23/11/2025
#ကိုယ်ပိုင်ကျောင်းထားကြတဲ့အခါ
အချို့က နာမည် နောက်လိုက်တယ်...။
"ကျောင်းက လူတိုင်းသိတဲ့ ကျောင်းလေ။
ဒီလို လူသိများတဲ့ ကျောင်းမှာ ထားတယ်ဆိုရင်ကို လူတကာက အထင်ကြီးတာပေါ့"
အချို့က ဖိအားများများ ပေးတဲ့ကျောင်းကိုထားတယ်...။
"ဒီစာမေးပွဲ မအောင်ရင် အရှက်ကွဲမှာ။ အနည်းဆုံး ဂုဏ်ထူး ၃ ခုတော့ ပါမှ ဖြစ်မယ်။ဖြစ်နိုင်ရင် အင်းစိန်ထောင်ထဲက ကျောင်းတောင် ထားချင်မိ😁"
အချို့က ကျောင်းလခမြင့်လွန်းတဲ့ ကျောင်းကိုထားတယ်...။
"တစ်လကို ၅သိန်း လောက်ပေးရတဲ့ ကျောင်းလေ၊
တခြားကျောင်းထက်ပိုပြီး ကိုယ့်သားသမီးကို ဂရုစိုက်တယ်၊ ပေးရတဲ့ ပိုက်ဆံနဲ့ တန်အောင် လုပ်ပေးတယ်"
အချို့က တခြားဘာသာစကား ပါရောသင်တဲ့ ကျောင်းကိုထားတယ်...။
"ကလေးက မြန်မာစကား သိပ်မပြောတတ်ဘူး။ တရုပ်စာနဲ့ စကားပါ တွဲ သင်တဲ့ကျောင်းကို ထားတယ်။ အဲ့ဒါ အဓိကပဲ"
အချို့က ဘာသာရပ်မျိုးစုံ သင်ပေးတဲ့ ကျောင်းကိုထားတယ်...။
"တရုတ်လိုလည်း ပြောတတ်၊ တရုတ်လိုလည်း နားလည်၊ ပီယာနိုလည်း တီးတတ်၊ ကွန်ပြူတာ ပရိုဂရမ်းမီးလည်း ပိုင်နိုင်၊အားကစားလည်း မြှင့်တင်ပေးနိုင်မှ ဖြစ်မှာ။ ဒီကျောင်းမှာ ဒါတွေ အကုန် ပါတယ်လေ"
အချို့က ကျောင်းဝတ်စုံလှတဲ့ ကျောင်းကိုထားတယ်...။
"ဒီကျောင်းက Uniform က အရမ်းလှတယ်။ကိုယ့်ကလေးက အဲ့ဒါလေး ဝတ်လိုက်ရင် လှနေ စမတ်ကျနေရောပဲ။Brand နာမည်ကြီးက ချုပ်တာတဲ့။"
အချို့က ဆက်ဆံရေးကောင်းတဲ့ ကျောင်းကိုထားတယ်...။
"ဒီကျောင်းမှာ ထားမှ စီးပွားရေးသမားကြီးတွေရဲ့ သားသမီးတွေနဲ့ ပေါင်းရမှာ။ အနာဂတ်အတွက် Connection က အရေးကြီးတယ်"
အချို့က နေရာကောင်းပြီး မီးမပျက်တဲ့ ကျောင်းကိုထားတယ်...။
"ဒီကျောင်းက မြို့ထဲမှာ ဆိုတော့ အသွားအပြန် အဆင်ပြေတယ်။ ကျောင်းကြို၊ ကျောင်းပို့ အတွက် ကားဆရာကို လစာတိုးပေးစရာ မလိုတော့ဘူး၊
ကလေးက မီးမပျက်ဘဲ အဲကွန်းအမြဲရမှ နေတတ်တာဆိုတော့လေ..."
အချို့က အိပ်မက်လှလှ မက်နိုင်တဲ့ ကျောင်းကိုထားတယ်...။
"ဒီကျောင်းက ဘာသာစုံ ဂုဏ်ထူးရှင် အများကြီးထွက်တာ၊ The Whole Burma Top 10 လည်းထွက်တယ်၊ ငါ့ကလေး လည်း ထွက်နိုင် မယ် ထင်တယ် "
အချို့က ဝေဖန်ချက်နည်းတဲ့ ကျောင်းကိုထားတယ်...။
"ဒီကျောင်းနဲ့ ပတ်သက်လို့ Bad Review မရှိဘူး။အဲ့သလိုကျောင်းမျိုးမှ ထားပျော်တာ"
အချို့က လုံခြုံရေးကောင်းတဲ့ ကျောင်းကိုထားတယ်...။
"ကျောင်းဝင်းထဲမှာ CCTV အလုံး ရာချီ တပ်ထားပြီး ဆရာ/မတွေက ကလေးတွေကို တအားဂရုစိုက်တာ။ ကျောင်းထဲကို မိဘတောင် ဝင်ချင်တိုင်း ဝင်လို့မရဘူး"
အချို့က စာသင်ကောင်းတဲ့ ကျောင်းကိုထားတယ်...။
"ဆရာတွေ ဆရာမတွေ က အရမ်းစာသင်ကောင်းတယ်။ငါ့ကလေး ကံကောင်းတယ်။ ငါတို့သာ ငယ်ငယ်က ဒီလို စာသင်ကောင်းတဲ့ ဆရာ၊ဆရာမတွေနဲ့ဆိုရင်...။တခြား အားနည်းတာလား? စာသင်ကောင်းဖို့က အဓိက လေ..ကျန်တာက..အေးဆေး...."
အချို့က အများနဲ့ မတူတဲ့ ကျောင်းကိုထားတယ်...။ "ကျောင်းသားဦးရေ နည်းတဲ့ ကျောင်းပဲ ထားချင်တယ်။ လူများရင် ကလေးကို သေချာ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ တစ်တန်းမှာ ၅ ယောက်ပဲ ရှိတာ ကောင်းတယ်"
အချို့က ရလဒ် ကောင်းတဲ့ ကျောင်းကိုထားတယ်။ "စာမေးပွဲ အမှတ်ပဲ အဓိကပဲ။ အမှတ်ကောင်းကောင်း ရအောင် သင်ပေးရင် ကျန်တာ အကုန် မေ့ထားလို့ရတယ်"
အချို့က ယုံကြည်မှု ကို စီးတယ် "ဘယ်ကျောင်း ထားထား အတူတူပဲ။ ကလေးကိုယ်တိုင် ကြိုးစားမှ ဖြစ်မှာ။ ဒါပေမယ့် ဒီကျောင်းကတော့ ပိုက်ဆံပေးရတာ များတော့ ပိုကောင်းမှာပါ"
ကဲ ...မိတ်ဆွေရော ဘယ်ကျောင်းမှာ ကိုယ့်ရင်သွေးကို ထားပါသလဲ 😉😉😉
#နိုင်ဝင်းလတ်
(Consultant)
(ဂုဏ်ထူးဇီဝ)
Credit*
Saya UNWL
Thanks.