Central Garden Preschool

Central Garden Preschool Central Garden Preschool

15/08/2026

ပန်းကလေးများပွင့်လန်းရာ ပန်းဥယျဉ်🪴💐🌺🪷🌻

🏠 Central Garden Preschool
No.4, Duwa Street, Du Kahtawng Quarter 5, Myitkyina,Kachin State.

📞09-401524751, 09760998359

02/08/2026

မူကြိုအရွယ်ဟာ သဘာဝတရားကို ချစ်မြတ်နိုးတတ်တဲ့ အလေ့အကျင့်အဖြစ်စတင်ပျိုးထောင်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

Central Garden မှသားသားမီးမီးများ သဘာဝနဲ့ ပျော်ရွှင်စွာ နေထိုင်တတ်တဲ့သူတွေဖြစ်လာပါစေ။💕🍀🌿🌴🪴🍁🍂

မျက်လုံးလေးတွေမှာ ကြောက်ရွံ့မူ နဲ့ စိတ်လူပ်ရှားမူရောနှောနေတဲ့ ပထမဆုံး Bus စီးခရီးစဉ်လေး။ အစပိုင်းမှာ တီချယ်လက်ကိုမလွတ်ရဲ...
02/08/2026

မျက်လုံးလေးတွေမှာ ကြောက်ရွံ့မူ နဲ့ စိတ်လူပ်ရှားမူရောနှောနေတဲ့ ပထမဆုံး Bus စီးခရီးစဉ်လေး။ အစပိုင်းမှာ တီချယ်လက်ကိုမလွတ်ရဲကြဘူး၊ ကြောက်နေကြပေမယ့် နောက်တော့ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ပြန်လာခဲ့ကြတယ်။ဒီ Farm Trip လေးက သူတို့လေးတွေရဲ့ မမေ့နိုင်တဲ့ အဖိုးတန် စွန့်စားခန်းလေးတစ်ခုဖြစ်ခဲ့ပါတယ်ရှင်။

အများနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားလာခြင်းအပြင် လိုက်နာခြင်းဆိုတဲ့အရာတွေကိုပါ သင်ယူခဲ့ရတဲ့ ခရီးစဉ်လေးပါ💕

01/08/2026

The first trip of this academic year was extremely fun!



Victory Garden မှာပျော်ခဲ့ကြတဲ့ Central Garden မှ သားသားမီးမီးများ💕
31/07/2026

Victory Garden မှာပျော်ခဲ့ကြတဲ့ Central Garden မှ သားသားမီးမီးများ💕




ကျောင်းလေးကို ယုံကြည်အားပေးပြီး ဒီလိုကောင်းမွန်တဲ့ သုံးသပ်ချက်လေး ရေးပေးတာ တွေ့လိုက်ရတော့ ချစ်ရတဲ့မေမေကိုကျေးဇူးတင်မိပါတ...
29/07/2026

ကျောင်းလေးကို ယုံကြည်အားပေးပြီး ဒီလိုကောင်းမွန်တဲ့ သုံးသပ်ချက်လေး ရေးပေးတာ တွေ့လိုက်ရတော့ ချစ်ရတဲ့မေမေကိုကျေးဇူးတင်မိပါတယ်ရှင်။ မိဘတွေရဲ့အားပေးစကားတွေက ကျွန်မတို့ ဆရာမတွေရဲ့ နေ့စဉ်ကြိုးစားအားထုတ်မူအတွက် အကြီးမားဆုံးခွန်အား ဖြစ်စေပါတယ်။

ကလေးတွေရဲ့ ပျော်ရွှင်တဲ့အပြုံးလေးတွေ၊ ဘေးကင်းလုံခြုံတဲ့ ပညာရေးခရီးလေးအတွက် ဆက်လက်ကြိုးစားသွားပါဦးမယ်ရှင်။

မိဘတွေရဲ့အပြုံးနဲ့ ကလေးတွေရဲ့ပျော်ရွှင်မူက ကျွန်မတို့ရဲ့အောင်မြင်မူပါ။⭐️
ကျေးဇူးတင်ပါတယ်။ 💕

#ကျေးဇူးတင်စကား



Central Garden မိသားစုဝင်များရှင့်,ရေလျော့ကျသွားပြီဖြစ်၍ကျောင်းသန့်ရှင့်ရေး၊ပိုးသတ်‌ေဆးဖြန်းခြင်းများ ဆက်လက်လုပ်ဆောင်နေပ...
20/07/2026

Central Garden မိသားစုဝင်များရှင့်,

ရေလျော့ကျသွားပြီဖြစ်၍ကျောင်းသန့်ရှင့်ရေး၊ပိုးသတ်‌ေဆးဖြန်းခြင်းများ ဆက်လက်လုပ်ဆောင်နေပါကြောင်း နှင့် ဗုဒ္ဓဟူးနေ့ ကျောင်းပုံမှန် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

📌အရေးပေါ်အကြောင်းကြားခြင်း📌Central Garden မိသားစုဝင်များရှင်,မိုးသည်းထန်စွာ ရွာသွန်းမူနှင့်အတူ ကျောင်းအတွင်းသို့ ရေဝင်ရေ...
19/07/2026

📌အရေးပေါ်အကြောင်းကြားခြင်း📌

Central Garden မိသားစုဝင်များရှင်,

မိုးသည်းထန်စွာ ရွာသွန်းမူနှင့်အတူ ကျောင်းအတွင်းသို့ ရေဝင်ရောက်လာသောကြောင့် ၂၀ ၊ ၂၁ ရက်(တင်္နလာ နှင့် အင်္ဂါ ) နေ့များတွင် ကျောင်းပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အပြောင်းအလဲများရှိလာပါက ပြန်လည်အကြောင်းကြားပေးပါမည်။

🏠 Central Garden Preschool
No.4, Duwa Street, Du Kahtawng Quarter 5, Myitkyina,Kachin State.

