Blue Water Information Technology World

Blue Water Information Technology  World Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Blue Water Information Technology World, Computer training school, Sitapu, NR/151, Myitkyina.

24/03/2025

ဒီညနေ ၇:၀၀ နာရီ သင်တန်း စပြီနော် Join ရန် link: https://t.me/bluewater23

Intensive Web Design & Development Training အခမဲ့ သင်တန်း ( Project-based learning )♦️For 7 months, free of charge, thre...
20/02/2025

Intensive Web Design & Development Training
အခမဲ့ သင်တန်း ( Project-based learning )

♦️For 7 months, free of charge, three days per week (Online) ♦️

🔺 မိမိကိုယ် မိမိ projects တွေ တည်ဆောက်တတ်တဲ့ထိ အခမဲ့ သင်ကြားပေးမည်။

- HTML
- CSS
- Bootstrap or Tailwind
- JavaScript
- React
- Figma
- Git & GitHub
- Project-based learning
- Responsive Web Design
- Advanced CSS (Grid, Flexbox, Animations)
- State Management in React (Redux/Context API)
-APIs (Fetching and using data)
- Version Control Workflows (Branching, Pull Requests)
- Deployment (Netlify, Vercel, etc.)
- Portfolio Development
- Bonus အနေနဲ့ Web games နှင့် Backend basic ကိုရော သင်ကြားပေးမည် ဖြစ်သည်။

🛑 Fill out the form to register for the course
သင်တန်း အပ်ရန် Form ကို ဖြည့်ပါ (သို့မဟုတ်) cb မှာ နာမည်စာရင်းပေးသွင်းနိုင်တယ်

https://docs.google.com/forms/d/e/1FAIpQLSfPI9O7FCIu4Qy2Q6Sq42blJHKN7bw-Cd-XGC2E2I-Z-6zehg/viewform?usp=header

သင်တန်းစမည့်ရက် - 7.4.2025
သင်တန်းအချိန်- 7:30 P.M to 9:00PM ( Mon, Wed, Fri)
သင်တန်းကာလ - 7M+
သင်တန်းကြေး - နာခံမှု နှင့် ကြိုးစားမှု (Commitment & Serious Study)
လိုအပ်သော Equipment- Laptop or phone

🛑 HTML, CSS and Js အခြေခံ သိထားပြီးသား ကလေးတွေရော လာတက်မှာ ဟုတ်လို့ HTML, CSS အခြေခံမရှိတဲ့ သူတွေက မတ်လ 24 ရက်နေ့မှ စတင်ရမည် ဖြစ်သည်။

See y’all in the classroom! ✌️

24/09/2024

Bangkok မှာရှိတဲ့ Developers ညီအကိုအမညီမလေးများ

လာမည့် ၁၁ လပိုင်းမှာ ETHGlobal Bangkok ဆိုတဲ့ Hackathon တစ်ခုရှိတယ်ဗျ။ ဝင်ပြိုင်ဖို့ စိတ်ဝင်စားတဲ့လူရှိရင် DM ပါအုံး။

I am looking for:
1. Hardware Engineer
2. Smart Contract Developer
3. Backend Developer
4. Frontend Developer/UI Designer/Slide Designer/Art Director
5. AI Engineer
to join me for ETHGlobal Bangkok in November. (15-17)

Idea will be adjusted based on the type of people in the team
Note: U need to be in Bangkok IN PERSON.

If interested, dm 🔥

😆
13/09/2024

😆

😬 What is Kernel? 🥁 Kernel ဆိုတာကတော့ Software ရဲ့ CPU သဘောပါပဲ။ သူ မပါပဲ ဘယ် program မှ run လို့ မရဘူးလို့ကို ပြောလို့ရ...
03/09/2024

😬 What is Kernel?

🥁 Kernel ဆိုတာကတော့ Software ရဲ့ CPU သဘောပါပဲ။ သူ မပါပဲ ဘယ် program မှ run လို့ မရဘူးလို့ကို ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သူကနေမှ Hardware တွေကို Software တွေသုံးလို့ရအောင် Map လုပ်ပြီး API တွေပြန် ပေးရတာပါ။ ကိုယ်တိုင်လိုတဲ့ Hardware Driver တွေ Memory Map လုပ်တာတွေကို မလုပ်တတ်ရင်တော့ Kernel မပါပဲ ဘာ Software မှ ရေးလို့ မရပါဘူး။ သူက ပထမဆုံး ဘာမှ မလုပ်ခင် Device တွေကို စစ်ပြီး လိုအပ်တဲ့ Device Driver တွေ Kernel Modules တွေကို စတင်ပေးပါတယ်။

