18/01/2023
ကွက်လပ်မရှိ အပိုင်း (၂၀)
ကွက်လပ်မရှိ အပိုင်း ၂၀ - In the weeks before the first Surface tablet was announced, at a time when the secret new device was still ...
Hello''
18/01/2023
ကွက်လပ်မရှိ အပိုင်း (၂၀)
ကွက်လပ်မရှိ အပိုင်း ၂၀ - In the weeks before the first Surface tablet was announced, at a time when the secret new device was still ...
17/01/2023
ကွက်လပ် မရှိ
ကွက်လပ် မရှိ အပိုင်း (၁၈) - In the weeks before the first Surface tablet was announced, at a time when the secret new device was ...
15/06/2022
တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်နေ့ထွက်မည်ဟု ရခိုင်ပညာရေးမှူးပြော
တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်နေ့ထွက်မည်ဟု ရခိုင်ပညာရေးမှူးပြော June 15, 2022 Myanmar တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၁၇ ရက်နေ့ထွက်မည်ဟု ရခိုင်ပညာရေးမှူးပြော Posted by Admin တက္ကသိုလ်ဝင်တန်း.....
07/01/2022
သားသမီးအပေါ် ငရဲပေးတဲ့မိဘဆိုတာ တကယ်ရှိပါသလား?
" ရှိပါတယ် "
၁။ အပြစ်တင်လွန်းတဲ့ မိဘ
ဘာလုပ်လုပ် အပြစ်တင်နေတတ်တာ
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ
အသုံးမကျဘူးဆိုတဲ့ဘောင်ထဲ သွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျတာ ဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့် အသုံးမကျတာကိုပဲ ဖောက်မြင်နေတတ်တာ
ဒါကို ကြားရဖန်များလာတဲ့အခါ
ဒေါသက မိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်
၂။ ဘက်လိုက်တာ
သားသမီးချင်းအတူတူ
ငါ့သမီးလေး ငါ့သားလေး
ဘက်လိုက် ဆက်ဆံတတ်တာ
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာများတယ်
မိဘက သွေးခွဲထားလို့ပါ
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီး
ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှ ဈေးနှုန်းညှိမရကြတော့ဘူး
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးတယ်
အချင်းချင်း မနာလိုစိတ်ကနေ
အမုန်းတရား ပွားများလာတယ်
ကလေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားဟာ
ဘယ်တော့မှ ဖျောက်လို့မရဘူး
မိဘတွေသာ မရှိကြတော့ရင်
ဒီမောင်နှမတွေဟာ
ပတ်သက်စရာ လုံးဝမရှိတော့တဲ့လူတွေ
ဖြစ်နေကြပါလိမ့်မယ်
၃။ ဆဲဆိုလွန်းတာ
နေ့စဉ်အဆဲခံရတဲ့လူဟာ
မခံချင်စိတ်ကြောင့် ဒေါသများမယ်
ပြန်ပြောမိရင်တော့
မိဘကိုခံပြောသလိုဖြစ်မယ် ငရဲကြီးမယ်
ဒုက္ခရောက်မှအေးမယ် ခွေးဖြစ်မှာဆိုတဲ့
ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုးပါတယ်
ကောင်းကောင်းမွန်မွန်ပြောပြီး ခိုင်းလို့ရနိုင်ပေမယ့်
ဆဲရေးပြီးမှလုပ်မယ်ထင်တဲ့ အတွေးနဲ့ခိုင်းတာဟာ
ဆိုးဝါးလွန်းပါတယ်
၄။ သားသမီးအိမ်ထောင်ရေးကို စွက်ဖက်တာ
"နင့်ယောက်ျားကဘယ်လို
နင်ယူထားတဲ့မိန်းမကဘယ်လို"ဆိုတာမျိုး
မပြောသင့်ပါဘူး
သားသမီးရဲ့ ရွေးချယ်မှုကိုလည်း လေးစားရပါမယ်
သူတောင် သူ့ဘဝကိုသူနေတတ်လို့ နေနေတာပါ
သားသမီးက သူ့အိမ်ထောင်နဲ့ပတ်သက်လို့
ကူညီပါလို့ မပြောမခြင်း ဝင်ပါစရာ မလိုတာပါ
