Myinttar Mon Preschoool

Myinttar Mon Preschoool

Share

Sharing knowledge about preschool

13/07/2023

မူကြိုဆရာမအလိုရှိ
သည်။
မေတ္တာမွန် မူကြို

09/05/2023

မူကြိုဆရာမအလိုရှိသည်။
မေတ္တာမွန်မူကြို
09785245710

21/01/2021
01/11/2020

မူကြိုတွေပိတ်ထားရတာကြာလို့ ကလေးတွေကိုသတိရတယ်။🥰သူတိုကလေးတွေဘာတွေလုပ်နေကြမလဲ တွေးကြည့်တယ်။အချိန်တော်တော်များများ ဖုန်းဆော့နေကြမယ်ထင်တယ်။📱ဒါပေမဲ့ သူတို့ သူငယ်ချင်း‌တွေနဲ့၊ ကစားစရာတွေနဲ့ ဆော့ချင်နေကြမှာပါ။လူဆိုတာအပေါင်းအဖော်‌တွေနဲ့ နေတဲ့သတ္တဝါပါ။🐒
ဒီလိုမဖြစ်နိုင်သေးတဲ့ အချိန်တွေ သူ့ငယ်ချင်းတွေနဲ့ မဆော့ရသေးတဲ့အချိန်၊ ဆရာမတွေနဲ့ အတူမရှိနိုင်သေးတဲ့အချိန်တွေမှာ သူတို့အတွက်ဖေဖေတို့မေမေတို့အချိန်နဲနဲပေးပါ။⏱️
ကလေးတွေတိုင်းအိမ်မှာ ကိုယ်ပိုင်ကစားစရာ‌တွေရှိတတ်ကြပါတယ်။🧩 တချို့ကလေးတွေက တစ်ယောက်တည်းကစားတတ်တယ် ဆိုပေမဲ့အချိန်နဲနဲလေးကြာလာလျှင် ပျင်းလာပါတယ်။😐 ပေါင်းသင်းဆက်ဆံရေးလည်း မရပါဘူး။😐
ကစားစရာတစ်မျိုးတည်းကိုပဲ့ တစ်ယောက်နဲ့တစ်ယောက်အတွေးချင်းမတူကြပါဘူး။💡 အဖော်နဲ့ကစားရတာက အတုယူလို့ရတယ်။ တစ်ခါတစ်‌‌လေ အတူတူလုပ်မှပိုကောင်းတာမျိုးရှိတယ်။ ပေါင်းသင်းဆက်ဆံရေးလည်းရပါတယ်။ ပညာလည်းရပါတယ်။ ကလေးတွေကအာရုံငါးပါးစလုံးနင့် ပတ်ဝန်းကျင်အမျိုးမျိုးမှ နည်းအမျိုးမျိုးနင့်သင်ယူနေကြပါတယ်။ ကိုယ့်ကိုကိုကစားရင်းနင့် တစ်ဆင့်ပြီး တစ်ဆင့်သင်ယူတာရှိတယ်။🧐 ကစားဖော်တွေဆီက သင်ယူတာရှိတယ်။ ပတ်ဝန်းကျင်က သင်ယူတာတွေရှိတယ်။ အားကျတဲ့သူတွေ ဆီကသင်ယူတာရှိတယ်။🧠
တစ်ခါတစ်လေတစ်ယောက်တည်း စိတ်ကြိုက် သက်မဲ့အဖော်နင့် စိတ်ကူးပုံဖော်ကစားတာ‌တွေ၊ အတုလုပ်ကစားတာတွေလည်းလိုအပ်ပါတယ်။အမြဲတမ်လိုလို‌ဆိုတော့ သိပ်မကောင်းပါဘူး။မျှတဖို့လိုပါတယ်။🤚
ဘာသာစကားအားနည်းချက်တွေ၊ပေါင်းသင်းဆက်ဆံရေး နှင့်ဆက်သွယ်ရေး အားနည်းချက်တွေရှိနေနိုင်ပါတယ်။🙍
စကားမပြေဘဲ စိတ်ကူးယာဉ်‌နေတာကိူသဘောကျနေတတ်ပါတယ်။💫
သီးသန့်တစ်ယောက်တည်းနေတဲ့အကျင့်ကို ကြိုက်လာတတ်ပါတယ်။👤
- ဒါဆိုရင် သူတို့တွေကို ဘယ်လိုအချိန်ပေးမလဲ?⏱️
- ဒီအချိန်မှာဘာတွေ လုပ်ကြမလဲ❓
နောက်ပိုစ့်တစ်ခုမှာ ပြန်ဆုံကြပါမယ်။🌟
ဖေဖေ‌၊မေမေ‌တို့လည်းအားရကြည်နူးစရာလုပ်ဆောင်ချက်တွေလုပ်ဆောင်ပေးခဲ့ပြီးဖြစ်မှာပါ။👪
ဖေဖေမေမေ၊ သားသားမီးမီးတိုနေ့စဉ်ဘဝမှာအ‌‌ထောက်အကူဖြစ်ပြီး‌ပျော်ရွင်ပါစေ။🥳
___________________________________

