16/06/2026
လုံခြုရေးနှင့် သန့်ရှင်းရေး ဝန်ထမ်းများကို မြိတ်မြို့ရှိ ILBC International School မှ ခေါ်ယူနေပါသည်။
▐ General Worker (Male) - လုံခြုံရေးဝန်ထမ်း (အမျိုးသား)အဖြစ် လျှောက်ထားသူများအနေဖြင့်
🟢 ကျောင်းသူ၊ ကျောင်းသားများအား ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပေးရပါမည်။
🟢 ကျောင်းဝန်းအတွင်းရှိ အဆောက်အဦနှင့် ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် စောင့်ကြည့်ပေးရပါမည်။
🟢 ကျောင်းတွင်းသို့ လာရောက်လည်ပတ်သူများအား ဂရုတစိုက် ကူညီပေးနိုင်ရပါမည်။
🟢 ကျောင်းသို့လာရောက်သည့်ကားများအတွက် ယာဥ်ကြောရှင်းလင်းပေးရာတွင်လည်း ကူညီလုပ်ကိုင်ပေးနိုင်ရပါမည်။
🟢 ကျန်းမာရေးကောင်းမွန်ပြီး တက်ကြွဖျတ်လတ်သူ ဖြစ်ရပါမည်။
🟢 အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိရပါမည်။
🟢 တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အချိန်မှန်သူဖြစ်ရမည်။ ကျောင်းမှချမှတ်ထားသော စည်းကမ်းများကို အလေးထား လိုက်နာနိုင်သူ ဖြစ်ရပါမည်။
🟢 လုံခြုံရေးလုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးခေါ်ယူပါမည်။
────────────────
▐ General Worker (Female) - သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး)အဖြစ် လျှောက်ထားသူများအနေဖြင့်
🟡 ကျောင်းစာသင်ခန်းများ၊ ရုံးခန်းများ၊ စင်္ကြံများနှင့် ကျောင်းဝန်းအတွင်းရှိ နေရာအသီးသီးကို တာဝန်ကျသည့်အတိုင်း နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။
🟡 မှန်များ၊ ပရိဘောဂများနှင့် စာသင်ခုံများကို အမြဲမပြတ် သန့်ရှင်းနေစေရန်၊ အနံ့အသက်ကောင်းမွန်စေရန်အတွက် ဂရုစိုက် သန့်ရှင်းပေးရပါမည်။
🟡 ကျောင်း၏ သန့်ရှင်းသပ်ရပ်မှုကို အမြဲထိန်းသိမ်းပေးခြင်းကို ဆောင်ရွက်ပေးရပါမည်။
🟡 သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်ပြီး လုပ်ငန်းခွင်တွင် စိတ်ရှည်ပေးနိုင်သူ ဖြစ်ရပါမည်။
🟡 သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ အသုံးပြုတတ်ရပါမည်။
🟡 အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိရပါမည်။
🟡 တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အချိန်မှန်သူဖြစ်ရပါမည်။ ကျောင်းမှချမှတ်ထားသော စည်းကမ်းများကို အလေးထား လိုက်နာနိုင်သူ ဖြစ်ရပါမည်။
────────────────
အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
ꪜ ကိုယ်ရေးအကျဥ်း
ꪜ ရောင်စုံဓာတ်ပုံ (၂) ပုံ
ꪜ ပညာအရည်အချင်းလက်မှတ်မိတ္တူများ (ရှိပါက)
ꪜ သန်းခေါင်စာရင်းမိတ္တူ
ꪜ မှတ်ပုံတင်မိတ္တူ
────────────────
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
𝐈𝐋𝐁𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐌𝐲𝐞𝐢𝐤
🏫 လိပ်စာ - ကျောင်းလိပ်စာ - မဟာစည်သာသနာ့ရိပ်သာလမ်း၊ လမင်းခြံ၊ လမင်းရပ်ကွက်၊ ရေပုံးအိမ်ရာ၊ မြိတ်မြို့။
➤ လျှောက်လွှာများကို 30th June, 2026 (Tuesday) အထိသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။
➤ လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
16/06/2026
15/06/2026
12/06/2026
10/06/2026
08/06/2026
02/06/2026
01/06/2026
30/05/2026
29/05/2026