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့
အယူအဆဟာ မှားပါတယ်
ကိုယ့်သားသမီးအကြောင်း သိတယ်ဆိုတာ
ကလေးဘဝမှာပဲ ဖြစ်ပါလိမ့်မယ်
ကလေးဘဝမှာသာ မိဘနဲ့အတူရှိနေလို့
သူတို့အကျင့်လေးတွေ သိနေကြရတာ
သူတို့အရွယ်ရောက်တဲ့အခါ
မိဘနဲ့နေချိန်နည်းလေ
မိဘက သားသမီးစိတ်ကို
မသိရလေဆိုတာကို သိထားသင့်ပါတယ်
သားသမီးက မိဘကိုအစစအရာရာ
ပြောပြချင်တဲ့အရွယ်ဆိုတာ
အသက်၄/၅/၁၀နှစ် အရွယ်မှာပဲရှိတယ်
ဒါကို ကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင်
မိဘကိုမတိုင်ပင်ကြတော့တာ များပါတယ်
"ငါပြောသားပဲ"ဆိုတဲ့ စကားနောက်က
အပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ
သားသမီးတွေက ရိပ်စားမိကြပါတယ်
သားသမီးအကြောင်း တကယ်သာသိရင်
ဒါမျိုးမလုပ်သင့်တာ သိကိုသိထားရပါမယ်
၅။ သားသမီးကို ပြောဆိုဆက်ဆံပုံမှားတာ
အချို့မိဘတွေ ရှိကြပါတယ်
ပြင်ပမှာတော့ လူကြီးလူငယ်မရွေး
အရမ်းအလေးထား ဆက်ဆံတတ်ပါတယ်
ပြောရရင် လူတွေအပေါ်လေးစားမှု ရှိတာပေါ့
သားသမီးကိုတော့ အဲ့လိုမလုပ်နိုင်ကြပါဘူး
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျတိုင်း သားသမီးကို
နှိမ်နေတတ်တာမျိုးပါ စေတနာစကားပေမယ့်
အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ
အပြင်ပန်းက မှတ်မထားချင်ရင်နေမယ်
စိတ်ခံစားချက်ကတော့
မိဘက ငါပြောတိုင်းမကောင်းမြင်တယ်ဆိုပြီး
ဒေါသကြီးနေတတ်တဲ့သားသမီးတွေ ရှိလာရတာပါ
စိတ်ဆိုတာ အမြဲကြည်သာမနေပါဘူး
အမြဲနားပူအောင် နေ့စဉ်ဆုံးမစကားဆိုမနေပါနဲ့
သူနေ့စဉ်လုပ်တာတွေ မှတ်ထားပြီး
တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ
စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ
ဆုံးမစကား တစ်ခွန်းချင်းပြောသင့်ပါတယ်
တစ်ပတ်တစ်ခါမို့ ဆုံးမရတာစိတ်လဲရှည်တယ်
သားသမီးအနေနဲ့လည်း မိဘက
ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်
သူ့အမှားကို ဆင်ခြင်နိုင်တယ်
ဒေါသပါတဲ့ ဆုံးမစကားဟာ
"ပြောင်းပြန်အကျိုးသက်ရောက်ပါတယ်"
ဘာလို့လဲဆိုတော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်ရင် အရွဲ့တိုက်တတ်လို့ပါ
အဆင်မပြေမှုတွေကို သူတို့လဲမလိုလားကြပါဘူး
ဒါပေမယ့် ငြင်းဆန်မရရင်တော့
မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက်
အဝေးကိုပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး
အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်
မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ
သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလည်း
အဆင်ပြေဖို့ဆိုတာ မလွယ်ကူပါဘူး
အဆင်ပြေပြေ မပြေပြေ
မိဘမသိပါစေနဲ့ အဆင်ပြေတယ်ပဲပြောလိုက်ပါ
တွေးပူနေတတ်တဲ့မိဘကို
စိတ်မပင်ပမ်းစေသလို အကုသိုလ်လဲနည်းစေပါတယ်
တတ်နိုင်ရင် အဝေးကနေထောက်ပံ့ခြင်းကို
လုပ်လို့ရပါတယ်
အနီးအနားမှာပဲ နေမယ်ဆိုလည်း
မိဘနဲ့အဆင်ပြေအောင် နည်းလမ်းရှာပြီး စိတ်လျှော့ကြပါ
မိဘဆိုတာ အဖိုးတန်ပါတယ်
ဒါပေမယ့် သားသမီးဆိုတာလည်းလူသားမို့
သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ
မိဘများ အထူးသတိချပ်မိကြရင်
မိဘနဲ့သားသမီးများ
ဆက်ဆံရေးဟာလည်း ပိုအဆင်ပြေကြမှာပါ...
