အထက - ၇ ြမိတ်

အထက - ၇ ြမိတ်

Share

Myo Thit School,
U Myat Lay Street,
Myeik Taung Qt,Myeik

05/02/2022
31/01/2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိကငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀ဝ) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်လိုက်ပြီဖြစ်သည်။

မြောက်လတ္တီတွတ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား ၊ အရှေ့လောင်ဂျီတွတ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကမ်းခြေအနီးမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့်ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုဧရိယာအတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီး စသည့် ကမ်းဝေးလှေတို့ ငါးဖမ်းနေသည့် ကျွန်းအနီးရေပြင်များပါဝင်သည်။

ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်း နေသည့် ငါးဖမ်းလုပ်ကွက်များဖြစ်သည်။

အထက်ပါတားမြစ်ချက်ကို ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ငါးသယံဇာတ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဟု သိရကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

ယင်းညွှန်ကြားချက်နှင့်ပတ်သက်၍ ငါးဖမ်းလှေပိုင်ရှင်များ ရေလုပ်သားများကို ဇန်နဝါရီ ၂၃ ရက်နေ့က ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးသို့ ခေါ်ယူရှင်းပြပြီးဖြစ်ကြောင်း ဦးသန့်ဇင်က ပြောကြားသည်။

“အဲဒီအကွက်ထဲမှာရောက်နေတဲ့ မိမိပိုင်ငါးဖမ်းလှေတွေကိုလည်း အပြင်ဘက်ကို ပြန်ထွက်ပေးဖို့ပေါ့နော်။အဲဒီ ဧရိယာထဲမှာ ငါးဖမ်းနေတာ ဖမ်းမိရင်တော့ စည်းပျက်ပေါ့နော်။မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၄၅ အရ ဖမ်းဆီးအရေးယူရမှာပေါ့” ဟု ဦးသန့်ဇင်ကပြောသည်။

တည်ဆဲမြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ၏ ပုဒ်မ ၄၅ အရ ဖမ်းဆီးအရေးယူခံရပါက လှေနှင့်ဆက်စပ်ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြစ် အသိမ်းခံရမည်ဖြစ်ပြီး ရေလုပ်သားတို့ကိုလည်း ထောင်ဒဏ် ၁ နှစ် ကျခံသည်အထိ အရေးယူနိုင်သည်။

ယခု ငါးဖမ်းခွင့်ပိတ်လိုက်သောနေရာသည် ကော့သောင်းအခြေစိုက်ရေလုပ်သားတို့ အဓိကမှီခိုငါးဖမ်းနေသည့် ငါးဖမ်း လုပ်ကွက်များဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ငါးဖမ်းလှေလုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။

“ကော့သောင်းမှာ အတော်ကို ပင်ပန်းကုန်ပြီ။ဒါကို ပိတ်လိုက်တော့ ကော့သောင်းမှာ ငါးဖမ်းလို့ရတဲ့နေရာ မရှိတော့ဘူးလေ။ ဒါဆို ကော့သောင်းငါးလုပ်ငန်းအားလုံး ရပ်ရမယ့်အနေအထားဖြစ်သွားပြီ။ ကော့သောင်းရဲ့စီးပွားရေးကို သတ်လိုက်သလိုပဲ” ဟု အထက်ပါလှေ လုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် ယင်းရေပြင်မှာ နိုင်ငံခြားငါးခိုးဖမ်းလှေများ အစဉ်တစိုက်ငါးခိုးဖမ်းနေကျနေရာဖြစ်သည့်အတွက် မြန်မာနိုင်ငံသား ငါးဖမ်းလှေများမရှိတော့လျှင် ငါးခိုးဖမ်းလှေများ ပိုမိုအတင့်ရဲစွာ ငါးခိုးဖမ်းကြလျှင် ပင်လယ်ပြင်ကို မည်သူစောင့်ကြည့်နိုင်မည်နည်းဟု အထက်ပါလုပ်ငန်းရှင်က မေးခွန်းထုတ်သည်။

“ခေါင်းစဉ်ကတော့ အကြီးကြီးပဲ၊ တို့သယံဇာတ ထိန်းမှရမယ်ဆိုပြီးတော့။သူတို့ ဘယ်လောက်ထိန်းနိုင်မှာလဲ”ဟု ၎င်းက မေးခွန်းထုတ်သည်။

