SUPER KIDZ Education Center

SUPER KIDZ Education Center education

🚨SUPER KIDZ Education Centerတွင်ကျောင်းအပ်နှံထားခဲ့သောသားသားမီးမီးတို့၏မိဘများအတွက် အသိပေးကြေငြာခြင်း📮Tr.Snowရဲ့ကျောင်းက...
12/08/2025

🚨SUPER KIDZ Education Centerတွင်ကျောင်းအပ်နှံထားခဲ့သောသားသားမီးမီးတို့၏မိဘများအတွက် အသိပေးကြေငြာခြင်း

📮Tr.Snowရဲ့ကျောင်းကလေးကို 3.7.2025(Thursday)ကစပြီးယာယီပိတ်ခဲ့ပါတယ်
အခြေအနေတစ်ခုကြောင့်ယနေ့ထိပြန်မဖွင့်နိုင်တာခဲ့တဲ့အတွက်ရောပြန်ဖွင့်ရက်ကိုအတိအကျမပြောနိုင်တာအတွက်ပါကလေးတွေအတွက်စိတ်မကောင်းဖြစ်မိပါတယ်တည်ငြိမ်အေးဆေးတဲ့အခြေအနေမှာချက်ချင်းပြန်ဖွင့်ပါ့မယ်

📲ကျောင်းပြန်ဖွင့်မဲ့အချိန်ကိုphဆက်မေးကြတဲ့မိဘများကိုလည်းခဏတိုင်းမဖွင့်သေးကြောင်းပြောရတာအားနာမိပါတယ်
🏫တီချယ်ရှိတဲ့နေရာထိလာပြီးပညာသင်ယူဖို့ကမ်းလှမ်းကြတဲ့မိဘတွေရဲ့အားကိုးယုံကြည်မှုအတွက်လည်းခွန်အားဖြစ်ရတာနဲ့ထပ်တူအားနာမိပါတယ်
❣️မတည်ငြိမ်မှုတွေကြားမှာကလေးတွေအတွက်လုံခြုံမှုစိုးရိမ်လို့လက်မခံဖြစ်တဲ့အတွက်လည်းနားလည်ပေးစေလိုပါတယ်
💡မိဘများကိုအကြံပေးချင်တာက ကလေးတွေကိုတတ်နိုင်သလောက်စဥ်ဆက်မပြတ်စာလေ့လာဖို့တတ်နိုင်သလောက်ကူညီပေးစေလိုပါတယ်
👩‍🏫Tr.Snowနဲ့မှသင်ယူချင်ပါတယ်ဆိုတဲ့ကလေးတွေအတွက်လည်း onlineကနေသင်ယူလို့အဆင်ပြေတဲ့သူအတွက်🖥️zoom classနဲ့အဆင်မပြေသူတွေအတွက်🎥 vedio သင်ခန်းစာတွေနဲ့လေ့လာသင်ယူလို့ရအောင်စီစဥ်နေပါတယ် တက်ရောက်လိုသူများ viberမှာစာရင်းပေးထားနိုင်ပါတယ်
📸အချိန်ရရင်ရသလိုteaching vedioများကိုလည်းtiktok accမှာfreeတင်ပေးတော့မှာမို့ဝင်ရောက်လေ့လာနိုင်ပါတယ်သိလိုသမျှလည်းviberကနေလာမေးကြပါနော်
💁Super Kidzလေးတို့ရေဘယ်လိုအခြေအနေမျိုးမှာမဆိုသင်ယူလိုစိတ်အပြည့်ရှိနေပြီးလေ့လာမှုအဆက်မပြတ်ပါစေနဲ့နော်လုပ်ခွင့်မသာတာတွေသောကရောက်နေမဲ့အစားကိုယ့်ဘာသာလုပ်လို့ရတာတွေလေ့လာသင်ယူရင်းအချိန်ကိုအကျိုးရှိရှိအသုံးချကြပါနော်အားလုံးကိုသတိရနေပါတယ်အရမ်းချစ်ပါတယ်😍🥰😘I wish you all to stay safe.See you 😇

https://www.facebook.com/share/p/1Hi7EgBW4v/
18/06/2025

https://www.facebook.com/share/p/1Hi7EgBW4v/

မင်္ဂလာပါရှင်။ 💙💜

၂၀၂၅, ဇွန်လမှစ၍ 𝐒𝐇𝐊 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 နှင့် 𝐌𝐨𝐯𝐢𝐧𝐠 𝐎𝐧𝐰𝐚𝐫𝐝 𝐇𝐞𝐢𝐠𝐡𝐭𝐬 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐲 တို့ လက်တွဲပူးပေါင်း၍ စတင်ဖွင့်လှစ်သွားမည့် 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝟏 –

🎉"𝐒𝐌 𝐍𝐞𝐱𝐭𝐆𝐞𝐧: 𝐈𝐂𝐓 & 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰'𝐬 𝐋𝐞𝐚𝐝𝐞𝐫𝐬" 𝐏𝐫𝐨𝐠𝐫𝐚𝐦 -1 လျှောက်ထားသူ/စိတ်ဝင်စားသူ မိဘအုပ်ထိန်းသူများအတွက် ပြုလုပ်ပေးသွားမည့် Webinar အသေးစိတ်ကို မျှဝေပေးလိုက်ပါတယ်ရှင်။

🌻🌻Webinar အကြောင်းအရာ

🟦🟪 ခေါင်းစဉ် –
“နည်းပညာနှင့် အင်္ဂလိပ်ဘာသာစကား – နှလုံးသားနှင့် အနာဂတ် လမ်းညွှန် စကားဝိုင်း”

🟦🟪 နေ့ရက် – ၂၄.၆.၂၀၂၅ (အင်္ဂါနေ့)
အချိန် – ည ၈:၀၀ မှ ၉:၃၀ ထိ
တက်ရောက်ရန် Link – 𝐒𝐌 𝐍𝐞𝐱𝐭𝐆𝐞𝐧
Program လျှောက်ထားသူ/စိတ်ဝင်စားသူ မိဘများ ၏ Email မှတဆင့် (သို့) SHK & MOH Pages' CB များမှ ပေးပို့သွားပါမည်။

🟦🟪 𝐒𝐌 𝐍𝐞𝐱𝐭𝐆𝐞𝐧 Program -1 အား လျှောက်ထားသူ/စိတ်ဝင်စားသူ မိဘများအနေဖြင့်

✔️ သင်ကြားမည့် ဆရာမများ၏ "နည်းပညာနှင့် အင်္ဂလိပ်ဘာသာစကား - နှလုံးသားနှင့် အနာဂတ် လမ်းညွှန် စကားဝိုင်း" ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် Webinar ကို အခမဲ့ တက်ရောက်ခွင့်ရရှိပါမည်။

✔️ Webinar တွင် သားငယ် သမီးငယ်များ၏ နည်းပညာဆိုင်ရာ သင်ယူမှုများနှင့် ပတ်သက်သော အခက်အခဲများ၊ စိန်ခေါ်မှုများကို SHK Computer Training Center ၏ ပဲ့ကိုင်ရှင် Teacher Su Hlaing Khin နှင့် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးနိုင်ပြီး ထိရောက်သော အကြံပြု လမ်းညွှန်မှုများ ရယူနိုင်ပါမည်။

✔️ Webinar တွင် သားငယ် သမီးငယ်များ၏ အင်္ဂလိပ်ဘာသာစကား သင်ယူရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို
Moving Onward Heights Learning Academy ၏ ပဲ့ကိုင်ရှင် Teacher Moh နှင့် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးနိုင်ပြီး ထိရောက်သော အကြံပြု လမ်းညွှန်မှုများ ရယူနိုင်ပါမည်။

🌻🌻 SM NextGen Program - 1 အကြောင်းအရာ

https://m.facebook.com/story.php?story_fbid=629243913537161&id=100093546742638&mibextid=Nif5oz

မေတ္တာများစွာဖြင့်




Screen Time တွေ အရမ်းများခဲ့တဲ့ကလေးဟာCognitive Skillsသိမှုစွမ်းရည်ကျဆင်းလာတဲ့အတွက် ကျောင်းစာတွေသိရှိနားလည်သဘောပေါက်ဖို့မ...
03/06/2025

Screen Time တွေ အရမ်းများခဲ့တဲ့ကလေးဟာ
Cognitive Skills
သိမှုစွမ်းရည်ကျဆင်းလာတဲ့အတွက် ကျောင်းစာတွေသိရှိနားလည်သဘောပေါက်ဖို့မလွယ်တော့ပါဘူး

Attention ကလည်းမရတဲ့အတွက်သင်ပေးရအရမ်းခက်ခဲပါတယ်

Screen Time အရမ်းများခဲ့ရင် behavioural problems တွေရှိတတ်ပါတယ်
ဒေါသတွေကြီးပြီး ကြမ်းတမ်းလာတတ်ပါတယ်

Screen Time များတဲ့ ကလေးဟာ စာသင်ချိန်
Attention မရတဲ့ကြားထဲ အငြိမ်မနေHyperactive သမားတွေဖြစ်နေတာမို့ အတော်ထိန်းသိမ်းရခက်တဲ့အနေအထားတွေရှိပါတယ်

Screen Time များတဲ့ကလေးတွေဟာ
သိမှုစွမ်းရည် Cognitive Skills ကျဆင်းလာတာကြောင့် စာသင်ရင်နားလည်အောင် ထပ်ခါထပ်ခါသင်တောင်သိပ်သဘောမပေါက်လွယ်ပါဘူး
ADHD သမားနဲ့ တော်တော်လေးဆင်ပါတယ်

