NOBLE Private School,Myingyan

NOBLE Private School,Myingyan National Curriculum School

12/08/2026

#အမြန်ဆုံးအလိုရှိသည်
M.Sc or BE or BC.Scဘွဲ့ရအထက်တန်း Guideဆရာဆရာမ(၅ဦး) အမြန်ဆုံးထပ်မံခန့်ထားမည်ဖြစ်ပါ၍

ရုံးချိန်အတွင်းWalk -in Interview ဝင်နိုင်ပြီး
သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပါက ချက်ချင်းခန့်ထားပါမည်။
☎️၀၉ ၄၀၈ ၄၀၈ ၃၁၆
၀၉ ၄၀၈ ၄၀၈ ၃၁၇
စွန်းလွန်းဂူကျောင်းလမ်းအရှေ့ထိပ်၊မြင်းခြံမြို့

ဘာမှမလုပ်ပဲ ပျင်းရိနေတာဟာ အရှင်လတ်လတ် မြေမြုတ်ခံနေရတာပါပဲ။ပျင်းရိနေတဲ့လူဟာ အသက်ရှင်နေပေမယ့် ဘဝ သေနေတဲ့သူပဲ ဖြစ်တယ်။ပျင်း...
10/08/2026

ဘာမှမလုပ်ပဲ ပျင်းရိနေတာဟာ
အရှင်လတ်လတ် မြေမြုတ်ခံနေရတာပါပဲ။

ပျင်းရိနေတဲ့လူဟာ အသက်ရှင်နေပေမယ့် ဘဝ သေနေတဲ့သူပဲ ဖြစ်တယ်။

ပျင်းရိနေသူမှာ . . ပညာလည်း မတိုးဘူး။
ဥစ္စာပစ္စည်းလည်း မတိုးဘူး။
မိတ်ဆွေကောင်းလည်း မတိုးဘူး။
စိတ်ချမ်းသာမှုလည်း မတိုးဘူး။

ပျင်းရိနေတဲ့သူကို
ဘယ်သူကမှလည်း မလေးစားဘူး။
ကိုယ့်ကိုယ်တိုင်လည်း လေးစားမှု မရှိနိုင်ဘူး။

ပျင်းတဲ့သူငယ်ချင်းတယောက်က ပြောတယ်။
ပျင်းတာဟာ နာမည်သာ ဆိုးတာ , လူတော့ တော်တော် သက်သာတယ်တဲ့။
ရေရှည်မှာတော့ ပျင်းတဲ့သူဟာ အဆင်ပြေတဲ့ဘဝကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ အခု သက်သာအောင် နေတဲ့သူဟာ နောက်တော့ မသက်သာဘူး။

ကိုယ့်မှာ ပျင်းတတ်တဲ့ သူငယ်ချင်း ရှိသလား ?
သူ့ကို သတိထားပါ။ သူက ကိုယ့်ကို ခင်တယ်ဆိုပြီး
ကိုယ့်အချိန်တွေကို လာဖြုန်းမယ်။
သူ့ဆီက ကောင်းတာ ဘာမှ မရနိုင်ဘူး။
အကြံဉာဏ်ကောင်းလည်း မရနိုင်ဘူး။
စိတ်ချမ်းသာမှုလည်း မရနိုင်ဘူး။
တနေ့မှာ သူဟာ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်။

သူဟာ အချိန်ရှိတုန်းမှာ ပညာမရှာဘူး။ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ငွေကြေးကို စုဆောင်းမထားဘူး။ အခက်အခဲရှိတဲ့အခါ ကိုယ့်ကိုယ်ကို အားမကိုးနိုင်တော့ သူများကို အားကိုးဖို့ပဲ စဉ်းစားတော့မယ်။

