JOY Language COACH

JOY Language COACH Language Center

Teachers are the beating heart of Education 🙏🏻🙏🏻
05/10/2022

Teachers are the beating heart of Education 🙏🏻🙏🏻

JLC မှ အလယ်တန်း ကလေးတွေ အတွက် English Four Skills Class နဲ့ မူလ တန်းကလေး တွေ အတွက် English Class များ ပြန်လည်ဖွင့်လှစ်ပါ...
15/06/2022

JLC မှ
အလယ်တန်း ကလေးတွေ အတွက်
English Four Skills Class နဲ့
မူလ တန်းကလေး တွေ အတွက် English Class များ ပြန်လည်ဖွင့်လှစ်ပါမယ်ရှင့်

သင်တန်းသားသစ်များ Level Test ဖြေဆိုရပါမည်

Mon Tue Wed. 4pm-5:30 pm
Thur. Fri. Sat. 4pm-5:30 pm

ဒီချိန်ကာလ အားလုံးခက်ခဲနေချိန်မို့ သင်တန်းကြေးကိုအသက်သာဆုံးဖြစ်အောင်စီစဉ်ပေးထားပါတယ်

20000 MMK Per month ပါရှင့်

💥သင်တန်းသားအနည်းငယ်ကိုသာ လက်ခံ
သင်ကြားနိုင်မည်ဖြစ်ပါသည်

စာရင်းသွင်းရန်။ ☎️ 09 266 591 338
or. Page CB

ဒီနေ့ပြုလုပ်တဲ့ Closing Ceremony မှာ ပြိုင်ပွဲတိုင်းမှာ အားတက်တရော ပါဝင်ကြတဲ့ ကျောင်းသားအားလုံးကိုကျေးဇူးတင်ပါတယ် ရှင့် ...
11/06/2022

ဒီနေ့ပြုလုပ်တဲ့ Closing Ceremony မှာ ပြိုင်ပွဲတိုင်းမှာ အားတက်တရော ပါဝင်ကြတဲ့ ကျောင်းသားအားလုံးကိုကျေးဇူးတင်ပါတယ် ရှင့်
အဘက်ဘက်က ကူညီအားဖြည့်ပေးတဲ့ Tr တို့ကိုလဲ ကျေးဇူးအများကြီး တင်ပါတယ် ရှင့်
🥰🥰🥰

နောက်အပတ် အတန်းသစ်များ စ ပါပြီရှင်။

Art class;
Mon ; Tue ; Wed 4:00 pm - 5:30 pm

Young Learner English class ;
Thur ; Fri ; Sat. 4:00 pm - 5:30 pm

☎️ 09266591338

💥 FUN FAREWELL ANNOUNCEMENT 💥11.6.2022 (Sat) 10:00 amလာမဲ့စနေနေ့ မှာဆိုရင် JLC မှ Summer Course တက်ရောက်ပြီးသော ကျောင်းသ...
09/06/2022

💥 FUN FAREWELL ANNOUNCEMENT 💥

11.6.2022 (Sat) 10:00 am
လာမဲ့စနေနေ့ မှာဆိုရင် JLC မှ Summer Course တက်ရောက်ပြီးသော ကျောင်းသားများအတွက် Farewell Ceremony လေးရှိမှာဖြစ်ပါတယ်

အစီစဉ်အားဖြင့် …
💥 ပန်းချီပြိုင်ပွဲနှင့်ဆုချီးမြှင့် မည့်အစီစဉ် 🎨
💥 ထူးချွန်ကျောင်းသားဆုချီးမြှင့်အစီစဉ် နှင့်
💥 Social Game အစီစဉ် တို့ဖြစ်ပါတယ်

