Biology Channel

Biology Channel Let's learn together

📣 Here comes SUMMER PROMOTION ‼️‼️📌 နွေရာသီပရိုမိုးရှင်းလာပါပြီဗျ 🤗နွေရာသီ အားလပ်ရက်လည်းရောက်ခါနီးပြီဖြစ်တဲ့အတွက် အိမ်ထဲ...
10/03/2023

📣 Here comes SUMMER PROMOTION ‼️‼️
📌 နွေရာသီပရိုမိုးရှင်းလာပါပြီဗျ 🤗
နွေရာသီ အားလပ်ရက်လည်းရောက်ခါနီးပြီဖြစ်တဲ့အတွက် အိမ်ထဲကနေဘဲအေးအေးဆေးဆေး ဂျပန်စာလေ့လာကြရအောင်ဗျ 🤗
📌 ဂျပန်စာကိုစိတ်ဝင်စား၍ဖြစ်စေ
📌 ဂျပန်တွင်အလုက်လုပ်လို၍ဖြစ်စေ
📌 ဂျပန်နိုင်ငံတွင်ကျောင်းတက်ချင်၍ဖြစ်စေ
ဂျပန်စာလေ့လာလိုသူများအတွက် ဂျပန်စာ online class လေးဖွင့်လှစ်ပေးမှာဘဲဖြစ်ပါတယ်ဗျ
📖 Grammar မှတ်ပုံမှတ်နည်းများ
📖 ဝေါဟာရကျက်နည်းများ
📖 ခန်းဂျိရေးနည်း/မှတ်နည်းများ
📖 စကားပြောပုံများ
စသည်တို့ကို online class နှင့်သင်ကြားပေးသွားမှာဖြစ်သလို video class လေးလည်းပြုလုပ်ပေးမှာဖြစ်ပါတယ်ဗျ။
📌 သင်ကြားပေးသွားမယ့် level တွေကတော့
📌 N5 , N4 level များဖြစ်ပါတယ်ဗျ။
📖 လေးလပိုင်း Nattest အမှီ မေးခွန်းဟောင်းလေ့ကျင့်ချင်သူများ listening လေ့ကျင့်ချင်သူများအတွက်လည်း အတန်းလေးသပ်သပ်ဖွင့်ပေးသွားမှာဖြစ်ပါတယ်ဗျ။
အတန်းတစ်တန်းချင်းစီရဲ့ စတင်မည့်ရက်အသေးစိတ်ကိုဖော်ပြပေးသွားပါမယ်ဗျ။
📌 N5 ---> Mon, Tue, Wed ( 5:00 pm - 7:00 pm )
📌 N4 ---> Thu, Fri, Sat ( 5:00 pm - 7:00 pm )
📌 Video class ---> Sun ( 8:00 pm )
📌 Nattest အတွက်မေးခွန်းဟောင်းလေ့လာချင်သူများအတွက်ကတော့ Sat, Sun ( 3:00 pm - 4:00 pm ) ဖြစ်ပါတယ်ဗျ။
📣 ဒီလ 20 ရက်‌နေ့ကနေစတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ဗျ။
💴 N5 - 30k / 1month ( 3 လနှင့်အပြီး )
💴 N4 - 40k / 1month ( 4 လခွဲနှင့်အပြီး )
💴 Video class - 10k / 1course
💴 Old question - 20k / 1course
Online class များကိုဈေးသက်သက်သာသာဖြင့်အပိုအလိုမရှိသင်ကြားပေးသွားမှာဖြစ်ပါတယ်ဗျ။
📌 သင်တန်းစာရင်းပေးချင်သူများ/ အသေးစိတ်သိရှိလိုသူများအတွက် 📱 09787334214 သို့ဆက်သွယ်မေးမြန်းနိုင်သလို page messenger မှလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။
💗 ဂျပန်စာလေ့လာနေသည့်ညီအစ်ကိုမောင်နှမများအစစအရာရာအဆင်ပြေချောမွေ့ကြစေဖို့ဆုတောင်းပေးလိုက်ပါတယ်ဗျ 💗
頑張って 皆さん 🤗

ဒီနှစ် ပညာသင်နှစ်အတွက် ဆယ်တန်း bio  စနစ်ဟောင်းအတန်းလေး စဖွင့်ပါပြီ စနစ်ဟောင်းကရှိမယ် မရှိဘူး မသေချာပေမဲ့ တက်ထားချင်တဲ့ က...
20/05/2022

ဒီနှစ် ပညာသင်နှစ်အတွက် ဆယ်တန်း bio စနစ်ဟောင်းအတန်းလေး စဖွင့်ပါပြီ

စနစ်ဟောင်းကရှိမယ် မရှိဘူး မသေချာပေမဲ့ တက်ထားချင်တဲ့ ကလေးတွေရှိလို့ ဒီအတန်းလေးကို စီစဥ်ပေးလိုက်တာပါ...