📞09-401524751, 09760998359

ကလေးတွေကို “လူတော်လူကောင်းဖြစ်ပါ” လို့ lecture ပေးရုံနဲ့ မဖြစ်ပါဘူး။Wisdom (ဉာဏ်ပညာ)၊ Compassion (ကရုဏာ)၊ Virtue (ကိုယ်က...
16/07/2026

ကလေးတွေကို “လူတော်လူကောင်းဖြစ်ပါ” လို့ lecture ပေးရုံနဲ့ မဖြစ်ပါဘူး။

Wisdom (ဉာဏ်ပညာ)၊ Compassion (ကရုဏာ)၊ Virtue (ကိုယ်ကျင့်တရား) ဆိုတာတွေက PowerPoint နဲ့ သင်ပေးလို့မရသလို၊ အလွတ်ကျက်ခိုင်းလို့လည်း မရပါဘူး။

ကလေးတွေနဲ့ဆိုရင်
Game တွေကနေ သင်ပေးရတယ်။
Role play တွေလုပ်ရတယ်။
Activity တွေလုပ်ရတယ်။
“မင်းသာဆို ဘာလုပ်မလဲ” ဆိုတဲ့ မေးခွန်းလေးတွေနဲ့ စဉ်းစားခိုင်းရတယ်။
ဆွေးနွေးခိုင်းရတယ်။
ကိုယ်တိုင်ခံစားရအောင် အတွေ့အကြုံပေးရတယ်။

အဲဒီလို တဖြည်းဖြည်းနဲ့ ကလေးကိုယ်တိုင် နားလည်လာတယ်။
အမှန်နဲ့ အမှားကို ခွဲခြားတတ်လာတယ်။
တခြားသူရဲ့ ခံစားချက်ကို နားလည်လာတယ်။
ကိုယ်တိုင် မှန်တဲ့ရွေးချယ်မှုတွေ လုပ်တတ်လာတယ်။

ဒါက ပညာရေးရဲ့ အနှစ်သာရပါ။

တစ်ခါတလေ လူကြီးတွေက

“ဒီကလေး ကြီးလာတာနဲ့ ဘာလို့ဒီလောက်ဆိုးရတာလဲ”

လို့ မေးတတ်ကြပါတယ်။

ကျွန်တော်ကတော့ အမြဲပြန်မေးချင်တာက

ငယ်ငယ်တုန်းက ဘာတွေသင်ပေးခဲ့လဲ။
ဘယ်လိုပျိုးထောင်ခဲ့လဲ။

ကလေးတစ်ယောက် ကြီးလာမှ အကျင့်ဆိုးတွေ ပေါ်လာတယ်ဆိုရင် ကလေးတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ပါဘူး။
ပတ်ဝန်းကျင်၊ မိသားစုနဲ့ ပညာရေးရဲ့ တာဝန်လည်း ပါပါတယ်။

နောက်တစ်ခု

“ကလေးတွေ နားမလည်ဘူး” လို့ မပြောခင်

“ငါ သင်ပေးတဲ့နည်း မှန်ရဲ့လား” ဆိုတာ အရင်ပြန်မေးကြည့်သင့်ပါတယ်။

ကလေးက နားမလည်နိုင်ဘူးဆိုတာထက်၊ သင်ကြားတဲ့နည်းလမ်းက သူနားလည်နိုင်တဲ့အဆင့်ထိ မရောက်သေးတာ ဖြစ်နိုင်ပါတယ်။

ကလေးတိုင်း သင်ယူနိုင်ပါတယ်။
သူတို့နားလည်တဲ့ ဘာသာစကားနဲ့၊ သူတို့နှစ်သက်တဲ့ ကစားနည်းတွေနဲ့၊ သူတို့စိတ်ဝင်စားတဲ့ အတွေ့အကြုံတွေနဲ့ သင်ပေးနိုင်ရင်ပေါ့။

ဒါကြောင့် ကျွန်တော်တို့ရဲ့ တာဝန်က
စာတတ်အောင်ပဲ မဟုတ်ဘဲ

ဉာဏ်ပညာရှိတဲ့ကလေး၊ ကရုဏာရှိတဲ့ကလေး၊ ကိုယ်ကျင့်တရားကောင်းတဲ့ကလေး ဖြစ်လာအောင် နေ့စဉ်သေးသေးလေးကစပြီး ပျိုးထောင်ပေးဖို့ပါ။

အနာဂတ်က လူကြီးလူကောင်းတစ်ယောက်ကို ဒီနေ့ကလေးဘဝမှာပဲ တည်ဆောက်နေပါတယ်။




သူများပြောတာ “တုန်နေအောင် ချစ်ရင် ၊ စုံနေအောင်ကျွေး” တဲ့🌽🥒🥕Healthy Lunchbox for kids 🍱🍲🥘
07/07/2026

သူများပြောတာ “တုန်နေအောင် ချစ်ရင် ၊ စုံနေအောင်ကျွေး” တဲ့🌽🥒🥕

Healthy Lunchbox for kids 🍱🍲🥘

Address

No. 4, Duwa Street, Du Kahtawng Quarter 5
Myitkyina
01011

Telephone

+959401524751

Website

Alerts

Be the first to know and let us send you an email when Central Garden Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Central Garden Preschool:

Shortcuts

Share

Category