🍽🍽 နေ့လည်စာလဲစီစဉ်ထားမှာဖြစ်ပါတယ်ရှင် 😋😋

ကျောင်းသားများယူလာရန်

Student ID Card
Clipboard
Pencils

See You Soon 🥰🥰

JLC မှ  အစိုးရကျောင်းမတက်ဖြစ်တဲ့    ကလေးတွေ နဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ အတွက်  စနစ်သစ်ကျောင်းသင်ခန်းစာ ( New Curriculum ...
09/06/2022

JLC မှ အစိုးရကျောင်းမတက်ဖြစ်တဲ့
ကလေးတွေ နဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ အတွက် စနစ်သစ်ကျောင်းသင်ခန်းစာ ( New Curriculum Text Book English)နှင့်အတူ ပြင်ပ English တွဲ သင်ပေးမဲ့
အတန်းသစ်လေးများ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်
ကိုယ်တက်ရောက်ရမည့် Level ကို သိရှိနိုင်ရန် Placement Test လေးဖြေဆိုရမှာဖြစ်ပါ
တယ်ရှင်
ကျောင်းတက်နေတဲ့ ကလေးတွေနဲ့ JLC မှ ကျောင်းသားဟောင်းများ ကတော့ Test ဖြေ ရန် မလိုအပ်ပါ
ကလေးများကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီရှင်…

အတန်းစမည့်ရက်
🗓 16.6.2022 (Thursday)

⏰အတန်းချိန်များ
Thursday, Friday, Saturday 2 pm - 3:30 pm
Thursday, Friday, Saturday 4 pm - 5:30 pm

စနစ်သစ် ကျောင်းသင်ခန်းစာတွေမှာ  Artဟာဘာသာရပ်တစ်ခုအနေနဲ့ပါဝင်လာပြီမို့ ကလေးတွေအတွက်ပန်းချီဟာငယ်စဉ်ကတည်းကအရေးကြီးတဲ့ အစိတ်...
02/06/2022

စနစ်သစ် ကျောင်းသင်ခန်းစာတွေမှာ Art
ဟာဘာသာရပ်တစ်ခုအနေနဲ့ပါဝင်လာပြီမို့

ကလေးတွေအတွက်ပန်းချီဟာငယ်စဉ်ကတည်းကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ် 🎨🎨🖌
ပန်းချီဟာ ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်း(Critical thinking )ကို မြှင့်တင်ပေးပြီး Problem solving abilities ကိုလဲတိုးတက်စေပါတယ်
ကလေးတွေပန်းချီရေးဆွဲနေချိန်ဟာဆိုရင် သူတို့ရဲ့ ကမ္ဘာကိုသူတို့နားလည်နေတဲ့အချိန်ဘဲဖြစ်ပါတယ်

ပုံလေးတစ်ပုံစရေးဖို့ပြင်ဆင်ရချိန်မှာပထမဆုံးစိတ်လှုပ်ရှားတက်ကြွစွာနဲ့စတဲ့အတွက်ကြောင့်မို့
ပျော်ရွှင်တက်ကြွမယ်

စစချင်းပုံတူလိုက်ရေးဖို့အတွက်မျက်စိအာရုံ/ဘယ်လိုလေးစပါမယ်ဆိုပြီးTr.ပြောတဲ့အသံလေးကြားရတဲ့နား အပြင် အရာအားလုံးကိုသင်ယူဖို့စုပ်ယူနိုင်စွမ်းကောင်းလွန်းသောငယ်ရွယ်နုပျိုတဲ့မှတ်ဉာဏ်လေးတွေကိုများများအသုံးပြုရတဲ့အတွက် မှတ်ဉာဏ်စွမ်းရည်အတွက်ပါတိုးတက်ပါမယ်

ကလေးတွေအတွက် ခုလိုအရေးပါလှတဲ့
ပန်းချီအတန်းလေးကို JLC က အမြဲဖွင့်ပေးနေတာဘဲဖြစ်ပါတယ်

