15/03/2025
ကိုယ်မလုပ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့အရာတွေဆို
တကယ်လုပ်နိုင်မှာမဟုတ်ပါဘူး ။⭐
အဲ့အရာတွေကို..ကိုယ်ကတကယ်မလုပ်နိုင်တာမဟုတ်ဘဲ
ကိုယ်တိုင်ကမလုပ်နိုင်ဘူးလို့သတ်မှတ်ထားလို့သာ
မလုပ်နိုင်တာဖြစ်ပါတယ်။💯
ဥပမာ..ငါစာအုပ်ဖတ်တာဝါသနာမပါဘူးသော်လည်းကောင်း ငါစာတစ်အုပ်ပြီးအောင်မဖတ်နိုင်ဘူး။ငါ့အတွက်အရမ်းခက်တယ်။(အဲ့လိုအကြိမ်ကြိမ်အခါခါ ကိုယ့်ဟာကိုယ်လည်းပြောမယ် ကိုယ့်နားကလူတွေကိုလည်းပြောမယ်။ တွေ့တဲ့သူတိုင်းနဲ့အဲ့အကြောင်းပြောဖြစ်မယ် ။စကားစပ်မိတိုင်းပြောမယ်။)🔥
အဲ့လိုလုပ်ရင်းကနေ ကိုယ့်မသိစိတ်ထဲမှာ အဲ့ဒါကိုယုံကြည်သွားမယ်။ (ငါစာဖတ်ဝါသနာမပါဘူး။ငါစာတစ်အုပ်ပြီးအောင်မဖတ်နိုင်ဘူးဆိုတဲ့ယုံကြည်ချက်ကြီးဝင်သွားပါရော)✅
အဲ့လူက စာဖတ်ဖို့ကြိုးစားတိုင်း အဲ့ယုံကြည်မှုကျိုးပျက်သွားအောင်မကြိုးစားနိုင်ရင် စာတစ်အုပ်ပြီးအောင်ဖတ်နိုင်ဖို့ခက်ခဲသွားပါတော့တယ် ။ 👌
#အဲ့ယုံကြည်ချက်အဟောင်းကိုဖယ်နိုင်ဖို့ကိုယ့်အတွက်အလုပ်ဖြစ်မယ့်ယုံကြည်ချက်အသစ်ကိုကိုယ်တိုင်ပြန်တည်ဆောက်နိုင်ပါတယ် ✅
ဒီစာဖတ်ရင်း...မိတ်ဆွေတို့စီမှာရှိနေတဲ့အသုံးမဝင်တဲ့ယုံကြည်ချက်တွေကိုသတိထားမိသွားတယ် ။သတိရတာရှိရင် ချရေးခဲ့နော် ..လူတိုင်းမှာတူညီတဲ့ပြဿနာတွေရှိနေကြတယ်ဆိုတာကိုလည်း မြင်သွားရအောင်ပေါ့ 😊