Future Light Academy

Future Light Academy Our Academy's mission is to provide "Affordable and Quality Education for all " .

ကျေးဇူးတင်မှတ်တမ်းလွှာ သို့မဟုတ်              ဒဿမအကြိမ်တိုင်ခဲ့ပြီဖြစ်တဲ့ ဘွဲ့နှင်းသဘင်          Future Light Academy ရယ...
14/06/2026

ကျေးဇူးတင်မှတ်တမ်းလွှာ သို့မဟုတ်

ဒဿမအကြိမ်တိုင်ခဲ့ပြီဖြစ်တဲ့ ဘွဲ့နှင်းသဘင်

Future Light Academy ရယ်လို့ စတင်သန္ဓေတည်ခဲ့တဲ့အချိန်ကစလို့ ဝန်းရံကူညီပေးခဲ့ကြသူအတတ်ပညာရှင်များ၏ ပံ့ပိုးမှုများကြောင့် ကျောင်းတော်ကြီး၏ အသက်ရှုသံမှာ မပင်မပန်း ပုံမှန်အတိုင်းသာလျှင် ယနေ့အချိန်ထိ တည်တံ့ရှင်သန်လန်းဆန်းနေဆဲဖြစ်ပါတယ်ခင်ဗျာ။

အကယ်ဒမီရဲ့ ဂုဏ်အရပ်ရပ်ကိုတည်ဆောက်ပေးခဲ့ကြသူအတတ်ပညာရှင်များအပြင် မိသားစုဝင်များသဖွယ် ချစ်ခင်လေးစားကြရပါတဲ့ အကယ်ဒမီသင်တန်းဆင်း ဘွဲ့ရမောင်မယ် ဆရာဆရာမများ ၊ မိဘများ ၊ ကျောင်းတည်ထောင်သူများ ၊ စီမံခန့်ခွဲကြီးကြပ်ရေးအရာရှိကြီးများ ၊ ပြန်တမ်းဝင်အရာရှိကြီးများ ၊ အငြိမ်းစားဌာနဆိုင်ရာအတိုင်ပင်ခံကြီးများ နဲ့ သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြပြီးတဲ့ နယ်ပယ်အသီးသီးမှ သင်တန်းဆင်းမောင်မယ်တို့အားလည်း အထူးပင်အောက်မေ့သတိရကျေးဇူးတင်ရလျက်ရှိပါသည် ။

အဆိုပါ ဘွဲ့ရမောင်မယ်များကို အသိပညာ အတတ်ပညာများမျှဝေဖြန့်ဖြူးပေးကြပါသော ဖြန့်ဖြူးဆဲလည်းဖြစ်ကြပါသော အကယ်ဒမီပညာရေးအဖွဲ့မှ ပညာရေးဘာသာရပ်များ၏ ပညာရှင် ပါမောက္ခဆရာမကြီးများရဲ့ အင်အား ခွန်အားများကိုလည်း အလားတူပင်တစိမ့်စိမ့်အောက်မေ့ကြည်နူးပီတိဖြစ်ရလျက်ရှိပါသည်။

သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များအားလုံးကို ချောမွေ့ဖြောင့်ဖြူးစေရန် စနစ်တစ်ခု စံထား၍ ခွဲခြမ်းစိတ်ဖြာစီမံပေးကြပါသော အကယ်ဒမီ၏ စီမံခန့်ခွဲရေးရာဆရာဆရာမများ၏ စိတ်ခွန်အား ကိုယ်လုပ်အားတို့အားလည်း အကယ်ဒမီ၏ နှလုံးသားများသဖွယ်မှတ်ယူအောက်မေ့လျက်ရှိပါသည်။

အဖက်ဖက်မှ ဝိုင်းဝန်းဖေးမပါရမီဖြည့်ပေးခဲ့ကြပါသော ဖြည့်လက်စလည်းဖြစ်ကြပါသော အကယ်ဒမီ၏မိသားစုဝင်များအားလုံးကို အကယ်ဒမီကြီး၏ ရေသောက်မြစ်သဖွယ် မှတ်ယူအားကိုးတန်ဖိုးထားလျက်ဖြစ်ကာ ပထမအကြိမ်ဘွဲ့နှင်းသဘင်မှသည် ယခု ဒဿမအကြိမ်ဘွဲ့နှင်းတိုင်အောင် အစဉ်တစိုက်အားကြိုးမာန်တက်ကူညီပေးခဲ့ကြသည့် မိသားစုဝင်များအားလုံးကို သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည့်ပမာယူ၍ ဆက်လက်ကြိုးစားသွားမည့်အကြောင်းပြောကြားရင်း ဤကျေးဇူးတင်မှတ်တမ်းလွှာဖြင့် ဖော်ပြပါပုဂ္ဂိုလ်များအားလုံးကို မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Future Light Academy