သူတို့မှာစိုးရိမ်စိတ်တွေ
စိတ်ဓါတ်ကျတာတွေလည်းရှိလာတတ်ပါတယ်

Problem Solving Skills ကျဆင်းလာပြီး Aggressive behaviour တွေလုပ်လာတတ်ပါတယ်

ကျောင်းစာတွေ ဘယ်မှာသင်သင်မရလာရင် မိဘတွေက ကျောင်းတွေ သင်တန်းတွေကိုအပြစ်မြင်တတ်ကြတယ်

ကလေးတယောက်ဟာ မိဘထားသလိုကြီးပြင်းရတာပါ

မိဘက ph တွေ tablet တွေ ipad တွေပေးပြီးကလေးရဲ့ ဦးနှောက်ကိုမရည်ရွယ်ပဲဖျက်ဆီးခဲ့ပြီးသလိုဖြစ်တဲ့အတွက်

ကိုယ့်သားသမီးစာမရရင် ကိုယ်စိုက်ပျိုးခဲ့တဲ့ အပင်ကိုယ်ရိတ်သိမ်းရခြင်းဖြစ်ကြောင်းသဘောပေါက်ဖို့လိုပါတယ်

Attention လေးပဲ
မရတာမဟုတ်ပါဘူး
သိမှုစွမ်းရည် ကျဆင်းသွားပါပြီ
စာတင်မက ဘာပဲသင်သင်
သင်ယူရတာအရမ်းခက်ခဲပါမယ်

Problem Solving Skills ကျဆင်းလာကာ
Aggressive သမားတွေဖြစ်လာတတ်ပါတယ်
စိုးရိမ်မှုတွေကလည်းများပြီး စိတ်ကျန်းမာရေးအားနည်းလာပါမယ်

Screen Time ပေးများလိုက်ခြင်းဟာ သားသမီးကိုလူ့လောကကိုခေါ်လာပြီး အညွန့်ချိုးလိုက်သူလိုပါပဲ
Crd

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ၁- English (ကမ္ဘာသုံးစကား)၂- Ho...
02/06/2025

တာဝန်ကျေတဲ့ မိဘဆိုတာ ကျောင်းကြီးတွေထားနိုင်မှ မဟုတ်ပါဘူး..

သင့်ကလေးတွေကိုဒါတွေ သင်ပေးထားပါ

၁- English (ကမ္ဘာသုံးစကား)
၂- House chores ( အိမ်အလုပ်)
၃- ငွေကြေးကို ကိုယ်တိုင်စီမံခန့်ခွဲ သုံးစွဲတတ်ဖို့
၄- Need and want (လိုအပ်တာနဲ့ လိုချင်တာ ကွဲပြားစွာ နားလည်ခြင်း)
၅- အရှုံးကိုလက်ခံတတ်ခြင်း
၆- Hardworking ကြိုးစားဖို့
၇- Open minded ( အမြင်ကျယ်ဖို့ သဘောထားကြီးဖို့)
၈- Flexibility (ကာလဒေသအလိုက် လိုက်လျောညီထွေနေတတ်ဖို့)
၉- Good Listener (တစ်ဖက်လူ ပြောတာ နားထောင်တတ်ဖို့)
၁၀- စာဖတ်ဖို့
၁၁- လက်ခံတတ်ဖို့ (ဖြစ်လာတဲ့ ဘယ်အခြေအနေမဆို လက်ခံတတ်ရပါမယ်)
၁၂- မပျင်းဖို့ နဲ့
၁၃- Research လုပ်တတ်တဲ့အကျင့်
၁၄- မိတ်ဆွေအပေါင်းအသင်းနဲ့ ကောင်းမွန်တဲ့
ဆက်ဆံရေး တည်ဆောက်နိုင်ဖို့
၁၅- *****ကိုယ်ကျင့်တရားကောင်းဖို့*****
၁၆- ဘာသာရေး အသိ( do and don’t) လေးတွေ သိဖို့( တချို့ ကလေးတည်းက အရမ်းလိမ်တတ်တာလေးတွေက်ု မရှိအောင်)

ကိုယ်သွားမဲ့လမ်းကြောင်းကို ကိုယ်တိုင်သိရမယ်၊ စိတ်ဓာတ်လည်း ခိုင်မာမယ်ဆို ဘယ်ဒေသရောက်ရောက် ရပ်တည်ဖို့ သိပ်မခက်ဘူး။

ကမ္ဘာကြီးကိုက ပိုခက်ခဲလာတာလေ။

အတန်းပညာလည်း အရေးကြီးပေမဲ့ အပေါ်က ပညာတွေကတော့ workbook တွေထဲ ရှာမရဘူး။ဘဝထဲက အဓိကသင်ပေးရမယ်။

