18/02/2023
Nat-Test Exam Center (Yangon)မှ Online Application ဖြင့် လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း။
======================================
၂၀၂၃ ခုနှစ်၊ ဧပြီလစာမေးပွဲမှစ၍ Nat Test စာမေးပွဲဖြေဆိုလိုသူများအတွက် ရုံးတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို Online စနစ်ဖြင့်လည်း လျှောက်လွှာများကို လက်ခံပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ဧပြီလစာမေးပွဲအတွက် လျှောက်လွှာများကို (၂၀-၂-၂၀၂၃) တနင်္လာနေ့ မနက် (၁၀)နာရီတွင် စတင်လက်ခံသွားမည်ဖြစ်ပါပြီး လျှောက်လွှာပိတ်ရက် (၂၄-၃-၂၀၂၃) အထိ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာလျှောက်ထားပုံ အသေးစိတ်ကို ကြိုတင်လေ့လာနိုင်ရန် အောက်တွင် ရှင်းလင်းပြသပေးထား ပါသည်။
Nat Test စာမေးပွဲလျှောက်လွှာဖောင် ဘယ်လိုဖြည့်မလဲ?
ဖောင်ဖြည့်ပုံအဆင့်အဆင့်
- nattestcenteryangon.com သို့ ဝင်ပါ။
- Mozilla Fire Fox, Google, Google Chrome Browsers များမှ တစ်ဆင့် ဝင်ရောက်နိုင်သည်။
- မြန်မာဘာသာစကား (သို့) အင်္ဂလိပ်ဘာသာစကား ကြိုက်နှစ်သက်ရာကို ရွေးပါ။
- မိမိဖြေဆိုလိုသည့် Level ကို ရွေးပါ။
- ဆက်လက်အသုံးပြုရန်အတွက် (အကောင့်ဝင်မယ်) ခလုတ်ကို ရွေးပါ။
- မိမိဖုန်းနံပါတ် ရိုက်ထည့်ပြီး OPT ကုဒ်တောင်းယူပါ။
- စက္ကန့် (၁၈၀)အတွင်း သင့်ဖုန်းထဲသို့ OPT (6)လုံး ဝင်လာပါမည်။
- အဆိုပါ ကုဒ်ကို ရိုက်ထည့်ပါက စနစ်ထဲသို့ရောက်သွားမည်ဖြစ်ပါသည်။
- မိမိဖြေဆိုလိုသော Level ကို ရွေးပြီးနှိပ်လိုက်ပါက သက်ဆိုင်ရာ Level အလိုက် အချက်အလက်များ ထွက်ပေါ်လာမည်ဖြစ်သည်။
- လျှောက်ထားလိုပါက (Apply for this Exam) ခလုတ်ကိုနှိပ်ပါ။
- သင့်အကောင့်အတည်ပြုရန် သင့်နာမည် ကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် save ကိုနှိပ်ပါ။ ပြီးလျှင် (နောက်သို့) ခလုတ်ကို နှိပ်လိုက်ပါက သက်ဆိုင် level အလိုက် ဖြည့်သွင်းပေးရမည့် အချက်အလက်များကို မြင်ရမည်ဖြစ်သည်။
- ပထမဦးစွာ လျှောက်ထားသူ၏ ဓါတ်ပုံကို ထည့်ပေးရမည်ဖြစ်သည်။ ဓါတ်ပုံများ ဖြည့်သွင်းရာတွင် အောက်ပါအချက်များကို လိုက်နာရမည်ဖြစ်သည်။
- ဓါတ်ပုံဆိုဒ်အနေဖြင့် (30mm x 40mm) ဖြစ်သည်။ အဆိုပါဓါတ်ပုံကို ဖုန်းကင်မရာဖြင့် ရိုက်ကူးပါ။ ပြီးလျှင် Crop အတိအကျလုပ်ပြီး ဖုန်းထဲတွင် သိမ်းထားရမည်။ ဓါတ်ပုံကို upload လုပ်ပေးရန်ဖြစ်သည်။
