17/04/2026
ထွန်း မူကြို - မြိတ်
ရန်ကင်းကျောင်းလမ်း ၊ ပိတောင်ပင်လမ်းဆုံအနီး ၊ ကန်ဖျားရပ် ၊ မြိတ်မြို့။
17/04/2026
04/04/2026
ထွန်းမူကြို ကျောင်းရဲ့ သင်္ကြန်ပွဲ ကို ( 10-4-2026)
သောကြာနေ့မှာ ပြုလုပ်မှာမို့ သားသားမီးမီးလေးများ ကို ကျောင်းသို့ မနက် ၉ နာရီအရောက်ပို့ပေးပါရှင့်
အကျင်္ီ အပို ၊ တီချယ်မီးပေးထားသော ရေပြွန် လေး ထည့်ပေးပါ
ထမင်းချိုင့် မထည့်ပေးပါနဲ့ရှင့်
ကျောင်းမှ ကျွေးပါမယ်ရှင့်
ကျောင်းဆင်းပွဲ ဓါတ်ပုံများ လည်း တစ်ခါတည်း ရပါမယ်ရှင့်
Happy Birthday ပါသားလေး ခေတ်ထူးဉာဏ်လေးရေ
သားလေးရဲ့ ဘဝတလျှောက်လုံး ကျန်းမာပျော်ရွှင်ပြီး လိုရာပန်းတိုင်လျှောက်လှမ်းနိုင်ပါစေ သားရေ
သူငယ်ချင်း များနဲ့ တီချယ်တို့ကို ကြက်ဆီထမင်း၊ အအေး နှင့် မွေးနေ့ကိတ် ကျွေး တဲ့ ဖေဖေမေမေတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
29/03/2026
ထွန်း အဆင့်မြင့်မူကြို ကျောင်းဆင်းဂုဏ်ပြု ပွဲလေး
မှာ အစစအရာရာ ပူးပေါင်းပါဝင်ပေးကြသော မိဘများ ၊ သားသားမီးမီးလေးများ နှင့် တီချယ်များ အားလုံးကို တီချယ်မီးမီး မှကျေးဇူးအများကြီးတင်ပါတယ် ရှင့်🙏
ကျေးဇူးတင်စကား ပြောကြားပေးပါသော မူကြို ဖွင့်တည်းကနေ အခုထိ တူ၊ တူမ များနှင့် သားသားတွေအထိ ယုံကြည်စွာ အပ်နှင်းပေးပါသော မအိ
Ei Thawdar Han ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့် ❤️
ပွဲလေး စည်သွားအောင် ကပြဖျော်ဖြေပေးသော မေမေများ ၊ သီချင်းဆိုပေးသော မေမေ များနှင့် ပွဲမှာ လှလှလေးကပြသောတီချယ်များ ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့် ❤️❤️
ကလေးများရဲ့ အနာဂတ် တောက်ပဖို့ ထွန်းမူကြို မှာ အပ်နှံကြပါစို့ ❤️❤️
ထွန်းအဆင့်မြင့်မူကြို
22/03/2026
ပျော်စရာကောင်းလှတဲ့ ကလေးတို့ရဲ့ ဘဝလေးများ
စာသင်တစ်နှစ်ပြီးဆုံးခါနီးဆိုတော့ တီချယ်မီးတို့နဲ့ ခွဲရတော့မှာပေါ့ ကလေးတို့ရေ ❤️
ခုထိ လမ်းမှာတွေ့လည်း တရိုတသေ နှုတ်ဆက်ကြတဲ့ သားတွေ သမီးတွေလည်း အများကြီး
ခုထိ ပညာထူးချွန်ကြလို့ တီချယ်တို့ အောက်ခြေ ခိုင်အောင် သင်ပေးလို့ ပြော တဲ့ တပည့်လေးတွေရဲ့ ပီတိစကားသံလေးတွေက ဘာနဲ့ မှ အစားထိုးမရတဲ့ တီချယ်မီး တို့ရဲ့ ပျော်ရွှင်မှုပါပဲ ကလေးတို့ရယ် ❤️❤️
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yankin Kyaung Road, Kanphyar Quarter
Myeik
271092