ပျင်းတဲ့သူဟာ တခြားအပင်ဆီက အဆီအနှစ်ကို မှီပြီး အသက်ရှင်တဲ့ " ကပ်ပါးပင် " လိုပဲ။
အဆင်သင့် ရတာကိုပဲ လိုချင်တယ်။
ပျင်းတဲ့သားသမီးဟာ မိဘအတွက် ဝန်ထုပ်ဝန်ပိုး ပါပဲ။
မိဘကို ပေးနိုင်ဖို့ စိတ်မကူးဘူး။
မိဘဆီကပဲ ရဖို့ စိတ်ကူးတယ်။

ဘာမှမလုပ်ပဲနေတာဟာ လူမိုက်တွေ , ဉာဏ်မရှိတဲ့ လူတွေရဲ့ ခွင့်ရက်ရှည်ပဲ ဖြစ်တယ်။
ပျင်းတဲ့သူဟာ ဘဝတခုလုံးကို ခွင့်ရက်ရှည်ကြီးလို သဘောထားပြီး နေတယ်။

သူတို့ဟာ အကျိုးရှိတဲ့အလုပ်ကိုသာ မလုပ်ချင်တာ။
အကျိုးမရှိတဲ့ အလုပ် လျှောက်လည်တာ , ဖဲရ်ိုက်တာ , လောင်းကစားတာ , တနေကုန် TV ကြည့်တာမျိုးတွေတော့ မပျင်းမရိ လုပ်နိုင်တယ်။

သုံးလွန်းလို့ ပွန်းပြီး ပါးသွားတာက မသုံးဘဲထားလို့ သံချေးတက်သွားတာထက် ပိုကောင်းပါတယ်။

ဘာမှမလုပ်ချင်တော့ဘူးဆိုရင်
ကိုယ့်အတွက်ကိုယ် နာရေးကြော်ငြာ ရေးလိုက်ပါတော့။

ဒါကြောင့် ဘဝမသေချင်ရင်ရင်
ငယ်ငယ်ကတည်းက လေ့ကျင့်ထားဖို့ လိုတယ်။
ပျင်းတာဟာလည်း အကျင့်ပါပဲ။
မပျင်းတာဟာလည်း အကျင့်ပါပဲ။

" ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ )"
Crd

🎻  #ကြိုးတစ်ချောင်းပြတ်သွားတဲ့အခါ သံစဉ်ပြောင်းပြီး ဆက်တီးတတ်ဖို့လိုတယ်။ 🎼ဘဝမှာလမ်းကြောင်းချပြီးရင် မည်သည့်အခက်အခဲနဲ့ အတာ...
13/07/2026

🎻 #ကြိုးတစ်ချောင်းပြတ်သွားတဲ့အခါ သံစဉ်ပြောင်းပြီး ဆက်တီးတတ်ဖို့လိုတယ်။ 🎼

ဘဝမှာလမ်းကြောင်းချပြီးရင် မည်သည့်အခက်အခဲနဲ့ အတားအဆီးပဲကြုံရပါစေ ... #တစိုက်မတ်မတ်ဆက်ကြိုးစားနေဖို့လိုတယ်။

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်က Loring Park ပန်းခြံထဲမှာ နာမည်ကြီး နော်ဝေတယောဆရာကြီး အိုလီဘူးလ် (Ole Bull) ရဲ့ ရုပ်တုကို တွေ့မြင်နိုင်ပါတယ်။

အိုလီဘူးလ်ဟာ ပြင်သစ်မှာ အောင်မြင်တဲ့တယောဆရာဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နော်ဝေက ထွက်လာချိန်မှာ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။

မအောင်မြင်သေးချိန်မှာ စားစရာမရှိ၊ နေစရာကညစ်ပတ်နေတဲ့ ဘဝတွေ၊ နောက်ဆုံး ထိုးနေတဲ့ တယောအခိုးခံခဲ့ရတဲ့အထိ ကြုံတွေ့ခဲ့ရဖူးပါတယ်။

ဒါပေမဲ့ တနေ့မှာ ပါရီကဇာတ်ခုံပေါ်မှာ အောင်မြင်တဲ့တယောဆရာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။

