Aung Myint Mo Dhamma Center

Aung Myint Mo Dhamma Center

Share

အောင်မြင့်မိုရ်ဓမ္မရိပ်သာ၊ ကဘင်းရွာ၊ မြိတ်မြို့
☎️ = 09403463577
= 09779403276 Myeik

21/05/2026

အဆုံးစွန်ချမ်းသာ
🪷🪷🪷🪷🪷🪷
21.5.2026

ကိုယ့်ရဲ့စိတ်ကို အဆုံးစွန်ယဉ်ကျေးဖို့
ဆိုတာ သီလတရားကိုအခြေခံပြီးတော့
ဝိပဿနာအလုပ်ကို ကြိုးစားလုပ်မှသာ
ရလိမ့်မယ်ဆိုတာ နားလည်ရမယ်။
စိတ်ကအဆုံးစွန်ယဉ်ကျေးသွားရင်
အဆုံးစွန်ချမ်းသာသုခနဲ့ ပြည့်စုံလိမ့်
မယ်။

Photos from Aung Myint Mo Dhamma Center's post 17/05/2026

ညအထူးတရားအလှူတော်ကြီးပြီးစီး
အောင်မြင်သွားပါပြီ
☸️☸️☸️☸️☸️☸️☸️
17.5.2026
ယနေ့ည ( ၇ ) နာရီ အချိန်တွင်
မြိတ်မြို့၊ ဝန်မယ်ရွာ၊ မိုးကုတ်ဝိပဿနာ
ဝန်မယ်ရိပ်သာ၌ တရားချစ်ခင်စိတ်ကောင်း
ဝင်ကြသော သူတော်ကောင်းတို့အား
အောင်မြင့်မိုရ်ဓမ္မရိပ်သာ ဆရာတော်
ဒေါက်တာ အရှင်ခေမက ဟောကြား
ပေးလှူအပ်သော ညအထူးတရား
အလှူ‌တော်ကြီး အောင်မြင်စွာပြီး‌မြောက်
ခဲ့ပါသည်။

🗓️ နေ့ရက် 17.5.2026
⏰ ည ၇း၀၀ မှ ၈း၀၀ အထိ
🏫 မိုးကုတ်ဝိပဿနာဝန်မယ်ရိပ်သာ
ဝန်မယ်ကျေးရွာ၊ မြိတ်မြို့။

17/05/2026

ညအထူးတရားအလှူကိုပေးလှူမည်
☸️☸️☸️☸️☸️☸️☸️☸️☸️☸️

ယနေ့ည ( ၇ ) နာရီ အချိန်တွင်
မြိတ်မြို့၊ ဝန်မယ်ရွာ၊ မိုးကုတ်ဝိပဿနာ
ဝန်မယ်ရိပ်သာ၌ အောင်မြင့်မိုရ်ဓမ္မရိပ်သာ
ဆရာတော် ဒေါက်တာ အရှင်ခေမကမှ
တရားချစ်ခင်စိတ်ကောင်းဝင်ကြသော
သူတော်ကောင်းတို့အား ညအထူး
တရားအလှူကို ပေးလှူမည်ဖြစ်ပါ‌ကြောင်း
အသိပေးအပ်ပါသည်။

🗓️ နေ့ရက် 17.5.2026
⏰ ည ၇း၀၀ မှ ၈း၀၀ အထိ
🏫 မိုးကုတ်ဝိပဿနာဝန်မယ်ရိပ်သာ
ဝန်မယ်ကျေးရွာ၊ မြိတ်မြို့။

Photos from Aung Myint Mo Dhamma Center's post 17/05/2026

ဒုတိယအကြိမ် နံနက်ပိုင်းပဋိစ္စသမုပ္ပါဒ်
တရားအလှူတော်
☸️☸️☸️☸️☸️☸️☸️☸️☸️
17.5.2026

16/05/2026

ပစ္စည်းလေးပါးအလှူတော်
1️⃣6️⃣🌻5️⃣🌻2️⃣0️⃣2️⃣6️⃣

ကိုဖြိုးဖြိုးအောင် + မရွှေရည်ဝင်း
သား- မောင်သုတဖြိုးအောင်
သမီး- မမေမြန်မာသစ်
#နီဒူရင်းသီး‌‌ရောင်းဝယ်ရေးမိသားစု
မြိတ်မြို့ မှ
​အောင်မြင့်မိုရ်ဓမ္မရိပ်သာ၌ ပစ္စည်းလေး
ပါးလိုအပ်ရာရာအသုံးပြုနိုင်ရန်အတွက်
အလှူတော်ငွေ - ၁၅ သိန်းကျပ်တို့ကို
မြတ်သောနိဗ္ဗာန်ကိုရည်မှန်း၍
လှူဒါန်းကြပါသည်။

🪴 မြတ်ဆုမွန် 🪴
ဤကောင်းမှုကြောင့် အလှူ့ရှင် မိသားစုတို့သည်
🌸ကောင်းကျိုးချမ်းသာ လိုရာဆန္ဒ မှန်သမျှ ပြည့်
ဝကြပါစေ။
🌸ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ။
🌸ဤကုသိုလ်သည် မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်
အပံ့ ဖြစ်ပါစေသတည်း။

🌹ဤကောင်းမှု့၏အဖို့ဘာဂကို
၃၁ ဘုံသားတို့အားလုံး မြင်နိုင် ကြားနိုင် သာဓုခေါ်
ဆိုနိုင်ကြ၍ ချမ်းသာခြင်းခံစားနိုင်ကြပါစေ။
✨🙏 သာဓု...သာဓု...သာဓု...🙏✨