ကလေးစိတ်ပညာဒီပလိုမာဘွဲ့ အပတ်စဥ် ( ၁၂ ) Diploma in Child Psychology Batch - 12 🌿 ကလေး ကလေးအထင်မသေးနဲ့ ကလေးကလူကြီးဖြစ်မှာဆ...
10/06/2026

ကလေးစိတ်ပညာဒီပလိုမာဘွဲ့ အပတ်စဥ် ( ၁၂ )
Diploma in Child Psychology Batch - 12

🌿 ကလေး ကလေးအထင်မသေးနဲ့ ကလေးကလူကြီးဖြစ်မှာဆိုတဲ့ စကားလေးကိုကျနော်တို့အားလုံးကြားဖူးကြပါတယ်။
အရေးကြီးတာကတော့ ဒီကလေးက ဘယ်လိုလူကြီးမျိုးဖြစ်လာမှာလဲ ဖြစ်လာစေချင်လဲဆိုတာပါ။

🌿 အသက်၆နှစ်ကစလို့ ကလေးတွေအချိန်အများဆုံးရှိကြတဲ့နေရာက ကျောင်းပါ။ ကျောင်းတွေမှာ ကလေးတွေကိုစာသင်နည်းအမျိုးမျိူးအသုံးပြုပြီးသင်ပေမယ့်လို့ ကလေးတွေရဲ့စိတ်ကိုနားမလည်ရင် သင်ယူမှုလုပ်ငန်းစဥ်မပြီးမြောက်တာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဆရာမများအနေနဲ့ ကလေးတွေရဲ့စိတ်ကိုနားလည်အသုံးချကာ သင်ကြားမှုနဲ့သင်ယူမှုလုပ်ငန်းစဥ်ချောချောမွေ့မွေ့နဲ့ အောင်မြင်စေရန် အကယ်ဒမီကဖွင့်လှစ်တဲ့ ကလေးစိတ်ပညာ အတန်းကို တက်ရောက်ဖို့ ပညာရေးနယ်ပယ်က ဆရာဆရာမများကိုဖိတ်ခေါ်လိုက်ရပါတယ်။

📌 ဘယ်သူတွေတက်လို့ရလဲ။

- တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများမှစ၍ ကလေးစိတ်ပညာကိုလေ့လာလိုသူမည်သူမဆို တက်ရောက်နိုင်သည်။

📌 ဘယ်သူတွေသင်မှာလဲ ။

👩‍🏫 Dr. Shwe Yee Win
PhD(Education),MEd,BEd

👩‍🏫 Dr. Grace
PhD(Education),MEd,BEd,

👨‍🏫 Dr. Sora
PhD(International Studies, Japan)
MEd,BEd

👨‍🏫 Daw Yadana Zin Htun
MEd(Educational Psychology),
BEd

📌 ဘယ်လိုသင်မှာလဲ။

- Zoom မှ တစ်ရက်နှစ်နာရီကြာသင်ယူရမည်။"အရေးပေါ်ရှောင်တခင်ခွင့်ပျက်ကွက်ခဲ့ပါကလည်း ပျက်ကွက်ရက်အတွက် record videoပြန်ကြည့်ကာ သင်ယူနိုင်ပါမည်။"

📌 သင်တန်းကာလ - ၃ လ

အပတ်စဥ် ဗုဒ္ဓဟူး ၊ သောကြာ ၊စနေ ၊ တနင်္ဂနွေ
( တစ်ပတ် ၄ ရက် )

⏰ သင်တန်းချိန် - ည ၇နာရီ မှ ၉ နာရီထိ

💷 သင်တန်းကြေး - တစ်လလျှင် တစ်သိန်းကျပ်

( - ၅ ယောက်တစ်ဖွဲ့ ၁၀ယောက်တစ်ဖွဲ့ အပ်နှံသူများအတွက်လည်း သင်တန်းကြေး Discount ရှိပါသည် )

