11/10/2022
အိမ်ငှါးခရငွေ ကနေ အခွန်ဘယ်လောက် ဆောင်ရမလဲ
***********************************************
ဝင်ငွေ ရလမ်းအနေနဲ့ ပစ္စည်းငှါးရမ်းခ ရငွေ ခေါင်းစဉ်နဲ့ အကြုံးဝင်ပါတယ်
ပစ္စည်းလို့ ဆိုရာမှာ အဓိပ္ပါယ် သတ်မှတ်ချက်အရ မြေနဲ့ အဆောက်အဦး ပါဝင်ပါတယ်
မြေနှင့်အဆောက်အဦး ငှါးရမ်းခ ရငွေ အနေနဲ့ တစ်နှစ်စာ ဝင်ငွေမှ ထိုဝင်ငွေရရန် ကုန်ကျစရိတ်များ ၊ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၆အရ သက်သာခွင့်များ နှုတ်ပယ်ပြီး ကျန်ငွေ အပေါ် ၁၀ % အခွန်ထမ်းဆောင်ရပါမယ်
ဥပမာ တွက်ချက်ပြပါမယ်
ဦးမောင်မောင်သည် တစ်လ ၈သိန်းဖြင့် သူပိုင်ဆိုင်သော တိုက်ခန်းအား ရုံးခန်းဖွင့်မည့် လုပ်ငန်းတစ်ခုသို့ ငှါးရမ်းထားသည် ဆိုပါစို့
သူ့တွင် အတူနေ မိဘ ၂ဦးလုံး ရှိသည့်အပြင် အိမ်ထောက်ဘက် (မှီခို) အတူနေထိုင် ထောက်ပံ့ထားရပြီး အသက် ၁၈နှစ်အောက် သားသမီး ၂ဦးလည်း ရှိသည် ဆိုပါစို့
တွက်ချက်ပုံ
=========
ကျပ်
တစ်နှစ်စာ စုစုပေါင်း အိမ်ငှါးရမ်းခရငွေ (၈သိန်း x ၁၂ လ) ၉၆,၀၀,၀၀၀
အခြေခံ သက်သာခွင့် ၂၀% (၉၆၀၀၀၀၀ x ၂၀%) (၁၉,၂၀,၀၀၀)
-----------------------
၇၆,၈၀,၀၀၀
အတူနေမိဘ အတွက် သက်သာခွင့် (၁၀သိန်းx၂ဦး) ၂၀,၀၀,၀၀၀
အိမ်ထောင်ဘက်အတွက်သက်သာခွင့် ၁၀,၀၀,၀၀၀
သားသမီးအတွက် သက်သာခွင့် (၅သိန်းx၂ဦး) ၁၀,၀၀,၀၀၀ (၄၀,၀၀,၀၀၀)
----------------------- -----------------------
တစ်နှစ်တာအတွက် အခွန်စည်းကြပ်ရန် ဝင်ငွေ ၃၆,၈၀,၀၀၀
ကျသင့်အခွန် = အခွန်စည်းကြပ်ရန် ဝင်ငွေ x ၁၀% ၃,၆၈,၀၀၀
Original Creator - Tr.Daw Khin Thidar Zaw
Credit;