🥁ဥပမာ Display အတွက် VGA Driver တို့ GPU Driver တို့နဲ့ Binder Modules တို့လိုပါ။ ဒါတွေကို စပေးပြီးပြီဆိုရင်တော့ သူက System တို့ Openrc တို့လို Init process ကို စတင်ပေးပါတယ်။ သူက ဘာလုပ်ပေးရတာလဲဆိုတော့ အများကြီးပါပဲ။ User Config လုပ်ထားတဲ့ Background process တို့နဲ့ လိုအပ်တဲ့ Wifi တို့ Bluetoothတို့လို Service တွေကို စတင်ပေးရပါတယ်။ အဲ့ဒါအပြင် မတူတဲ့ File System တွေ၊ Disk တို့ကို သုံးလို့ရအောင် လုပ်ပေးရပါတယ်။ နောက်ပြီး User Login ဝင်တာတို့ကိုလည်း Handle လုပ်ပေးရပါတယ်။

🥁အရှင်းဆုံးမှတ်ထားရရင်တော့ Init System တွေက Kernel က လိုတဲ့ Driver တွေ Moduleတွေ စတင်ပေးပြီးရင် ကျန်တဲ့ စပေးဖို့ လိုအပ်တဲ့ဟာတွေကို စပေးတဲ့ အရာလို့ မှတ်ထားလို့ ရပါတယ်။ Kernel ရဲ့ အလုပ်က အဲ့မှာတင် ပြီးသွားတာမဟုတ်ပဲ အများကြီး ကျန်ပါသေးတယ်။ သူက ကျွန်တော်တို့ User Software တွေ Hardware တွေကို သုံးဖို့ API တွေ ပြန်ထုတ်ပေးရပါတယ်။ အဲ့ Program run လိုက်တဲ့အချိန်မှာလဲ သူရဲ့ Header က မှန်ရဲ့လား ဘယ် Syscallတွေ သုံးထားလဲ၊ ဘယ် Syscall ဆို ဘယ် Driver သုံးရမှာလဲ၊ Thread တွေ ထပ်ထုတ်ပေးရမလား ဒီ Dataတွေကို Memory Address မှာ သွားသိမ်းပေးရမလဲ ဒီလို အောက်ခြေသိမ်း အလုပ်တွေအကုန် သူ့မှာ တာဝန်ရှိပါတယ်။

🥁Kernel မှာ Monolithic Kernel, MicroKernel နဲ့ တစ်ခြားအမျိုးအစားတွေ ရှိပါသေးတယ်။ သူတို့အပေါ်မူတည်ပြီး Kernel က ဘယ်နေရာ ကောင်းတယ်၊ ဘယ်လို handle လုပ်တယ်ဆိုတာတွေ ကွဲပါသေးတယ်။ အဲ့ဒီလို အသေးစိတ်တွေကိုတော့ နောက် edition မှာထည့်ပေးပါ့မယ်။ အရမ်း Simple ဖြစ်တဲ့ Rust နဲ့ ရေးထားတဲ့ Kernel နဲ့ VGA Device Driver ကို ကျွန်တော့်ရဲ့ Github Repo မှာ ကြည့်ကြည့်လို့ ရပါတယ်။

Linus Walker

https://github.com/Walker-00?ai=

25/02/2024

ဂျာမဏီကို ဘယ်လိုလာရမလဲ
++++++_________++++++

ဂျာမဏီကို ဘယ်လိုလာရမလဲဆိုပြီး လာလာမေးကြတယ်။ အခုလောလောဆယ်တော့ ကိုယ်တိုင်ကြုံတဲ့အတွေ့အကြုံလေးတွေပဲ ပြောပြပေးလို့ရမယ်ဗျာ့။ တကယ်လာဖို့ အတွက် အမှန်တကယ်လုပ်ဆောင်လာတဲ့အခါ လိုအပ်တဲ့အကြံအဉာဏ်လေးတွေရှိလာရင်တော့ ကျွန်တော်ထက် ကျွမ်းကျင်နားလည်သူတွေကို မေးမြန်း ပေးလို့ရပါတယ်။