04/01/2022
၂သန်းမှာ တစ်ကြိမ်သာ ဖြစ်ခဲသော အမွှာကလေး(၂)ယောက် နှစ်မတူ နေ့မတူမှာ မွေးဖွားခြင်း
၂သန်းမှာ တစ်ကြိမ်သာ ဖြစ်ခဲသော အမွှာကလေး(၂)ယောက် နှစ်မတူ နေ့မတူမှာ မွေးဖွားခြင်း – News Cele၂သန်းမှာ တစ်ကြိမ်သာ ဖြစ်ခဲသော အမွှာကလေး(၂)ယောက် နှစ်မတူ နေ့မတူမှာ မွေးဖွားခြင်း January 4, 2022 - by admin - Leave a Comment နှစ်သစ်ကူ.....
31/12/2021
😭😭😭သီပေါမင်း၏မြေးတော် ထိပ်စုဘုရားကြီးကံတော်ကုန်ရှာပြီ
သီပေါမင်း၏မြေးတော် ထိပ်စုဘုရားကြီးကံတော်ကုန်ရှာပြီ – News Celeသီပေါမင်း၏မြေးတော် ထိပ်စုဘုရားကြီးကံတော်ကုန်ရှာပြီ December 31, 2021 - by admin - Leave a Comment သီပေါမင်း၏မြေးတော် ထိပ်စုဘုရားကြီး...
04/11/2021
လပေါ်က လူ့သင်းချိုင်း – News Celeလပေါ်က လူ့သင်းချိုင်း November 4, 2021 - by admin - Leave a Comment လပေါ်က လူ့သင်းချိုင်း လပေါ်တွင် လူမဆိုထားနှင့် လူ့သင်းချိုင်းရှိသ....
29/10/2021
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဖြစ်သောအိမ်နံပါတ်(၅၄)၏ မူလပိုင်ရှင်
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဖြစ်သောအိမ်နံပါတ်(၅၄)၏ မူလပိုင်ရှင် – News Cele / Local / Local Newsဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဖြစ်သောအိမ်နံပါတ်(၅၄)၏ မူလပိုင်ရှင် October 29, 2021 - by admin - Leave a Comment ဒေါ်အောင်ဆန်းစုကြည.....
29/10/2021
အံဩစရာေကာင်းလှပါလား ဇူဇကာဘတ်ရဲ့ ဖေ့ဘွတ်အစီအစဉ်သစ်ရယ်။ဖေ့ဘွတ် ကုမ္ပဏီနာမည်ပြောင်းခြင်းနဲ့ လူသားတွေရဲ့ဘ၀ကိုချုပ်ကိုင်မည့်အကြံအစည်
အံဩစစရာ၊ကြောက်စရာပါလား ဇူဇကာဘတ်ရဲ့ ဖေ့ဘွတ်ရယ်။ဖေ့ဘွတ် ကုမ္ပဏီနာမည်ပြောင်းခြင်းနဲ့ လူသာ Cele / Localအံဩစစရာ၊ကြောက်စရာပါလား ဇူဇကာဘတ်ရဲ့ ဖေ့ဘွတ်ရယ်။ဖေ့ဘွတ် ကုမ္ပဏီနာမည်ပြောင်းခြင်းနဲ့ လူသားတွေရဲ့ဘ၀ကို.....