ကြိုးစားပြီးပညာတန်ဖိုးထားသူကလေးများအတွက်
သင်တန်းကြေးအခက်ခဲရှိပါကTr.တို့မှ
အပတ်စဉ် 💥စနေနေ့တိုင်း FOC ပညာဒါနအတန်းလေးပေးပါမည်..
Joinလိုသောမိဘများကြိုတင်ဆက်သွယ်လာနိုင်ပါသည်..🙇‍♀️

Mon. Tue. Wed. 4:00 pm - 5:30 pm
20000 MMK for per month
✴️✴️Material fees မပါဝင်ပါ
50000MMK For 3months
3လတစ်ခါတိုးတက်မှုအရည်အချင်းစစ်ပန်းချီပြိုင်ပွဲရှိမှာဖြစ်ပါတယ် ...

တစ်ယောက်ချင်း လိုအပ်ချက်များကိုအသေးစိတ် သေချာသင်တဲ့အတွက် နောက်ကျသွားတယ်ဆိုတာမျိုးမရှိပါဘူးရှင့်
သင်တန်းသားသစ်အမြဲလက်ခံကြိုဆိုပါသည်!

Thanks for choosing JLC🙏🏻

01/06/2022

JLC ရဲ့ Art Class အမြဲဖွင့်ပါတယ်
Mon. Tue. Wed. 4:00 pm -5:30pm
20000 MMK for Per Month
Material fees မပါဝင်ပါ

📲 09 266 591 338
Thanks for joining with us.

27/05/2022

Adorable kids 🥰🥰🥰
အမြဲမှတ်မိနေအောင်လို့ Occupation name တွေကို Nickname အနေနဲ့‌ပေးထားခြင်းဖြစ်ပါတယ် 🥰

Many thanks to Tr. Htu Htoi Ra Jasham for participating with the fun activities. We had a lot of fun. Please, do not for...
23/05/2022

Many thanks to Tr. Htu Htoi Ra Jasham for participating with the fun activities. We had a lot of fun. Please, do not forget the last request of our students. 🥰


As my little stars who have not yet attended KG and have just learned English alphabet can read and write like this afte...
15/05/2022

As my little stars who have not yet attended KG and have just learned English alphabet can read and write like this after learning Phonics Group 1 because they have to read more and more, I want to appreciate them.🥰🥰☺️

💜 Happy Mother's Day 💜"မိခင်များနေ့ဖြစ်ပေါ်လာပုံ"My Heroမိခင်များနေ့ ဆိုတာကမ္ဘာပေါ်မှာရှိတဲ့မိခင်အားလုံးကို ဂုဏ်ပြုသောနေ...
08/05/2022