မနှစ်က တစ်နှစ်လုံး bio နဲ့ eng ကို online ကနေသင်လာတာ ကျောင်းသားတွေဆီက ကောင်းတဲ့ feedback တွေဘဲရခဲ့တာ ဖြစ်ပါတယ်။

ခုလဲ နိုင်သလောက်လေးဘဲ လက်ခံမှာမို့ မြန်မြန်စာရင်းပေးဖို့ လိုမယ်နော်....

🍀သင်မဲ့ပုံစံက powepoint တွေနဲ့ ပုံတွေကို မျက်လုံးထဲတစ်ခါထဲမြင်အောင်သေချာရှင်းပြပေးမှာပါ

🍀နေ့တိုင်းလဲ 1 မှတ်တန်တွေကို homework ပေးပြီး သေချာစစ်ပေးပါတယ် အမှားတွေကိုလည်းနားမလည်မချင်းရှင်းပြပေးမှာပါ

🍀Short questions, Long questions သင်ခန်းစာတစ်ခုအတွက်တစ်ခါစုပြီးစာသင်ပြီးတာနဲ့တစ်ခါထဲ
ရှင်းပြတာပါ

🍀စာမေးပွဲမေးခွန်းပုံဝင်အောင်တစ်ခါထဲသင်ပေးမှာပါ

🍀အသစ်ထပ်တိုးတဲ့ multiple choice questions တွေအတွက်လည်း sample questions အပြည့်အစုံနဲ့ သင်ပေးမှာပါ

🍀Chapter တစ်ခုပြီးတိုင်း CET တစ်ခါစစ်ပေးပါတယ်

🍀စာသေချာလိုက်ကျက်လိုက်လုပ်နိုင်ရင် ကျောင်းဖွင့်တဲ့အခါ bio အတွက်ဝန်တစ်ခုလျော့ချပေးနိုင်မှာသေချာပါတယ်နော်

🍀သင်မဲ့ရက်က တစ်ပတ် ၃ ရက်၊ တစ်ချိန် ၁ နာရီ
သင်တန်းကြေးက တစ်လ တစ်သောင်းခွဲကျပ်ပါ။

🍀ဆရာတစ်ယောက်၊ ဆရာမတစ်ယောက်သင်မှာဖြစ်ပါတယ်

📢chat box ကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီနော်


#ဇီဝဗေဒ

အမ page က မောင်လေးတွေ ညီမလေးတွေ ခုလိုအချိန်မှာ အအားမနေချင်တဲ့ ကလေးတွေအတွက် သတင်းကောင်းလေးပါ။
14/04/2022

အမ page က မောင်လေးတွေ ညီမလေးတွေ ခုလိုအချိန်မှာ အအားမနေချင်တဲ့ ကလေးတွေအတွက် သတင်းကောင်းလေးပါ။

50% off Thingyan promotion နဲ့ ဂျပန် သင်တန်းအပ်လို့ရပါပြီ 📣📣📣

ကိုယ်ဟာသူများထက် ဘာသာစကားတစ်ခု ကျွမ်းကျင်တတ်​မြောက်ထားပြီဆို အလုပ်အကိုင်၊ အခွင့်အလမ်း အစစအရာရာ တစ်ပန်းသာပါတယ်။