🍂နိဗ္ဗာန်အကျိုးမျှော်၍
Khe Ma Ka
Myint Mo Dhamma Center
#အောင်မြင့်မိုရ်ဓမ္မရိပ်သာ
ကဘင်းရွာ၊ မြိတ်မြို့။
🟥 ဆက်သွယ်လှူဒါန်းနိုင်သော
Kpay
မခိုင်ခိုင်ဝင်း
KHINE KHINE WIN
Kpay - 00753180807

☎️ = 09403463577
☎️ = 09779403276

Photos from Aung Myint Mo Dhamma Center's post 16/05/2026

နံနက်ပိုင်း သစ္စာတရားအလှူတော်
☸️☸️☸️☸️☸️☸️☸️☸️☸️☸️
16.5.2026
မြိတ်မြို့၊ မိုးကုတ်ဝိပဿနာဝန်မယ်ရိပ်
သာကြီးတွင် နံနက်ပိုင်းပဋိစ္စသမုပ္ပါဒ်တရား
တော်တို့ကို စာဘူးတောင်းဆရာတော်ကြီး၏
မေတ္တာဓာတ်ကိုခံယူလျက် ယောဂီအပေါင်း
သူတော်ကောင်းတို့အား ဟောကြားပေးလှူ
ခွင့်ရခဲ့ပါတယ်။

🪷သတ္တဝါခပ်သိမ်း၊ တရားကိမ်း
အေးငြိမ်းချမ်းသာကြပါစေ။

#ဆရာတော်ဒေါက်တာအရှင်ခေမက

Photos from Aung Myint Mo Dhamma Center's post 10/05/2026

အထက ၂ grade 12 ကျောင်းသား
ကျောင်းသူများရဲ့ပစ္စည်းလေးပါအလှူတော်
ဖြစ်ပါသည်။
ဤကောင်းမှုကြောင့် ကျောင်းသား
ကျောင်းသူများ ကောင်းကျိုးချမ်းသာ
ရပါစေ။

07/05/2026

သေရမဲ့ ဘဝကို
အကောင်းထင်နေတာဟာ
နည်းတဲ့ မိုက်မဲမှုလား
သေရမဲ့ ဘဝဟာ
ဒုက္ခကလွဲလို့ဘာမှ မဖြစ်နိုင်ဘူး။

ဒါပေမဲ့ သေခြင်းကို
တကယ်မသိကြတော့
သေရမဲ့ဘဝကိုပဲ "သူကဘာ ငါကဘာ"နဲ့ အမျိုးမျိုး
ထင်နေကြတာ။

ကြက်ခြင်းထဲက
ကြက်တွေလိုပဲ အသတ်ခံဖို့
သွားနေတာကို မသိကြတော့ မာန်တက်ပြီး
တွန်တဲ့ကြက်က တွန် ဟန်ပျက်ပြီး အချင်းချင်း
ဆိတ်တဲ့ကြက်က ဆိတ် ဖြစ်ချင်တိုင်းဖြစ်နေကြတာ

ဘဝတူတွေ
တစ်လှေထဲစီး
တစ်ခရီးထဲသွားတွေလို့
အမှန်မှ မသိကြဘဲကို မြတ်စွာဘုရားက့့့့့

ပရစေ န ဝိဇ်ဇာနန်တိ မယမတျထေ ယမာမသေ
ရေစ တထ္ထ ဝိဇာနန္တိ တတော သမ္မန္တိမေဓဂါ တဲ့

သေခြင်းကိုမသိလို့ မာန်တက်နေကြတာ
သေခြင်းကိုမသိလို့ ငြင်းခုံနေကြတာ
သေခြင်းကိုမသိလို့ ရန်ဖြစ်နေကြတာ

သေခြင်းကိုသိရင် မာန်လည်းတက်မှာမဟုတ်ဘူး
ငြင်းလည်းငြင်းမှာမဟုတ်ဘူး ရန်လည်းဖြစ်မှာ
မဟုတ်ဘူးတဲ့

သေချာတယ် လောကဟာ သေခြင်းကိုတကယ်မသိဘူး။

Photos from Aung Myint Mo Dhamma Center's post 03/05/2026

ယနေ့ ပစ္စည်းလေးပါး အလှူဒါနပြုကြ
သော သူတော်ကောင်းများ ဘေးရန်
ကင်းလို့ ကောင်းကျိုးလိုရာပြည့်ဝကြ‌ပါစေ
ဆင်းရဲကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း
အထောက်ပံ့ဖြစ်ကြပါစေလို့ ဆုတောင်း
မေတ္တာများပို့သအပ်ပါသည်။

01/05/2026
30/04/2026

ကဆုန်လပြည့်နေ့ထူးနေ့မြတ်အခါသမယ၌
အောင်မြင့်မိုရ်ဓမ္မရိပ်သာ သို့ ဘုရားဖူး
လာရောက်ကုသိုလ်ပြုကြကုန်သော
သူတော်ကောင်းများအားလုံး ဘေးရန်
ကင်းကွာချမ်းသာကြပါစေ၊ ကောင်းကျိုး
လိုရာဆန္ဒများလည်းပြည့်ဝကြပါစေလို့
ဆုတောင်းမေတ္တာများပို့သအပ်ပါသည်။

Want your school to be the top-listed School/college in Myeik?

Click here to claim your Sponsored Listing.

Location

Category

Address


Myeik