🚨 သင်တန်းစမည့်ရက် - ( 1.July.2026 - Wed )

🚨 သင်တန်းလက်ခံဖောင်ပိတ်ရက် - ( 30.June.2026 )

ယခုအချိန်မှစ၍ သင်တန်းအပ်နှံနိုင်ပါပြီ။
သင်တန်းအပ်ရန် Page Messenger တွင်သင်တန်းကြေးတစ်လစာသွင်း၍ ဖောင်ဖြည့်ကာ အပ်နှံပါ။
လူပြည့်ကာ မမှီလိုက်မဖြစ်ရလေအောင် အမြန်တစောအပ်နှံခြင်းက ပို၍ သေချာပါသည်။

☎️ အသေးစိတ်မေးမြန်းရန် -
09942927676
09755598911

ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် သတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ရယူလိုက်ပါ 📚📖လူကြီးမင်းတို့ရဲ့ ပညာရေးခရီးလမ်းမှာ...
09/06/2026

ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် သတင်းအချက်အလက်များကို တစ်နေရာတည်းမှာ ရယူလိုက်ပါ 📚📖

လူကြီးမင်းတို့ရဲ့ ပညာရေးခရီးလမ်းမှာ အရေးကြီးတဲ့ သတင်းစကားတွေနဲ့ သင်တန်းအချက်အလက်တွေကို အလွယ်တကူ သိရှိနိုင်ဖို့ Future Light Academy ရဲ့ Official Telegram Channel ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

သင်တန်းအပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ အကယ်ဒမီရဲ့ နောက်ဆုံးရ သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ရန်အတွက် အောက်ပါအတိုင်း Subscribe ပြုလုပ်ထားနိုင်ပါတယ်။

🔹 Channel Name: Future Light Academy
🔹 Username: ⁠⁠

သင်ယူမှုတွေ စဉ်ဆက်မပြတ်ဖို့နဲ့ အဆက်အသွယ်မပြတ်ရှိနေဖို့ ⁠

ပုံပါ QR Code ကိုဖြစ်စေ၊
Telegram Link ကိုဖြစ်စေ
https://t.me/flaygn

အသုံးပြုပြီး ယနေ့ပဲ Subscribe ပြုလုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါသည်။

Quality education for a brighter future! 💡

ကလေးစိတ်ပညာဒီပလိုမာဘွဲ့ အပတ်စဉ် - ( ၁၂ )Diploma in Child Psychology Batch - 12 🌿 “ကလေးတစ်ယောက်ရဲ့ စိတ်ကို နားလည်ပေးနိုင်...
06/06/2026

ကလေးစိတ်ပညာဒီပလိုမာဘွဲ့ အပတ်စဉ် - ( ၁၂ )
Diploma in Child Psychology Batch - 12

🌿 “ကလေးတစ်ယောက်ရဲ့ စိတ်ကို နားလည်ပေးနိုင်ခြင်းဟာ... ကမ္ဘာကြီးရဲ့ အနာဂတ်ကို ပုံဖော်ပေးလိုက်တာပါပဲ။”
“ကလေး ကလေးအထင်မသေးနဲ့၊ ကလေးက လူကြီးဖြစ်မှာ” ဆိုတဲ့ စကားအတိုင်း ဒီနေ့ခေတ် ကလေးငယ်တွေကို ဘယ်လိုအရည်အသွေးရှိတဲ့ လူကြီးမျိုး ဖြစ်လာစေချင်လဲဆိုတာ အရေးကြီးပါတယ်ခင်ဗျာ။

🌿 အသက် (၆) နှစ်ကစလို့ ကလေးတွေ အချိန်အများဆုံးရှိတာ ကျောင်းမှာပါ။ ကျောင်းတွေမှာ စာသင်နည်းအမျိုးမျိုး သုံးပေမဲ့... ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားကို ဆရာမက နားမလည်ပေးနိုင်ရင် သင်ယူမှုလုပ်ငန်းစဉ်က မအောင်မြင်နိုင်ပါဘူး။
စာသင်ရုံသက်သက်မဟုတ်ဘဲ ကလေးရဲ့အတွင်းစိတ်ကိုပါ လမ်းညွှန်ပေးနိုင်တဲ့ ဆရာတစ်ယောက်ဖြစ်လာဖို့... ကျွန်တော်တို့ Future Light Academy ကနေ Diploma in Child Psychology (Batch 12) အတန်းလေးကို ဖွင့်လှစ်လိုက်ပါပြီ။ ဆရာ၊ ဆရာမတွေနဲ့ မိဘများအားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