📣 ဂျပန်စာကို စိတ်ဝင်စားသူများ

📣 ဂျပန်စာနိုင်ငံတွင် ကျောင်းတက်ရန်ပြင်ဆင်နေသူများ

📣 ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်လိုသူများ

အတွက် အခြေခံမှ သေချာစွာ သင်ကြားပေးမဲ့ Basic+N5 အတန်းလေးကို Third Eye မှ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဝမ်းသာစရာတစ်ခုက Thingyan နဲ့တိုက်ဆိုင်နေတာမို့ 50% off promotion လေးလုပ်ပေးထားပါတယ်။ ပုံမှန် ၆သောင်းတန် အတန်းကို ခုချိန်အပ်မယ်ဆိုရင် ၃သောင်းဘဲ ကျသင့်မှာဖြစ်ပါတယ်။ အစောဆုံးလာတဲ့ လူဘယ်နှယောက်ရယ်လို့ မသတ်မှတ်ထားပါဘူး။ 15 ရက်နေ့မှာ သင်တန်းစတဲ့ရက်ထိ လာအပ်သူမှန်သမျှကို ပေးမှာဖြစ်ပါတယ်။

50% off ရယူနိုင်မဲ့ စည်းကမ်းချက်လေးတစ်ခုကတော့

ဆိုတဲ့ caption လေးနဲ့ share ပေးရုံပါဘဲ။ (public / fri only ရပါတယ်)

share ထားတဲ့ screenshot လေးနဲ့ page messenger မှာ စာရင်းလာသွင်းရုံပါဘဲ 🤗

Fees - 30000 ကျပ်


+N5_class

online ကဆိုတော့ နားလည်ပါ့မလား❓စာသင်တာတွေက ရှင်းရော ရှင်းပါ့မလာစိတ်ပူနေရင်.....ဒီညီမလေးကအမဆီ ၂၀၂၁ အောက်တိုဘာလထဲကတက်ခဲ့တဲ့...
26/03/2022

online ကဆိုတော့ နားလည်ပါ့မလား❓
စာသင်တာတွေက ရှင်းရော ရှင်းပါ့မလာစိတ်ပူနေရင်.....

ဒီညီမလေးကအမဆီ ၂၀၂၁ အောက်တိုဘာလထဲကတက်ခဲ့တဲ့ညီမလေးပါ
မနေ့ကသူတို့ကိုနောက်ဆုံး ၆ နှစ်စာတစ်မှတ်တန်မေးခွန်းတွေကို ဆေးကျောင်းတွေမှာ practical ဖြေသလို timing နဲ့ သေချာ power point ​လေးပြင်ပြီးဖြေခိုင်းရင်းနဲ အခုလိုလေးစာမေးပွဲစစ်တာအဆင်ပြေလားမေးရာကနေ ပြောလာခဲ့တဲ့ feedback လေးပါ
ပုံတွေနဲ့ ဘယ်လိုတောင်သေချာသင်လဲဆိုရင် ပုံမပါရင်ကိုမကျက်တတ်တော့ဘူးတဲ့ 🤣

စာကိုဖတ်ပြပြီး ဘာသာပြန်ပြတာမျိုးမဟုတ်ဘဲ စာမသင်ခင်သူတို့ကို အရင်ဘယ်လိုထင်လဲဆိုတဲ့အမြင်လေးတွေ အရင်မေးတယ် ပြီးရင်ပုံလေးတွေနဲ့ သေချာမျက်လုံးထဲမြင်လာအောင်ရှင်းတယ် bio က ကျက်စာဟဲ့ဆိုပြီး ကုန်းကျက်တာမျိုးမဖြစ်ရအောင်ကို သေချာနားလည်အောင်ရှင်းပြတယ်
ဥပမာ Chapter 5 Digestive System မှာဆိုရင် stomach မှာ cardiac end နဲ့ pyloric end ဆိုတာရှိတယ် cardiac ဆိုတာ cardio(နှလုံး) ကလာတာ stomach က လူမှာဆိုရင် J-shaped မို့ အပေါ်ဖက်စွန်းက နှလုံးနဲ့နီးလို့ cardiac end လို့ခေါ်ပြီး အစာလုံးလေးအောက်ဆင်းတော့မယ်ဆိုမှ ဖွင့်ပေးတဲ့ pyloric muscle လေးနဲ့နီးတဲ့ အောက်ဖက်စွန်းကို pyloric end လို့ခေါ်တယ်ဆိုတာမျိုးကို စာအုပ်ထဲပါတဲ့ပုံတင်မဟုတ်ဘဲ အပြင်က နီးစပ်ရာပုံတွေ ယုန်သာမဟုတ်ဘဲ လူမှာရှိတဲ့ပုံစံတွေနဲ့ပါသေချာရှင်းပြတာမျိုးပါ (ဆေးကျောင်းသူမို့ anatomy မရှင်းရရင်ကိုမနေနိုင်တာ ဝါသနာမို့ပါ🤣🤣)
အမ page ကို like and follow ထားတဲ့ မောင်လေးညီမလေးတွေလဲ bio ကျက်ရင် ပုံလေးတွေနဲ့ တွဲကျက်ကြည့်ကြပါလို့....

