပဲဖြစ်ပါတယ်။

ဒါကြောင့် Tharapa Education Center ရဲ့
English တန်းခွဲလေးတွေကို ဖေဖေမေမေတို့ဆီ
ယူဆောင် မိတ်ဆက်လာပေးခြင်းဖြစ်ပါတယ်။
English အတန်းလေးတွေထဲမှာ ဆိုရင် -

📌 English Safari လို့ ခေါ်တဲ့ English Four Skills + Grammar အတန်းလေးဟာ နွေကျောင်းပိတ်ရက် မှာ တက်သင့်တဲ့ နံပါတ်တစ် အတန်းလေးဖြစ်ပါမယ်။

📌 Grammar Class မှာဆိုရင်တော့ Grammar သီးသန့် သင်တဲ့အတန်းလေးဖြစ်တဲ့အတွက် lower Secondary က စလို့ သားသားမီးမီးတို့အတွက် အထူးသင့်တော်ပါတယ်။

📌 Reading and Writing အတန်းလေးကတော့ စာဖတ်ပြီး အဖြေရှာရခက်ခဲနေတဲ့ ကလေးလေးတွေ၊ စာဖတ်ပြီး နားမလည် နေတာမျိုး နဲ့ Essay Writing အပိုင်းတွေအတွက် အဓိက အတန်းလေးပါ။ ဒါကတော့ Secondary ကလေးတွေမှာ တွေ့ရလေ့ရှိတတ်ပါတယ်။

📌 Cambridge English ကတော့ International School တွေမှာသင်တဲ့ စာအုပ်တွေ ဖြစ်တဲ့ Cambridge Curriculum ကိုအသုံးပြုပြီး သင်ကြားတာဖြစ်ပါတယ်။ သူကတော့ International School တက်နေ တဲ့ ကလေးတွေအပြင် အစိုးရကျောင်းတက်ရင်း International Curriculum ကိုပါ ထိတွေ့စေချင်ရင်တော့ ဒိီအတန်းလေးကို လက်မလွတ် သင့်ပါဘူးဗျ။

တန်းခွဲတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကိုတော့
Page Chat box နဲ့ ဖုန်း - 09266777134 တို့မှတဆင့်
ဆက်သွယ် မေးမြန်းနိုင်ပါတယ်။




&CivicEducation

တောင်သူဦးကြီးများ၏ ကျေးဇူးအားအထူး လေးစား အောက်မေ့ လျက် ...
02/03/2026

တောင်သူဦးကြီးများ၏ ကျေးဇူးအား
အထူး လေးစား အောက်မေ့ လျက် ...







မင်္ဂလာပါ...Tharapa Education Center ပါ။ဒိီနေ့တော့ Tharapa Education Center ရဲ့ ပထမဆုံး နွေရာသီ အထူး အတန်းလေး နဲ့ မိတ်ဆက...
25/02/2026

မင်္ဂလာပါ...
Tharapa Education Center ပါ။

ဒိီနေ့တော့ Tharapa Education Center ရဲ့
ပထမဆုံး နွေရာသီ အထူး အတန်းလေး နဲ့
မိတ်ဆက်ပေးပါ့မယ်။

အတန်းရဲ့ နာမည်က တော့
Maths Safari ဖြစ်ပြီးတော့
📌 Curious Kittens
📌 Quick Foxes
📌 Wise Owls
📌 Excel Eagles ဆိုပြီး
အတန်းနဲ့ အသက်အရွယ်အလိုက်
Level 4 ခု ခွဲထားပါတယ်။

📢 Level အားလုံးဟာ
တစ်ပတ် မှာ သုံးရက် နဲ့
စုစုပေါင်း ၁၁ ပတ်ကြာမြင့်မှာဖြစ်ပြီး
Summer အတွက် အချိန်ကိုက် ရေးဆွဲထားတဲ့
Curriculum ပဲဖြစ်ပါတယ်ဗျ။

💸 Early Birds Discount 💸 လေးလည်း
ရှိပါတယ်ဗျ။

✰ Tharapa ရဲ့ Maths Safari Class မှာ တက်ရောက်မယ် ဆိုရင်

✅ သင်္ချာ ၂ လို့ ကျွန်တော်တို့ အလွယ် ခေါ်ခဲ့တဲ့ Geometry တွေကို ရင်းနှီး ကျွမ်းဝင်လာပြီး စဉ်းစားတွေးခေါ်ရတာ ပျော် လာမယ်။

