06/08/2023
Online studying tips
ကြားကာလပညာရေးအစီအစဉ်မှာ ကြိုးစားသင်ယူနေတဲ့ သမီးလေးတစ်ယောက်ရဲ့ အတွေ့အကြုံပေါ်အခြေခံပြီး အကြံဉာဏ်ပေးထားတာလေးပါ။ ဖတ်ရှုပြီး ဖြည့်စွက်ချင်တာရှိရင် comment ရေးပေးပါနော်
Online studying tips
၁။ ဘယ်အချိန်မှစာလုပ်မယ်ဆိုပြီးသတ်မှတ်မထားပါနဲ့ (အထူးသဖြင့် အလုပ်လုပ်သူများ)
စာကိုအားတာနဲ့လုပ်ပါ ဘာလို့လဲဆိုတော့ သိပြီးသားဖြစ်မာပါ ကိုယ်ကအာ့အချိန်ထိထိုင်ပြီးစောင့်နေရင်အာ့အချိန်ရောက်ရင်လုပ်စရာတစ်ခုခုပေါ်လာတာတို့၊ စိတ်အခြေနေအရ မလုပ်ချင်တော့တာတို့ ဖြစ်လို့ပါ။ အချိန်ရတာနဲ့ recording လေးနားထောင်တာဖြစ်ဖြစ် မေ့နေတာလေးပြန်ရှာတာဖြစ်ဖြစ်လုပ်ပါ။ စာကို ပိုမှတ်မိစေပါလိမ့်မယ်
၂။ ပိတ်ရက်မထားပါနဲ့
ကိုယ်က အိမ်မှာနေတာဖြစ်တဲ့အတွက် အိမ်အလုပ်လူမှုရေး စီးပွားရေးစသဖြင့် အပြင်အလုပ်တွေရှိတတ်ပါတယ် အာ့အတွက်အချိန်ပေးထားရတာဖြစ်တဲ့အတွက် ပိတ်ရက်ထားတာကစာကို နောက်ကျစေပါတယ်
ကိုယ်နေမကောင်းတဲ့အချိန်၊ စိတ်လုံးဝအဆင်မပြေတဲ့အချိန်ကျရင်တော့ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။
၃။ social media ကိုအကန့်သတ်ဖြင့်သာသုံးပါ။
အချိန်သတ်မှတ်ထားပါ app တွေကို log out or deactivated လုပ်ထားတာက အကျိုးရှိစေပါတယ်
၄။ စာလုပ်တဲ့အခါ target ထားပါ။
ငါဒီနေ့ဘယ်အထိပြီးအောင်လုပ်မယ်။ ဘယ်နာရီထိလုပ်မယ်။ ဒီအပတ်အတွင်း စာမေးပွဲ ဘယ်နခုပြီးရမယ် စသဖြင့်။ Target ထားခြင်းကစာကိုရှေ့ရောက်စေပါတယ်။
၅။ ရင်ဆိုင်ပါ ရှောင်မပြေးပါနဲ့။
အွန်လိုင်းကစစ်တဲ့စာမေးပွဲတွေမလို့ လွယ်ပါတယ် အရည်အချင်းရှိကြမှာလည်းမဟုတ်ဘူးလို့ပြောကြပေမယ့် တကယ့်လက်တွေ့မှာတော့
သူငယ်ချင်းတို့အားလုံးသိတဲ့အတိုင်း စာလုပ်ရတာကလွယ်ကူမနေပါဘူး စာတွေကခက်ပါတယ် ဘယ်လောက်ခက်ခက် ခက်တာကသူ့အပိုင်းဖြစ်ပြီး ပြီးအောင်လုပ်ရမှာကသာ ကိုယ့်အပိုင်းဖြစ်ပါတယ် အာ့ကြောင့် စာကဘယ်လိုဘယ်ညာဆိုတာထိုင်မတွေးနေပဲ ရင်ဆိုင်လိုက်ပါ။ စာကြည့်စားပွဲပေါ်ထိုင်ပြီး လုပ်စရာရှိတာတွေကိုသာတွန်းပြီးလုပ်လိုက်ပါ။ ကျွန်မလည်းဖြစ်ပါတယ်စာတွေခက်လာရင်စာတွေကိုရှောင်နေမိတာပါ🥲 အာ့လိုဖြစ်လာရင်မရှောင်ပါနဲ့ ကိုယ်ထင်တာတွေသာချရေးပြီးလုပ်ထည့်လိုက်ပါ။
၆။ ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပါ။
အရင်နေ့ကငါနဲ့ဒီနေ့ငါဘာတွေတိုးတက်လာလဲ။ ငါဒီနေ့ဘာစာတွေလုပ်ဖြစ်လဲ။ အချိန်တွေကိုဘယ်လိုသုံးမိလဲ။ ဘာတွေများထပ်တိုးသိလာသလဲ။ စသဖြင့်။
၇။ စာကို ဘယ်တော့မှ လုပ်လိုက်မလုပ်လိုက်မလုပ်ပါနဲ့။ ပုံမှန်လုပ်ပါ။
စာတွေအဆက်စပ်မရှိပဲ လုပ်ရတာပိုကြာပိုထိုင်းမှိုင်းလာပါလိမ်မယ်။ ၁၅ မိနစ်အချိန်ရရင်တစ်နေ့ ၁၅ မိနစ်စာလုပ်ပါ။ နာရီဝက်အချိန်ရရင် နာရီဝက်လုပ်ပါ။ တဖြည်းဖြည်း စိတ်ဝင်စားလာပြီး အချိန်ပိုပေးမိပါလိမ့်မယ်။
၈။ နောက်ကျနေပြီလိုက်မမှီတော့ဘူးလို့ ဘယ်တော့မှ မခံစားပါနဲ့။
ကျွန်မကတော့ငါနောက်ကျနေပြီခံစားရလာရင် အမြဲတွေးတာတစ်ခုရှိတယ် 'အခုလုပ်နေရင် တစ်ရက်စာပြီးမယ်' အာ့ပဲ ငါတတ်နိုင်သလောက်ကြိုးစားလုပ်နေရင်ရပြီ😊
2022NS-0440 (ICMNMTS)