- ဖုန်းဖြင့် ရိုက်ရာတွင် ဓါတ်ပုံအပေါ်တည့်တည့်မှ ရိုက်ကူးရမည်။ အလင်းများ ကွယ်မနေရပါ။
- ကြည်လင်ပြတ်သားမှုရှိရမည်။
- Selfie ဆွဲပြီး ရိုက်ကူးထားသော ပုံမဖြစ်စေရပါ။
- ဓါတ်ပုံဆိုင်တွင် သေချာရိုက်ကူးထားသော ပုံဖြစ်ရမည်။
- နောက်ခံ background အဖြူ (သို့မဟုတ်) အပြာဖြစ်ရမည်။
- မျက်မှန်တပ်ပြီး ရိုက်ထားသော ပုံများ မဖြစ်ရပါ။
- အထက်ပါအချက်များနှင့် မကိုက်ညီပါက လျှောက်လွှာများအား ပယ်ဖျက်ခံရမည်ဖြစ်သည်။
- ဒုတိယအနေဖြင့် မှတ်ပုံတင် ရှေ့နောက်ကို ရိုက်ပို့ပေးရန်ဖြစ်သည်။
- ဓါတ်ပုံနှင့် မှတ်ပုံတင်များ ဖြည့်သွင်းပြီးပါက လျှောက်ထားသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံ၊ ကျား/မ၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် အီးမေးလ် တို့ကို အစဉ်လိုက် ဖြည့်သွင်းပေးရမည်။
- အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးပါက (လျှောက်မည်) ခလုတ်ကို နှိပ်ပါ။
- အချက်အလက်များ မှားယွင်းခြင်း (သို့မဟုတ်) ဖြည့်ရန်လိုအပ်နေပါက သက်ဆိုင်ရာ အချက်အလက်ဖြည့်သွင်းရန်လိုအပ်ကြောင်း စာလုံးအနီဖြင့် ဖော်ပြပေးနေမည်ဖြစ်သည်။
- လျှောက်ထားသူအနေဖြင့် အဆိုပါအချက်အလက်ကို မှန်ကန်စွာ ဖြည့်ပေးပြီး အစဉ်လိုက် ဆက်လက်လုပ်ကိုင်ရန်ဖြစ်သည်။ ပြီးလျှင် (လျှောက်မည်) ခလုတ်ကို ရွေးပါ။
- ပြီးလျှင် ငွေပေးချေမှု အပိုင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
- မိမိအချက်အလက်များကို မြင်နေရမည်ဖြစ်ပြီး (လုပ်ဆောင်ချက်) ဟု ရေးထားသော ခလုတ်မှ (အသေးစိတ်) ခလုတ်ကိုနှိပ်ပါက မိမိအချက်အလက်များကို မြင်ရမည်ဖြစ်သည်။
- မိမိအနေဖြင့် အချက်အလက်များကို ပြန်လည်ပြင်ဆင်နိုင်သေးသလို ပြင်ဆင်လိုပါက (ပြင်ဆင်ခြင်း) ခလုတ်ကို နှိပ်ပြီး ပြင်ဆင်ပါ။
- ဆက်လက်မလျှောက်ထားလိုပါက (အပြီးဖျက်မယ်) ခလုတ်ကို နှိပ်ပြီး ဖျက်နိုင်သည်။
- လျှောက်ထားသူအနေဖြင့် Bank (သို့) Pay Account များမှ တစ်ဆင့် ငွေပေးသွင်းရန် အခက်အခဲရှိပါကလည်း Nat Test Center Yangon ရုံးတွင် လူကိုယ်တိုင် လာရောက်ပေးသွင်းနိုင်သည်။
- မိမိအနေဖြင့် ငွေပေးချေလိုပါက ဖော်ပြထားသော Bank (သို့) Pay Account အကောင့်ထဲသို့ စာမေးပွဲဝင်ကြေး (၇၂,၀၀၀) ကျပ်ကို ဖြည့်ပြီး Screen Shot ရိုက်ထားပါ။