ယင်းငါးဖမ်းကွက်ပိတ်လိုက်ခြင်းကြောင့် မြိတ်ကမ်းဝေးငါးဖမ်းလှေများအတွက်လည်း ထိခိုက်စေကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင် ကပြောကြားသည်။

“ငါးဖမ်းကွက် ကျဉ်းသွားတော့ (ထိခိုက်မှု) ရှိနိုင်တာပေါ့။ငါးဖမ်းကွက်နည်းသွားပြီဆိုတော့ ဥပမာ-ငါးဖမ်းကွက် ၁၀ ကွက်မှာ ၁၀ စီး ဖမ်းနေတာကို ငါးဖမ်းကွက် ၆ ကွက်မှာ ဆယ်စီးဖမ်းရမယ်ဆိုတော့ ပိုကျပ်သွားတာပေါ့နော်။ ဒါပေမဲ့ သူတို့ (အစိုးရ)က လိုအပ်လို့ပိတ်တာကို ဘာလုပ်လို့ရမှာလဲ”ဟု ဦးစမ်းမောင် ကပြောသည်။

ယင်းသို့ပိတ်လိုက်ခြင်းမှာ နှစ်အကန့် အသတ်မဲ့ဖြစ်သည်။ ယခင် ၁၉၉၉ ခုနှစ်က ၁၁ ဒီဂရီအောက် ပင်လယ်ပြင်တွင် ငါး မဖမ်းရဟု ပိတ်ထားခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် တွင် ပြန်ဖမ်းခွင့်ပြုရာမှ ယခုအချိန်တွင် အထက်ပါဧရိယာအတိုင်း ငါးဖမ်းခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ကော့သောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင် ကပြောသည်။

ကော့သောင်းဒေသခံရေလုပ်ငန်း လုပ်ကိုင်သူတို့က နိုင်ငံတော်သမ္မတကို စာတင်ခြင်း၊ လိုအပ်ပါက ဆန္ဒပြခြင်းတို့ လုပ်ဆောင်ရန် စီစဉ်နေကြကြောင်း အထက်ပါကော့သောင်းအခြေစိုက် ငါးလုပ်ငန်းရှင် ကပြောသည်။

Photos from အထက - ၇ ြမိတ်'s post 31/01/2020
26/01/2020

လူသိနည်းေသာ တိုင်းရင်သား (ဆလုံလူမျိုး)

အခြေခံညာမူလတန်းကျောင်းများ
တွင် သင်ကြားမည့် ဆလုံဘာသာစကား သင်ရိုးကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာထံမှ သိရသည်။
ဆလုံဘာသာစကားဖြင့် ရေးသား ထားသော သင်ရိုးစာအုပ် ၁၁ အုပ်ကို ဆလုံကျောင်းသားများ တက်ရောက်နေ သည့် မူလတန်းကျောင်းများတွင် သင် ယူခွင့်ရှိကြောင်း နိုဝင်ဘာလ ၁၄ ရက် နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းအစိုးရ အဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အတည်ပြုခဲ့သော သင်ရိုးစာအုပ် များကို အသိအမှတ်ပြုပေးရန် ပြည် ထောင်စု တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှု ဦးစီးဌာနသို့ ပေးပို့ထားပြီး ပြည်ထောင်စုက အသိအမှတ်ပြုပြီးပါက စတင် သင်ယူခွင့်ရမည်ဟု ဝန်ကြီး စောလုကာက ပြောသည်။

“ကိုယ်တိုင်းထဲက ကိုယ်နဲ့ဆိုင်တဲ့ တိုင်းရင်းသားစာပေတွေ ဖြစ်လာအောင် ကြိုးစားတာပါ၊ စာမရှိရင် အမျိုးပျောက် မယ်လေ” ဟု စောလုကာက ပြောသည်။
ယင်းဆလုံစာ သင်ရိုးစာအုပ်များကို ကျွန်းစုမြိုနယ်၊ ဒုံးကျွန်းအုပ်စု၊ ဒုံးပုလဲ အော်ဆလုံကျေးရွာမှ ဆရာမ နော်ဆေး ဘေနှင့် ဆလုံအရေးလှုပ်ရှားသူများက အချိန်ယူပြုစုထားခြင်းဖြစ်ပြီး ဆလုံအသံ ထွက်ကို အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်ဘာ သာမှ ဆလုံဘာသာ (MOKEN LANGUAGE) သို့ ပြောင်းလဲရေးသား ထားကြောင်း ၎င်းက ပြောသည်။

ဆလုံလူမျိုးများမှာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများ တွင် ပြန့်နှံ့နေထိုင်ကြပြီး ဆလုံစကား မှာလည်း မူကွဲများရှိနေသဖြင့် ယခု အတည်ပြုလိုက်သည့် သင်ရိုးများကို အခြားကျွန်းများမှ ဆလုံကျောင်းသား များ နားမလည်မည်ကို စိုးရိမ်မှုအချို့ ရှိနေကြသည်။
မြန်မာနိုင်ငံအတွင်း ဆလုံစကားကို ဒုံးအုပ်စု(မြိတ်ခရိုင်)၊ လန်ပိအုပ်စု(ကော့ သောင်းခရိုင်) ဂျာအိ၊ ပုလဲကျွန်းအုပ်စု (ကော့သောင်းခရိုင်) ဟူ၍ ၃ မျိုးခန့် ကွဲပြားနေပြီး အချို့စကားများက လေယူ လေသိမ်းသာကွဲသော်လည်း အချို့စကား များက လုံးဝ ကွဲပြားသွားသည်။
ရေကို ဒုံးအုပ်စုတွင် ‘ဝိ’ ဟု ခေါ် သော်လည်း ဂျာအိအုပ်စုတွင် ‘နော်အင်း’ဟုခေါ်သည်အထိ ကွဲပြားမှု ရှိကြောင်း ကော့သောင်းမြို့နယ် မကြုံကလက် ဆလုံရွာနေ ဆလုံးအရေးလှုပ်ရှားသူ ဦးခင်မောင်ထွေးက ပြောသည်။

ယခုသင်ရိုးမှာ ဒုံးအုပ်စုကို အခြေခံ ထားပြီး ယင်းသင်ရိုးအား အခြားအုပ်စု တွင် လာရောက်သင်ကြားပါက ဒုံးအုပ်စု ဆလုံစကားကို အခြားဆလုံအုပ်စုထဲ အတင်းသွတ်သွင်းသကဲ့သို့ဖြစ်သွားနိုင် ကြောင်း ဦးခင်မောင်ထွေးက ပြောသည်။
“ကွဲသွားတဲ့ စကားလုံးတွေက အများကြီးပဲ။ သင်ရိုးလုပ်ရခြင်း ရည် ရွယ်ချက်နဲ့ အဲဒီရည်ရွယ်ချက်ကို ပေါက် မြောက်အောင် ဘယ်လိုသွားမှာလဲ၊ သူတို့ရဲ့ အကျိုးဆက်က ဘာတွေလည်း ဆိုတာကိုတော့ အားလုံးလက်ခံလာ အောင် ရှင်းပြဖို့တော့ လိုလိမ့်မယ်”ဟု ကိုခင်မောင်ထွေးက ပြောသည်။
ဆလုံလူမျိုးများသည် မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်အတွင်း ကျွန်းများ တွင်နေထိုင်ကြပြီး လူဦးရေ ၁၈၀၀ ခန့် ရှိသည်။

26/01/2020

ဆလုံတို့၏ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလာ
ဖေဖေါ်ဝါရီ ၂၆ ရက် ။ ။ လူဦးရေ ထောင်ဂဏန်းခန့်သာ ကျန်ရှိတော့ပြီး မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံ (မွန်ကင်း) လူမျိုးတို့အနေဖြင့် ၎င်းတို့၏ မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်သော ငါး၊ ပုစွန် ဖမ်းဆီးခြင်းအလုပ်မှာ လုပ်ကိုင်ရန် ခက်ခဲလာသည်ဟု သိရသည်။

ပုလဲမွေးမြူရေးလုပ်ငန်းနှင့် ကမ်းဝေးငါးဖမ်းလှေများက အလွန်အကျွံဖမ်းဆီးမှုများ ကြီးစိုးလာပြီး ယင်းကဲ့သို့ ခက်ခဲလာခြင်း ဖြစ်သည်။