💜 Happy Mother's Day 💜

"မိခင်များနေ့ဖြစ်ပေါ်လာပုံ"
My Hero
မိခင်များနေ့ ဆိုတာကမ္ဘာပေါ်မှာရှိတဲ့မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာမိခင်နေ့ဆိုပြီး နိုင်ငံအများစုက သတ်မှတ်ကြတာပါ။ မြန်မာနိုင်ငံ ထဲမှာတော့ခရစ်ယာန်တွေဟာအင်တာနေရှင်နယ်မိခင်များနေ့ကိုကျင်းပကြပြီး၊ကျန်သူတွေတော့၁၉၉၅ခုနှစ်ပြာသိုလမှာစာရေးဆရာဦးသုခကြိုးပမ်းတင်သွင်းခဲ့တဲ့မြန်မာ့အမေများနေ့ကိုကျင်းပပြုလုပ်ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာမိခင်များနေ့ကိုအစပြုဖော်ထုတ်ပေးခဲ့သူကတော့အမေရီကန်ကနာမည်ကြီးစာရေးဆရာမဂျူလီယာဝါ့ဒ်ဟိုး(Julia Ward Howe 1819-1910)ဘဲ ဖြစ်ပါတယ်။၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers' Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ Julia Ward Howe ၏ စိတ်ကူးအမြင်ဟာအတော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ Anna Jarvisတင်သွင်းတဲ့မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာမိခင်များနေ့ကိုဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သသူကတော့Anna Jarvis (၁၈၆၄- ၁၉၄၈)ဆိုတဲ့အမျိုးသမီးဘဲဖြစ်ပါတယ်။သူဟာအိမ်ထောင်မရှိသူ ဖြစ်ပြီး၊ ကလေးလည်းမရှိခဲ့ပါ။ သို့သော်သူမရဲ့ကြိုးစားလှုပ်ရှားမှုတွေကြောင့် မိခင်များနေ့ရဲ့မိခင် အဖြစ် လူသိ များလာခဲ့ပါတယ်။နှစ်ဆယ်ရာစုနှစ်စမှာ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေထဲ ပါ၀င်ခွင့်ရပြီး နိုင်ငံရေးတွေမှာ ဆန္ဒမဲပေးခွင့်တွေ ရလာကြတယ်။ ဒီလိုအခွင့်အရေးရတဲ့ နေရာမှာ ကြီးပြင်းလာခဲ့တဲ့ Annaက နိုင်ငံရေးတွေမှာ ပါ၀င်ခဲ့တယ်။သူ့မိခင်ဟာ ဖာသာတစ်ဦးရဲ့သမီးဖြစ်ပြီး West Virginia ပြည်နယ် Grafton ဆိုတဲ့မြို့လေးရဲ့ဘုရားကျောင်းတစ်ခုမှာ Sunday School အနှစ်နှစ်ဆယ် ကျော်စာသင်ခဲ့ပါတယ်။၁၉၀၅ ခုနှစ် မေလမှာ သူ့မိခင်ဆုံးသွားတယ်။ မိခင်ဆုံးပြီးဒုတ်ယနှစ်မှာ Anna က သူ့မိခင်စာသင်ခဲ့တဲ့ ဘုရားကျောင်းမှာ (၂)နှစ်ပြည့် (မေလ ဒုတိယပတ် တနင်္ဂနွေနေ့) အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့တယ်။အဲဒီမှာဘဲ Mother's Day ကို ကျင်းပနိုင်ဖို့ရန်တောင်းဆိုခဲ့ပါတယ်။ ၁၉၀၈ မေလ ၁၀ ရက်မှာ အသိအမှတ်ပြုသော မိခင်များနေ့ကို Grafton and West Virginia မှာ ရှိတဲ့ Andrew's Methodist Church နှင့် အခြားအသင်းတော်များမှာ ကျင်းပလာခဲ့ကြပါတယ်။ အထိမ်းအမှတ်ပွဲမှာ မိခင်ရဲ့ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာ၀ရတည်တံ့မှုကို မိခင်ကြိုက်တဲ့ အဖြူရောင် Dianthus caryophyllusပန်းတွေနဲ့ အစားထိုးခင်းကျင်းခဲ့တယ်။ အခုခေတ်မှာတော့ မိခင်များနေ့ကို အနီရောင်ပန်း Dianthus caryophyllus အဖြင့် ပြောင်းလဲခဲ့ပြီး အဖြူရောင်ကိုတော့ ကွယ်လွန်သွားတဲ့မိခင်တွေအတွက်ကျန်ရစ်သူသားသမီးတွေအပေါ် သုံးကြပါတယ်။