- အချက်အလက်များ၊ ငွေပေးသွင်းထားသော သက်သေခံ Screen Shot များကို upload လုပ်ပြီးပါက (အချက်အလက်များ ပေးပို့မည်) ခလုတ်ကို နှိပ်ပါက သင့်လျှောက်ထားမှု ပြည့်စုံပြီဖြစ်ပါသည်။
- သင့်လျှောက်ထားမှုအချက်အလက်များကို Nat Test Center မှ ပြန်လည်စစ်ဆေးပြီး ပြည့်စုံပါက သင့်ထံကို လျှောက်ထားမှု အောင်မြင်ကြောင်း အတည်ပြု message ပြန်ပို့ပေးပါမည်။
- ငွေပေးသွင်းပြီးကြောင်း ငွေလက်ခံဖြတ်ပိုင်းကိုလည်း သင့်အကောင့်ထဲသို့ ပို့ပေးပြီးဖြစ်ပါမည်။
- စာမေးပွဲခုံနံပါတ်များ၊ ဖြေဆိုမည့်နေရာများကို ယခင်အတိုင်း Nat Test Center Yangon ၏ page မှတစ်ဆင့် ဆက်လက်ကြေငြာပေးသွားမည်ဖြစ်သည်။
ငွေပေးချေမှုအတွက် သတိပြုရန် အချက်များ။
- မိမိ၏ ကိုယ်ပိုင် Bank Account (သို့) အခြားသူ၏ Bank Account များဖြင့်လည်း ပေးချေနိုင်ပါသည်။
- သတ်မှတ်ထားသော Pay Account များဖြင့်လည်း ပေးချေနိုင်ပါသည်။- - - - - သတ်မှတ်ထားသော စာမေးပွဲကြေး (၇၂၀၀၀)ကျပ်ပေးသွင်းပြီးပါက Screen Shot (သို့) ဓါတ်ပုံရိုက်၍ သိမ်းထားပါ။
- ငွေပေးချေမှုအပိုင်းတွင် ဖြည့်သွင်းရမည့် အချက်အလက်များနှင့် တစ်ကွ အဆိုပါ သိမ်းထားသော Screen Shot (သို့) ဓါတ်ပုံကို Attached တွဲပေးရန်ဖြစ်သည်။
(Nat Test Center Yangon မှ ဖော်ပြထားသော Bank Account/ Pay Account များထဲမှ နာမည်နှင့် အကောင့်နံပါတ်များထဲသို့သာ အတိအကျပေးသွင်းပေးပါရန်နှင့် Application ထဲတွင် ဖော်ပြမထားသော Account များထဲသို့ မှားယွင်းပြီး ငွေပေးသွင်းမှုများအတွက် Nat Test Center Yangon အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အထူးသတိပေးအပ်ပါသည်။)
သတ်မှတ်ထားသော စည်းကမ်းချက်များ
- ဓါတ်ပုံ အရွယ်အစား နှင့် အရည်အသွေးများအနေဖြင့် သတ်မှတ်ထားသည့်အတိုင်းဖြစ်ရမည်။
- မှတ်ပုံတင် အရှေ့အနောက်ကို ရိုက်ကူးတင်ပြရာတွင်လည်း ကြည်လင်ပြတ်သားမှုရှိရမည်။
- လျှောက်ထားသူတစ်ဦးအနေဖြင့် အင်တာနက်အခက်အခဲကြောင့် OTP Code ကို (၃)ကြိမ်သာ တောင်းခံခွင့်ရှိသည်။ မရပါက နောက်ရက်မှသာ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်သည်။
- သတ်မှတ်ထားသော အချက်အလက်များ အပြည့်အစုံဖြည့်သွင်းပေးသည့် လျှောက်လွှာများကိုသာ အတည်ပြု လက်ခံပေးမည်ဖြစ်သည်။
- အတည်ပြုလက်ခံချက်ကို စာမေးပွဲကြေးပေးသွင်းမှု အတည်ပြုချက် ရယူပြီးမှသာ ပေးပို့ပေးမည်ဖြစ်ပါသည်။