သင်တန်းအသစ်များ စုံစမ်းရန်.....
https://www.facebook.com/111524520710197/posts/472548387941140/

🔥နောက်နှစ်အတွက် နွေရာသီကျောင်းပိတ်ချိန်ထဲက ကြိုတင်သင်ယူကြမယ်🔥စနစ်သစ်တက်ရမဲ့ကလေးတွေအတွက် ကူးစက်ရောဂါအခြေအနေ တခြားသောအကြော...
23/03/2022

🔥နောက်နှစ်အတွက် နွေရာသီကျောင်းပိတ်ချိန်ထဲက ကြိုတင်သင်ယူကြမယ်🔥

စနစ်သစ်တက်ရမဲ့ကလေးတွေအတွက် ကူးစက်ရောဂါအခြေအနေ တခြားသောအကြောင်းတွေကြောင့် အပြင်ထွက်ပြီးကျူရှင်တက်ရမှာအဆင်မပြေဖြစ်နေသူတွေအတွက် online class ဖွင့်ပါပြီ

စနစ်သစ်ဖြစ်တဲ့အတွက် terms အသစ်တွေနဲ့တွေ့ရမှာဆိုတော့ အဲ့ terms တွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာ၊ ဆရာမနဲ့သင်ရဖို့ကတကယ်ကိုအရေးကြီးပါတယ်

ဒီအတန်းလေးအတွက်bioဘာသာအတွက်စာသင်အတွေ့အကြုံတွေအများကြီးရှိတဲ့ bio terms တွေနဲ့အကျွမ်းတဝင်ရှိတဲ့ ဆရာမကသင်ပေးမှာပါ

class လေးတွေကလည်းအများကြီးရွေးချယ်နိုင်ဦးမှာပါ

✳ အေးအေးဆေးဆေးဆရာမနဲ့ discuss လုပ်ချင်လို့ one by one သင်မလား
✳ သူငယ်ချင်းတွေနဲ့တူတူ ဝိုင်းနဲ့စုတက်မလား
✳ အချိန်မရလို့ မီးပျက်တာတွေကြောင့် recorded videos class တက်မလား

ရွေးချယ်စရာစုံတာမို့ ကိုယ့်ကလေးက စနစ်သစ်တက်ရမယ်ဆိုခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လည်းဆန္ဒရှိတယ်ဆိုလျှင် messenger မှာခုဘဲစာရင်းသွင်းလို့ရပါပြီ

#စနစ်သစ်




Awnnnn......this makes my day❣Chapter 5 video class လေးကို join တဲ့ညီမလေးက လာပေးထားတဲ့ feedback လေးဒီလို feedback လေးတွေ...
09/01/2022

Awnnnn......this makes my day❣

Chapter 5 video class လေးကို join တဲ့ညီမလေးက လာပေးထားတဲ့ feedback လေး
ဒီလို feedback လေးတွေမြင်ရရင်နောက်ထပ်အတန်းတွေဖွင့်ဖို့အားရှိသွားရော

video class ရဲ့အားသာချက်က
ကြိုက်တဲ့အချိန် ကြိုက်သလောက် ပြန်ကြည့်နိုင်တယ်☑

နားမလည်မချင်းပြန်ကြည့်နိုင်တယ် ☑

စာကြည့်ရှင်းသွားတာမျိုးမဟုတ်ဘဲ မေးခွန်းပုံစံအလိုက် စာပိုဒ်တွေကိုပါ သေချာပိုင်းပြီးပြောပြပေးထားတယ်
မေးခွန်းဟောင်းလေးတွေပါ ထည့်ရှင်းပေးထားတော့ ​မေးခွန်းသဘောတရားလည်း တီးခေါက်မိမယ် ☑

video class လေးတွေစုံစမ်းချင်ရင် လိုချင်တဲ့ chapter နဲ့ fees ကို cb ကနေစုံစမ်းနိုင်ပါတယ်

exam အတွက်သိသင့်တာတွေလည်းတင်ပေးဖို့ရှိတာမို့ page လေးကို like and follow လုပ်ပေးကြပါဦးနော်