💎 ဒီသင်တန်းကနေ ဘာတွေလေ့လာရမှာလဲ။

လက်တွေ့နယ်ပယ်မှာ ချက်ချင်းအသုံးချလို့ရမယ့် ဘာသာရပ်ကြီး (၅) ခုကို စနစ်တကျ သင်ရမှာပါခင်ဗျာ -

1 Child Development: ကလေးတွေရဲ့ အသက်အရွယ်အလိုက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအဆင့်ဆင့်။
2 Emotional Understanding: ကလေးတွေရဲ့ အတွင်းစိတ်ထဲက စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဒဏ်ရာများကို နားလည်ပေးခြင်း။
3 Positive Behaviour Guidance: အတန်းထဲမှာ ဆိုးတာ၊ အာရုံမစိုက်တာတွေကို အပြုသဘောဆောင်တဲ့နည်းနဲ့ လမ်းညွှန်ပေးခြင်း။
4 Communication Skills & Empathy: ကလေးတွေ၊ မိဘတွေနဲ့ ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုမျိုး တည်ဆောက်ခြင်း။
5 Building a Safe Environment: ကလေးတွေ စိတ်လုံခြုံမှုအပြည့်နဲ့ စာသင်ရတာ ပျော်လာမယ့် ဝန်းကျင်ဖန်တီးခြင်း။

🎓 ဘယ်လိုဆရာမကြီးတွေက သင်ကြားမှာလဲ။

ပညာရေးလောကမှာ အတွေ့အကြုံရင့်ကျက်တဲ့ PhD, MEd ဘွဲ့ရ ပညာရေးအထူးပြု အကျော်အမော် ဆရာမကြီးများ ကိုယ်တိုင် စနစ်တကျ ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

👩‍🏫 Dr. Shwe Yee Win — PhD (Education), MEd, BEd
👩‍🏫 Dr. Grace — PhD (Education), MEd, BEd
👨‍🏫 Dr. Sora — PhD (International Studies, Japan), MEd, BEd
👨‍🏫 Daw Yadana Zin Htun — MEd (Educational Psychology), BEd

🗓️ သင်တန်းအချက်အလက်များ:

ဘယ်သူတွေတက်လို့ရလဲ: တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူမှစ၍ ကလေးစိတ်ပညာကို လေ့လာလိုသူ မည်သူမဆို။
သင်တန်းကာလ: ၃ လ တိတိ
သင်တန်းရက်: အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ (တစ်ပတ် ၄ ရက်)
သင်တန်းချိန်: ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီထိ
သင်ကြားမည့်စနစ်: Zoom Live Class (ခွင့်ပျက်ကွက်ပါကလည်း Record Video ပြန်ကြည့်ပြီး လေ့လာနိုင်ပါတယ်)

💷 သင်တန်းကြေးနှင့် အထူး Discount:

သင်တန်းကြေး: တစ်လလျှင် ၁၀၀,၀၀၀ ကျပ်

✨ (၅) ယောက်တစ်ဖွဲ့ သို့မဟုတ် (၁၀) ယောက်တစ်ဖွဲ့ စုပေါင်းအပ်နှံပါက အထူး Discount ရှိပါတယ်ခင်ဗျာ။

🚨 အရေးကြီးရက်စွဲများနှင့် အပ်နှံရန်နည်းလမ်း:

🚀 သင်တန်းစတင်မည့်ရက်: 1.July.2026 (ဗုဒ္ဓဟူးနေ့)
⏳ သင်တန်းလက်ခံဖောင်ပိတ်ရက်: 30.June.2026 (အင်္ဂါနေ့)

(မှတ်ချက် - သင်တန်းအရည်အသွေးအတွက် လူဦးရေ အကန့်အသတ်နဲ့ပဲ လက်ခံမှာမို့ လူပြည့်မမှီလိုက်တာမျိုး မဖြစ်ရအောင် အမြန်ဆုံး အပ်နှံထားဖို့ တိုက်တွန်းပါရစေ။)