ခုကာလ ကျောင်းမသွားရသေးရင်တော့ အိမ်မှာနေရင်း ဒါတွေသင်ပေးထားပေးဖို့ မမေ့ပါနဲ့။

မတည်ငြိမ်တဲ့ကာလမှာ Survival Skills သင်ပေးရင် အတတ်လွယ်ဆုံးပါပဲ။ ကလေးတွေလည်း သိနေပြီ နဂိုကထက် သူတို့ပိုသန်မာရမယ်လို့။
Group တခုမှ ကူယူပီး တချို့ လိုတာလေးတွေ ထပ်ပေါင်းထားပါတယ်❤️



မူရင်းရေးသားသူကိုလေးစားစွာခရက်တစ်ပေးပါသည်

#ခိုင်ရွှေညှာpage

 #မူကြိုစထားတော့မယ့်မိဘများအတွက်ဖတ်ပေးပါရှင့်ကလေးတိုင်းဖြစ်တတ်တဲ့ Transition Period သဘာဝကို နားလည်စေချင်လို့ပါကလေးတိုင်း...
25/05/2025

#မူကြိုစထားတော့မယ့်မိဘများအတွက်ဖတ်ပေးပါရှင့်
ကလေးတိုင်းဖြစ်တတ်တဲ့ Transition Period သဘာဝကို
နားလည်စေချင်လို့ပါ
ကလေးတိုင်း တိုးတက်မှုနှုန်းမတူပါဘူး
သူတို့ရဲ့စိတ်နေသဘောထား ခံနိုင်ရည် မိဘပံ့ပိုးပေးထားမှု
ကျောင်းပတ်ဝန်းကျင် ပုံစံမတူကြပါဘူး
ဒါကြောင့် မူကြိုစထားခါစကလေး ငိုတဲ့ရက်အနည်းအများ
ကျောင်းပျော်လာဖို့ကြာချိန်တွေ တစ်ယောက်နဲ့တစ်ယောက်
မတူနိုင်ပါဘူးရှင့်

#မူကြိုစပို့ချိန်ကိုယ့်ကလေးဘယ်အမျိုးအစားထဲပါလဲ

Separation Anxiety မိဘနဲ့ခွဲခွါရလို့
မိဘအနားကမကြာခဏ မဝေးဖူးတဲ့ကလေးတွေပါ
အလွန်ဆုံး ၃ရက် - တပတ်လောက်ငိုပြီး ကျောင်းကိုအသားကျလာပါတယ်
တစ်ချို့က မျက်ရည်လေးစမ်းစမ်းနဲ့ ခံနိုင်ရည်ရှိလာပြီး အသားကျလာပါတယ်

Highly Sensitive စိတ်ခံစားမှုများလို့
အသံအရမ်းဆူတာ လူတွေအများကြီးထဲမှာနေရတာ မကြိုက်တာ
ဆရာမ နဲ့ သူငယ်ချင်းအသစ်တွေကို ချက်ချင်းမယုံကြည်တာ
အသစ်တွေ တွေ့ကြုံရတဲ့ စိတ်ရှုပ်ထွေးမှုကြောင့်
အလွန်ဆုံး တပတ် - နှစ်ပတ်လောက်ငိုပြီး တဖြေးဖြေး အသားကျလာပါတယ်

School Environment Issue ကျောင်းပေါ်သက်တောင့်သက်သာ
မဖြစ်သေးလို့
ဆရာမနဲ့ ရင်းနှီးချစ်ခင်မှု Bonding သိပ်မဖြစ်သေးသူတွေ
သူငယ်ချင်းတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ကလေးတွေ
မနက်ကျောင်းပို့ရင်မသွားချင်ဘူး ကျောင်းရောက်ရင်လဲ ပျော်သွားတဲ့သူတွေပါ
အလွန်ဆုံး ၂ပတ် - တလလောက် ကြာတတ်ပါတယ်
နောက်ပိုင်း ယုံကြည်မှုတိုးလာပြီး ကျောင်းပျော်လာပါတယ်

Family Stress မိသားစုကြောင့်စိတ်ဖိစီးလို့
ညီကိုမောင်နှမတွေကြောင့် မောင်နှမအသစ်မွေးထားတာကြောင့်
အိမ်မှာချစ်တာအပြည့်အဝရတယ်လို့ မခံစားရရင်
ကျောင်းမှာကော အိမ်မှာကော ငိုတာ စိတ်တိုတာဖြစ်ပါတယ်
ဉပမာ အိမ်ပြောင်းရွေ့ထားတာမကြာသေးလို့ အိမ်မှာပြောင်းလဲမှုတစ်ခုခု
ကြုံနေရတာမျိုးတွေကြောင့်လဲဖြစ်တတ်ပါတယ်