ကျွန်တော်ဘယ်လိုလမ်းကြောင်းကနေလာရင် ဗီဇာရဖို့အလွယ်အကူဆုံးလဲမေးရင် ကျောင်းသားဗီဇာလို့ပဲ ကျွန်တော်သိထားပါတယ်။

၁) ကျွန်တော်လည်း စကောလားရှစ် လျှောက်ပြီး အရွေးခံရလို့လာခဲ့တာပါ။ ကျွန်တော်က ဂျာမဏီအစိုးရ ကပေးတဲ့ စကောလားရှစ်ရခဲ့တာဖြစ်တဲ့အတွက် ဗီဇာရတာလွယ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီမှာ လျှောက်တယ်။ နောက်တစ်နေ့မနက် ၉ နာရီလောက်ဖုန်းဆက်တယ်ညနေ ဗီဇာလာယူပါတဲ့။ ဆိုလိုတာက အစိုးရ ကပေးတဲ့စကောလားရှစ်ဆိုရင် အခြားပြင်ပအဖွဲ့အစည်းကပေးတဲ့စကောလားရှစ်နဲ့စာရင် ပိုမြန်မြန်ရတယ်လို့ ဆိုလိုတာပါ။ စကောလားရှစ်ရဖို့ လွယ်သလား ဆိုတော့ မလွယ်ပါဘူး အပြိုင်အဆိုင်အရမ်းများပါတယ်။ ဒါပေမယ့် ကြိုးစားနေသေးသရွေ့ မျှော်လင့်ချက်ကတော့ အမြဲတမ်းရှိနေမှာပါ။ လျှောက်ကြမယ့်သူတွေ လိုအပ်တဲ့အကြံ အဉာဏ်အကူအညီလိုရင် ပြောပါ။ တတ်နိုင်သမျှ အကြံပြုပေးပါ့မယ်။
ဒါက ကျွန်တော်လျှောက်ခဲ့တဲ့ စကောလားရှစ်ရဲ့လင့်ခ်ပါ။

https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.daad.de/en/study-and-research-in-germany/scholarships/&ved=2ahUKEwjT2PK_gNqCAxXlbPEDHWUzAHsQFnoECAQQAQ&usg=AOvVaw2faWxBjJhaZb73GQPxPNhF

၂) စကောလားရှစ်မရရင်လည်း ကိုယ်ပိုင်ငွေကြေးနဲ့ကျောင်းတက်နိုင်တယ်ဆိုရင် ဂျာမဏီက တက္ကသိုလ် ကော့လိပ် တစ်ခုခုမှာ ကျောင်းဝင်ခွင့်ရအောင်လျှောက်ပါ။ ကျောင်းဝင်ခွင့်ရပြီဆိုတာနဲ့ ဗီဇာရဖို့ လွယ်ကူသွားနိုင်ပါတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်တက်ရင် တစ်လဘယ်လောက်ကုန်သလဲ မေးမယ်ဆိုရင်တော့ ဂျာမဏီအစိုးရရဲ့ ပညာရေးဉပဒေအရ အရည်အချင်းပြည့်မှီတဲ့ကျောင်းသားတိုင်း ပညာသင်ကြေးအခမဲ့ပါ။ ကမ္ဘာ့ဘယ်အရပ်က ဖြစ်ပါစေ မည်သူမဆိုအခမဲ့ သင်ယူနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းမှာအသုံးပြုတဲ့ပရိဘောဂ သင်ထောက်ကူ အွန်လိုင်းဝန်ဆောင်မှု တစ်နိုင်ငံလုံးအခမဲ့ဝိုင်ဖိုင် ပြည်နယ်အတွင်း အခမဲ့ခရီးသွားလာခွင့်လက်မှတ် စသဖြင့် ကိစ္စတွေအတွက်တော့ Semester Fee ပေးရတယ်။ Semester Fee ကတော့ ကိုယ်တက်မယ့် ကျောင်းအပေါ်မှာ မူတည်ပါတယ်။ ရေဘုယျအားဖြင့် Semester တစ်ခုအတွက် ယူရို ၂၀၀ ပတ်လည်ကနေ ၄၀၀ ပတ်လည်လောက် အထိပေးရပါတယ်။ နေထိုင်စရိတ်ကမြို့အပေါ် မူတည်ပြီး တစ်လကို ယူရို ၃၀၀ ပတ်လည်ကနေ ၄၅၀ ပတ်လည်လောက်တွက်ရပါမယ်။ စားသောက်စရိတ်ကလည်း ထိုနည်းနှင်နှင်ပါပဲ။ တစ်လ ၂၅၀ ပတ်လည်က နေ ၅၀၀ ပတ်လည်လောက်ကုန်နိုင်ပါတယ်။ ကိုယ်အပြင်ဆိုင်မှာ ဘယ်နှကြိမ်စားသလဲ အပေါ်မှာမူတည်ပါတယ်။ ဒီတော့ ကိုယ့်ငွေနဲ့ ကိုယ်တက်မယ်ဆိုရင် တစ်လကို ကိုယ်တိုင်ကလည်းချွေတာ နေရတဲ့မြို့ကလည်း စျေးမကြီးတဲ့ မြို့ဆိုရင် ယူရို ၆၅၀ ပတ်လည်လောက်တွက်ထားရမယ်။ နည်းနည်း လုံလုံလောက်လောက်ဆိုရင်တော့ ၈၅၀ ပတ်လည်လောက်တွက်ရပါမယ်။

