20/04/2026
💥DEADLINE EXTENSION ရက်တိုးမြှင့်ခြင်းဆိုင်ရာ အသိပေးချက်
Bridging Program (Cohort 1) လျှောက်ထားဖို့ အချိန်မီသေးတယ်နော်!
စာရင်းပေးသွင်းဖို့ ပြင်ဆင်နေသူတွေအတွက် Deadline လေး တိုးပေးလိုက်ပါတယ်နော်...
❗အရေးကြီးသည့် ရက်စွဲအပြောင်းအလဲများ
Deadline အသစ် ၁၆.၄.၂၀၂၆ (ကြာသပတေးနေ့)
ဝင်ခွင့်စာမေးပွဲရက် ၁၈.၄.၂၀၂၆ (စနေနေ့)
ဝင်ခွင့်စာမေးပွဲအတွက် အသေးစိတ်အချက်အလက်များကိုတော့ စာရင်းပေးသွင်းပြီးသူများထံ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ အခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ လျှောက်ထားလိုက်တော့နော်...
---------------------------------------------------------------
📍Associate of Arts in Community Development
အမှတ်စဉ် (၂)၊ ၂၀၂၇-၂၀၂၈ ပညာသင်နှစ် အတွက်
သင်တန်းသူ၊သားခေါ်ယူခြင်း
☘၂၀၂၇-၂၀၂၈ ပညာသင်နှစ်အတွက် ကျောင်းသားသစ်များကို စတင်လက်ခံနေပြီဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ကြိုတင်ပြင်ဆင် လျှောက်ထားနိုင်ပါသည်။
✅၁။ လိုက်နာဆောင်ရွက်ရမည့် အဆင့်ဆင့်
◾1. ဖောင်တင်ခြင်း: ပထမဦးဆုံး ပေးထားသော Registration Link မှတစ်ဆင့် စာရင်းပေးသွင်းရမည်ဖြစ်သည်။
❗💥ပထမအသုတ် Bridging Program တက်ရောက်ရန် နောက်ဆုံး စာရင်းပေးသွင်းရမည့်ရက် 26.3.2026 Thursday❗💥
◾2. ဝင်ခွင့်စာမေးပွဲ (Entrance Exam): စာရင်းပေးသွင်းပြီးသူများအား Entrance Exam အသေးစိတ်ကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားပါမည်။
ပထမအကြိမ် ဝင်ခွင့်စာမေးပွဲရက်: ၃၀ မတ်လ ၂၀၂၆ (တနင်္လာနေ့)
◾3. Bridging Program (၃ လသင်တန်း) - ဝင်ခွင့်ဖြေဆိုပြီးနောက် လိုအပ်သော ဘာသာရပ်များကို ၃ လကြာ တက်ရောက်ရမည်။
o ပထမအသုတ် Bridging Program ဧပြီ ၂၀၂၆ - ဇွန် ၂၀၂၆
◾4. ပညာ့တံခါးကျောင်းဝင်ခွင့်အတည်ပြုခြင်း - သင်တန်းအမှတ်စာရင်းများအပေါ် မူတည်၍ PTC ကျောင်းသားအဖြစ် အမည်စာရင်းသွင်းနိုင်မည်ဖြစ်သည်။
✅၂။ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။
◾တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်နှင့် ညီမျှသော ပညာရပ်တတ်မြောက် ထားသူ၊
◾(၂) နှစ်တာတိတိ သင်တန်းတက်ရောက်ရန် အချိန်ပေးနိုင်သူ၊
◾ပညာဆည်းပူးရန် စိတ်အားထက်သန်သောသူ၊
◾မတူကွဲပြားမှုကို လက်ခံနိုင်သောသူ၊
◾အဆောင်တွင် နေထိုင်နိုင်သူ (အဆောင်နေ ကျောင်းသူကျောင်းသားများအတွက်)
◾ခေါင်းဆောင်မှုနှင့် စွမ်းရည်အလားအလာရှိသူ
◾လူမှုရပ်ရွာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စိတ်ပါဝင်စားသူ၊
AA Program အကြောင်းပိုမိုသိရှိလိုပါက video
https://www.facebook.com/share/v/1AoZARAMiG/
ကျောင်းအကြောင််းလက်ကမ်းစာစောင်
https://www.facebook.com/share/p/1CZHyzPkKG/
✅၃။ ယခုလာမည့်နှစ်တွင် ပညာ့တံခါးကောလိပ်တက်ရောက်နိုင်မည့် တည်နေရာ (Location)၊ ပုံစံ ကိုနှစ်ခုရှိပါသည်။