28/10/2021
မနက်ဖြန် Facebook ကနေ Metaverse ပြောင်းမယ်ဆိုတာက Facebook Inc. ဆိုတဲ့ Facebook ကို ပိုင်တဲ့ Company နာမည်ကိုပဲ ပြောင်းမှာပါ။ Facebook ဆိုတဲ့ app ကတော့ ဒီနာမည်အတိုင်းပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ အစက Facebook တခုပဲပိုင်ဆိုင်ရာက အခုအခါ whatapp, Instagram တွေကိုပါ ဝယ်ယူထားပြီးဖြစ်လို့ အားလုံးကို ပိုင်တဲ့ Company နာမည်ကိုသာ ပြောင်းတာဖြစ်ပြီး app တွေ အကုန်လုံးက လက်ရှိနာမည်အတိုင်းပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
Credit: Nay Thway
#ဆော့ဝဲလမ်းညွှန်
26/10/2021
မြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်၍အမေရိကန်သမ္မတဘိုင်ဒန်ကိုယ်တိုင်စာပြန်ခဲ့ရတဲ့ မြန်မာကလေးငယ်
မြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်၍အမေရိကန်သမ္မတဘိုင်ဒန်ကိုယ်တိုင်စာပြန်ခဲ့ရတဲ့ မြန်မ Local Newsမြန်မာစစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်၍အမေရိကန်သမ္မတဘိုင်ဒန်ကိုယ်တိုင်စာပြန်ခဲ့ရတဲ့ မြန်မာကလေးငယ် October 26, 202...
12/10/2021
Telegram တည်ထောင်သူ ဘီလျံနာပါဗယ်ဒူးရော့ မျှဝေတဲ့ “3+7”အကြံပြုချက်
ပါဗယ် ဒူးရော့ဗ်ပြောပြတဲ့ ဘာကိုတန်ဖိုးထားသင့်သလဲဆိုတဲ့ အချက်တွေကို
ရုရှားဘီလျံနာလည်း ဖြစ်သလို Telegram တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်တဲ့ ပါဗယ်ဒူးရော့ဗ်ဟာ သူ့ရဲ့ ၃၇ နှစ်ပြည့်မွေးနေ့မှာ မှတ်သားစရာအကြံဉာဏ်တချို့ မျှဝေခဲ့ပါတယ်။
၁၉၈၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ဖွား ပါဗယ်ဒူးရော့ဗ်ဟာ နာမည်ကျော် လူမှုကွန်ရက်ဆိုဒ်တစ်ခုဖြစ်တဲ့ VK နဲ့ Telegram Messenger တို့ကို တည်ထောင်ခဲ့တဲ့ လူချွန်တစ်ဦးလည်း ဖြစ်ပါတယ်။ VK ကို သူ့အသက် ၂၂ နှစ်အရွယ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး Telegram ကိုတော့ သူ့အသက် ၂၉ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာ သင်္ချာပညာရှင်နဲ့ ပရိုဂရမ်မာဖြစ်တဲ့ သူ့အကို နီကိုလိုင် ဒူးရော့ဗ်နဲ့အတူ တည်ထောင်ခဲ့တာပ
ဒေါ်လာဘီလျံ ၁၀၀ ကျော်တန် Centicorn စာရင်းဝင်ဖြစ်လာတဲ့ SpaceX