#စနစ်ဟောင်း


Hello သင်တန်းမကြေငြာတာကြာတော့ကြားဖြတ်ကြေငြာလေးပါ📣အလုပ်တစ်ဖက်နဲ့စာလေ့လာချင်သူတွေonline class တက်ဖို့အချိန်မပေးနိုင်သူတွေအ...
04/01/2022

Hello သင်တန်းမကြေငြာတာကြာတော့ကြားဖြတ်ကြေငြာလေးပါ📣

အလုပ်တစ်ဖက်နဲ့စာလေ့လာချင်သူတွေ
online class တက်ဖို့အချိန်မပေးနိုင်သူတွေ
အတွက်အရမ်းကိုအဆင်ပြေမဲ့ အစီအစဥ် လေးနဲ့မိတ်ဆက်ပေးပါရစေ🤔

ဒါလေးကတော့ ကိုယ်လိုချင်တဲ့ chapter ကိုသီးသန့် video များဝယ်ယူနိုင်မှာဘဲဖြစ်ပါတယ်😯

recorded video ဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့အချိန် ကြည့်နိုင်မယ် ✅
တစ်ခါဝယ်ထား​ပြီးတာနဲ့ထပ်ကာထပ်ကာနားထောင်နိုင်မယ်✅
fb private gp ကို join ပြီးလေ့လာရမှာဖြစ်လို့ zoom မ join တတ်တာ ဘာညာပူစရာမလိုပါဘူး✅

cb မှာကိုယ်လိုချင်တဲ့ chapter နဲ့ fees လေးတွေကိုလာရောက်စုံစမ်းနိုင်ပါတယ်
(တချို့ chap တွေကဖြည်းဖြည်းချင်းတင်ပေးနေဆဲမို့ပါ)

face to face သင်ချင်သူများလည်း zoom live class တွေရှိပါတယ် ❣

Hello hello .....ဒီတစ်ခေါက်မှာတော့အမက bio chapter 7 နဲ့ပတ်သတ်တဲ့မေးခွန်းအနေအထားလေးတွေကိုပြောပြပေးသွားမှာ😉ပထမဆုံးအမတို့တိ...
20/12/2021

Hello hello .....
ဒီတစ်ခေါက်မှာတော့အမက bio chapter 7 နဲ့ပတ်သတ်တဲ့မေးခွန်းအနေအထားလေးတွေကိုပြောပြပေးသွားမှာ😉

ပထမဆုံးအမတို့တိုင်ပတ်ကြတာ သူ့မှာပါတဲ့ equation 4 ကြောင်းပေါ့🤔
🌼ဒီထဲမှာ anaerobic respiration မှာပါတဲ့
C6H12O6 -----> 2C2H5OH + 2CO2 + 118 kj ဆိုတဲ့တစ်ကြောင်းကတော့ရှင်းတယ် anaerobic respiration နဲ့ပတ်သတ်တဲ့ equation လို့မေးမေး alcoholic fermentation နဲ့ပတ်သတ်တဲ့ equation လို့မေးမေး ဒါဘဲဖြေရမှာ

Aerobic respiration မှာပါတဲ့ သုံးကြောင်းကတော့စဉ်းစားရပြီ🤧
🌼ပထမဆုံးတစ်ကြောင်း
C6H12O6 + 6O2 -----> 6CO2 + 6H2O + 2830 kj ဆိုတဲ့ equation ကတော့ aerobic respiration with equation ဆိုရင် ဒါကိုဖြေပေးရမှာပါ
🌼ဒုတိယတစ်ခု
ADP + P + energy -----> ATP
Adenosine P P..............
ဒီ equation ကတော့ formation of ATP လို့မေးရင်ဖြေပေးရမှာဘဲဖြစ်ပါတယ်
ဥပမာ
✏️Give a word equation of ATP formation
✏️State Formation of ATP with relevant word diagram (ဒီမေးခွန်းက စာရော equation ရောဖြေခိုင်းတာပါ)

🌼နောက်ဆုံး အရှည်ဆုံးနဲ့ ကျောင်းသားအများစုဆွဲရခက်တဲ့ word diagram ကြီးဘဲကျန်ပါတယ် အဲ့တစ်ခုကတော့အမတို့ ATP ကရတဲ့ energy ကိုဘယ်တွေမှာအသုံးချလဲ ဒါမျိုးမေးခွန်းဆိုဖြေပေးရမှာပါ
ဥပမာ
✏️How energy released from ATP is utilized in cell activities.

