ပညာကြယ်စင်

ပညာကြယ်စင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပညာကြယ်စင်, Education, လမ်းသွယ်(6) ဆွတ်ဂျတ်လမ်း/Villa restaurant အနီး, Myitkyina.

လေ့လာစရာများ
12/10/2021

လေ့လာစရာများ

01/09/2021

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ
၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့

Credit

🇦🇺🔰 Australia စိုက်ပျိုးရေးဗီဇာ(Farm Work / Agriculture Visa) နောက်လ September အကုန်လျှောက်လို့ရပါတော့မည်။ 🔰🇦🇺✅ စိုက်ပျိ...
25/08/2021

🇦🇺🔰 Australia စိုက်ပျိုးရေးဗီဇာ(Farm Work / Agriculture Visa) နောက်လ September အကုန်လျှောက်လို့ရပါတော့မည်။ 🔰🇦🇺

✅ စိုက်ပျိုးရေးဗီဇာ ရရှိသူများဟာ အမြဲတမ်းနေထိုင်ခွင့် (Permanent Resident - PR)
လျှောက်ထားနိူင်မည်ဖြစ်ပါသည်။

✅ စိုက်ပျိုးရေးခြံ ၊ အသားစက်ရုံ ၊ ငါးလုပ်ငန်း နှင့် သစ်တော လုပ်ငန်းတွေမှာ လုပ်ကိုင်ရမည်ဖြစ်ပါသည်။

✅ အခုချိန်ထိတော့ ဘယ်နိူင်ငံတွေနဲ့သဘောတူညီမူရထားသလဲ အလုပ်သမားဘယ်လောက် ခေါ်ယူမလဲဆိုတာအတိကျမသိရသေးပါဘူး။

✅ အလုပ်သမားများသြစတြေးလျသို့ စတင်ရောက်ရှိလာသည့်အချိန်၌ ကွာရင်းတိန်း(Quarantine) ဝင်ရောက်မှာဖြစ်ပါသည်။

✅ English စကားအပြောအဆိုပြင်ဆင်ထားဖို့လိုအပ်ပါမည်။

Source -> https://www.abc.net.au/news/2021-08-23/new-working-visa-for-farms-begins-next-month-permanent-residence/100398052?fbclid=IwAR0LRdRbpvDbm3EW2Wf3yC_8AvVcqT-YbJDkPqK89AUiBeHsHbLetCii2YM

ℹ️ Australia ပညာရေး နဲ့ migration ဗီဇာ အကြောင်းများကို အချိန် နဲ့ တပြေးညီမှန်ကန်တဲ့ သတင်းများကိုဖော်ပြပေးသွားမှာ ဖြစ်ပါသဖြင့် Page ကို Like and Follow လုပ်ထားဖို့ မ​မေ့နင့်​နော်။
Credit original uploader

The visa, which could provide a pathway to permanent residency, had been opposed by some Liberals, so its confirmation is considered a major victory for the Nationals in support of farming, fisheries, forestry and meat processing.

လမ်းမှာ နိုင်ငံခြားသားကြီးတစ်ယောက် လမ်းမသိလို့ ကိုယ့်လာမေးရင် ကူညီလို့ရအောင် တိုင်မပတ်အောင် လေ့လာကြရအောင်။Left.............
19/08/2021

လမ်းမှာ နိုင်ငံခြားသားကြီးတစ်ယောက် လမ်းမသိလို့ ကိုယ့်လာမေးရင် ကူညီလို့ရအောင် တိုင်မပတ်အောင် လေ့လာကြရအောင်။

Left.......................ဘယ်ဘက်
Right....,...............ညာဘက်
North..............,.....မြောက်
South..................တောင်
East.......................အရှေ့
West.....................အနောက်
Go........................သွားသည်
Ride......................စီးသည်
Drive....................မောင်းသည်
Straight...............တန်းတန်း တည့်တည့်
Turn......................ကွေ့ပါ။ လှည့်ပါ
Pass........ ............ကျော်သည်
Cross ...................ဖြတ်သန်းသည်
Next to..................ဘေးဘက်
Near........................အနီးမှာ
Far..........................အဝေးမှာ
Past...............,........ကျော်၍ ဖြတ်၍ လွန်၍
In front of..............ရှေ့မှာ
beside.....................ဘေးမှာ
behind....................နောက်မှာ
between...............ကြားမှာ
corner...................လမ်းထောင့်
roundabout............အဝိုင်းကွေ့
downtown....,.........မြို့ထဲ
township.................မြို့နယ်
town.................... ... မြို့
City........:..................မြို့တော်
Village.....................ရှာ
Rural....................... ကျေးလက်
traffic lights..............မီးပွိုင့်
high way........... ... လမ်းမကြီး
Mortorway........ .လမ်းမကြီး
lane.....လမ်း
road...လမ်းမ
street....လမ်း
path.....လျှောက်လမ်း လမ်းကြောင်း
pavement......လျှောက်လမ်း

ပြောကြည့်ရအောင်။

မင်္ဂလာပါ။
Hello!
ဘာကူညီပေးရမလဲ ခင်ဗျာ။ ရှင်
How can I help you?