ဒီလိုနဲ့ မအောင်မြင်သေးတဲ့၊ အသိအမှတ်မပြုခံရသေးတဲ့ဘဝမှာ ကိုယ့်ရည်မှန်းချက် တယောထိုးတဲ့အလုပ်ကို တစိုက်မတ်မတ်လေ့ကျင့်နေခဲ့ပါတယ်။

🎻 တနေ့ ပါရီမြို့ကဇာတ်ခုံပေါ်မှာ အိုလီဘူးလ်တယောထိုးနေချိန်မှာ တယောရဲ့ ကြိုး ၄ ကြိုးထဲက A ကြိုးဟာ ပြတ်ထွက်သွားပါတော့တယ်။

အိုလီဘူးလ်ဟာ ရုပ်မပျက်ပဲ ကျန်တဲ့ ၃ ကြိုးနဲ့ သံစဉ်ပြောင်းပြီး ပွဲပြီးအောင် တည်ငြိမ်စွာနဲ့ ဆက်ထိုးသွားခဲ့ပါတယ်။

ပွဲပြီးတဲ့အချိန်မှာ ပရိတ်သတ်က တဖြောင်းဖြောင်းလက်ခုပ်တီးပြီး ချီးကျူးကြသလို ဒီဖြစ်ရပ်ဟာ ပြောစမှတ်ဖြစ်သွားခဲ့ပါတယ်။

အောင်မြင်တဲ့လူတိုင်းကိုကြည့်ရင် #မည်သည့်အကြောင်းကိစ္စရှိရှိ သူတို့ရည်ချက်ကို အပျက်မခံသူ၊ #စထားတာကိုပြီးအောင်လုပ်တတ်သူတွေများပါတယ်။

ဘဝမှာ ကြိုးပြတ်သွားရင်တောင်မှ ပွဲထဲကထွက်မသွားပဲ ရှိတာနဲ့ လက်စွမ်းပြနိုင်အောင် လေ့ကျင့်ထားဖို့နဲ့ ... #ကိုယ့်ရည်မှန်းချက်ကိုမျက်ခြည်အပြတ်မခံဘဲတစိုက်မတ်မတ်ကြိုးစားတတ်အောင် ကလေးငယ်တွေကို သင်ကြားပေးဖို့လိုသလို ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးဖို့ လိုပါတယ်။

𝑹𝒊𝒄𝒉𝒂𝒓𝒅 𝑴𝒚𝒐 𝑻𝒉𝒂𝒏𝒕
12-July-2026

02/07/2026

🎆🌲🌲2026ခုနှစိတက္ကသိုလ်ဝင်တန်းစာေမးပွဲ၌မန္တလေးတိုငိးဒေသကြီး အမှတ်အများဆုံးရ သူများစာရင်းဝင် ၊ဘာသာစုံဂုဏ်ထူးရှင် Mdy Noble-1 ကျောင်းသူ မဇွဲဇွဲမြတ်မွန်အားကြိုဆို ဂုဏ်ပြုခြင်းနှင့်ကြိုးစားအားထုတ်ခဲ့ပုံနည်းလမ်းများကို Noble မျိုးဆက်သစ်များအားမျှဝေခြင်း အခမ်းအနား🌿🌿🌿

🎆Myingyan NOBLE-3 School Assembly
02/07/2026

🎆Myingyan NOBLE-3 School Assembly

01/07/2026
ကလေးကို ဘယ်လိုဆုံးမရမလဲ မေးတဲ့ မိဘတွေအတွက်မိဘနဲ့ကလေးကြားမှာ အောက်ဖော်ပြပါ မှားယွင်းတဲ့ဆက်ဆံရေးများရှိလား သတိထားပြုပြင်ကြ...
12/06/2026

ကလေးကို ဘယ်လိုဆုံးမရမလဲ မေးတဲ့ မိဘတွေအတွက်
မိဘနဲ့ကလေးကြားမှာ အောက်ဖော်ပြပါ မှားယွင်းတဲ့
ဆက်ဆံရေးများရှိလား သတိထားပြုပြင်ကြည့်ပါ။

မိဘနှင့်ကလေး၏ မှားယွင်းသောဆက်ဆံရေး
(Faulty Parent-Child Relationships)

