21/07/2022
ကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းကြီးများ
🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️🏗️
ရေအားကို ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် ဂျုံကြိတ်ခြင်း ၊ ရေတင်ခြင်း၊ စိုက်ပျိုး ရေသွင်းခြင်း နှင့် အခြား လို အပ်သလို အသုံး ချ ခဲ့ ကြ ပါသည် ၊ လျှပ်စစ်ဓာတ် ( Electricity ) နှင့် လျှပ်စစ် ဓာတ်အား ထုတ်စက် (Generator ) များကို ၁၉ ရာစု နှောင်ပိုင်း တွင် တီထွင် အောင်မြင် ပြီး နောက် ၊ ရေအားဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း များ ကို ကျယ်ပြန် ့ စွာ ဆောင် ရွက်ခဲ့ ကြပါသည် ၊
ကမ္ဘာ ့ ပထမ ဦးဆုံး ရေ အားဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း ကို ၁၈၇၈ ခုနှစ် တွင် အင်္ဂလန် နိုင်ငံ ၊ Cragside in Northumber Land မှာ Willian George Armstrong ဆိုသူ က စတင်ဆောင်ရွက် ခဲ့ ပါတယ် ၊ သူ ့ ရဲ ့ Art Gallery မှာ Arc Lamp အတွက် ဓာတ်အား ရရှိ အသုံး ပြု နိုင် ရန် ဆောင် ရွက်ခဲ့ ခြင်း ဖြစ်ပါ တယ်၊ အဲဒီ နောက်ပိုင်း သိပ် မကြာခင် ကာလ မှာ ဘဲ Niagara Falls မှာ ပထမ ဆုံး ရေအားလျှပ်စစ် စက်ရုံ တည်ဆောက် ခဲ့ပါတယ် ၊ ၁၈၈၁ ခုနှစ်မှာ ဖြစ်ပါတယ် ၊
ဒီနေ ့ အချိန် ကာလ မှာတော့ Hydropower ဟာ အများဆုံး အသုံး ပြု နေ တဲ့ ပြန်လည် ပြည့် ဖြိုးမြဲ စွမ်းအင် တစ်ခု ဖြစ်လို ့ နေပါပြီ ၊ ဒါပေမဲ့ လို ့ ကမ္ဘာ ့လျှပ်စစ် ဓာတ်အား ထုတ်လုပ် မှ ု ရဲ့ ၁၆% ဘဲ ရှိ ပါသေးတယ် ၊ အကြောင်းကတော့ ရေအားလျှပ်စစ် ထုတ်လုပ် နိုင် ဖို ့ ရေ အရင်းအမြစ် များ မြောက်များစွာ ရှိ ပေ မဲ ့ Fossil Fuel နဲ ့ Nuclear Power တွေ နဲ ့ ဓာတ်အားထုတ် လုပ်မှ ု များ က ပိုမို များပြား နေ မှ ု ကြောင့် ဘဲ ဖြစ်ပါ တယ်၊
သို ့ သော် ..မကြာ သော (၁၀) စု နှစ်များ အတွင်းမှာ ဘဲ ရေအား လျှပ်စစ် စီမံကိန်း ကြီးများဟာ ကမ္ဘာ ့နေရာ အနှံ မှာ ပေါ် ပေါက် လာ ခဲ့ ပါ တယ် ၊ အထူး သဖြင့် Asia - Pacific Region မှာ ဖြစ် ပါတယ် ၊ ကမ္ဘာ ့ Hydropower ထုတ်လုပ်မှ ု ရဲ ့ ၃၂% လောက် ဖြစ်ပါတယ် ၊ တရုတ် နိုင်ငံ ဟာ အကြီးမား ဆုံး ရေအားလျှပ်စစ် ထုတ်လုပ် တဲ့ နိုင်ငံ ဖြစ် ပါတယ် ၊ ၂၀၁၀ ခုနှစ် တွင် ထုတ်လုပ်မှ ု ဟာ 721 Tera Watt- Hour ဖြစ်ပါတယ် ၊ ၄င်း ထုတ်လုပ် မှ ု ရဲ ့ ၁၇% ဟာ အိမ် သုံး လျှပ်စစ် သုံးစွဲ မှ ု ဘဲ ဖြစ် ပါတယ် ၊ Paraguay နိုင် ငံ မှာ လျှပ်စစ် ဓာတ်အား ထုတ် လုပ် မှ ု အား လုံး ဟာ ၁၀၀% Hydropower ဖြစ် ပါတယ် ၊ Norway နိုင်ငံ မှာ ၉၈% - ၉၉% ဖြစ်ပါ တယ် ၊ Brazil, Canada , New Zealand , Austria , Switzerland နှင့် Venezuela စတဲ့ နိုင်ငံ များဟာ ရေအား လျှပ်စစ် ကို အဓိက ထား ထုတ်လုပ်နေ တဲ့ နိုင် ငံများ ဘဲ ဖြစ် ပါတယ် ၊
စန်းဝေ(ရေအားလျှပ်စစ်)
#လှျပ်စစ်နှင့်စွမ်းအင်ဗဟုသုတပေါင်းစုံ