၃) ကျောင်းတက်ဖို့ ဂျာမာန်ဘာသာစကားတတ်ဖို့ လိုလားလို့မေးကြပါတယ်။ ကျောင်းရဲ့ ဝင်ခွင့်အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကတော့ အင်္ဂလိပ်ပရိုဂရမ်မှာ သင်ကြားနေပါတယ်။ ဂျာမာန်ကို ထမင်းစားရေသောက် လောက်ပဲ သင်ထားပါတယ်။ ဘယ်လိုဖြစ်ဖြစ်တတ်ထားရင်တော့ အကောင်းဆုံးဖြစ်တယ် မတတ်ထားတဲ့ သူနဲ့ယှဉ်ရင် အခွင့်အရေးအများကြီးသာပါတယ်။ ဒီရောက်လာရင် တက္ကသိုလ်ကျောင်းတွေမှာ ဘာသာစကား အခမဲ့သင်ကြားလို့ရပါတယ်။ လူက ဒီကို ရောက်လာရင် အကုန်လုပ်လို့ရတယ်။ လူအရင်ရောက်လာဖို့လိုတာပါ။

၄) ၃ နဲ့ တစ်ဆက်တည်း လာမယ့်လမ်းကြောင်းနောက်တစ်ခုက ဘာသာစကားသင်တန်းကျောင်းပါ။ တက္ကသိုလ်မှာဝင်ခွင့် မရရင် ဘာသာစကားသင်တန်းကျောင်းတစ်ခုခုမှာ ကျောင်းအပ်ပြီး။ ဒီလက်မှတ်ကိုပြပြီး ဗီဇာတောင်းလို့ရတယ် တစ်နည်း ကျောင်းသားဗီဇာပါပဲ။ ဒါကတော့ ငွေပိုကုန်ကျပါတယ်။ တူရကီက သူငယ်ချင်းတစ်ယောက်တက်နေလို့ မေးကြည့်တာ ဘာသာစကား Level တစ်ခုကို နှစ်ထောင်လောက် ပေးရပါတယ်။ Level တစ်ခုကို လေးလ အနည်းဆုံးတက်ရပါတယ်။

- အပိုဆောင်းအနေနဲ့ကတော့ ကျောင်းသားဗီဇာရရင် တစ်ပတ်ကို နာရီ ၂၀ အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒါကတော့ အောက်ခြေအလုပ်တွေပေါ့။ လုပ်အားခက အလုပ်အပေါ်မူတည်ပြီး တစ်နာရီကို အနည်းဆုံး ၁၂ ယူရိုကနေ ၁၈ ယူရိုလောက်အထိရတတ်ကြပါတယ်။ ဒီတော့ အနည်းဆုံးတစ်လကို ယူရို ၁၀၀၀ ပတ်လည်အနည်းဆုံး ရနိုင်ပါတယ်။ ဒါကြောင့် အလုပ်ကရတာက ကျောင်းပြန်တက်ဖို့ ပူစရာမလိုတော့ဘူး။ ဒီနည်းနဲ့ပဲ ကျောင်းသားအားလုံးက လည်ပတ်နေရတာပါ။