မိဘတိုင်းဟာ မိမိသားသမီးကိုချစ်တယ်၊ ကောင်း
စေချင်တယ်လို့ ယူဆကြပါတယ်။ သို့သော်လည်း
ဘယ်လိုချစ်ရမှန်းမသိတဲ့၊ မချစ်တတ်တဲ့ မိဘများ
လည်းရှိတတ်ပါတယ်။ အဲဒီကလေးတွေအတွက်က
မပြည့်ဝတဲ့ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုတွေ၊ မှားယွင်း
တဲ့အကျင့်စရိုက်လက္ခာတွေဖြစ်နိုင်တဲ့အပြင်၊ စိတ်
ကျန်းမာရေးညံ့ဖျင်းပြီး စိတ်ရောဂါတွေလည်းဖြစ်
စေနိုင်ပါတယ်။ ရှေးဦးကလေးဘဝ မိဘနဲ့ကလေးရဲ့
မှားယွင်းတဲ့ ဆက်ဆဲရေးပုံတွေကတော့

1. Rejection
၁။ပစ်ပယ်ထားခြင်း(Rejection)-ဆိုတာကလေးကို ရုပ်
ပိုင်းစိတ်ပိုင်းလိုအပ်ချက်တွေမပေးပဲ လှစ်လျူရှုထား၊
ချစ်ခြင်း၊ မေတ္တာပြဖို့ငြင်းဆန်၊ ကလေးရဲ့အထမြောက်မှု
ကို စိတ်ဝင်စားမှုမပြ၊ ရှေ့နောက် မညီတဲ့ပြစ်ဒဏ်ပေး၊
ကလေးအခွင့်အရေးအပေါ်မလေးစား၊ ကလေးနဲ့အတူ
နေပေးဖို့ပျက်ကွက်စတဲ့အချက်တွေပါပါတယ်။
အဲဒီကလေးတွေ ကြီးလာတဲ့အခါ စိုးရိမ်တတ်၊ စိတ်မလုံ
ခြုံ၊ အတ္တ-အလေးအမြတ်ထားမှုနိမ့်၊ ရန်လို၊ အာရုံစိုက်
ခံလို၊ ဘူးခံ၊ အထီးကျန်ခံစား၊ မနာလိုဝန်တို၊ ကောင်း
ကျိုး-ဆိုးပြစ် သိစိတ် ဖွံ့ဖြိုးမှုနှေးပါတယ်။

2. Overprotection and domination
၂။အကာအကွယ်ပေးလွန်းခြင်းနဲ့လွမ်းမိုးခြင်း- မိဘက
ကလေးလုပ်သမျှ ကာဆီးကာဆီးလုပ်တယ်၊ အန္တရယ်
အသေးလေးကအစ ကလေးကိုဖြေရှင်းခွင့်မပေး၊ ဟို
ဟာမလုပ်ရ ဒီဟာမလုပ်ရကန့်သတ်၊ မိဘကပဲနေရာတ
ကာသူ့အကြိုက်ဖြစ်အောင်လွှမ်းမိုးခြင်းခံရတဲ့ကလေး
မျိုးဖြစ်ပါတယ်။
အဲဒီကလေးမျိုးတွေဟာ လွှမ်းမိုးခံလို၊ မှီခိုစိတ်ကြီး၊
မိမိကိုယ်ကိုအကဲဖြတ်တတ်မှုနည်း၊ ကိုယ်တိုင်စဉ်းစား
အားထုတိမှုမလုပ်တတ်တဲ့ကလေးမျိုးဖြစ်သွားတတ်
ပါတယ်။