ကဲစာလဲရှည်ပြီဆိုတော့အမ ဒီမှာရပ်လိုက်ပါမယ်🤗
နောက်ရက်တွေမှာ အပိုင်းဆက်တွေ‌တင်ပေးမှာမို့ like and follow လုပ်ပေးကြပါဦးနော်🤗

မောင်လေးတို့ညီမလေးတို့အတွက်အကျိုးရှိခဲ့တယ်ဆိုရင်တခြားသူငယ်ချင်းတွေသိအောင်မျှဝေပေးပါဦးနော်❣️

Bio and eng online zoom class, video class, one by one zoom class တွေလည်းရှိတာမို့ တက်ချင်သူများ CB ကနေစုံစမ်းနိုင်ပါတယ်💌

ဒိီတစ်ပတ်အမနည်းနည်းနောက်ကျသွားတယ် အရင်ပိုစ့်ရဲ့အဆက်ပါဒါက (အရင် ပိုစ့်ကို ဒီ link မှာဝင်ဖတ်နိုင်ပါတယ်)https://www.faceboo...
29/11/2021

ဒိီတစ်ပတ်အမနည်းနည်းနောက်ကျသွားတယ်
အရင်ပိုစ့်ရဲ့အဆက်ပါဒါက
(အရင် ပိုစ့်ကို ဒီ link မှာဝင်ဖတ်နိုင်ပါတယ်)
https://www.facebook.com/111524520710197/posts/392859832576663/

📒 Give a table,tabulate ဆိုရင် ဇယားဆွဲဖြေခိုင်းတာဖြစ်ပါတယ်

📒Give an equation, word diagram ဆိုလျှင် equation, diagram ကိုဘဲမေးတာပါ

📒Illustrate, Illustration, Draw, Give a drawing, Diagram ဆိုလျှင် ပုံဆွဲခိုင်းတာပါ
(ပုံရော စာရောမေးလိုလျှင် စာဖြေရန်မေးသောစာလုံးတစ်ခုခုနဲ့တွဲမေးပါလိမ့်မယ်)

📒မေးခွန်းတွင် mentioning, including တို့ပါလျှင် နောက်တစ်ခုထပ်မေးတာ
ဥပမာ Explain how it can be demonstrated to show that carbondioxide is released during respiration and mention aerobic respiration.
ဒီမေးခွန်းမှာဆို Experiment 1 ကိုဖြေခိုင်းတာကတစ်ပိုင်း ပြီးတော့ mention ဆိုတာပါတော့နောက်ထပ် aerobic respiration ရဲ့ ပထမတစ်ပိုဒ်ကိုပါထပ်ဖြေခိုင်းတာပါ

📒Other than, apart from, except, exclusive, excluding ဟုမေးလျှင် ထိုအပိုင်းများကိုချန်၍ ကျန်စာများကို​ဖြေရန်
ဥပမာ except label no 1 and 10 ဆိုလျှင် ထို label နှစ်ခုကိုချန်၍ ကျန် label များကိုဖြေပေးရန်

📒supported by equation, aided by diagram ဆိုလျှင် စာရော equation or diagram တို့နဲ့ နှစ်ခုလုံးဖြေပေးရမှာပါ

ဒီလောက်ထိသိထားရင် မေးခွန်းတော်တော်များများကို ဖတ်တတ်ပြီး စာမေးတာလားပုံမေးတာလား နှစ်ပိုင်းမေးတာလား တစ်ပိုင်းထဲမေးတာလားကွဲလောက်ပါပြီ

ဒီ ပိုစ့်လေးက မောင်လေးတို့ညီမလေးတို့အတွက် အထောက်အကူ ဖြစ်ခဲ့ရင် like and share ပြီး သူငယ်ချင်းတွေပါသိအောင်လုပ်ပေးကြပါဦးနော်🙆

bio နဲ့ eng class စုံစမ်းချင်သူများလည်း page chat box မှာ အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်

ဒီပိုစ့်က online calss အကြောင်းလေးတစ်ဖြတ်ပါ 🎉🎉🎉ခုနောက်ပိုင်းအမဆီ လာစုံစမ်းတဲ့ကလေးတွေက weekdays တွေမှာမအားကြတော့ အချိန်တိ...
19/11/2021