၁၉၁၁ ခုနှစ် မှာတော့ အမေရိကန်ပြည်နယ် တော်တော်များများမှာမိခင်းများနေ့ကို စတင်ကျင်းပလာနေပြီဖြစ်ပါတယ်။ဒါကြောင့် Anna ဟာ မိတ်ဆွေ တချို့နဲ့ပေါင်းပြီး letter-writing campaign အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ခေါင်းဆောင် အကြီးအကဲ၊ ကုန်သည်၊ ပါတီ၀င်တွေရဲ့ ထောက်ခံမှုကိုယူပြီး အဲဒီအထိမ်းအမှတ်နေ့ကို တစ်နိုင်ငံလုံးရဲ့ မိခင်များနေ့အဖြင့် သတ်မှတ်ခဲ့တယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်တစ်ခုက သူ့မိခင်ကို လွမ်းဆွတ်ခြင်းကနေ ရှိသမျှ အမေအားလုံးကိုလေးစားပြီး လူတွေအားလုံး ဒီလိုအချိန်အခါမှာ မိခင်အပေါ်ထားတဲ့ လေးစားမှု၊ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသဖို့နဲ့ မိသားစုအချင်းချင်း မေတ္တာတွေ ပိုမိုခိုင်မြဲစေအောင်ဖြစ်တယ်။ နောက်ရည်ရွယ်ချက်တစ်ခုက အမျိုးအမီးများအတွက် နေ့တစ်နေ့အဖြင့် သတ်မှတ်ပြီး အထူးသဖြင့် အိမ်ထောင်တစ်ခုလုံးအတွက် အနစ်နာခံ ပေးဆပ်နေတဲ့ မိခင်ဆိုတဲ့ အမျိုးသမီးကို အာရုံထား၊ ဂရုပြုမိဖို့အတွက်ဖြစ်တယ်။

Annaရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၀ခုနှစ်မှာ West Virginia ပြည်နယ်က မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် သတ်မှတ် ကြော်ငြာလိုက်တယ်။ ၁၉၁၁ခုနှစ်ရောက်တော့ ပြည်နယ်တိုင်းက မိခင်များနေ့ကို ကျင်းပကြတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့နိုင်ငံအသီးသီးက ဥပမာ မက်ဆီကို၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ တောင်အမေရိကားနဲ့ အာဖရိကတိုက်တို့ကလဲ မိခင်များနေ့ကို စတင်ကျင်းပခဲ့တယ်။ ၁၉၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့မှာ The Mother's Day International Association ကို စတင်ဖွဲ့စည်းပြီး မိခင်များနေ့ကို အသိအမှတ်ပြုခဲ့တယ်။၁၉၁၃ ခုနှစ် Pennsylvania ပြည်နယ်ကလည်း မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကြော်ညာခဲ့တယ်။ ၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့ မှာ လွတ်တော်ကိုယ်စားလှယ်တို့ရဲ့ အတည်ပြုချက်နဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေရိကားရဲ့မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့်၁၉၁၄ ခုနှစ်မှာ သမတ Woodrow Wilson က မေလ ဒုတိယပတ် တနင်္ဂနွေ ကို မိခင်များနေ့ အဖြစ် သတ်မှတ်ရန် လက်မှတ်ရေးထိုးခဲ့ပါတယ်။

တကယ်တော့မိခင်များနေ့ဟာအမေရီကန်နိုင်ငံရဲ့မိခင်များနေ့သာဖြစ်ပါပေမဲ့၊လူတိုင်းမှာအမေဆိုတာရှိပြီးဒီအမေကိုအောက်မေ့ဂုဏ်ပြုချင်သောစိတ်ဟာလူတိုင်းမှာတူညီစွာရှိနေလို့၊တဖြေးဖြေးပြန့်နှံ့လာတာခုဆိုရင်အင်တာနေရှင်နယ်မိခင်များနေ့အဖြစ်ဖြစ်တည်နေပါပြီ။သမိုင်းမှတ်တမ်းအရ၁၉၄၈ခုနှစ်Annaဆုံးတဲ့အခါမှာနိုင်ငံပေါင်း၄၃နိုင်ငံကဒီမိခင်များနေ့ကိုကျင်းပနေကြပြီလို့ဆိုပါတယ်။

အမေများနေ့ကို ဂုဏ်ပြုလိုက်ပါသည်။
အမေများအားလုံး ပျော်ရွှင်ကြစေ။

Address

Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959266591338

Website

Alerts

Be the first to know and let us send you an email when JOY Language COACH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to JOY Language COACH:

Shortcuts

Share

Category