3. Perfectionism and unrealistic demand
၃။ကလေးကို ခြောက်ပြစ်ကင်းစေလိုမှုနှင့်လက်တွေ့
မကျသောတောင်းဆိုမှု လုပ်တတ်တဲ့မိဘရဲ့ကလေး
တွေကတော့ မိဘတောင်းဆိုတဲ့အတိုင်းမလုပ်နိုင်ပါက
အပြစ်စွဲခံစား၊ မိမိကိုမိမ်ရှုံ့ချ၊ ကိုယ်တိုင်လုပ်လိုစိတ်ကင်း
ကောင်းကျိုးဆိုးပြစ်ဖွံ့ဖြိုမှုခက်မာ၊ ပြင်းထံတဲ့စိတ်ပဋိ
ပက္ခဖြစ်တဲ့ကလေးတွေဖြစ်လာတတ်ပါတယ်။

4. Overpermissiveness and overindulgence
၄။ အထိန်းအကွပ်နည်းလွန်းတဲ့မိဘနဲ့ အလိုလိုက်လွန်း
တဲ့မိဘတွေရဲ့ကလေးတွေကတော့ တစ်ကိုယ်ကောင်း
ဆန်၊ နားပူနားဆာနိုင်၊ လိုဘမပြည့်ဝမှုကိုသည်းမခံ၊
လူကြီးကိုဆန့်ကျင်ပုန်ကန်၊ ဂရုစိုက်ခံလို၊ တာဝန်ယူ
လိုစိတ်ကင်း၊ မစာနာတတ်၊ အခြာသူများနဲ့ဆက်ဆံရာ
မှာ ခေါင်းပုံဖြတ်တတ်သူတွေအဖြစ်ကြီးပြင်လာတတ်ပါ
တယ်။

5. Harsh, overly severe discipline
၅။စည်းကမ်းတင်းကြပ်တဲ့မိဘတွေရဲ့ကလေးတွေက
တော့ ကြောက်တတ်၊ မိဘကိုမုန်း၊ ကိုယ်တိုင်လုပ်လိုစိတ်
နည်း၊ အခြားသူများကို ဖော်ရွေခင်မင်မှုနည်တတ်တယ်။

6. Lack of discipline
၆။စည်းကမ်းသတ်မှတ်မှုမရှိတဲ့ မိဘတွေရဲ့ကလေး
တွေကတော့ စာနာမှုကင်း၊ ရန်လို၊ အများမကြိုက်တာ
လုပ်တတ်သူတွေဖြစ်လာတတ်ပါတယ်။

7. Inconsistence discipline
၇။စည်းကမ်းရှေ့နောက်မညီတဲ့မိဘရဲ့ကလေးတွေက
တော့ ဘယ်အပြုအမူက မှန်လည်းမခွဲခြားတတ်ဘဲ
ရန်လိုစိတ်မြင့်မားသူတွေဖြစ်လာတတ်ပါတယ်။

8. Inadequate and irrational communication
၈။ မလုံလောက်သော၊ မဆီလျော်သော ဆက်သွယ်
ပြောဆိုတတ်မိဘတွေရဲ့ကလေးကတော့ စိတ်ရှုပ်ထွေး
မှုတွေဖြစ်တတ်၊ ဦးခေါင်းထဲမှာဘာနားလည်လို့၊ ဘာမှတ်
ရမှန်းမသိ၊ မိမိအခန်ကဏ္ဍမိမိနားမလည်၊ ဦးစီးဦးရွက်
မလုပ်တတ်၊ သိမ်ငယ်တတ်တဲ့ကလေးဖြစ်တတ်ပါတယ်။

9. Undesirable models
၉။မိဘကိုယ်၌က မှားယွင်တဲ့စံပြပုံစံဖြစ်ပြန်ရင်လည်း
မှာယွင်တဲ့တန်ဖိုးထားမှုတို့သင်ပေးသလိုဖြစ်၊ လက်တွေ
မကျတဲ့ရည်မှန်းချက်ထား၊ မိဘရဲ့ညှိယူမှုလွဲတဲ့အပြု
အမူတို့ ကလေးတွေမှာရသွားနိုင်တယ်။