ဒီပိုစ့်က online calss အကြောင်းလေးတစ်ဖြတ်ပါ 🎉🎉🎉

ခုနောက်ပိုင်းအမဆီ လာစုံစမ်းတဲ့ကလေးတွေက weekdays တွေမှာမအားကြတော့ အချိန်တိုက်လို့မတက်ရဘူးဖြစ်တာပေါ့နော်
အဲ့အတွက် အမက weekends class လေး စီစဥ်ထားပါတယ်😉

ဘယ် Chapter ကစ,မှာလဲ❓
✔solid မှတ်ရမှာဖြစ်တဲ့ အရေးကြီးတဲ့ chapter 5,7,10,12 ကနေစ,ပါမယ်
✔အဲ့တာပြီးမှ 8,6,1,2,3,4
ဒီ flow နဲ့သင်မှာပါ

ဘာတွေသင်မှာလဲ ❓
✔Text
✔Old questions(long/short)
✔TRUE/FALSE
✔Blanks
✔Choice
မေးခွန်းပုံစံအတိုင်းကိုမှ
Chapter တွေပြီးတိုင်း CET သဘောမျိုးစစ်ပေးတာမို့ exam experience နဲ့လဲရင်းနှီးစေမှာပါ

အချိန်တွေကရော❓
✔Saturday, Sunday 9 to 10:30 am ဖြစ်ပါတယ်
✔တစ်ပတ် ၂ ရက် ၊ တစ်ချိန် ၁ နာရီခွဲပါ

Fees ကရော❓
တစ်လကိုမှ ၁သောင်း ပါဘဲနော် 😳

ဒီ class လေးက Nov လကုန် Dec လဆန်းလောက် စ,မှာမို့ ခုထိဘယ်မှာတက်ရမလဲတွေးနေတဲ့သူတွေ၊ စာကိုခုမှစ, လုပ်မဲ့သူတွေ၊ ခုမှ onlineclass စ,စုံစမ်းတဲ့ကလေးတွေရော အကုန်လုံးအဆင်ပြေမှာပါ

One by one သင်ချင်သူတွေနဲ့
အမရဲ့ခုလက်ရှိဝိုင်းကိုမှီသလောက်ကနေ လာ join ချင်တဲ့ကလေးတွေလဲလာပြောလို့ရပါတယ်🙆



#စနစ်ဟောင်း

အမလို စာရရဲ့သားနဲ့မေးခွန်းဖတ်မှ ဇဝေဇဝါဖြစ်သွားတတ်တဲ့သူတွေရှိကြလား?ဒီတစ်ခေါက်ကတော့ မေးခွန်းဖတ်ရင် သိထားသင့်တဲ့ မေးခွန်းပု...
16/11/2021

အမလို စာရရဲ့သားနဲ့မေးခွန်းဖတ်မှ ဇဝေဇဝါဖြစ်သွားတတ်တဲ့သူတွေရှိကြလား?

ဒီတစ်ခေါက်ကတော့ မေးခွန်းဖတ်ရင် သိထားသင့်တဲ့ မေးခွန်းပုံစံအနှစ်ချုပ် Part 1 ကိုဖော်ပြလိုက်ပါတယ်

မေးခွန်းတစ်ခုကိုမြင်လိုက်ရင်
❓စာရေးရမှာလား
❓စာရော equation ရောလား
❓စာရောပုံရောလား
❓ဒါမှမဟုတ် ဇယားဆွဲခိုင်းတာလား

ဒါမျိုးမသဲမကွဲဖြစ်တတ်တဲ့ အမနဲ့ဘဝတူမောင်လေး၊ ညီမလေးတွေရှိရင် အောက်ကပုံလေးတွေကို ဝင်ဖတ်ကြည့်သွားကြပါ

အမတို့မေးခွန်းဖတ်ရင်သိထားသင့်တဲ့စာလုံးတွေရှိပါတယ်
ဥပမာ Enumerate (နံပါတ်စဥ်တပ်၍ဖြေပါ)
ဒီစာလုံးကိုသာအမတို့မသိဘူးဆိုရင် ဒီမေးခွန်းဟာ 1,2,3... နံပါတ်စဥ်တပ်ဖြေခိုင်းတာမသိနိုင်ပါဘူး
ကိုယ်ကနားမလည်လို့ နံပါတ်စဥ်တပ်မဖြေခဲ့ရင် စာရရဲ့သားနဲ့အမှတ်လျော့နိုင်ပါတယ်

