Gardener English Language Centre

Gardener English Language Centre The Way , The Truth , The Life

2025-2026 Academic       Graduation &  FarewellTeachers Photos
17/06/2026

2025-2026 Academic

Graduation & Farewell

Teachers Photos

2025-2026 Graduation & Farewell       Graduation 👩‍🎓🧑‍🎓 Giving Certificates
16/06/2026

2025-2026 Graduation & Farewell

Graduation 👩‍🎓🧑‍🎓 Giving Certificates

2025-2026 Academic Year    Graduation &  Farewell Giving Award 🥇
16/06/2026

2025-2026 Academic Year

Graduation & Farewell

Giving Award 🥇

15/06/2026

မိဘများရှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲ

မှပုံများထုတ်ယူနိုင်ပြီဖြစ်ကြောင်းအကြောင်းကြားအပ်

ပါသည်။

ပုံထုတ်ပေးရမည့်ရက်များ။ ။၁၅.၆.၂၀၂၆မှ ၁၉.၆.၂၀၂၆

အချိန်။ ။ နံနက်၉:၀၀မှ ၄:၀၀နာရီအတွင်း

ကလေးများနေ့ဖြစ်ပေါ်လာပုံဇွန်လ (၁) ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ (International Children's Day)” ဖြစ်ပါတယ်။ ဒါပေ...
14/06/2026

ကလေးများနေ့ဖြစ်ပေါ်လာပုံ

ဇွန်လ (၁) ရက်နေ့ဟာ “အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ (International Children's Day)” ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့ ဒေသန္တရဓလေ့တွေအပေါ် မူတည်ပြီး ကလေးများနေ့ ကျင်းပတဲ့ရက်စွဲတွေကတော့ ကွဲပြားခြားနားမှု ရှိကြပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘာပေါ်မှာ ကလေးများနေ့ကို အစဦးဆုံး စတင်ကျင်းပပေးခဲ့တာကတော့ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဖြစ်ပါတယ်။ ၁၈၅၆ ခုနှစ်၊ ဇွန်လရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ဆရာကြီး ချားလ်စ် လီယိုနတ် (Dr. Charles Leonard) က ဘုရားကျောင်းက ကလေးငယ်လေးတွေအတွက် ရည်ရွယ်ပြီး “နှင်းဆီပန်း တနင်္ဂနွေနေ့ (Rose Sunday)” ဆိုတဲ့ အမည်နဲ့ အထူးဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားကို စတင်ကျင်းပပေးခဲ့ရာကနေ ကလေးများနေ့ရဲ့ အစောဆုံးခြေလှမ်း စတင်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်လဲဒီနေ့တိုင်ခရစ်ယာန်အသင်းတော်များဟာကလေးများနေ့ကို၆လပိုင်းဒုတိယပတ်တနင်္ဂနွေမှာဘဲကျင်းပလေ့ရှိကြပါတယ်။

ကလေးများနေ့ကို အပြည်ပြည်ဆိုင်ရာအဆင့် အသိအမှတ်ပြုလာအောင် တွန်းအားပေးနိုင်ခဲ့တာကတော့ ၁၉၂၅ ခုနှစ်၊ ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခု ဖြစ်ပါတယ်။ ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ နိုင်ငံပေါင်း (၅၄) နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး “ကလေးငယ်များဘဝ သာယာရေး” ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ ညီလာခံကြီးတစ်ခုကို ကျင်းပခဲ့ကြပါတယ်။
အဲဒီညီလာခံမှာ “ဂျီနီဗာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကြေညာစာတမ်း (Geneva Declaration on the Protection of Children)” ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဧပြီလ (၄) ရက်နေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီကြေညာစာတမ်းထဲမှာ အဓိကအားဖြင့် -ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခွင့်အရေးများ၊ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကယ်တင်ရေး၊
ကလေးသူငယ်များ အန္တရာယ်ကင်းစင်ရေး၊
အသက်ရှင်သန်ခွင့်နှင့် ပညာသင်ကြားခွင့် ရရှိရေး စတဲ့ အရေးကြီးတဲ့ အချက်တွေ ပါဝင်ပါတယ်။
အဲဒီအချိန်ကစလို့ နိုင်ငံအသီးသီးဟာ မိမိတို့အဆင်ပြေမယ့် ရက်မြတ်တွေကို သတ်မှတ်ပြီး ကလေးများနေ့ကို ကျင်းပလာခဲ့ကြပါတယ်။