မှားယွင်တဲ့မိဘနဲ့ကလေးရဲ့ ဆက်ဆံရေးဟာ ကလေး
အပေါ်ဘယ်လောက်သက်ရောက်နိုင်သလဲဆိုတာက
တော့ ကလေးရဲ့အသက်အရွယ်၊ မိသားစုရဲ့ဘဝအ
ခြေအနေ၊ ဆက်ဆံရေးရဲ့မလိုလားဖွယ်ဒီဂရီစတဲ့အ
ချက်များပေါ်မှာလည်းမူတည်နိုင်ပါတယ်။ တစ်ထပ်
တည်တည်းတူတဲ့ မိသားစုနှစ်စုရဲ့ ဆက်ဆံရေးပုံစံမျိုး
တော့မရှိနိုင်ပါ။ သို့သော် အထက်ကတင်ပြခဲ့တဲ့အချက်
တွေကတော့ စံလွဲအပြုအမူဖြစ်သွားစေနိုင်တဲ့ ကလေး
ရဲ့ပင်ကိုဓာတ်ခံအကြောင်းရင်းတွေအဖြစ် ကလေးမှာ
ပါသွားနိုင်သည်ကိုသတိပြုပါ။ ဒီနေရာမှာ မိဘနဲ့ကလေး
ရဲ့ဆက်ဆံရေးဟာ မိဘကချည်းလွမ်းမိုးသည်မဟုတ်
ကလေးကလည်းမိဘအပေါ်လွှမ်းမိုးနိုင်တယ်ဆိုတဲ့အ
ချက်ကိုလည်း သတိပြုပါ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

11/06/2026

ပင်ပန်းရုံနဲ့ မရပ်ပါနဲ့။
အောင်မြင်မှ ရပ်ပါ။

ဆင်းရဲဒုက္ခနှင့် ဆင်းရဲမွဲတေမှုကို ရှောင်ရှားဖို့အတွက် မကြောက်ပါနဲ့။
ဘဝတစ်လျှောက်လုံး ဆင်းရဲနေမှာကိုသာ ကြောက်ပါ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် တိုက်ပွဲမဝင်ပါက၊
ဘယ်သူက တိုက်ပွဲဝင်မှာလဲ။

ပင်ပန်းရင် တစ်ညအိပ်လိုက်တာနဲ့ ပင်ပန်းတာတွေ ပြေပျောက်သွားပါလိမ့်မယ်။
ဒါပေမဲ့ ဆင်းရဲပြီး ပျင်းရိနေမယ်ဆိုရင် ဘယ်လောက်ပဲ အိပ်အိပ် ဆင်းရဲတာက မပြေပျောက်နိုင်ပါဘူး။

တခြားသူတွေက သင့်ကို ကိစ္စတချို့ပဲ ကူညီပေးနိုင်မယ်
မိဘတွေက သင့်ပြဿနာတွေကို အမြဲဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။
နောက်ဆုံးမှာတော့ ကျွန်ုပ်တို့ကိုယ်တိုင်သာ ရှိပါတယ်။

တစ်စုံတစ်ယောက်က သင်မလုပ်နိုင်ဘူးလို့ ပြောတာကြောင့် လက်မလျှော့ပါနဲ့။
သင့်ရဲ့စွမ်းရည်အကုန်အစွမ်းနဲ့ လုပ်ပြီးမှသာ လက်လျှော့ပါ။

ဒီဘဝမှာ ကျွန်ုပ်တို့ဟာ နည်းလမ်းတွေကို အကြိမ်ပေါင်းများစွာ ပြောင်းလဲနိုင်ပါတယ်။
ဒါပေမဲ့ ပန်းတိုင်ကိုတော့ ဘယ်တော့မှ မပြောင်းလဲပါနဲ့။

အောင်မြင်မှုဆီသွားရာလမ်းက ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ရှိပါတယ်။

ကျရှုံးခြင်းဆီသွားရာလမ်းက တစ်ခုတည်းသာ ရှိပါတယ်။
အဲဒါကတော့ "လက်လျှော့ခြင်း" ပါပဲ။

Address

Soonloon Guu Kyaung Street
Myingyan

Website

Alerts

Be the first to know and let us send you an email when NOBLE Private School,Myingyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to NOBLE Private School,Myingyan:

Shortcuts

Share

Category