#မူကြိုစထားကလေးရင်ဆိုင်ရတဲ့စိတ်ခံစားမှု၃မျိုး
Separation Anxiety ခွဲခွါစိုးရိမ်မှု
Adjustment Phase ကျောင်းချိန်အတွင်း အံဂွင်ဝင်ကျလှုပ်ရှားတတ်မှု
Comfort & Enjoyment Phase ကျောင်းအပေါ်စိတ်သက်သာပျော်ရွှင်မှု
ကလေးငိုတဲ့အပေါ်မူတည်ပြီး
၃ရက် - ၁ပတ် ထိငိုတဲ့ကလေး ၄၀%
၁ပတ် - ၃ပတ် ထိငိုတဲ့ကလေး ၄၅%
၃ပတ် - ၂လ ထိငိုတဲ့ကလေး ၂၀% လောက်ရှိပါတယ်

၂လ - ၆လထိငိုနေရင်တော့
Highly Emotional & Introverted ဖြစ်တဲ့ကလေးပါ
ကျောင်းအပြင်အခြားလိုအပ်တဲ့support လိုတဲ့ကလေးဖြစ်ပါတယ်

မူကြိုစပို့ကတည်းကလုံးဝမငိုတာ
မိဘမပါပဲ အသစ်တွေကို လွယ်လွယ်လက်ခံနိုင်တဲ့
စူးစမ်းလိုစိတ်ပြင်းတဲ့ကလေးဖြစ်ပါတယ် ယုံကြည်မှုရှိပြီး
ကျောင်းကိုကြောက်စိတ်မရှိ စိတ်ခံစားမှု Anxiety နည်းပြီး
New Environment Adaptability မြင့်တဲ့အသစ်အားလုံးလက်ခံနိုင်တဲ့
ကလေးတွေပါ social skills ပါတော်တော်အဆင်ပြေချောမွေ့သူတွေပါ

ချွင်းချက်
ကျောင်းမှာတက်တာကြာပြီး အားလုံးနဲ့အဆင်ပြေနေပါရက်နဲ့
ကျောင်းမသွားချင်စိတ်ဖြစ်လာတဲ့ ကလေးတွေရှိပါတယ်
အဲ့ဒါက ကျောင်းဆီကသင်ယူစရာသင်ခန်းစာတွေပျင်းစရာဖြစ်လာတာမျိုးပါ
Creative Learning မပါပဲနေ့စဉ် Repetitive Taskတွေများတဲ့ သင်နည်းတွေဆို
စူးစမ်းလိုစိတ်မြင့်တဲ့ကလေးအတွက် အဆင်မပြေဖြစ်တတ်ပါတယ်

အရေးကြီးတဲ့အချက်
ကလေးငိုလွန်းလို့
ကျောင်းမှာထားခဲ့လို့မရအောင် မိဘပေါ်ဖက်တွယ်ကုပ်ထားလို့
ညအိပ်ယာပေါ် အိမ်မက်ဆိုးမက်တဲ့အထိဖြစ်နေလို့
ငိုတာကြာရင်စိတ်ဒဏ်ရာရနိုင်တယ်တို့
စတဲ့အချက်တွေကြောင့် ကျောင်းထုတ်တာ မလိုအပ်တဲ့ဆုံးဖြတ်ချက်ပါ
ကလေးကတခုခုပေါ်စိုးရိမ်မှုရှိတဲ့အတွက် ငိုတာမို့
အနည်းဆုံး ၁လ၂လစောင့်ကြည့်ပြီးမှ ကျောင်းနဲ့ကလေး
Learning Style ကိုက်ညီမှုရှိမရှိ ပြန်သုံးသပ်စေချင်ပါတယ်
ငိုလို့ထုတ်တာက ကလေးစိတ်ထဲမှာ ငိုရင်မတက်ရတော့ဘူး မှတ်ထားပြီး
နောက်တစ်ကျောင်းပြောင်းပို့လဲ ဒီပုံစံအတိုင်းပဲ လာပါလိမ့်မယ်
မိဘတွေက ကျောင်းကိုချစ်တတ်အောင် ပျော်စရာဖြစ်ကြောင်း
နေ့စဉ်ပြောပြပေးဖို့လိုပါတယ်

ကျောင်းအပေါ်အပြစ်တင်မှု
ကလေးကျောင်းမပျော်လိုငိုတာ ရက်နဲနဲကြာလာတာနဲ့
ကလေးကိုဂရုမစိုက်လို့လား
ဆရာမက ကလေးကိုမချစ်တာလား
ဆရာမက ကလေးစိတ်နားမလည်တာလား
ကျောင်းကပျော်စရာမရှိတာလား
စတဲ့အတွေးတွေဝင်တတ်ပါတယ်
မိဘ-ကျောင်း-ဆရာမ တွေ့ဆုံဆွေးနွေးပြီး
ကလေးကိုပံ့ပိုးပေးဖို့ပဲလိုတာပါ အမြဲလိုလိုကျောင်းပြောင်းတာက
ကလေးအတွက် သင်ကြားရေးပါ လုံးဝအဆင်မပြေတော့ပါ