ကျွန်တော်တို့ အသိများတဲ့ ဇွန်လ (၁) ရက်နေ့ ကလေးများနေ့ ဖြစ်ပေါ်လာပုံကတော့ စိတ်မကောင်းစရာ ကမ္ဘာ့သမိုင်းဝင် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးတစ်ခုနဲ့ ဆက်စပ်နေပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့မှာ ဂျာမနီ ဖက်ဆစ် (Fascism) တပ်တွေဟာ ချက်သမ္မတနိုင်ငံ (Czech Republic) ရဲ့ လီဒစ်စ့် (Lidice) ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာထဲမှာရှိတဲ့ အမျိုးသားအားလုံးနဲ့ ကလေးငယ် အားလုံးနီးပါးကို ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြပါတယ်။ ကျန်ရစ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ် (၉၀) ကျော်ကိုတော့ အကျဉ်းစခန်းတွေမှာ ချုပ်နှောင်ထားခဲ့ပြီး ရွာတစ်ရွာလုံးကိုလည်း ပြာကျအောင် ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားတဲ့ အခါမှာလည်း စစ်ဘေးဒဏ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်းမြောက်မြားစွာ အလုပ်အကိုင်မဲ့ပြီး ငတ်မွတ်ခေါင်းပါးမှု ဘေးဒဏ်တွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အထူးသဖြင့် ကလေးသူငယ်လေးတွေဟာ ရက်စက်တဲ့ စစ်ဒဏ်၊ ငတ်မွတ်မှုဒဏ်တွေအပြင် ကူးစက်ရောဂါတွေကြောင့်ပါ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရပါတယ်။
ဒါကြောင့် ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလမှာ မော်စကိုမြို့၌ ကျင်းပခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ ဒီမိုကရက်တစ် အဖွဲ့ချုပ် (Women's International Democratic Federation - WIDF)” ရဲ့ ညီလာခံမှာ စစ်အတွင်းက သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေကို အောက်မေ့သတိရဖို့နဲ့ ကမ္ဘာ့ကလေးငယ်တွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် နှစ်တိုင်းရဲ့ ဇွန်လ (၁) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ကလေးများနေ့” အဖြစ် သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နောက်ပိုင်း ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ ကုလသမဂ္ဂ (UN) ကနေ ကမ္ဘာ့ကလေးများနေ့ (Universal Children's Day) ကို နိုဝင်ဘာလ (၂၀) ရက်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး၊ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှာတော့ ကမ္ဘာတစ်ဝန်းလုံး လိုက်နာရမယ့် “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း” အချက် (၁၀) ချက်ကို အောင်မြင်စွာ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

နိုင်ငံအချို့ရဲ့ ကျင်းပရက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်
မြန်မာ - ဖေဖော်ဝါရီ (၁၃) ရက်
တရုတ်ပြည်မကြီး - ဇွန် (၁) ရက်
ဟောင်ကောင် - ဧပြီ (၄) ရက်
မကာအို - ဇွန် (၁) ရက်
ထိုင်ဝမ် - ဧပြီ (၄) ရက်
ဂျပန် - မေ (၅) ရက်
မြောက်ကိုရီးယား - ဇွန် (၁) ရက်
တောင်ကိုရီးယား - မေ (၅) ရက်
မွန်ဂိုလီးယား - ဇွန် (၁) ရက်
လာအို - ဇွန် (၁) ရက်
အိန္ဒိယ - နိုဝင်ဘာ (၁၄) ရက်
တူရကီ - ဧပြီ (၂၃) ရက်
ထိုင်း - ဇန်နဝါရီလ၏ ဒုတိယပတ် စနေနေ့
စင်ကာပူ - အောက်တိုဘာ (၁) ရက်
အမေရိကန် - ဇွန်လ၏ ဒုတိယပတ် တနင်္ဂနွေနေ့
ဘရာဇီး - အောက်တိုဘာ (၁) ရက်

12/06/2026

မိဘများရှင့်

၁၃ / ၆ / ၂၀၂၆ စနေနေ ့တွင် Weekend စနေသီးသန့်

English 4skills နှင့်Abacus အတန်းများဖွင့်လှစ်သွားမည်

ဖြစ်ကြောင်းပြန်လည်အကြောင်းကြားအပ်ပါသည်။

English Classပို့ချိန်။ ။ နံနက် ၇: ၄၀ အရောက်

ကြိုချိန်။ ။၁:၄၅တိတိ

ထမင်းချိုင့်ပို့ချိန်။ ။၁၁:၀၀တိတိ

Abacus သင်္ချာပေတီးတန်းပို့ချိန်။ ။၂:၀၀

ကြိုချိန် ။ ။၄:၀၀

2025-2026Academic Year Gardener Primary Private School
12/06/2026

2025-2026Academic Year
Gardener Primary Private School

05/06/2026

ကျောင်းသန့်ရှင်းရေးဝန်ထမ်းခေါ်ခြင်း🧹🧼

Gardener Academy တွင်ကျောင်းသန့်ရှင်းရေးဝန်ထမ်း

မ(၁) လျှောက်ထားနိုင်ပါသည်။

ရှိသင့်သောအချက်များ ။

၁။ ကျန်းမာသွက်လက်သူဖြစ်ရမည်။

၂။ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

၃။ မှတ်ပုံတင်ရှိသူဖြစ်ပါမည်။

၄။ သန့်ရှင်းရေးကိုကောင်းမွန်စွာလုပ်ဆောင်တတ်ရပါမည်။

ဆက်သွယ်ရန်။

၀၉၇၅၆၅၆၇၂၇၆

၀၉၇၄၀၆၀၄၉၄၉

နေရာ

အမှတ်(၆၁၇)ထွယ်ဆန်/Area Guest House လမ်းကြား

31/05/2026

Pre KG (Jasmine)

Address

Shwe Street
Myitkyina

Telephone

+959400039250

Website

Alerts

Be the first to know and let us send you an email when Gardener English Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Gardener English Language Centre:

Shortcuts

Share

Category