ဟုတ်ပြီအဲ့တော့ ဘယ်စာလုံးလေးတွေကဘာကိုဖြေစေချင်တာလဲဆိုတာကို ဒီနေ့မှာ အနည်းအကျဥ်းဖော်ပြလိုက်ပါတယ်
နောက်ရက်တွေမှာလဲ Part 2 ဆက်လက်ဖော်ပြဖို့ရှိလို့ page ကို like and follow လုပ်ထားကြပါဦးနော်
အချင်းချင်းလည်း share ပြီးမျှဝေပေးကြပါဦး

၁၀ တန်းစနစ်ဟောင်း bio နဲ့ eng အတွက်လဲ online class လေးတွေဖွင့်ထားတာမို့ class စုံစမ်းချင်သူများ cb မှာအသေးစိတ်လာရောက်မေးနိုင်ပါတယ်

Feedback များကို comment တွင်ကြည့်နိုင်သည်✔

🚨

#စနစ်ဟောင်း



ဒီတစ်ခေါက်မှာတော့ အမဆီ online class တက်ကြတဲ့ကလေးတွေကို စာမေးပွဲစစ်တဲ့အခါမှာ 10 ယောက်မှာ 7 ယောက်လောက် မှားကြတဲ့မေးခွန်းလေ...
09/11/2021

ဒီတစ်ခေါက်မှာတော့ အမဆီ online class တက်ကြတဲ့ကလေးတွေကို စာမေးပွဲစစ်တဲ့အခါမှာ 10 ယောက်မှာ 7 ယောက်လောက် မှားကြတဲ့မေးခွန်းလေးကိုအမက ကလေးတွေ အားလုံးသတိထားလို့ရအောင်ရေးပေးလိုက်ပါတယ်

✨State the nature of four-chambered heart as found in rabbit ✨

ဒီမှာဆိုတော်တော်များများကလေးတွေက general characters က
Heart is four-chambered .......
ဆိုတဲ့ ပထမဆုံး စာမျက်နှာကဟာကိုလာ‌ဖြေကြပါတယ်။ မေးခွန်းကိုသေချာဖတ်ကြည့်ရင် အမတို့ of rabbit လို့မေးထားတာကိုတွေ့ရမှာပါ ဒီမှာ general character အကြောင်းကိုနည်းနည်း‌ပြောဖို့လိုလာပြီ General characters မှာပါတဲ့ 10 ချက်က mammals အားလုံးရဲ့ လက္ခဏာတွေကိုခြုံပြောတာဖြစ်တဲ့အတွက် general characters ကိုမေးတဲ့မေးခွန်းမှာဆိုရင် အမတို့ကို of mammals (State the nature of four-chambered heart as found in mammals )ဆိုပြီးထည့်ကိုထည့်ပေးရပါမယ် မဟုတ်ဘဲ ခုမေးခွန်းလို mammals တစ်လုံးမှမပါတာကို general characters က အချက်ကိုလာရေးလို့မရပါဘူး ဒါဆို ဒီအဖြေက Circulatory System က
The heart of the rabbit is..... ဆိုတဲ့အပိုဒ်ကိုလာဖြေရမှာပါ

ကဲ ဖြေကြည့်လို့မှန်တဲ့သူတွေရှိရင် အမကို cmt လေးရေးပေးသွားကြပါဦး 😉

အမရဲ့ ပိုစ့်‌ကြောင့် မောင်လေးတို့ ညီမလေးတို့အတွက်သတိထားစရာလေးတစ်ခုရသွားတယ်ဆိုရင် like and share လုပ်ပြီး တခြားသူငယ်ချင်းတွေသိအောင် share ပေးကြပါဦးနော်💙

အမဆီ မှာ စနစ်ဟောင်း bio နဲ့ eng အတွက် online class လေးတွေစုံစမ်းချင်ရင် chat box ကနေတစ်ဆင့် အသေးစိတ်လာမေးလို့ရပါတယ်


#စနစ်ဟောင်း

Address

Myingyan

Website

Alerts

Be the first to know and let us send you an email when Biology Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category