#ကလေးကကျောင်းမသွားချင်လို့လိမ်ပြောတာ
ဆရာမကရိုက်တယ် ဆိုးတယ်
အခန်းထဲထည့်ပိတ်တယ် စသည်ဖြင့်ပြောလိုက်ရင် ချစ်တဲ့စိတ်ကြောင့်
ချက်ချင်းယုံတတ်ကြပါတယ် ကလေးကမလိမ်တတ်ဘူးဆိုတဲ့
သဘောထားရှိတဲ့အတွက် ကျောင်းကိုအမှားမြင်နိုင်ပါတယ်
ချက်ချင်းမယုံပဲ ကျောင်းနဲ့အတည်ပြုချက်ယူသင့်ပါတယ်
ကလေးလိမ်တာဟာ မိဘကိုစမ်းသပ်တာပါ ကျောင်းထုတ်လိုက်ရင်
ကလေးကအလုပ်ဖြစ်သွားတာပဲ ထင်ပါလိမ့်မယ်
နောက်ပိုင်း တခြားကျောင်းပြောင်းလဲ ကလေးဆီကမတူတဲ့စကားတွေ
ထပ်ကြားရနိုင်ပါတယ်

မလုပ်သင်တဲ့ရှောင်ကျဉ်စရာများ
ကလေးငိုလို့မိဘပါကလေးရှေ့မျက်ရည်မကျမိစေနဲ့
ကလေးကကျောင်းကိုပိုမယုံကြည်ဖြစ်တတ်ပါတယ်

ကလေးငိုလို့ ကျောင်းပို့လိုက်ပျက်လိုက်မလုပ်ပါနဲ့
အခြေအနေပိုဆိုးသွားပါတယ်

ကျောင်းပို့ပြီး နုတ်မဆက်ပဲဆရာမလက်ထဲအတင်းထည့်ပြေးထွက်တာ
လုံးဝမလုပ်ပါနဲ့ ကလေးကစွန့်ပစ်တယ်ခံစားချက်ဖြစ်ပြီး
အခြေအနေပိုဆိုးစေပါတယ်
နုတ်ဆက်ပါ ချစ်တယ်ပြောပါ ဘယ်အချိန်လာကြိုမယ်
အသေအချာပြောပါ

ဆရာမနဲ့ခြိမ်းခြောက်တာမျိုးလုံးဝမလုပ်ပါနဲ့
ဆရာမကိုတိုင်လိုက်ရမလား
ဆရာမရှိတယ်နော် ဆူလိမ့်မယ်နော်
ဆရာမရိုက်လိမ့်မယ်နော်
ပြောမရရင်ရိုက်ပါဆရာမ တချို့မိဘတွေပြောတတ်ကြတယ်
ကလေးစိတ်မှာ ဆရာမကဒုက္ခပေးသူသတ်မှတ်နိုင်ပါတယ်
ဆရာမကိုကြောက်စရာအဖြစ်သတ်မှတ်လာပါတယ်
ဆရာမကို ဒဏ်ခတ်သူလို သုံးခြင်း ရှောင်ကျဉ်ပေးပါ

အဓိကမိဘက ကျောင်း-ကလေး-ဆရာမ အားထားမှု ချစ်ခြင်းမေတ္တာ
ဖြစ်လာအောင်ပဲ သင်ပေးရမှာဖြစ်ပါတယ်

မေတ္တာဖြင့်
Tr Phyu Sin Hlaing

25/05/2025

📝မူကြိုကျောင်းသားသစ်လက်ခံနေပါပြီ📝

🚨လူဦးရေကန့်သတ်ချက်ဖြင့်သာလက်ခံပါမည်🚨

Super kidsလေးတို့ရေ🥰1.3.2025(စနေနေ့)ကစပြီးကျောင်းပြန်ဖွင့်ပါပြီနော်မူကြိုတန်းလေးကတော့3.3.2025(တနင်္လာနေ့)မှာပြန်ဖွင့်ပါမ...
27/02/2025

Super kidsလေးတို့ရေ🥰
1.3.2025(စနေနေ့)ကစပြီးကျောင်းပြန်ဖွင့်ပါပြီနော်
မူကြိုတန်းလေးကတော့3.3.2025(တနင်္လာနေ့)မှာပြန်ဖွင့်ပါမယ်ရှင့်
အတန်းချိန်များကိုတော့viber groupထဲမှာပို့ပေးထားပါမယ်နော်

25/01/2025

Grade-1 Review vocabulary by asking quiz

#တစ်မိုက်သာ

 #အလုပ်ခေါ်Post📢Vacancy Announcement!🏫SUPER KIDZ EDUCATION Center🏫မှ👧👦KG,Grade1,2,3,4,5,6,7ထိသင်ကြားနိုင်သော👩‍🎓ဆရာမတစ်ဦး...
06/01/2025