ကျေးဇူးပါဗျာ။
Thank you!

ကျွန်တော် ဘူတာကြီးကို ဘယ်လိုသွားရမလဲ မသိလို့ပါ။
I don't know how to get to the railway station.

၇၈လမ်းတန်းတန်းသွားပါ။
Go straight to the 78 street.

၇၈လမ်းပေါ် ၃၀ ထောင့်မှာပါ။
It's in the 78 street and at the corner of 30 street. 😊 🚂🚂🚂

Near the Public hospital.
ပြည်သူ့ဆေးရုံ အနီးပါ။

မင်းရဲ့စေတနာအတွက် ကျေးဇူးပါ။
Thanks for your kindness.

ရပါတယ်။အဲလို မပြောပါနဲ့။
Don't mention it..............,,..................................

ဆက်ကြည့်မယ်။

Go straight. တည့်တည့်သွား

မိန်းလမ်းကို တည့်တည့်သွားပါ
Go straight on Main Street.

ဘယ်ကို ကွေ့ပါ
turn left.

စူပါမားကတ်ရောက်ရငိ ဘယ်ကို ကွေ့
Turn left at the supermarket.

ညာကိုကွေ့ပါ
turn right.

ထောင့်နားရောက်ရင် ညာဘက်ကွေ့ပါ
Turn right on the next corner.

ကျော်သွားလိုက်ပါ
Go past.

ရုပ်ရှင်ကိုကျော်သွားရင် စာကြည့်တိုက် တွေ့လိမ့်မယ်
Go past the cinema and you'll find the library.

ဂိတ်ကိုဖြတ်သွားလိုက်ပါ။
Pass through the gate.

မြောက်ဘက်ကို တန်းတန်းသွား
Go straight to the north.

ပန်းခြံနားလေးမှာပါ
It's near the park.

မြစ်ကိုဖြတ်ပြီးရင် ကားစီးရတယ်။
Cross the river and take a bus.

ဆေးရုံက မြို့ရဲ့ အရှေ့ဘက်မှာပါ။
The hospital is in the east of town.

မေတ္တာဖြင့်
Credit.original uploader

လေ့လာထားသင့်တော့ စာများ
07/09/2020

လေ့လာထားသင့်တော့ စာများ

Family words
06/09/2020

Family words

ENGLISH GRAMMAR************************-*****NOUN နာမ်***********   A Noun is a word used as the name of a person ,place...
04/09/2020

ENGLISH GRAMMAR
************************-*****
NOUN နာမ်
***********
A Noun is a word used as the name of a person ,place or thing.

Noun ဆိုသည်မှာလူပုဂိုလ် နေရာ သို့မဟုတ်အရာဝတ္ထုတို့၏ အမည်အတွက်အသုံးပြုသောword စကားလုံးတစ်ခုဖြစ်ပါသည်။
မြန်မာစာက သက်ရှိသက်မဲ့ ဒြဗ်ရှိဒြဗ်မဲ့တို့၏အမည်ဟူသမျှကိုနာမ်ဟုခေါ်ပါသည်။
လောကရှိအရာရာတိုင်းတွင်အမည်ရှိပါသည်။ထို့ကြောင့်Noun များသည်အရေအတွက်အလွန်များပြားလှပါသည်။
Kinds of Nouns
*****************
Nounအမျိုးအစားများ
1.Common Noun အများဆိုင်နာမ်
*******************************
Examples: boy,girl,town

boyသည်လူကလေးအားလုံးနဲ့သက်ဆိုင်ပါသည်။
girlသည်မိန်းကလေးအားလုံးနဲ့သက်ဆိုင်ပါသည်။
town သည်မြို့အားလုံးနဲ့သက်ဆိုင်ပါသည်။

2. Proper Noun တစ်ဦးဆိုင်နာမ်
*****************************
Examples: MgMg,SuSu,Yangon

MgMgသည် မောင်မောင်တစ်ယောက်တည်းနဲ့ဆိုင်သည်။
SuSuသည်စုစုတစ်ယောက်တည်းနဲ့ဆိုင်သည်။
Yangonသည်ရန်ကုန်တစ်မြို့တည်းနဲ့ဆိုင်သည်။