◾၁၃ မိုင် လမုန်ဇွတ်ကျောင်း တွင်တက်ရောက်မည်(အဆောင်နေရမည်)။
◾မြစ်ကြီးနားမြို့တွင်းတွင် တက်ရောက်မည် (အဆောင်နေစရာမလိုပါ)
Non-Residential Program နှင့်ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက
https://www.facebook.com/share/p/1b1KduXKAp/
✅၄။ 2026 Bridging Program ဖွင့်လှစ်မည့် အသုတ်များ (Cohorts)
ယခုနှစ် ၂၀၂၆ အတွက် Bridging Program စုစုပေါင်း ၃ သုတ် ခေါ်ယူသွားမည်ဖြစ်သည်-
◾Cohort 1: ဧပြီ - ဇွန် ၂၀၂၆
❗💥ပထမအသုတ် Bridging Program တက်ရောက်ရန် နောက်ဆုံး စာရင်းပေးသွင်းရမည့်ရက် 26.3.2026 Thursday❗💥
◾Cohort 2: ဇွန် - သြဂုတ် ၂၀၂၆
◾Cohort 3: စက်တင်ဘာ - နိုဝင်ဘာ ၂၀၂၆
Bridging Program အကြောင်းအသေးစိတ်သိရှိလိုပါက
https://www.facebook.com/share/p/18PL5JjaAv/
✅၅။ ဘာကြောင့် စောစောလျှောက်ထားသင့်သလဲ?
◾ပြင်ဆင်ချိန်ပိုရခြင်း: စောစောတက်ရောက်နိုင်ပါက၊ ကျောင်းဝင်ခွင့် လျှောက်ထားအောင်မြင်နိုင်ဖို့ ပြင်ဆင်ချိန် ပိုရရှိလေဖြစ်သည်။
◾အခွင့်အရေးပိုမိုရရှိခြင်း: အကယ်၍ Bridging Program အမှတ်မမီပါက ပြန်လည်ဖြေဆိုခွင့် အခွင့်အရေးရှိသည်။
◾ ဦးရေကန့်သတ်ချက်: ကျောင်းသားလက်ခံမှုနှုန်း ကန့်သတ်ထားသဖြင့် စောစောဖြေဆိုအောင်မြင်သူများသည် တက်ရောက်ခွင့်ရရှိရန် ရာခိုင်နှုန်း ပိုများမည်ဖြစ်သည်။
✅၆။ ဝင်ခွင့်လျှောက်လွှာပေးပို့နည်းများ
1️⃣(ပထမနည်း) Online မှ တိုက်ရိုက် ဖြည့်စွက်နည်း
အောက်ပါ Link ထဲသို့ ၀င်၍ဖြည့်စွက်ရန်
🔗 Registration Link: https://forms.gle/by7xpBzKFjLwDjyJ7
◾Online မှလျှောက်ထားသူများအနေနှင့် မိမိရဲ့ လိုင်စင်ဓါတ်ပုံ(၁ လက်မပတ်လည် ၆ လအတွင်းရိုက်ထားသော လိုင်စင်ဓါတ်ပုံ) ကို
Pinnya Tagar ၏ Email လိပ်စာ [email protected] သို့မဟုတ်
Pinnya Tagar College page Messenger https://www.facebook.com/profile.php?id=61574052269300 သို့ပို့ပေးပါရန်
2️⃣(ဒုတိယနည်း) သင်တန်းလျှောက်လွှာ Form စာရွက်ပေါ်တွင် ဖြည့်၍ ပေးပို့နည်း
◾၁) သင်တန်းလျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူနိုင်ပါသည်။
- Pinnya Tagar Business Centre (၁၇၃/၁ စံပြ၊တပ်ကုန်း၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)
- Pinnya Tagar College (၁၃ မိုင်၊ လမုန်ဇွပ်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)
◾၂) လျှောက်လွှာလမ်းညွှန်ကိုရှေးဦးစွာ ဖတ်ရှုပြီး လမ်းညွှန်ပါအတိုင်း လုပ်ဆောင်ရပါမည်။
◾၃) လျှောက်လွှာကို မိမိထုတ်ယူခဲ့သော နေရာသို့ (သို့မဟုတ်) Pinnya Tagar Business Centre ရုံးသို့ သတ်မှတ်ရက်ထက်နောက်မကျဘဲ အပ်နှံနိုင်ပါသည်။
✅အသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းနိုင်ရန်
Pinnya Tagar College Phone +959260115834, +959266019428, +959254445346
Pinnya Tagar College Viber +959260115834, +959796608316, +95979094106
Email : [email protected], [email protected]