#အလုပ်ခေါ်Post
📢Vacancy Announcement!
🏫SUPER KIDZ EDUCATION Center🏫မှ
👧👦KG,Grade1,2,3,4,5,6,7ထိသင်ကြားနိုင်သော
👩‍🎓ဆရာမတစ်ဦးလိုအပ်နေပါသည်📣
🎓Qualifications required🎓
🍀 တက္ကသိုလ်တခုခုမှဘွဲ့ရထားရမည်။

🍀ညှိနှိုင်းပူးပေါင်းလုပ်ဆောင်တတ်ရမည်။

🍀ကလေးချစ်တတ်ပြီး စိတ်ရှည်သည်းခံတတ်သူဖြစ်ရမည်။

🍀သင်ကြားရေးကိုအမှန်တကယ်ချစ်မြတ်နိုးရမည်။

🍀Basic English ပြောတတ်ရမည်။

🍀ရေရှည်လက်တွဲနိုင်သူဖြစ်ရမည်။

💵လစာ-ညှိနှိုင်း(အရည်အချင်းပေါ်မူတည်)
📲Contact-09444544496

ကလေးတွေကို ချစ်ရင် ......ခိုင်းပါ ။👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍ကလေးတွေကို အသက်အရွယ်အလိုက် တကိုယ်ရေ အလုပ်-အိမ်အလုပ်တွေကို လုပ်ခိုင...
05/11/2024

ကလေးတွေကို ချစ်ရင် ......ခိုင်းပါ ။
👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍

ကလေးတွေကို အသက်အရွယ်အလိုက် တကိုယ်ရေ အလုပ်-
အိမ်အလုပ်တွေကို လုပ်ခိုင်းသင့်ပါတယ် အဲဒီလို လုပ်ခိုင်းခြင်းအားဖြင့် သူတို့ကို Basic Life Skillsအတွက် လေ့ကျင့် သင်ကြားပေးပြီးသား ဖြစ်သလို

နောင်တချိန် ကြီးပြင်းလာလို့ မိဘနဲ့ အတူမရှိခဲ့ဘူး ဆိုရင်လည်း သူတို့ ကိုယ်ပိုင်စီမံခန့်နိုင်မှာ ဖြစ်ပါတယ်။

နောက်ကောင်းတဲ့ အချက်က
အိမ်အလုပ် တကိုယ်ရေ ကိစ္စများကို ကိုယ်ပိုင်ပေးလုပ်ခြင်းအားဖြင့် ရင့်ကျက်မြန်စေပြီး တာဝန်ယူတတ်လိုစိတ်ကို ပိုရှိလာစေမှာပါ။

တကိုယ်ကောင်းဆန် ဗိုလ်ကျချင်စိတ်တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ် ငယ်သေးလို့ဘာမှမလုပ်သင့်သေးဘူးလို့ မယူဆပါနဲ့ အသက်အရွယ်အလိုက် နဲနဲချင်းစီ ဖြေးဖြေးစီ သင်ပေးသွားလို့ရပါတယ် ။

အလုပ်တွေကို ဝိုင်းလုပ်ခိုင်းခြင်းဖြင့် အလုပ်လုပ်ချင်စိတ် ရှိအာင် အစပြုပျိုးထောင်ပေးပြီး
မိမိကိုယ်ကို self-confidence ရှိအောင် လေ့ကျင့်ပေးပြီး ဖြစ်သလို မိသားစုစိတ်ဓာတ်ကို ပိုမို ရှိစေမှာလည်း ဖြစ်ပါတယ်။

အသက် ၂-၃ နှစ်
""""""""'''"""""""""
-အရုပ်တွေကို ကစားပြီးရင် သိမ်းခိုင်းပါ။
-မှောက်ကျ ဖိတ်ကျနေတာတွေကို ဝိုင်းသုတ်ခိုင်းပါ။
-အိမ်က ဖုံတွေ ဝိုင်းသုတ်ခိုင်းပါ။
-အစာစားပြီးရင် ဝိုင်းသိမ်းခိုင်းပါ။
-ညစ်ပတ်တဲ့ အဝတ်တွေကို အဝတ်ခြင်းထဲ ထည့်ခိုင်းပါ။

အသက် ၄-၆ နှစ်
""""""""""""""""""
-ကိုယ့်အိပ်ရာ ကိုယ်သိမ်းခိုင်းပါ။
-အဝတ်လျော်ပြီးသားတွေကို ဝိုင်းခေါက်ခိုင်းပါ။
- အိမ်မွေးတိရစ္ဆာန်တွေကို အစာဝိုင်းကျွေးခိုင်းပါ။
-ထမင်းစားပွဲ ကူခင်းခိုင်းပါ။
-ပန်းပင် ရေ ဝိုင်းလောင်း ခိုင်းပါ။