3.Collective Noun အစုပြနာမ်
******************************
Examples: family, army ,people

family မိသားစုတွင်အဖေအမေသားသမီးလူအများပါဝင်နေသည်။
army စစ်တပ် တွင်စစ်သားများပါဝင်သည်။
people လူထုတွင်လူပများပါဝင်သည်။

4.Abstract Noun စိတ္တဇနာမ်
****************************
Examples: Love,interest, childhood

AbstractNoun များသည်
quality အရည်အသွေး (love ချစ်ခြင်းမေတ္တာ)
action ဆောင်ရွက်မှု ( interest စိတ်ဝင်စားမှု)
state အခြေအနေ(childhood ကလေးဘဝ)
အရည်အသွေး ဆောင်ရွက်မှု အခြေအနေတို့ကို ဖော်ပြသော Noun များကိုAbstract Noun ဟုခေါ်ပါသည်။

လည်းကောင်းတို့မှာဒြဗ်မရှိကြပါ။

5.Material Nounဒြဗ်ပစ္စည်းနာမ်
*******************************
Examples: air, rice, oil

air လေ
rice ဆန်
oil ဆီ
No.4 တွင်ဆင်လက်ဖော်ပြပါမည်။

Let's learn tomorrow!

To know English,learn English Grammar
Credit from original uploader

*** စကားပြော လေ့ကျင့်ရန် ***     {  Do You Have a Girlfriend?            နင့်မှာ ရည်းစားရှိလား  }A: Do you have a girlfr...
03/09/2020

*** စကားပြော လေ့ကျင့်ရန် ***

{ Do You Have a Girlfriend?
နင့်မှာ ရည်းစားရှိလား }

A: Do you have a girlfriend?
မင့်မှာ ရည်းစားရှိလား

B: No, I don't. Do you?
မရှိပါဘူး...မင့်မှာကော ရှိလား..

A: I don't have a girlfriend, either.
ငါ့မှာလည်း မရှိဘူး

B: Why not?
ဘာလို့မရှိတာလဲ

A: I don't know. Maybe I'm not rich enough.
မသိပါဘူး...ငါမချမ်းသာလို့ ဖြစ်နိုင်တယ်..😄😄😄

B: Girls like guys with money.
မိန်းကလေးတွေက ငွေရှိတဲ့ ဘဲတွေကိုကြိုက်ကြတယ်..😄😄😄

A: They sure do.
သေချာတာပေါ့..

B: They like guys with new cars.
ကားအသစ်ရှိတဲ့ ဘဲတွေကိုလည်းကြိုက်ကြတယ်..😄😄😄

A: I don't have money or a new car.
ငါ့မှာ ကားလည်းမရှိ..ငွေလည်းမရှိဘူး..

B: Me, neither.
ငါ့မှာလည်း မရှိဘူး

A: But girls like guys who are funny.
မိန်းကလေးတွေက..ပျော်ပျော်နေတတ်တဲ့သူတွေကိုလည်း ကြိုက်ကြတယ်..

B: Maybe we should learn some good jokes.
ဟုတ်မှာပေါ့...ဟာသကောင်းတွေ သင်ယူလို့ရတယ်လေ..😄😄😄

Credit from original uploader

အသီးအမည်များလေ့လာထားလို့ရတယ်။
01/09/2020

အသီးအမည်များ
လေ့လာထားလို့ရတယ်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၆-၈-၂၀၂၀)  ရက်နေ့၊  နံနက် (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
26/08/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈)ခုနှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇)ခု၊

စုစုပေါင်း (၈၂၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။

၂။ (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၅၇၄) ဦး ရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။

Credit

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

COVID-19 ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှု မရှိစေရန် စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါကူးစက် ဖြစ်...

အောင်မြင်သူတို့ရဲ့အဆိုအမိန့် Credit။
21/08/2020

အောင်မြင်သူတို့ရဲ့အဆိုအမိန့်
Credit။

ဒီဇင်ဘာ ထိ 150 unit ကင်းလွတ်ခွင့်ရပြီ
19/08/2020

ဒီဇင်ဘာ ထိ 150 unit ကင်းလွတ်ခွင့်ရပြီ

Address

လမ်းသွယ်(6) ဆွတ်ဂျတ်လမ်း/Villa Restaurant အနီး
Myitkyina

Telephone

+959790959712

Website

Alerts

Be the first to know and let us send you an email when ပညာကြယ်စင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ပညာကြယ်စင်:

Shortcuts

Share

Category