“အခုက ငါး၊ ပုဇွန်တွေက ကမ်းနီးမှာ ရှာစားလို့ မရတော့ဘူး၊ လှေသေးသေးလေးတွေနဲ့ ဟို အဝေးကြီး ဖြစ်တဲ့ ပင်လယ်ပြင်မှာ ထွက်ဖမ်းနေရတယ်၊ ကျွန်းတွေမှာက ပုလဲမွေးမြူရေး စခန်းတွေက ဖမ်းဆီးခွင့် မပေးတော့ဘူး၊ ကျွန်းတွေနားကပ်ရင် ကျွန်တော်တို့ ဆလုံ လူမျိုးတွေ ဟန့်တား ခြိမ်းခြောက်နှင်ထုတ်တာတွေကို မကြာခဏ ကြုံရပါတယ်”ဟု ကျွန်းစုမြို့နယ်၊ ဒုံးပုလဲကျေးရွားနေ ဆလုံးလူမျိုး ဦးမျိုးဇော်က မဇ္ဈိမသို့ ပြောသည်။

ကျွန်းပေါင်း ၈၀၀ ကျော် ပိုင်ဆိုင်ထားသော တနင်္သာရီ ကမ်းရိုးတန်း၌ ယခင်က ကျောက်ဆောင်နဲ့ ကျွန်းအနီးတွင် သစ်လုံးကြီးကို ထွင်းထုထားသည့် လှေငယ်များဖြင့် ဆလုံလူမျိုးတို့က ငါး၊ ပုစွန်များကို မိရိုးဖလာ လုပ်ငန်းတစ်ခုအနေဖြင့် ဖမ်းဆီးရောင်းချရင်း အသက်မွေးလာခဲ့ကြခြင်း ဖြစ်သည်။

၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးတွင် ထို ဆလုံတို့လည်း ပါဝင်ပြီး လူဦးရေ အနည်းဆုံးဖြစ်သည်။ ၎င်းတို့ကို ပင်လယ်ပျော်ဆလုံလူမျိုးဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

မြိတ်ကျွန်းစု အတွင်းမှာ ယခုအခါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် ပုလဲမွေးမြူရေး လုပ်ငန်းကို အစိုးရက ခွင့်ပြု ပေးထားရာမှ ယင်း လုပ်ငန်းရှင်များက ပင်လယ်ပြင်တွင် ဧက သောင်းနှင့် ချီ၍ တိုးချဲ့ လုပ်ကိုင် လာခြင်းဖြစ်သည်။

ထို့ကြောင့် တချို့သော ကျွန်းများတွင် ကန့်သတ် ဧရိယာများအဖြစ် သတ်မှတ်လိုက်ရာမှ ဆလုံလူမျိုးများမှာ ငါး၊ ပုဇွန်များကို ရှာဖွေ စားသောက် အသက်မွေးရန် ခက်ခဲလာခြင်းဖြစ်သည်။

“အရင်ကဆိုလျှင် ကျွန်မ အမျိုးသားက ရေလုပ်ငန်း ဖြစ်တဲ့ သံချွန်နဲ့ ငါးထိုးဖမ်းတယ်၊ ကင်းမွန်ဖမ်းတာတွေ လုပ်ပါတယ်။ အခုက ငါး၊ ပုဇွန်တွေက ကမ်းနီးမှာ ရှားပါးလာတော့ ဟိုအဝေးကြီးမှာ ရေနယားနဲ့ ကျောက်ပုစွန်တွေ ဖမ်းဆီးတဲ့ အလုပ်တွေကို ပြောင်းရွေ့ လုပ်ကိုင်နေရတယ်။ အနီးနားမှာ ရှိတဲ့ ကျွန်းတွေမှာ ဆိုလျှင် သွားဖမ်းလို့ မရပါဘူး”ဟု ဒုံးပုလဲအော်ကျေးနေ ဆလုံ လူမျိုး အမျိုးသမီး တစ်ဦးဖြစ်သူ မဝင်းနွယ်က ဆိုသည်။

ဆလုံ လူမျိုးများမှာ မိရိုးဖလာ လုပ်ငန်းကို ရေရှည် လုပ်ကိုင် စားသောက် နိုင်ရန် အတွက် ထိုဒေသတွင် ခရီးသွား လုပ်ငန်းကို သာ အဓိက လိုလားနေကြပြီး၊ ပုလဲမွေးမြူ လုပ်ငန်းကိုမူ ဟန့်တား ခြိမ်းခြောက်မှုများ ရှိနေ၍ မကြိုဆို ချင်ကြပေ။

17/01/2020

အနာဂတ် ကို မီမရှို့နဲ

Want your school to be the top-listed School/college in Myeik?

Click here to claim your Sponsored Listing.

Location

Category

Address


U Myat Lay Street
Myeik

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00