အသက် ၇-၉ နှစ်
""""""""""""""""""
-ကိုယ်ပိုင်နှိုးစက်ပေးပြီး ထခိုင်းပါ။
-ကျောင်းသွားရင်ယူသွားဖို့ ထမင်းဘူး ကိုယ်တိုင်ပြင်ခိုင်းပါ။
-ပိုက်ဆံကို စီမံခန့်ခွဲတတ်အောင် သင်ကြားပေးပါ။
-အဝတ်လျော်ပြီး အင်္ကျီ ဝိုင်းခေါက်စီခိုင်းပါ။
-ဓါးသေးသေးသုံးပြီး ဟင်းနဲနဲ စမ်းချက်ခိုင်းပါ။
-အဝတ်ကို လျော်စက်နဲ့ ဘယ်လိုလျော်ရမလဲ သင်ပေးပါ။

အသက် ၁၀ နှစ် နှင့်အထက်
"""""""""""""""""""""""""""""
-အဝတ်လျော်စက် ခြောက်စက်ကို
ဘယ်လို သုံးရမလဲ သိသင့်နေပါပြီ။
-ခြံနဲ့နေသူများ မြက်ဝိုင်းရိတ်ခိုင်းပါ။
-အိမ်မှာ လျှပ်စစ်ပစ္စည်း ကွန်ပြူတာ
တခြားပျက်တာတွေ ဝိုင်းပြင်ခိုင်းပါ။
-မိသားစု ခရီးသွားမယ်ဆို ကုန်ကျစရိတ် ဝိုင်းစဉ်းစား စီမံခိုင်းပါ။
-ဟင်းကိုကိုယ်ပိုင်ချက်တတ်အောင် သင်ထားပေးပါ။
-ကားရေဆေး တတ်အောင် သင်ထားပေးပါ။
-ကိုယ်သုံးတဲ့ ပိုက်ဆံကို ရှာတတ်အောင် part-time အလုပ်လုပ်ခိုင်းပါ သို့ အလုပ်လုပ်ခိုင်းရင် မုန့်ဖိုးပေးပါ။

မိဘတွေက ဘာမှ မခိုင်းရက်လို့
အိမ်မှာ မိဘကပဲလုပ်ပေးတာ အခိုင်းအစေတွေ လုပ်ပေးတာ အခန့်သားနေပြီး ကြီးပြင်းလာတာ ဘာအလုပ်မှမလုပ်ဖူးတဲ့ ကလေးတွေဟာ
ကိုယ့်ဘာသာ နေရစီမံခန့်ခွဲရမယ်ဆိုရင်
များသောအားဖြင့် အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျတာတွေ ကြုံတွေ့ရပါတယ်။

အထူးသဖြင့် တခြားနိုင်ငံမှာ ကျောင်းသွားတက် စာသွားသင် အလုပ်သွားလုပ်ရမယ်ဆို ဘာမှ မချက်တတ်လို့ နေ့တိုင်းခါက်ဆွဲပြုတ်လဲ ဘယ်သူမှ ရေရှည် မစားနိုင်ကြပါဘူး။ အပြင်မှာပဲ အမြဲစားရတာလည်း ငြီးငွေ့ဖို့ကောင်းလှပါတယ် အိမ်ဖော်ကိုလည်း နိုင်ငံခြားမှာ အတူတူခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ကိုယ့်တကိုယ်ရေ တကာယအလုပ်ကို ကိုယ်တိုင်လုပ်တတ်မှ ဖြစ်မှာပါ။

ကျောင်းတဖက်နဲ့ part-time အလုပ် လုပ်ရမယ်ဆိုလည်း အိမ်အလုပ်ဝိုင်းကူပေးနေကြသူတွေဟာ ပိုမိုအကွက်မြင်ပြီး အလုပ်ထဲမှာ လိုက်လျောညီထွေစွာနေတတ်လုပ်တတ်
ကြပါတယ်။

ငယ်စဉ်ကတည်းက အသက်အရွယ်အလိုက်ဖြေးဖြေး သင်ကြားပေးသွားခြင်းဖြင့် indepedence & mature မြန်မြန်ဖြစ်စေမှာ ဖြစ်ပါတယ်။

မိဘနဲ့ နောင်တချိန် အတူမနေရလည်း Basic Life Skills တွေ တတ်ထားရင် ကိုယ့်ဘာသာ အောင်အောင်မြင်မြင် နဲ့ survive ဖြစ်နိုင်ကြမှာပါ။

မေမေတို့ရော ကလေးတွေကို အိမ်အလုပ် တကိုယ်ရေတကာယ အလုပ်လုပ်ခိုင်းကြပါသလား။

လုပ်ခိုင်းသင့်တယ်လို့ကော ထင်ပါသလား မန့်ခဲ့ပေးပါအုံးနော်

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မေတ္တာဖြင့်


from America

credit: :original uploader

Address

B. E. H. S Tamike Thar Road
Myingyan

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SUPER KIDZ Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share