- အထက်က နည်းလမ်းတွေက လူအများစုအတွက် ဖြစ်နိုင်ချေ အရှိဆုံးနည်းလမ်းတွေပါ။ အခြားနည်းလမ်းတွေက အလုပ်ဗီဇာနဲ့လာတာမျိုးရှိတယ်။ အေးဂျင်းနဲ့ချိတ်ပြီးလုပ်ကြတယ်လို့ သိထားတယ်။ အလုပ်ဗီဇာနဲ့လာဖို့ဆိုရင် အသိအမှတ်ပြုထားတဲ့လက်မှတ်တွေလိုတယ်။ အလိမ်မခံရဖို့လည်း သတိကြီးကြီးထားစေချင်တယ်။ အချို့က ပညာရှိနည်းနဲ့လိမ်တတ်ကြတယ်။

- အချို့က အလည်ဗီဇာနဲ့လာကြတယ် ပြီးရင်မပြန်ဘဲ Asylum လျှောက်ကြလို့နောက်ပိုင်းအလည်ဗီဇာက ရဖို့ မလွယ်တော့ပါဘူး။

ငွေကြေးချမ်းသာကြွယ်ဝသူတွေကျ ရင်းနှီးမြှပ်နှံမှုဗီဇာတွေရှိ တယ်ကြားတယ် ဒါတွေကတော့နိုင်ငံတိုင်းရဲ့ ဥပဒေတွေလိုပါပဲ။ ပို့စ်က ရှည်နေပြီးဆိုတော့ ဒီလောက်ပဲ နားပါရစေ။ သိချင်တာမျိုးရှိရင် မန့်မှာ မေးထားလို့ရတယ်။ ကျွန်တော်သိတာမျိုးဆို ပြန်ဖြေပေးမယ်။

(ဂျာမဏီမှာ ကျောင်းတက်နေတဲ့ညီအစ်ကိုမောင်နှမတွေ နဲ့ ကျောင်းပြီးလို့အလုပ်လုပ်နေကြသူတွေ ဂျာမဏီနိုင်ငံသားဖြစ်‌သွားကြတဲ့သူတွေအနေနဲ့ လိုအပ်တာရှိရင် ဝင်ဖြည့်စွက်ပေးသွားကြပါအုံးဗျာ့)

အားလုံး အဆင်ပြေကြပါစေ။

Oo (မေတ္တာလက်ကမ်း - မြိတ်)

+++----++++

Are you looking for funding opportunities for a stay in Germany? Find all relevant information here.

မိန်းကလေးတွေကိုပဲ သီးသန့်ပေးတဲ့ scholarship ပါ DAUGHTERS RISING SCHOLARSHIP [ Fully Funded ]ELIGIBLE COUNTRIES: (Sorry f...
19/02/2024

မိန်းကလေးတွေကိုပဲ သီးသန့်ပေးတဲ့ scholarship ပါ

DAUGHTERS RISING SCHOLARSHIP [ Fully Funded ]
ELIGIBLE COUNTRIES: (Sorry for other ASEAN countries)
☆ Thailand,
☆ Myanmar
AVAILABLE COURSES:
☆ Mental Health & Psychology
☆ Development
☆ Conflict and Peace Studies
☆ Ecology and Environmental Sustainability
☆ Social Sciences
☆ Public Administration, Policy and Governance
☆ Education
☆ Public Health
☆ Communication Arts
☆ Law
☆ History and Cultural Studies
REQUIRED DOCUMENTS
☆ National ID
☆ Passport (Optional)
☆ Acceptance letter (Optional*)
☆ Academic Reference Letter
☆ Professional Reference Letter (Optional)
☆ Academic, Professional, or other Leadership Achievements (Optional)
APPLY NOW: https://docs.google.com/forms/d/e/1FAIpQLScHxFksFkS1enQ4JoanApe3J-gSy3Cxh2XP3shB7CUsIb_Akg/viewform
MORE INFO: https://daughtersrising.org/scholarship-application?fbclid=IwAR1L8LwMaVTcN_piIELUYNYI655QAyqZMADRsnhEZ-BVDiryD8Xo0KZAZug..

Our scholarship program gives critical funding to ethnic minority women from Myanmar and Thailand to pursue their undergraduate degrees. Our scholarships are awarded based on merit, need, and potential positive impact a student’s degree and career can have to uplift others upon graduation. 