Facebook ကွန်ရက်ပြတ်တောက်နေချိန် Users သန်း ၇၀ ထပ်ရလိုက်တဲ့ Telegram
အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အသက် ၃၇ နှစ် ပြည့်သွားပြီဖြစ်တဲ့ ပါဗယ်ဟာ သူ့ရဲ့ Telegram Channel ကနေ သူဖြတ်သန်းခဲ့တဲ့ ၃၇ နှစ် ဘဝအတွေ့အကြုံကနေ ရတဲ့ သင်ခန်းစာတချို့ကို မျှဝေခဲ့ပါတယ်။ ၃၇ ပြည့်မွေးနေ့အတွက် သူ့ရဲ့ အကြံပေးချက်ကို 3+7 အကြံပေးချက်လို့ ဆိုနိုင်ပါတယ်
“”ကျွန်တော် အသက် ၃၇ နှစ် ရှိပြီဆိုတော့ ဘဝမှာ အရေးပါသလောက် တန်ဖိုးထားမခံရတဲ့ Undervalued ဖြစ်နေတဲ့အရာ ၃ ခုနဲ့ လိုတာထက်ပို တန်ဖိုးထား (Overvalued ) လုပ်နေကြတဲ့ အရာ ၇ ခုအကြောင်း စာရင်းလေး လုပ်ထာပါတယ်။” လို့ ပါဗယ်ဒူးရော့ဗ်က သူ့ချန်နယ်မှာ ရေးထားပါတယ်။
သူရဲ့ တန်ဖိုးထားမှု လျော့နေကြတဲ့ Undervalued စာရင်းမှာ ပါတဲ့ ပထမဆုံးအကြံပေးချက်က "အိပ်စက်မှု"ပါတဲ့။ ဒူးရော့ဗ်ရဲ့ အဆိုအရ Sleep ဟာ ကျွန်တော်တို့ဘဝမှာ အရေးပါပြီး တန်ဖိုးထားမခံရဆုံးအရာတွေထဲမှာ ထိပ်ဆုံးက ပါနေတယ်လို့ ဆိုပါတယ်။ “”အိပ်စက်မှုက လူရဲ့ကိုယ်ခံအား ၊ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှုကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်” လို့ သူက ရေးပါတယ်။
ဒုတိယအချက်က “သဘာဝ” ဖြစ်ပါတယ်။ “သဘာဝဆိုတာ ကျွန်တော်တို့တွေ ဇီဝဗေဒသဘောအရ ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။”လို့ ဒူးရော့ဗ်က ဆိုပါတယ်။ Undervalued ကဏ္ဍမှာ တတိယနဲ့ နောက်ဆုံးအချက်က ”တစ်ကိုယ်တော် ဧကစာနေခြင်း”လို့ သူက ပြောပါတယ်။ ဧကစာနေခြင်းဆိုတာ သူ့အလိုအရတော့ “ စိတ်ဝိညာဉ်နဲ့ ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ပွင့်လန်းမှုဖြစ်လာဖို့ လွတ်လပ်မှုတွေ ပေးတဲ့အရာ” လို့ ဆိုပါတယ်။
ဒူးရော့ဗ်အမြင်အရ လူတွေရဲ့ဘဝမှာ လိုတာထက် ပိုတန်ဖိုးထားနေကြတဲ့ Overvalued ကဏ္ဍမှာ နံပါတ်တစ်က “မြို့ကြီးတွေ”အဖြစ် ဖော်ပြထားပါတယ်။ “မြို့ကြီးပြကြီးတွေက ညစ်ညမ်းမှုတွေ ၊ ရာဇဝတ်နဲ့ ဆူညံသူတွေရဲ့ အရင်းအမြစ်တွေပါ။ မြို့ပြရဲ့ အရင်းအမြစ်တွေ ရယူတာ ကောင်းပါတယ်။ ဒါပေမယ့် မြို့ပြနယ်နိမိတ်နဲ့အပြင်ဘက်မှာ နေထိုင်ဖို့ အကြံပေးချင်ပါတယ်။ ”။ ဒုတိယ Overvalued တစ်ခုက “စားသောက်ဆိုင်တွေ”ဖြစ်ပါတယ်။ “စားသောက်ဆိုင်တွေက စားသောက်ဖို့အတွက် အနှေးဆုံးနဲ့ ထိရောက်မှုအနည်းဆုံးနည်းနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။ အိမ်မှာ ချက်ပြုတ်စားသောက်ခြင်းက ကျန်းမာရေးနဲ့ပို ညီညွတ်တဲ့ အာဟာရဓါတ်တွေ ရပြီး ပါဝင်ပစ္စည်းပေါ်မှာလည်း ကိုယ့်ဘာသာ ပိုပြီးထိန်းချုပ်မှုရစေနိုင်ပါတယ်။” ။
တတိယအချက်က “ပူပြင်းတဲ့ ရာသီဥတု”ဖြစ်ပါတယ်။ “ပူပြင်းပြီး နေသာတဲ့ ရာသီဥတုက သတိလက်လွတ်နေထိုင်မှုကို ဖြစ်စေရုံတင်မဟုတ်ဘဲ ကင်ဆာနဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။ အေးမြတဲ့ရာသီဥတုက စိတ်နဲ့ကိုယ်ကို ကြည်လင်စေပါတယ်။”။ စတုတ္ထအချက်က “ဖက်ရှင်”ပါ။ “အမြဲပြောင်းလဲနေတဲ့ ခေတ်ရေစီးနဲ့ လိုက်ဖက်ဖို့ဆိုတဲ့ အဆုံးမရှိတဲ့ ခေတ်ရေစီးနောက်လိုက်ခြင်းတွေက ဈေးကြီးသလို လိုလည်း မလိုအပ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေပေါ် အာရုံစိုက်တာက အရေးပါတဲ့အရာတွေအတွက် ပိုနေရာပေးဖြစ်သလို ဘဝကိုလည်း ပိုရိုးရှင်းစေပါတယ်
ပဉ္စမအချက်က “အိမ်ခြံမြေ”ဖြစ်ပါတယ်။ “အိမ်ဝယ်တယ် ခြံဝယ်တယ်ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုတွေကို ကန့်သတ်လေ့ရှိပါတယ်။ မေးခွန်းထုတ်စရာကောင်းတဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။ ငှားရမ်းခြင်းက မတူတဲ့နေရာတွေကို သွားပြီး ဖော်ထုတ်ဖို့အတွက် ပိုပြီး လွတ်လပ်မှု ပေးပါတယ်။”။ ဆဌမအချက်က “Social Media” ဖြစ်ပါတယ်။ “လူမှုကွန်ရက်ပေါ်ကနေ ကျွန်တော်တို့ စိတ်တွေထဲ ဒလဟော ဝင်လာတဲ့ အမှိုက်ထုတ်တွေက ပျော်ရွှင်မှုနဲ့ ဖန်တီးမှုကို လျော့ကျစေပါတယ်။ အင်တာနက်ဝန်ဆောင်မှုတွေကနေ အဆက်ဖြတ်ခြင်းက ကျွန်တော်တို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာပါပဲ”
နောက်ဆုံးအချက် Overvalued ဖြစ်နေတဲ့ အချက်အဖြစ် ဒူးရော့ဗ်ညွှန်းထားတဲ့ အချက်က “ဆယ်လီတွေရဲ့ အကြံဉာဏ်တွေ”ပါတဲ့။ “ကျော်ကြားတဲ့လူတွေက မကြာခဏဆိုသလို သူတို့ကျွမ်းကျင်တဲ့နယ်ပယ်ကို ဘောင်ကျော်ပြီး တလွဲအကြံတွေ ပေးလေ့ရှိပါတယ်။ ဘဝမှာ အရေးပါတဲ့ အရာအားလုံးအတွက် တကယ်လက်တွေ့ကျပြီး ကျွမ်းကျင်သူရဲ့ အမြင်ပဲ အားကိုးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ”
Crd...