14/10/2020

• မူကြိုတက်ဖို့ အဆင်သင့်ဖြစ်ပြီလား•
________________________________
သားမီးမီးလေးတွေ သုံးနှစ်ကျော်လို့ လေးနှစ်လဲ စတင်ဝင်လာပြီဆို မိဘတွေရဲ့စိတ်ကို နေရာယူလွှမ်းမိုးလာတဲ့ စကားလုံးလေးကတော့ “မူကြို”ပဲဖြစ်ပါတယ်။
"ဘယ်မူကြိူမှာထားမှာလဲ"
"ဘာတွေ သင်ပေးလဲ"
"ဘယ်လောက်ပေးရမှာလဲ”
"မူကြိုကဘယ်မှာလဲ"
စတာတွေဟာ မိသားစုထဲမှာ အရေးပါတဲ့ကိစ္စတွေဖြစ်လာပါတယ်။
ဘေးဘက်က ကြည့်မယ်ဆိုရင်တော့ သူ့ဘဝမှာ တစ်ခါမှ မကြုံဖူး‌သေးတဲ့အ
ပြောင်းအလဲကြီးတွေကို ရင်ဆိုင်ရတော့မယ့်အချိန်မျိုး ကျရောက်လာပြီဖြစ်ပါတယ်။မွေးကတည်းက သူအားကိုးတွယ်တာလာခဲ့ရတဲ့ မိသားစု ရင်ခွင်နဲ့ သူကြီးပြင်းခဲ့ရတဲ့ သူ့အိမ်
ကို ခွဲပြီး နေရာအသစ်တစ်ခုမှာ၊ မျက်နှာစိမ်း ဆရာမလေး‌လေး‌တွေရဲ့ရင်ခွင်မှာနာရီအတော်များများ ကုန်သုံးဖို့ ဆိုတာ သူ့တွက်တော့ အခက်အခဲတွေပါပဲ။
________________________________

ဒါကြောင့် မိဘတွေအနေနဲ့ ဘယ်မူကြိုက ကောင်းသလဲ၊ ဘယ်မူကြိုမှာထားရမလဲဆိုတဲ့ဆိုတဲ့‌တွေးတွေထက် အရင်စဉ်းစားရမှာက ကိုယ့်ရင်သွေးလေးက မူကြိုတက်ဖို့အဆင်သင့်ဖြစ်ပြီလား ပြီလားဆိုတဲ့ အချက်ပါပဲ။ ဒီအဖြေကို ရှာဖွေတဲ့အခါမှာ ဖေဖေ‌ မေမေတို့
ဆုံးဖြတ်တာထက်စာရင် ကလေးနဲ့ အနီးကပ်နေလာတဲ့ အခြားမိသားစုဝင် ‌‌ တွေ၊ ကလေးထိန်းတွေကိုပါ တိုင်ပင်မေးမြန်းသင့်ပါတယ်။
________________________________

ကမ္ဘာအရပ်ရပ်က သုတေသနတွေအရဆိုရင် ကလေးအသက် နှစ်နှစ်ခွဲလောက် မှာ ကျောင်းစထားလို့ရပြီလို့ ