Podium Lingua Space

Podium Lingua Space Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Podium Lingua Space, Language school, No. 72, Myo Thit Ward, Myitkyina.

Podium Lingua Space is a socially responsible learning platform that offers effective English classes for adult and young learners of English as a second language, train community-based English teachers, and promotes English language education equality.

11/08/2026

🔥"Fulbright Scholarship Interview စနစ်တကျကြိုတင်ပြင်ဆင်ခြင်း" live sharing session လေးဖြစ်ပါတယ်။

✅အမေရိကန်အစိုးရပေးအပ်တဲ့ Fulbright ပညာတော်သင်ဆု interview အတွေ့အကြုံကို Fulbright ပညာတော်သင်ဆုရရှိခဲ့သူ ဆရာ (၂) ဦးကနေပြီး သူတို့ရဲ့ interview အတွေ့အကြုံကိုဝေမျှခြင်းဖြစ်သည်။

💥"Fulbright Scholarship Interview" အတွက်အကောင်းဆုံးပြင်ဆင်နိုင်ဖို့ ဒီညနေ ၇း၃၀ မှာဆုံကြမယ်။
11/08/2026

💥"Fulbright Scholarship Interview" အတွက်အကောင်းဆုံးပြင်ဆင်နိုင်ဖို့ ဒီညနေ ၇း၃၀ မှာဆုံကြမယ်။

‼️Fulbright Scholarship Interview စနစ်တကျကြိုတင်ပြင်ဆင်ခြင်း အခမဲ့ Sharing Session by Fulbrighters‼️

USA အစိုးရကနေ ပေးအပ်တဲ့ အစဥ်အလာဂုဏ်သိက္ခာကြီးမားတဲ့ ဖူးဘရိုက်ပညာတော်သင်ဆု ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် လျှောက်လွှာများအတွက် လူတွေ့မေးမြန်းခြင်း (Interview)ကို စတင်ခေါ်ယူနေပါပြီ။ ဖူးဘရိုက်ပညာတော်သင်ဆုဟာ USA ရှိတက္ကသိုလ်များမှာ မဟာဘွဲ့ (master’s program) တက်ရောက်ဖို့ရန်ပေးအပ်တဲ့ ပညာတော်သင်ဆုဖြစ်ပါတယ်။ ဖူးဘရိုက်ပညာတော်သင်ဆု လျှောက်ထားလိုသူများအတွက် အလွန်အရေးကြီးတဲ့ နောက်ထပ်ခြေလှမ်းကတော့ လူတွေ့မေးမြန်းခြင်း (Interview)ပါ။

🍀🍀လူတွေ့မေးမြန်းခြင်း (Interview) အတွက် ဘယ်လိုအကြောင်းအရာတွေကို ဘယ်လို သတိထား ပြင်ဆင်ထားသင့်/ရမယ်ဆိုတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင် ဖူးဘရိုက်ပညာတော်သင်ဆုနဲ့ USA မှာ ပညာသွားရောက်သင်ယူခဲ့ကြတဲ့ Fulbright scholarတွေက ဒီအခမဲ့ sharing sessionမှာ ပြောပြပေးကြမှာပါ။🍀🍀

👩‍🦰👩🏻‍🦱👩🏻ဒီ sharing session မှာတော့ Fulbright 2023 Cohortမှ San Mai (Brandeis University) နဲ့ 2024 Cohortမှ Kaung Myat Kyaw (University of Kansa)တို့မှ Panelists အနေဖြင့် ပါ၀င်ဆွေးနွေးသွားမှာဖြစ်ပြီး Fulbright 2020 Cohortမှ Podium Lingua Academyရဲ့ ပူးတွဲတည်ထောင်သူ Ma San Bu Ra (University of Pennsylvania - UPenn)က facilitator အဖြစ်ပါဝင် ဆောက်ရွက်သွားမှာ ဖြစ်ပါတယ်။👩‍🦰👩🏻‍🦱👩🏻

👨ဆန်မိုင် (Panelist)
ဆရာ ဆန်မိုင်သည် ဖွံ့ဖြိုးရေး နှင့် လူသားချင်းစာနာထောက်ထားမှု ကဏ္ဍတွင် (၁၀) နှစ်ကျော် အတွေ့အကြုံရှိပြီး၊ ကုလသမဂ္ဂ နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ( INGOs) များ၌ စီမံကိန်းအရာရှိ၊ စီမံကိန်း မန်နေဂျာ နှင့် ရုံးခွဲတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခု လက်ရှိ မှာတော့ တစ်ဦးချင်း အတိုင် ပင်ခံ ( Consultant) အဖြစ် ဆောင်ရွက်လျက် ရှိသည်။

👨ကောင်းမြတ်ကျော် (Panelist)
ဆရာကောင်းမြတ်ကျော်သည် 2016 မှာ BE (Civil) နဲ့ကျောင်းပြီးပြီး Humanitarian Engineer အဖြစ် INGOs တွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ 2018 မှာ Everest International Education (Sittwe)ESL teacher အဖြစ် လုပ်ကိုင်ခဲ့ပြီး 2020 မှာ Everest (Sittwe) မှာဘဲ Principal အဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

2024 မှာ Fulbright Scholarship နဲ့ The University of Kansas, USA မှာ Master of Education Science (Education Leadership and Policy) ကို တက်ရောက်ခဲ့ပါတယ်။ 2026 June လမှာဘဲ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး Everest International Education မှာဘဲ ယခင်တာဝန်များကို ဆက်လက်ထမ်းဆောင်နေပါတယ်။

🙋ဆန်ဘူရာ (Facilitator)
ဆရာမ ဆန်ဘူရာကတော့ Podium Lingua Academyရဲ့ပူးတွဲတည်ထောင်သူဖြစ်ပြီး၂၀၂၀ ခုနှစ်မှာ Fulbright Scholarshipနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ University of Pennsylvaniaမှာ Master of Social Work programကို တက်ရောက်လေ့လာရန် ရွေးခြယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်ရှိ City University of Hong Kongကနေလည်း ထူးချွန်ပညာတော်သင်ဆုအပြည့်ဖြင့် Bachelor'sဘွဲ့ကိုလည်း ရရှိထားသူဖြစ်ပါတယ်။

📣📣ဒီအခမဲ့sharing sessionကို သြဂုတ်လ (၁၁) ရက် အင်္ဂါညနေ (မြန်မာနိုင်ငံ စံတော်ချိန်) ညနေ၇း၀၀ နာရီမှစပြီး Zoom Live Session ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

✅ဖူးဘရိုက်ပညာသင်ဆုလျှောက်ထားဖို့အတွက် စိတ်ပါဝင်စားသူများနှင့် ယခုနှစ် ဖူးဘရိုက်ပညာတော်သင်ဆု လျှောက်လွှာအတွက် Interviewတက် ရောက်ရန် ဖိတ်ခေါ်ခံရသူများ မိမိ လျှောက်လွှာများ အောင်မြင်ရန် ဒီ sharing session ကို မပျက်မကွက် တက်ရောက်ဖို့ Podium Educational Consultingအနေနဲ့ တိုက်တွန်းလိုပါတယ်။📣📣

📌ဘယ်လိုတက်ရောက်ရမလဲ။
ယခု sharing session ကို သတ်မှတ်ထားသောအချိန်တွင် Podium Educational Consulting ၏ page တွင် live ထုတ်လွှင့်ပေးမည်ဖြစ်သည်။

----------------------------------------------------------------

🌿🌿Podium Educational Consulting မှ စကောလားရှစ်အမျိုးမျိုးအတွက် sharing session များကိုအခမဲ့ပြုလုပ်ပေးသလို USA, Hong Kong နှင့် South Korea စသောကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များတွင် ပညာတော်သင်ဆုအပြည့်ဖြင့်ပညာသင်ယူခဲ့သော ကျွမ်းကျင်သော consultant (အတိုင်ပင်ခံ)ဖြင့် scholarshipနှင့် university admissionများအတွက် professional consultation service များကို ဆောင်ရွက်ပေးနေပါတယ်။🌿🌿

🎯Podium Educational Consulting သည် Fulbright, Chevening, Australia Awards နှင့် Lincoln စသော စကောလားရှစ်များအပါအဝင် Hong Kong, Japan, Thai နှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများရှိ တက္ကသိုလ်များမှာ ပညာတော်သင်ဆုဖြင့် တက်ရောက်နိုင်ရန် ပညာတော်သင်ဆု စုစုပေါင်းအနည်းဆုံး(၆၇) ဆုကျော်ရရှိအောင်ပံ့ပိုးနိုင်ခဲ့ပြီဖြစ်သော သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။

🤝The City University of Hong Kong နှင့်တွေ့ဆုံဆွေးနွေးမှု💥လက်ရှိကမ္ဘာအဆင့် (52) မှာရပ်တည်နေတဲ့ The City University of Ho...
10/08/2026

🤝The City University of Hong Kong နှင့်တွေ့ဆုံဆွေးနွေးမှု

💥လက်ရှိကမ္ဘာအဆင့် (52) မှာရပ်တည်နေတဲ့ The City University of Hong Kong ရဲ့ နိုင်ငံတကာကျောင်းသား/သူရေးရာအကြီးအကဲတွေနဲ့ မြန်မာနိုင်ငံသားများအတွက် တက္ကသိုလ်ဝင်ခွင့်/ပညာတော်သင်ဆုဆိုင်ရာအကြောင်းအရာများနှင့်ပါတ်သက်ပြီး တွေ့ဆုံပြီး မြန်မာနိုင်ငံကျောင်းသား/သူအတွက် ကျောင်းဝင်ခွင့်နဲ့ပညာတော်သင်ဆုဆိုင်ရာအကြောင်းအရာများကိုလက်တွေ့ကြကြဆွေးနွေးမှုပြုလုပ်နိုင်ခဲ့တယ်။
အခုလိုကမ္ဘာ့အဆင့် (world ranking) မြင့်မားပြီး Hong Kong ရဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ The City Universiy of Hong Kong က ကမ္ဘာ့အထင်ကရတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Ivy League တက္ကသိုလ် (ဥပမာ Columbia University)တွေအပါအဝင် နဲ့ UK ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ University of Cambridge တို့လို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေနဲ့ပူးပေါင်းပြီး ကျောင်းသား/သူတွေအတွက်အရှေ့တိုင်းနဲ့အနောက်တိုင်းတက္ကသိုလ်ပညာရေးနဲ့အတွေ့အကြုံကောင်းတွေကိုလည်းဖန်တီးပေးနေတဲ့ နိုင်ငံတကာတက္ကိသိုလ်ကျောင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။

🇲🇲ခုလိုမြန်မာနိုင်ငံကျောင်းသား/သူတွေအတွက် နိုင်ငံတကာပညာရေးရွေးခြယ်မှုတွေမှာအကြောင်းအမျိုးမျိုးကြောင့် ကန့်သတ်မှုတွေရှိနေချိန်မှာ ဟောင်ကောင်ရဲ့တက္ကသိုလ်တွေကိုရွေးခြယ်တက်ရောက်မယ်ဆိုရင် ဒီကျောင်းတွေရဲ့သမိုင်းအစဥ်အလာ၊ အရည်အသွေးမြင့်ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကြောင့် အနာဂါတ်အတွက် ကောင်းမွန်တဲ့ရင်းနှီးမြုပ်နှံမှုရွေးခြယ်စရာတစ်ခုဖြစ်ပါတယ်။��

❓ဟောင်ကောင်မှာ တရုတ်စကားပြောတတ်ဖို့လိုလား။

�ဒီမေးခွန်းက မြန်မာနိုင်ငံကျောင်းသား/သူတွေခဏခဏမေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဟောင်ကောင်ကတရုတ်ပြည့်သူသမ္မတနိုင်ငံထဲမှာရှိတယ်ဆိုပေမယ့် သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်သပ်သပ်ရှိသလို ငွေကြေးလည်း Hong Kong Dollar သုံးပါတယ်။ သူ့ရဲ့ public university တွေကတကယ်ကောင်းကြသလို အရမ်း international ဆန်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို တရားဝင်ရုံးသုံးဘာသာစကားတစ်ခုအဖြစ်သတ်မှတ်အသုံးပြုတဲ့အတွက် တက္ကသိုလ်ကျောင်းဝန်းနဲ့ ဟောင်ကောင်ရဲ့နေရာအတော်များများမှာ အင်္ဂလိပ်ဘာသာစကားကိုပညာရေးအတွက်သာမက နေ့စဥ်လူမှုဘဝနဲ့အထွေထွေလှုပ်ရှားသွားလာမှုအတွက်အသုံးပြုနိုင်တဲ့မြို့ပါ။ ဒီလိုအချက်တွေအပြင် ပညာရေးနဲ့အင်တာနက်လွတ်လပ်ခွင့်ကလည်း တရုတ်ပြည်မကြီးနဲ့ကွဲပြားတဲ့အတွက် နိုင်ငံတကာကျောင်းသား/သူတွေရွေးခြယ်မှုများကြတဲ့ အမ္ဘာ့အဆင့်မြင့်ပညာရေးမြို့ကြီးအဖြစ်လူသိများကြပါတယ်။

✅နိုင်ငံခြားပညာတော်သင်ဆုဆိုင်ရာလမ်းပြပံ့ပိုးမှုများ

🔥Podium Lingua Space/Podium Educational Consulting သည် ၂၀၂၂ ခုနှစ်မှစတင်ပြီး Fulbright, Chevening, Australia Awards, Lincoln, DISP သာမက ဟောင်ကောင်၊ ဂျပန်၊ အန္ဒိယ၊ ထိုင်း၊ နှင့် အင်ဒိုနီးရှားနိုင်ငံများရှိ တက္ကသိုလ်များတွင်တက်ရောက်နိုင်ရန် bachelor ဘွဲ့နှင့် master ဘွဲ့များအတွက်ပညာတော်သင်ဆုပေါင်းအနည်းဆုံး (၆၇)ဆုကို ဆွတ်ခူးရရှိနိုင်အောင် အောင်မြင်စွာပံ့ပိုးနိုင်ခဲ့ပြဖြစ်သည်။

🔥ကိုယ့်ရဲ့နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်/ပညာတော်သင်ဆုလျှောက်ထားခြင်းနဲ့ပါတ်သက်ပြီးထိရောက်တဲ့ ဆွေးနွေးတိုင်ပင်လမ်းပြမှုတွေကို Podium Educational Consulting မှာ ဆရာလအောင် (M.Ed, USA & B.A. Eng, Hong Kong) နှင့်တိုက်ရိုက်ဆွေးနွေးရယူနိုင်ပါပြီ။

🔥Fulbright ပညာတော်သင်ဆုရရှိသူများစွာကို အောင်မြင်စွာလမ်းပြပံ့ပိုးပေးထားနိုင်ခဲ့ပြီဖြစ်တဲ့ Podium ရဲ့ (အခမဲ့) sharing ses...
08/08/2026

🔥Fulbright ပညာတော်သင်ဆုရရှိသူများစွာကို အောင်မြင်စွာလမ်းပြပံ့ပိုးပေးထားနိုင်ခဲ့ပြီဖြစ်တဲ့ Podium ရဲ့ (အခမဲ့) sharing session ပါ။

✅ဒီနှစ်အတွက် Fulbright အင်တာဗျူးရထားသူနဲ့ နောက်နှစ် Fulbright လျှောက်ထားဖို့စီစဥ်နေသူများလက်မလွှတ်သင့်တဲ့အခွင့်အလမ်းကြီးပါ။

‼️Fulbright Scholarship Interview စနစ်တကျကြိုတင်ပြင်ဆင်ခြင်း အခမဲ့ Sharing Session by Fulbrighters‼️

USA အစိုးရကနေ ပေးအပ်တဲ့ အစဥ်အလာဂုဏ်သိက္ခာကြီးမားတဲ့ ဖူးဘရိုက်ပညာတော်သင်ဆု ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် လျှောက်လွှာများအတွက် လူတွေ့မေးမြန်းခြင်း (Interview)ကို စတင်ခေါ်ယူနေပါပြီ။ ဖူးဘရိုက်ပညာတော်သင်ဆုဟာ USA ရှိတက္ကသိုလ်များမှာ မဟာဘွဲ့ (master’s program) တက်ရောက်ဖို့ရန်ပေးအပ်တဲ့ ပညာတော်သင်ဆုဖြစ်ပါတယ်။ ဖူးဘရိုက်ပညာတော်သင်ဆု လျှောက်ထားလိုသူများအတွက် အလွန်အရေးကြီးတဲ့ နောက်ထပ်ခြေလှမ်းကတော့ လူတွေ့မေးမြန်းခြင်း (Interview)ပါ။

🍀🍀လူတွေ့မေးမြန်းခြင်း (Interview) အတွက် ဘယ်လိုအကြောင်းအရာတွေကို ဘယ်လို သတိထား ပြင်ဆင်ထားသင့်/ရမယ်ဆိုတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင် ဖူးဘရိုက်ပညာတော်သင်ဆုနဲ့ USA မှာ ပညာသွားရောက်သင်ယူခဲ့ကြတဲ့ Fulbright scholarတွေက ဒီအခမဲ့ sharing sessionမှာ ပြောပြပေးကြမှာပါ။🍀🍀

👩‍🦰👩🏻‍🦱👩🏻ဒီ sharing session မှာတော့ Fulbright 2023 Cohortမှ San Mai (Brandeis University) နဲ့ 2024 Cohortမှ Kaung Myat Kyaw (University of Kansa)တို့မှ Panelists အနေဖြင့် ပါ၀င်ဆွေးနွေးသွားမှာဖြစ်ပြီး Fulbright 2020 Cohortမှ Podium Lingua Academyရဲ့ ပူးတွဲတည်ထောင်သူ Ma San Bu Ra (University of Pennsylvania - UPenn)က facilitator အဖြစ်ပါဝင် ဆောက်ရွက်သွားမှာ ဖြစ်ပါတယ်။👩‍🦰👩🏻‍🦱👩🏻

👨ဆန်မိုင် (Panelist)
ဆရာ ဆန်မိုင်သည် ဖွံ့ဖြိုးရေး နှင့် လူသားချင်းစာနာထောက်ထားမှု ကဏ္ဍတွင် (၁၀) နှစ်ကျော် အတွေ့အကြုံရှိပြီး၊ ကုလသမဂ္ဂ နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ( INGOs) များ၌ စီမံကိန်းအရာရှိ၊ စီမံကိန်း မန်နေဂျာ နှင့် ရုံးခွဲတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယခု လက်ရှိ မှာတော့ တစ်ဦးချင်း အတိုင် ပင်ခံ ( Consultant) အဖြစ် ဆောင်ရွက်လျက် ရှိသည်။

👨ကောင်းမြတ်ကျော် (Panelist)
ဆရာကောင်းမြတ်ကျော်သည် 2016 မှာ BE (Civil) နဲ့ကျောင်းပြီးပြီး Humanitarian Engineer အဖြစ် INGOs တွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ 2018 မှာ Everest International Education (Sittwe)ESL teacher အဖြစ် လုပ်ကိုင်ခဲ့ပြီး 2020 မှာ Everest (Sittwe) မှာဘဲ Principal အဖြစ်နဲ့ လုပ်ကိုင်ခဲ့ပါတယ်။

2024 မှာ Fulbright Scholarship နဲ့ The University of Kansas, USA မှာ Master of Education Science (Education Leadership and Policy) ကို တက်ရောက်ခဲ့ပါတယ်။ 2026 June လမှာဘဲ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး Everest International Education မှာဘဲ ယခင်တာဝန်များကို ဆက်လက်ထမ်းဆောင်နေပါတယ်။

🙋ဆန်ဘူရာ (Facilitator)
ဆရာမ ဆန်ဘူရာကတော့ Podium Lingua Academyရဲ့ပူးတွဲတည်ထောင်သူဖြစ်ပြီး၂၀၂၀ ခုနှစ်မှာ Fulbright Scholarshipနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ University of Pennsylvaniaမှာ Master of Social Work programကို တက်ရောက်လေ့လာရန် ရွေးခြယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်ရှိ City University of Hong Kongကနေလည်း ထူးချွန်ပညာတော်သင်ဆုအပြည့်ဖြင့် Bachelor'sဘွဲ့ကိုလည်း ရရှိထားသူဖြစ်ပါတယ်။

📣📣ဒီအခမဲ့sharing sessionကို သြဂုတ်လ (၁၁) ရက် အင်္ဂါညနေ (မြန်မာနိုင်ငံ စံတော်ချိန်) ညနေ၇း၀၀ နာရီမှစပြီး Zoom Live Session ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

✅ဖူးဘရိုက်ပညာသင်ဆုလျှောက်ထားဖို့အတွက် စိတ်ပါဝင်စားသူများနှင့် ယခုနှစ် ဖူးဘရိုက်ပညာတော်သင်ဆု လျှောက်လွှာအတွက် Interviewတက် ရောက်ရန် ဖိတ်ခေါ်ခံရသူများ မိမိ လျှောက်လွှာများ အောင်မြင်ရန် ဒီ sharing session ကို မပျက်မကွက် တက်ရောက်ဖို့ Podium Educational Consultingအနေနဲ့ တိုက်တွန်းလိုပါတယ်။📣📣

📌ဘယ်လိုတက်ရောက်ရမလဲ။
ယခု sharing session ကို သတ်မှတ်ထားသောအချိန်တွင် Podium Educational Consulting ၏ page တွင် live ထုတ်လွှင့်ပေးမည်ဖြစ်သည်။

----------------------------------------------------------------

🌿🌿Podium Educational Consulting မှ စကောလားရှစ်အမျိုးမျိုးအတွက် sharing session များကိုအခမဲ့ပြုလုပ်ပေးသလို USA, Hong Kong နှင့် South Korea စသောကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များတွင် ပညာတော်သင်ဆုအပြည့်ဖြင့်ပညာသင်ယူခဲ့သော ကျွမ်းကျင်သော consultant (အတိုင်ပင်ခံ)ဖြင့် scholarshipနှင့် university admissionများအတွက် professional consultation service များကို ဆောင်ရွက်ပေးနေပါတယ်။🌿🌿

🎯Podium Educational Consulting သည် Fulbright, Chevening, Australia Awards နှင့် Lincoln စသော စကောလားရှစ်များအပါအဝင် Hong Kong, Japan, Thai နှင့် အခြားအရှေ့တောင်အာရှ နိုင်ငံများရှိ တက္ကသိုလ်များမှာ ပညာတော်သင်ဆုဖြင့် တက်ရောက်နိုင်ရန် ပညာတော်သင်ဆု စုစုပေါင်းအနည်းဆုံး(၆၇) ဆုကျော်ရရှိအောင်ပံ့ပိုးနိုင်ခဲ့ပြီဖြစ်သော သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။

05/08/2026

💥သြဂုတ်လရဲ့ လူကြီးတန်း Weekend 4-Skills English Course (Batch-5) အတွက်စာရင်းလက်ခံပြီ။💥

✅Podium Lingua Space သည် အမေရိကန်၊ သြစတေးလျ၊ ဟောင်ကောင်၊ ကိုးရီးယား နှင့် ထိုင်းနိုင်ငံများတွင် Bachelor’s ဘွဲ့နှင့် Master’s ဘွဲ့များကို ပညာတော်သင်ဆုများဖြင့် တက်ရောက်ရရှိခဲ့သော ဆရာ/ဆရာမများဦးစီးနေသော နိုင်ငံခြားဘာသာစကား သင်တန်းကျောင်းဖြစ်သည်။

⏰အချိန်
Class Day – Saturday & Sunday
Start Date - August 29 2026
Duration – 3 Months

🆙တက်ရောက်သင့်သူများ
အထွေထွေအင်္ဂလိပ်စာ 4-skills ကို ထိရောက်စွာလေ့လာလိုသူများ၊
ရုံးလုပ်ငန်းတစ်ဖက်နှင့် အင်္ဂလိပ်စာလေ့လာလိုသူများ၊
နိုင်ငံခြားတက္ကသိုလ် ပညာရေးအတွက် ပြင်ဆင်နေသူများ၊
နိုင်ငံခြား အလုပ်အကိုင် အခွင့်အလမ်းအတွက် ပြင်ဆင်နေသူများ တက်ရောက်သင့်ပါသည်။

👇တက်ရောက်နိုင်သည့် Level များ
1️⃣Basic (12:00 - 2:00PM)
2️⃣Elementary (12:00 - 2:00PM)
3️⃣Pre-intermediate (09:00 - 11:00AM)
4️⃣Intermediate (09:00 - 11:00AM)

🎯သင်ယူရမည့် အဓိကဘာသာရပ်
4-Skills English ကို activity တွေ practice တွေနဲ့အတူ ထိရောက်မှုရှိစွာသင်ယူရမည်ဖြစ်သည်။

-------------------------------------------------------

⚠️ လူဦးရေကန့်သတ်ထားသည့်အတွက် ထိုင်ခုံနေရာရယူနိုင်ဖို့ရန် အမြန်ဆုံးလာရောက် စာရင်းသွင်းထားမှ စိတ်ချရပါမည်။

☎️ ဆက်သွယ်ရန်
ဖုန်း - ၀၉ ၂၅၁ ၀၈၅ ၆၆၅
အမှတ် - ၇၂၊ မြို့သစ်ရပ်ကွက် (JZ Bar & Restaurant ကပ်ရပ်)
မြစ်ကြီးနား၊ ကချင်ပြည်နယ်။

23/07/2026

💥အခမဲ့ Community English Program (Batch-2) စပြီ။💥

✅ ယခု Community English Program ကတော့ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ မည်သို့သောငွေကြေးအကူအညီနှင့်မှဖွင့်လှစ်ထားခြင်းမဟုတ်ဘဲ အင်္ဂလိပ်စာဘာသာစကား အခွင့်အရေးတန်းတူညီမျှရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ Podium Lingua Space ၏ ပညာဒါနအစီအစဥ်တစ်ခုဖြစ်ပါတယ်။ ယခု program မှ တစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်စာသင်ယူနိုင်ခွင့် အခွင့်အလမ်းဆုံးရှုံးနေတဲ့ကျောင်းသား/သူ သားသမီးငယ်များ အခြေခံအင်္ဂလိပ်ဘာသာစကားကို သင်ယူခွင့်ရပြီး မိမိတက်ရောက်နေတဲ့ အခြေခံပညာအဆင့်ကျောင်းများမှာ ပညာရေးစွမ်းဆောင်ရည် ကောင်းမွန်တိုးတက်လာနိုင်စေရန် ရည်ရွယ်ပါတယ်။

📍ဘယ်မှာတက်ရောက်ရမှာလဲ။
မြစ်ကြီးနားမြို့လယ်မှာဖြစ်တဲ့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ Podium Lingua Space (JZ Bar ကပ်ရပ်) ကျောင်းဝန်းမှာလာရောက်သင်ယူရမှာဖြစ်ပါတယ်။

⏳သင်တန်းကာလဘယ်လောက်ကြာမလဲ။
ယခု ၂၀၂၆ခုနှစ်ရဲ့ Community English Program သင်တန်းကာလကတော့ (၄) လ ကြာမြင့်မှာဖြစ်ပြီး သြဂုတ်လ (၃၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ထိ တက်ရောက်ရမှာဖြစ်ပါတယ်။

🕞 သင်တန်းတွေကဘယ်အချိန်လဲ။
တန်းခွဲ (၄)တန်းလုံး တနင်္ဂလာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေပိုင်းကျောင်းဆင်းချိန် ၄း၀၀ မှ ၅း၃၀ ထိတစ်ပါတ် (၃)ရက် ပုံမှန် တက်ရောက်ရမှာဖြစ်ပါတယ်။

🧑‍🏫👩‍🏫 ဘယ်သူတွေသင်မှာလဲ။
Podium Lingua Space Education Team မှ စီစစ်ရွေးချယ်ထားတဲ့ ဆရာ/မများမှ အကောင်းဆုံး သင်ကြားပေးမှာဖြစ်ပါတယ်။

🎯ဘယ်သူတွေတက်ရောက်နိုင်လဲ။
ပုံမှန်အားဖြင့် အင်္ဂလိပ်စာသင်ယူဖို့အခွင့်အလမ်းလိုအပ်နေတဲ့ အခြေခံပညာအဆင့် Grade-3 ကနေပြီး Grade-7 ကြားမှာတက်ရောက်နေတဲ့ကျောင်းသား/သူတွေအတွက်ရည်ရွယ်ပါတယ်။ သင့်တော်မှုရှိရင် Grade-8 ကျောင်းသား/သူတွေကိုလည်းထည့်သွင်းစဥ်းစားပေးနိုင်ပါတယ်။

💰သင်တန်းကြေးဘယ်လောက်လဲ။
ယခု Community English Program သည် အခမဲ့program ဖြစ်ပါတယ်။ သင်တန်းကြေးပေးဆောင်ရန် မလိုအပ်သော်လည်း ကျောင်းသား/သူများအသုံးပြုမယ့် ဖတ်စာအုပ်များကို ပြင်ပစာအုပ်ဆိုင်မှ စျေးနှုန်းအတိုင်းဝယ်ယူရမှာဖြစ်ပါတယ်။ စာသင်ခန်းအသုံးပြုခနဲ့ မီတာခအတွက် တစ်လလျှင်ကျောင်းသား/သူတစ်ဦး ၉,၀၀၀ ကျပ် (ကိုးထောင်ကျပ်) စီထည့်သွင်းရမှာဖြစ်ပါတယ်။

📝 ဘယ်လိုလျှောက်ထားတက်ရောက်ရမလဲ။
လျှောက်လွှာကို Podium ရုံးသို့လူကိုယ်တိုင်လာရောက်ထုတ်ယူဖြည့်သွင်းပြီး၊ တက်ရောက်ခွင့်ရရှိပါက သတ်မှတ်ထားသည့်နေ့မှာ တန်းခွဲစစ်ဆေးခြင်းပြုလုပ်ပြီး အတန်းများစတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

📌မှတ်ချက်။
အင်္ဂလိပ်စာသင်ယူခွင့်နည်းပါတဲ့ ကျောင်းသား/သူများကို ဦးစားပေးမှာဖြစ်ပါတယ်။ တက်ရောက်ရန် ရွေးချယ်ခံထားရတဲ့ ကျောင်းသား/သူများ သင်တန်းကိုပြီးဆုံးတဲ့အထိ မပျက်မကွက် တက်ရောက်မှာဖြစ်ကြောင်း ကတိပြုဖောင် (commitment form) ကို ကျောင်းသား/သူများနဲ့ မိဘများ လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

🏠 လိပ်စာ
အမှတ် - ၇၂၊ မြို့သစ်ရပ်ကွက် (JZ Bar ကပ်ရပ်)
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
၀၉-၂၅၁၀၈၅၆၆၅

💥ဂျူလှိုင်လရဲ့(၁၆)နှစ်အထက် Special English Course ဒီနေ့စပြီ။💥⚠️ တက်ရောက်လိုသူများစာရင်းပေးသွင်းတက်ရောက်နိုင်သေးသည်။✅Podi...
20/07/2026

💥ဂျူလှိုင်လရဲ့(၁၆)နှစ်အထက် Special English Course ဒီနေ့စပြီ။💥

⚠️ တက်ရောက်လိုသူများစာရင်းပေးသွင်းတက်ရောက်နိုင်သေးသည်။

✅Podium Lingua Space သည် အမေရိကန်၊ သြစတေးလျ၊ ဟောင်ကောင်၊ ကိုးရီးယား နှင့် ထိုင်းနိုင်ငံများတွင် Bachelor’s ဘွဲ့နှင့် Master’s ဘွဲ့များကို ပညာတော်သင်ဆုများဖြင့် တက်ရောက်ရရှိခဲ့သော ဆရာ/ဆရာမများဦးစီးနေသော နိုင်ငံခြားဘာသာစကား သင်တန်းကျောင်းဖြစ်သည်။

-------------------------------------------------------

1️⃣English Classes for Adult Learners (Batch – 18)
Class Day – 3 Days/Week
Class Time – 9:00AM – 2:30 PM
Duration – 3 Months

✅Special English Classes for Adult Learners သည် အသက် (၁၆) နှစ်အထက်ရှိသူများအတွက် ရည်ရွယ်သည့် Podium Lingua Space ရဲ့ flagship English program ပြီး အင်္ဂလိပ်စာဘာသာစကားကို တစ်ရက်လုံးထိရောက်စွာလေ့လာရတဲ့ တန်းခွဲတစ်ခုဖြစ်ပါသည်။

🆙တက်ရောက်သင့်သူများ
နိုင်ငံခြားပညာတော်သင်ဆု လျှောက်ထားရန် ပြင်ဆင်နေသူများ၊ IELTS၊ နိုင်ငံခြားပညာရေးအတွက် Academic English ကျွမ်းကျင်မှုတိုးတက်လိုသူများ၊ လုပ်ငန်းခွင်အတွင်အင်္ဂလိပ်စာကို လက်တွေ့ကျစွာအသုံးပြုနိုင်လိုသူများ၊ အင်္ဂလိပ်ဘာသာစကားကို စနစ်တကျထိရောက်စွာလေ့လာလိုသူများ တက်ရောက်သင့်ပါသည်။

👇သင်တန်းအကြောင်းအသေးစိတ်ကိုအောက်ကဗီဒီယိုလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/reel/1562724728823305
https://www.facebook.com/reel/1562724728823305
https://www.facebook.com/reel/1562724728823305

☎️ ဆက်သွယ်ရန်
ဖုန်း - ၀၉ ၂၅၁ ၀၈၅ ၆၆၅
အမှတ် - ၇၂၊ မြို့သစ်ရပ်ကွက် (JZ Bar & Restaurant ကပ်ရပ်)
မြစ်ကြီးနား၊ ကချင်ပြည်နယ်။

🤝Hong Kong Baptist University နှင့်တွေ့ဆုံဆွေးနွေးမှု💥လက်ရှိကမ္ဘာအဆင့် (244) မှာရပ်တည်နေတဲ့ Hong Kong Baptist University...
14/07/2026

🤝Hong Kong Baptist University နှင့်တွေ့ဆုံဆွေးနွေးမှု

💥လက်ရှိကမ္ဘာအဆင့် (244) မှာရပ်တည်နေတဲ့ Hong Kong Baptist University (HKBU) မြန်မာနိုင်ငံကျောင်းသား/သူတွေကိုအဓိကတာဝန်ယူကြီးကြပ်သူ ဝင်ခွင့်အကြီးအကဲနဲ့ မြန်မာနိုင်ငံသားများအတွက် တက္ကသိုလ်ဝင်ခွင့်/ပညာတော်သင်ဆုဆိုင်ရာအကြောင်းအရာများနှင့်ပါတ်သက်ပြီးတွေ့ဆုံဆွေးနွေးမှုတစ်ခု ယခုနှစ်ဇွန်လအစောပိုင်းကပြုလုပ်နိုင်ခဲ့သည်။ အထူးသဖြင့် HKBU တွင်တက်ရောက်လိုသည့် မြန်မာကျောင်းသား/သူများအတွက် အရေးကြီးသည့်တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာအချက်များကိုအသေးစိတ်ဆွေးနွေးတိုင်ပြင်နိုင်ခဲ့သည်။ ဒီတက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုကတော့မြန်မာနိုင်ငံသားများအတွက်သီးသန့်ဝင်ခွင့်ဆိုင်ရာတာဝန်ခံထားရှိသလို၊ မြန်မာနိုင်ငံသားများအတွက်ဝင်ခွင့်ဆိုင်ရာသီးသန့် online webinar များကိုပါပြုလုပ်ပေးလေ့ရှိပါတယ်။ တက်ရောက်မယ့် ကျောင်းသား/သူတွေအတွက်ကောင်းမွန်တဲ့အားသာချက်နောက်တစ်ခုကတော့ HKBU က liberal arts education မှာအားကောင်းပြီး ကျစ်လစ်တဲ့စာသင်ခန်း၊ မျှတတဲ့ပါမောက္ခနဲ့ကျောင်သားအချိုးတွေကြောင့် တက္ကသိုလ်ကျောင်းပရဝုဠ်အတွင်းမှာအချင်းချင်းကောင်းမွန်တဲ့ပံ့ပိုးမှုတွေကြောင့် ခင်မင်ရင်းနှီးပြီး“မိသားစု”ဆန်တဲ့သင်ကြားသင်ယူမှုရပ်ဝန်းရှိတဲ့က္ကသိုလ်ဘဝကိုရရှိစေပါတယ်။

🇲🇲အခုလိုကမ္ဘာ့အဆင့် (world ranking) 224 မှာရပ်တည်နေပြီး Hong Kong ရဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Hong Kong Baptist University မှာတက်ရောက်လိုတဲ့ မြန်မာနိုင်ငံသားကျောင်းသား/သူများအာလုံးမဖြစ်မနေသိရှိထားသင့်သည့် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာသတ်မှတ်ချက်ဆိုင်ရာအချက်အလက် (၂)မျိုးကိုဝေမျှလိုက်ရပါသည်။

1️⃣မြန်မာနိုင်ငံအစိုးရပညာရေးဌာနပညာရေးလမ်းကြောင်း

Admission Application: Grade - 12 Certificate & Transcript + IELTS/TOEFL

မြန်မာအစိုးရကျောင်းတစ်ခုခုကအထက်တန်းအောင်မြင်ထားတဲ့ကျောင်းသား/သူတွေအနေနဲ့ Hong Kong Baptist University ရဲ့ တက္ကသိုလ်ဝင်ခွင့်ကို ကိုယ့်ရဲ့ Grade-12 အောင်လက်မှတ်နှင့်အမှတ်စာရင်းကိုအသုံးပြုပြီးလျှောက်ထားနိုင်ပါသည်။ စနစ်ဟောင်း Grade-11 မှာအောင်မြင်ထားတဲ့သူဆိုရင်တော့ အသိအမှတ်ပြုတဲ့တက္ကသိုလ်တစ်ခုခုရဲ့ ပထမနှစ်ကိုအနည်းဆုံးတက်အောင်မြင်ထားဖို့လိုအပ်ပါမယ်။ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကိုပြသနိုင်ဖို့ IELTS/TOEFL ကိုတော့တင်ပြပေးဖိုတော့လိုပါမယ့် လောလောဆယ် IELTS/TOEFL ဖြေထားတာမရှိလည်း ဝင်ခွင့်လျှောက်လွှာကိုအရင်ဆုံးတင်ထားပြီး IELTS/TOEFL ကို နောက်မှတင်ပြပေးလို့လည်းရပါတယ်။

2️⃣GED လမ်းကြောင်း

Admission Application: GED Certificate/Transcript + SAT + IELTS/TOEFL

ကိုယ်က GED ကိုဖြေဆိုထားတဲ့သူဆိုရင်တော့ Hong Kong Baptist University ရဲ့ဝင်ခွင့်ဆိုင်ရာပြဌာန်းချက်မှာအတိအကျဖော်ပြထားခြင်းမတွေ့ရပါ။ ( ယခု post ရဲ့ ဒုတိယပုံ က မြန်မာနိုင်ငံသားဝင်ခွင့်လျှောက်လွှာတွေကိုအဓိကကြီးကြပ်သူရဲ့ ဝင်ခွင့်ဆိုင်ရာ presentation screen ကိုဓါတ်ပုံရိက်ယူပြသထားတာပါ။) ဆွေးနွေးမှုအရာတော့ GED အောင်လက်မှတ်/အမှတ်စာရင်းကိုတင်ပြပြီး ဝင်ခွင့်လျှောက်ထားမယ်ဆိုရင် အမေရိကန်တက္ကသိုလ်တွေမှာဝင်ရောက်တက်ရောက်နိုင်ဖို့ အမေရိကန်နိုင်ငံသားတွေနဲ့နိုင်ငံတကာကျောင်းသားတွေဖြေဆိုကြရတဲ့ SAT ကိုလည်းဖြေဆိုတင်ပြလျှောက်ထားရပါမယ်။ IELTS/TOEFL ကိုတော့နောက်မှပို့ပေးမယ်ဆိုလည်းရပါတယ်။

✅နိုင်ငံခြားပညာတော်သင်ဆုဆိုင်ရာလမ်းပြပံ့ပိုးမှုများ

🔥Podium Lingua Space/Podium Educational Consulting သည် ၂၀၂၂ ခုနှစ်မှစတင်ပြီး Fulbright, Chevening, Australia Awards, Lincoln, DISP သာမက ဟောင်ကောင်၊ ဂျပန်၊ အန္ဒိယ၊ ထိုင်း၊ နှင့် အင်ဒိုနီးရှားနိုင်ငံများရှိ တက္ကသိုလ်များတွင်တက်ရောက်နိုင်ရန် bachelor ဘွဲ့နှင့် master ဘွဲ့များအတွက်ပညာတော်သင်ဆုပေါင်းအနည်းဆုံး (၆၀)ကျော်ကို ဆွတ်ခူးရရှိနိုင်အောင် အောင်မြင်စွာပံ့ပိုးနိုင်ခဲ့ပြဖြစ်သည်။

🔥ကိုယ့်ရဲ့နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်/ပညာတော်သင်ဆုလျှောက်ထားခြင်းနဲ့ပါတ်သက်ပြီးထိရောက်တဲ့ ဆွေးနွေးတိုင်ပင်လမ်းပြမှုတွေကို Podium Educational Consulting မှာ ဆရာလအောင် (M.Ed, USA & B.A. Eng, Hong Kong) နှင့်တိုက်ရိုက်ဆွေးနွေးရယူနိုင်ပါပြီ။

🔥ကျောင်းတွင်းဝန်ထမ်းများအမြန်ခေါ်ယူနေသည်။ 🔥💯 မြစ်ကြီးနားမြို့တွင်းအချက်အခြာနေရာတွင်တည်ရှိပြီး USA, Australia, Hong Kong,...
09/07/2026

🔥ကျောင်းတွင်းဝန်ထမ်းများအမြန်ခေါ်ယူနေသည်။ 🔥

💯 မြစ်ကြီးနားမြို့တွင်းအချက်အခြာနေရာတွင်တည်ရှိပြီး USA, Australia, Hong Kong, Korea နှင့် Thailand နိုင်ငံတို့တွင်ပညာသင်ယူခဲ့သော ဆရာ/မများကိုယ်တိုင်ဦးစီးသည့် Podium Kindergarten နှင့် Podium Lingua Space တွင်လုပ်ကိုင်ရန် ဝန်ထမ်းများအမြန်ခေါ်ယူနေပါသည်။

1️⃣Pre-school Homeroom Teacher (၁) ဦး
✅လိုအပ်သောအရည်အချင်း

၁။ ကလေးငယ်များအားသင်ကြားခြင်းအတွေ့အကြုံအနည်းဆုံး (၁) နှစ်ရှိရမည်။
၂။ အင်္ဂလိပ်ဘာသာစကားဖြင့်ပြောဆိုသင်ကြားနိုင်သူဖြစ်ရမည်။
၃။ သင်ကြားမည့် lesson plan များကိုရေးဆွဲနိုင်သူဖြစ်ရမည်။
၄။ ကလေးငယ်များအား ချစ်ခင် စိတ်ရှည်တတ်သူဖြစ်ရမည်။
၅။ အမှီအခိုကင်းစွာအလုပ်လုပ်နိုင်ရမည်။
၆။ အဖွဲ့အစည်း၏လုပ်ဆောင်ချက်များအပေါ်ဂုဏ်ယူတတ်သူဖြစ်ရမည်။
၇။ သဘောတူညီထားချက်များကိုလေးစားလိုက်နာတတ်သူဖြစ်ရမည်။

🎯 အကျိုးခံစားခွင့်များ
Competitive salary ရရှိနိုင်ခြင်း (Minimum 580,000 Ks)၊ တရားဝင်ဝယ်ယူထားသော အမေရိကန်သင်ရိုးညွှန်းတမ်းဖြင့်သင်ကြားခြင်း၊ နိုင်ငံခြားပညာတော်သင်ဆုလျှောက်ထားခြင်းဆိုရာ တစ်ဦးခြင်းလမ်းပြမှုရယူခြင်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှုတိုးမြင့်ခြင်းသင်တန်းတက်ရောက်ခြင်းနှင့် သင်ကြားခြင်းဆိုင်ရာကျွမ်းကျင်မှုတိုးမြင့်းခြင်းသင်တန်းများ/ဆွေးနွေးခြင်းများ။

===============================================

2️⃣Content Creator ဝန်ထမ်း (၁) ဦး
✅လိုအပ်သောအရည်အချင်း
၁။ Social media အတွင်အသုံးပြုရန် video shooting နှင့် editing ကျွမ်းကျင်မှု
၂။ ပို့စတာနှင့်လက်ကမ်းစာစောင်ပြုလုပ်ခြင်းကျွမ်းကျင်မှု
၃။ AI tools အသုံးပြုနိုင်မှု
၄။ တီထွင်ကြံဆခြင်းကျွမ်းကျင်မှု
၅။ Basic - Elementary level English ကျမ်းကျင်မှု
၆။ သင်ယူလေ့လာလိုပြီး အဖွဲ့အစည်းအပေါ်လေးစားဂုဏ်ယူတတ်မှု

✅လုပ်ဆောင်ရမည့်တာဝန်များ
၁။ အဖွဲ့အစည်းပုံရိပ် ထိန်းသိမ်း၊ မြင့်တင်ခြင်း နှင့် သင်တန်းများဆိုင်ရာ promotion posters, posts, contents နှင့် videos များအားအချိန်နှင့်တပြေးညီဖန်တီးပြီး online ပေါ် နှင့် offline တွင်တင်ပြရမည်။

၂။ ရုံးချိန်မှာ တနင်္ဂလာမှ စနေ၊ ၉း၀၀ နာရီမှ ၅း၀၀ နာရီတွင်း ရုံးတက်ရောက်ရမည်။

✅ ခံစားခွင့်များ
၁။ အခြေခံလစာအဖြင့် ကျပ် ၅၀၀,၀၀၀ (ကျပ် ငါးသိန်း) ဖြစ်ပြီး မိမိကျွမ်းကျင်မှုနှင့်အတွေ့အကြုံများပေါ်မူတည်၍ ညှိနှိုင်းလစာရရှိနိုင်သည်။
၂။ အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ရောက်ခွင့်ရရှိမည်။

===============================================

3️⃣Admin (၁) ဦး
✅လိုအပ်သောအရည်အချင်း
၁။ ကျောင်းသားမိဘများနှင့် ရည်မွန်စွာပြောဆိုဆက်ဆံနိုင်သူဖြစ်ရမည်။
၂။ စာရင်း၊ဇယားတိကျမှန််ကန်စွာ မှတ်တမ်းယူ၊ တင်ပြနိုင်သူဖြစ်ရမည်။
၃။ အကျင့်စာရိတ္တကောင်းမွန်၍ ကလေးငယ်များကိုချစ်ခင်၊စိတ်ရည်တတ်သူဖြစ်ရမည်။
၄။ အမှီအခိုကင်းစွာအလုပ်လုပ်နိုင်ရမည်။
၅။ အဖွဲ့အစည်း၏လုပ်ဆောင်ချက်များအပေါ်ဂုဏ်ယူတတ်သူဖြစ်ရမည်။
၆။ သဘောတူညီထားချက်များကိုလေးစားလိုက်နာတတ်သူဖြစ်ရမည်။

✍️လျှောက်ထားလိုသူများအနေဖြင့် မိမိ၏လျှောက်လွှာများကို [email protected] သို့ (သို့မဟုတ်) လူကိုယ်တိုင်လည်းရုံးသို့အမြန်ဆုံးတိုက်ရိုက်ပေးပို့လျှောက်ထားနိုင်သည်။

📌အမြန်ဆုံးဝင်ရောက်နိုင်သူဦးစားပေးမည်။

📍ဆက်သွယ်ရန်
Podium Lingua Space
အမှတ် - ၇၂ ၊ မြို့သစ်ရပ်ကွက် (JZ Bar & Restaurant ကပ်ရပ်)
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၂၅၁ ၀၈၅ ၆၆၅

🤝Hong Kong Polytechnic University နှင့်တွေ့ဆုံဆွေးနွေးမှု🔥လက်ရှိကမ္ဘာအဆင့် (54) မှာရပ်တည်နေတဲ့ Hong Kong Polytechnic Uni...
01/07/2026

🤝Hong Kong Polytechnic University နှင့်တွေ့ဆုံဆွေးနွေးမှု

🔥လက်ရှိကမ္ဘာအဆင့် (54) မှာရပ်တည်နေတဲ့ Hong Kong Polytechnic University ဝင်ခွင့်အကြီးအကဲတွေနဲ့ မြန်မာနိုင်ငံသားများအတွက် တက္ကသိုလ်ဝင်ခွင့်/ပညာတော်သင်ဆုဆိုင်ရာအကြောင်းအရာများနှင့်ပါတ်သက်ပြီး တွေ့ဆုံငြိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး Podium နှင့် Hong Kong Polytechnic University ကြားသဘောတူညီချက်အချို့ကိုလည်းရယူနိုင်ခဲ့ပါသည်။ အထူးသဖြင့် ထူးချွန်သည့်မြန်မာကျောင်းသား/သူများမွေးထုတ်၊ရွေးခြယ်ခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာအချက်များကိုသဘောတူညီမှုယူထားနိုင်ခဲ့သည်။

🇲🇲အခုလိုကမ္ဘာ့အဆင့် (world ranking) မြင့်မားပြီး Hong Kong ရဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Hong Kong Polytechnic University မှာတက်ရောက်လိုတဲ့ မြန်မာနိုင်ငံသားကျောင်းသား/သူများအာလုံးမဖြစ်မနေသိရှိထားသင့်သည့် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာသတ်မှတ်ချက်ဆိုင်ရာအချက်အလက် (၂)မျိုးကိုဝေမျှလိုက်ရပါသည်။

1️⃣မြန်မာနိုင်ငံအစိုးရပညာရေးဌာနပညာရေးလမ်းကြောင်း

Admission Application: Grade - 12 Certificate & Transcript + IELTS/TOEFL

မြန်မာအစိုးရကျောင်းတစ်ခုခုကအထက်တန်းအောင်မြင်ထားတဲ့ကျောင်းသား/သူတွေအနေနဲ့ Hong Kong Polytechnic University ရဲ့ တက္ကသိုလ်ဝင်ခွင့်ကို ကိုယ့်ရဲ့ Grade-12 အောင်လက်မှတ်နှင့်အမှတ်စာရင်းကိုအသုံးပြုပြီးလျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကိုပြသနိုင်ဖို့ (၂)နှစ်အတွင်းမှာဖြေဆိုထားတဲ့ IELTS/TOEFL ကိုတော့တင်ပြပေးဖိုတော့လိုပါမယ်။ ဒါပေမယ့် လောလောဆယ် IELTS/TOEFL ဖြေထားတာမရှိလည်း ဝင်ခွင့်လျှောက်လွှာကိုအရင်ဆုံးတင်ထားပြီး IELTS/TOEFL ကို နောက်မှတင်ပြပေးလို့လည်းရပါတယ်။

2️⃣GED လမ်းကြောင်း

Admission Application: GED Certificate/Transcript + SAT + IELTS/TOEFL

ကိုယ်က GED ကိုဖြေဆိုထားတဲ့သူဆိုရင်တော့ GED အောင်လက်မှတ်/အမှတ်စာရင်းနဲ့ IETLS/TOEFL ကိုတင်ပြရမှာဖြစ်တဲ့သလို အမေရိကန်တက္ကသိုလ်တွေမှာဝင်ရောက်တက်ရောက်နိုင်ဖို့ အမေရိကန်နိုင်ငံသားတွေနဲ့နိုင်ငံတကာကျောင်းသားတွေဖြေဆိုကြရတဲ့ SAT ကိုလည်းဖြေဆိုတင်ပြလျှောက်ထားရပါမယ်။ IELTS/TOEFL ကိုတော့နောက်မှပို့ပေးမယ်ဆိုလည်းရပါတယ်။

✅နိုင်ငံခြားပညာတော်သင်ဆုဆိုင်ရာလမ်းပြပံ့ပိုးမှုများ

🔥Podium Lingua Space/Podium Educational Consulting သည် ၂၀၂၂ ခုနှစ်မှစတင်ပြီး Fulbright, Chevening, Australia Awards, Lincoln, DISP သာမက ဟောင်ကောင်၊ ဂျပန်၊ အန္ဒိယ၊ ထိုင်း၊ နှင့် အင်ဒိုနီးရှားနိုင်ငံများရှိ တက္ကသိုလ်များတွင်တက်ရောက်နိုင်ရန် bachelor ဘွဲ့နှင့် master ဘွဲ့များအတွက်ပညာတော်သင်ဆုပေါင်းအနည်းဆုံး (၆၀)ကျော်ကို ဆွတ်ခူးရရှိနိုင်အောင် အောင်မြင်စွာပံ့ပိုးနိုင်ခဲ့ပြဖြစ်သည်။

🔥ကိုယ့်ရဲ့နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့်/ပညာတော်သင်ဆုလျှောက်ထားခြင်းနဲ့ပါတ်သက်ပြီးထိရောက်တဲ့ ဆွေးနွေးတိုင်ပင်လမ်းပြမှုတွေကို Podium Educational Consulting မှာ ဆရာလအောင် (M.Ed, USA & B.A. Eng, Hong Kong) နှင့်တိုက်ရိုက်ဆွေးနွေးရယူနိုင်ပါပြီ။

Address

No. 72, Myo Thit Ward
Myitkyina
1011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 12:30 - 17:00

Telephone

+959251085665

Website

Alerts

Be the first to know and let us send you an email when Podium Lingua Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Podium Lingua Space:

Shortcuts

Share