📩 စာရင်းပေးသွင်းရန်:

Page Messenger ကို ဆက်သွယ်ပြီး သင်တန်းကြေး (၁) လစာ ပေးသွင်းကာ ဖောင်ဖြည့်ပြီး အလွယ်တကူ စာရင်းသွင်းနိုင်ပါတယ်ခင်ဗျာ။

☎️ အသေးစိတ် ထပ်မံစုံစမ်းမေးမြန်းလိုပါက:
09-7555 989 11

Future Light Academy — Education for All
“သင့်ကို သာမန်ဆရာတစ်ယောက်အဆင့်ကနေ... ကလေးတွေရဲ့ စိတ်ကို နားလည်အုပ်စိုးနိုင်တဲ့ အတတ်ပညာရှင်
တစ်ယောက် ဖြစ်လာအောင် ကျွန်ုပ်တို့ မွမ်းမံသင်ကြားမျှဝေပေးပါမည်။”

Future Light Academy ဒဿမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားမှတ်တမ်း ( ၁ )
25/05/2026

Future Light Academy
ဒဿမအကြိမ်ဘွဲ့နှင်းသဘင်
အခမ်းအနားမှတ်တမ်း ( ၁ )

Happy Birthday , Tr Yadana 🎂 မွေးနေ့ဆုတောင်း 🎂ချစ်သောသူများနှင့်အတူ၊ ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း စ...
26/04/2026

Happy Birthday , Tr Yadana

🎂 မွေးနေ့ဆုတောင်း 🎂

ချစ်သောသူများနှင့်အတူ၊ ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း စိတ်နှလုံး ချမ်းမြေ့ခြင်းနှင့် ပြည့်စုံပြီး ...
ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ...

ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ...

ချစ်သောမိသားစု၊ ချစ်ရတဲ့မိသားစုနှင့်အတူ ပျော်ရွှင်နိုင်ပါစေ...လို့ အကယ်ဒမီမိသားစုဝင်များမှ ယနေ့မွေးနေ့ရှင် Teacher Daw Yadana Zin Htun အတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

“ နှစ်သစ်မှစလို့ Future Light Academy ကိုချစ်ခင်လေးစားတန်ဖိုးထားကြတဲ့ မိသားစုဝင်များအားလုံး           စိတ်သစ် လူသစ် ခွန်...
17/04/2026

“ နှစ်သစ်မှစလို့ Future Light Academy ကိုချစ်ခင်လေးစားတန်ဖိုးထားကြတဲ့ မိသားစုဝင်များအားလုံး

စိတ်သစ် လူသစ် ခွန်အားသစ်များနဲ့
ကျန်းမာကြံခိုင်ကြရုံမက တိုးတက်ကြီးပွါးချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ။

ရွှင်လန်းချမ်းမြေ့သာယာကြပါစေ ။ “

🌿 Future Light Academy 🔖 9th Convocation Ceremony🏆 ထူးချွန်ဆုပေးပွဲ မှတ်တမ်း
09/03/2026

🌿 Future Light Academy
🔖 9th Convocation Ceremony
🏆 ထူးချွန်ဆုပေးပွဲ မှတ်တမ်း

🌿 Future Light Academy 🔖 9th Convocation Ceremony 👩🏻‍🎓 Diploma in Child Psychology Batch - 9        မှတ်တမ်းပုံရိပ်များ
09/03/2026

🌿 Future Light Academy
🔖 9th Convocation Ceremony
👩🏻‍🎓 Diploma in Child Psychology Batch - 9
မှတ်တမ်းပုံရိပ်များ

Future Light Academy နဝမအကြိမ်ဘွဲ့နှင်းသဘင် သဟာယအဖွဲ့ဝင်များ ခန်းမတွင်းသို့ ကြွရောက်နေရာယူသည့်မှတ်တမ်း
17/02/2026

Future Light Academy
နဝမအကြိမ်ဘွဲ့နှင်းသဘင်
သဟာယအဖွဲ့ဝင်များ ခန်းမတွင်းသို့ ကြွရောက်နေရာယူသည့်မှတ်တမ်း

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Future Light Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category