✅ကိန်းဂဏန်းတွေကို ကျွမ်းကျင်ပိုင်နိုင်လာမယ်၊ မေးခွန်းဖတ်ပြီး တွက်ရတဲ့အခါ လည်း ယုံကြည်မှုရှိလာမယ်။

✅သင်္ချာစွမ်းရည်တိုးတက်ပြီး ပြိုင်ပွဲတွေဝင်ဖို့အစီအစဉ်ရှိရင်လည်း ကြိုပြီးလေ့ကျင့်ထားနိုင်တယ်။

✅ သင်ယူလေ့ကျင့်ရင်း သင်္ချာမှာသာမကဘဲ Problem solving skills တွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုတွေလည်း တိုးလာမယ်။

✅ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းတွေကောင်းလာပြီး၊ နိုင်ငံတကာပညာရေးကို လိုက်နိုင်မယ်။

✦︎ Tharapa မှာ သင်္ချာအတန်းတွေကို
နိုင်ငံတကာအဆင့်မီ curriculum များကို
အခြေခံ ကာ fun activities များ ကို
အသုံးပြုသင်ကြားပေးတာမို့၊

✦︎ International School ဆက်တက်မယ့်ကလေးတွေ၊ IGCSE အတန်းတွေကို Join မယ့်ကလေးတွေအတွက်လည်း အခြေခံကောင်းကိုရစေဦးမှာပါ။

👩🏻‍🏫သင်ကြားပေးမယ့်ဆရာ/ဆရာမတွေကတော့-

နိုင်ငံတကာသင်ရိုးတွေနဲ့ International School တွေမှာ သင်ကြားရေးအတွေ့အကြုံများစွာရှိခဲ့ပြီး၊ သင်္ချာ / အင်ဂျင်နီယာ အထူးပြုဘွဲ့တွေရရှိခဲ့တဲ့အပြင်၊

လက်ရှိမှာလည်း သင်္ချာ ထူးချွန်ကလေးတွေကို
မွေးထုတ်ပေးလျက်ရှိနေတဲ့
Tr.Show, Tr. Cyra နဲ့ Sayar Ye တို့ပဲဖြစ်ပါတယ်။

➥ အတန်းတွေအားလုံးက Online Class ဖြစ်တာကြောင့် ဘယ်မြို့ကမဆိုတက်ရောက်နိုင်တဲ့အပြင်၊

➥ Fun and Learn ဖြစ်စေတဲ့သင်ကြားရေးနည်းစနစ်တွေနဲ့ ရယ် လက်တွေ့ လုပ်ဆောင်ရမယ့် Project သေးသေးလေးတွေရယ်နဲ့ မွမ်းမံထားတဲ့ Curriculum ဖြစ်ပါတယ်။

➥ အစိုးရကျောင်း၊ Private School တက်ရောက်နေတဲ့ ကလေးလေးတွေအတွက်လည်း International Maths နဲ့ထိတွေ့စေပြီး သူတို့ရဲ့သင်္ချာစွမ်းရည်ကို ပိုပြီးတိုးတက်လာစေမှာပါ။

➥ အတန်းလူဦးရေကို ကန့်သတ်လက်ခံပြီး ကလေးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကိုသေချာဂရုစိုက်ပေးတာကြောင့် စာလိုက်မလုပ်မှာလည်း မပူရပါဘူးရှင်။

➥ ဒါ့အပြင်ကလေးတွေရဲ့ တိုးတက်မှုအဆင့်ဆင့်ကိုလည်း မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ပေးမှာဆိုတော့ ကိုယ့်ကလေးရဲ့အခြေအနေကိုလည်း သေချာသိရပြီး လိုအပ်သလို Support လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

‼️သင်္ချာကြောက်မှာ၊ အတန်းထဲစာမလိုက်နိုင်မှာကို မစိုးရိမ်ရဘဲ သင်္ချာ ထူးချွန်ကလေးလေးတွေဖြစ်စေချင်တာဆိုရင်တော့ …
ဒီအတန်းကိုအမြန်ဆုံးအပ်ထားနိုင်ပါပြီ။

ကဲ💥အတန်းလေးတွေလူမပြည့်ခင် သင့်ကလေးရဲ့အသက်နဲ့ တက်ရောက်လိုတဲ့အတန်းချိန်လေးတွေကို …

💬Page messenger (သို့မဟုတ်)
☎️09266777134 တို့ကို ဆက်သွယ်မေးမြန်း အပ်နှံနိုင်ပါတယ်။




အားလုံးပဲမင်္ဂလာပါရှင် ♥️ဒီနေ့ Therapa အတန်းတွေရဲ့နောက်ကွယ်က  ပဲ့ကိုင်ရှင် Teachers တွေထဲကနောက်ဆုံး တစ်ဦးနဲ့ထပ်မံ မိတ်ဆက...
23/02/2026