🛑scholarship လျှောက်ချင်ရင် အချိန်မီသေးတယ်🛑🍀ASEAN Maybank Scholarship Programme (2024)🍀- March 15 နောက်ဆုံးထားပြီး Form ...
19/02/2024

🛑scholarship လျှောက်ချင်ရင် အချိန်မီသေးတယ်🛑

🍀ASEAN Maybank Scholarship Programme (2024)🍀

- March 15 နောက်ဆုံးထားပြီး Form တင်ပေးရမှာဖြစ်ပါတယ်။

- ASEAN Maybank Scholarship (AMS) ဆိုတာကတော့ အာဆီယံနိုင်ငံတွေထဲက Talent ဖြစ်ပြီး Capacity ရှိတဲ့ကျောင်းသားတွေကို ကိုယ့်နိုင်ငံပြင်ပက ကျောင်းတွေမှာ လေ့လာနိုင်ဖို့ Fully-funded ထောက်ပံ့ပေးနေတဲ့ ASEAN နဲ့ လက်တွဲထားတဲ့ Program တစ်ခုဖြစ်ပါတယ်။

- ဒီစကော်လာနဲ့ကျောင်းပြီးတဲ့အခါမှာတော့ ASEAN Maybank နဲ့သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ၃ နှစ်ပြန်လည်အလုပ်လုပ်ပေးရမယ့် Bond ရှိပါတယ်။ ကိုယ့်ရဲ့ Network နဲ့ Skill မြှင့်တင်ဖို့ ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပါပဲ။ ဒါ့အပြင် ကျောင်းပြီးတာနဲ့ အလုပ်မရတဲ့ ပြသနာတစ်ခုကိုလည်း စိုးရိမ်စရာရှိတော့မှာမဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်ရဲ့ CV ကို well decorate လုပ်ဖို့အတွက်လည်း ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

- အောက်မှာဖော်ပြထားတဲ့ Major (Program) တွေကို ဦးစားပေး ခေါ်ယူလေ့ရှိပါတယ်။

Arts and Design
Business and Management
Computer Science and Information Technology
Education
Engineering and Technology
Environmental Science/ Studies
Humanities
Mathematics
Social Sciences
Future Ready-Related Course (For Example: Data Science and Analytics, Artificial Intelligence (AI) and Machine Learning, Digital Marketing, Environmental Sustainability, etc.)

- ရွေးချယ်တက်ရောက်နိုင်မယ့်ကျောင်းတွေကတော့ ASEAN University Network membership (အာဆီယံ ၁၁နိုင်ငံ) ဖြစ်တဲ့ အာဆီယံကျောင်းတိုင်းကို လျှောက်ထားလို့ရမှာဖြစ်ပါတယ်။💥

လျှောက်ထားရမယ့် Form ကတော့ ဒီမှာပါခင်ဗျာ။
https://docs.google.com/forms/d/e/1FAIpQLSeamOvpMkppURlc5ff0OQQc7a0pmiuIIJVbh7pF0xyg-AU_QQ/viewform

အသေးစိတ်သိရှိလိုပါက အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
http://www.metropolitancorridor.com/sfa-maybank.php?fbclid=IwAR05-H3B9lvIa9UB6KtrKOsNf3ucVYYQxhmeTEqJrCHM15uc92rRtmG8Lrs

သူငယ်ချင်းတွေသိအောင် Share ပေးသွားကြပါအုံးခင်ဗျာ။

နောက်ထပ်သတင်းကောင်းလေးလာပါပြီဗျို့Fully Funded Master Degree ပါAustralia Award Scholarship လာပါပြီ။ ဒီ scholarship ဟာဆို...
18/02/2024

နောက်ထပ်သတင်းကောင်းလေးလာပါပြီဗျို့

Fully Funded Master Degree ပါ

Australia Award Scholarship လာပါပြီ။ ဒီ scholarship ဟာဆိုရင် မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပေးတဲ့ scholarship ဖြစ်ပါတယ်။
Australia မှာ ပညာသင်ချင်တယ်ဆိုရင်တော့လျောက်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

Applications are open now and will close April 30.

PDF version ကြည့်ရန် -

https://www.dfat.gov.au/sites/default/files/australia-awards-myanmar-information-for-intake.pdf

Application လျောက်ရန်

https://australiaawardsmyanmar.org/scholarships/

crd

Australia Awards Scholarships are long-term development awards funded by the Australian Government’s Department of Foreign Affairs and Trade. The study and research opportunities provided by Australia Awards Scholarships develop the skills and knowledge of recipients to drive change and contribute...

what about you? 😂
09/02/2024

what about you? 😂

Address

Sitapu, NR/151
Myitkyina

Telephone

+959400021436

Website

Alerts

Be the first to know and let us send you an email when Blue Water Information Technology World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Blue Water Information Technology World:

Shortcuts

Share