အားလုံးပဲမင်္ဂလာပါရှင် ♥️

ဒီနေ့ Therapa အတန်းတွေရဲ့နောက်ကွယ်က
ပဲ့ကိုင်ရှင် Teachers တွေထဲက
နောက်ဆုံး တစ်ဦးနဲ့ထပ်မံ မိတ်ဆက်ပေးပါရစေ။

သူကတော့ Sayar Ye ပဲဖြစ်ပါတယ်။
Sayar Ye ကတော့
Maths Class တွေ ရဲ့ သင်ကြားရေး များကို
တာဝန်ယူထားတာဖြစ်ပါတယ်။

Sayar Ye

- Bachelor of Engineering (Mechatronics), University of Technology (Mandalay)
- Diploma in English, University of Foreign Languages (Mandalay)
- Assistant Teacher at Mya Bi Mhan Private School
- 2019 GKS Scholarship awardee, Chosen University, Korea
- Certificate in Foundation and Intermediate of Leadership & Capacity Development, Taxila Institute



&CivicEducation

အားလုံးပဲမင်္ဂလာပါရှင် ♥️ဒီနေ့ Therapa အတန်းတွေရဲ့နောက်ကွယ်က နောက်ထပ်  ပဲ့ကိုင်ရှင် Teachers တွေထဲကတစ်ဦးနဲ့ထပ်မံ မိတ်ဆက်...
22/02/2026

အားလုံးပဲမင်္ဂလာပါရှင် ♥️

ဒီနေ့ Therapa အတန်းတွေရဲ့နောက်ကွယ်က နောက်ထပ် ပဲ့ကိုင်ရှင် Teachers တွေထဲက
တစ်ဦးနဲ့ထပ်မံ မိတ်ဆက်ပေးပါရစေ။

သူကတော့ Teacher Cyra ပဲဖြစ်ပါတယ်။
Teacher Cyra ကတော့
Maths Class တွေ ရဲ့ သင်ကြားရေး များနဲ့
Curriculum Development အပိုင်းကို
တာဝန်ယူထားတာဖြစ်ပါတယ်။

👩🏻‍🏫Tr. Cyra

➢ B.Sc (Mathematics), University of Mandalay ➢ Master of Business Administration ( MBA),
➢ TOPIK - II (Level-4)
➢ Certificate for Private Teacher Education course (Upper Secondary Education)
➢ Over 6 years teaching experience



&CivicEducation

အားလုံးပဲမင်္ဂလာပါရှင် ♥️ဒီနေ့ Therapa အတန်းတွေရဲ့နောက်ကွယ်က နောက်ထပ်  ပဲ့ကိုင်ရှင် Teachers တွေထဲကတစ်ဦးနဲ့ထပ်မံ မိတ်ဆက်...
21/02/2026

အားလုံးပဲမင်္ဂလာပါရှင် ♥️

ဒီနေ့ Therapa အတန်းတွေရဲ့နောက်ကွယ်က နောက်ထပ် ပဲ့ကိုင်ရှင် Teachers တွေထဲက
တစ်ဦးနဲ့ထပ်မံ မိတ်ဆက်ပေးပါရစေ။

သူကတော့ Sayar. Myles ပဲဖြစ်ပါတယ်။
Sayar Myles ကတော့ Tharapa ရဲ့ Founder တွေထဲက တစ်ဦး ဖြစ်ပြီး English အတန်းတွေရဲ့ Curriculum development ပိုင်း တွေနဲ့ သင်ကြားရေး တချို့တစ်ဝက်ကို တာဝန်ယူထားတာဖြစ်ပါတယ်။

🧑🏻‍🏫Sayar. Myles
➢ B.A (Hons) Anthropology, University of Mandalay
➢ MA (Social Sciences), Chiang Mai University, Thailand
➢ Diploma in English, University of Foreign Languages, Mandalay
➢ EU-SHARE Scholarship batch 2&3 awardee for exchange at Chulalongkorn University, Thailand and University of Groningen, The Netherlands. Eramus+ exchange at Tallinn University, Estonia.
➢ IELTS overall - 7.5 (Speaking-8, Listening- 8, Writing - 7.5, Reading - 7)
➢ Over 6 years teaching experience



&CivicEducation

Address

Myitkyina

Opening Hours

Monday 09:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959265151015

Website

Alerts

Be the first to know and let us send you an email when Tharapa Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tharapa Education Center:

Shortcuts

Share

Category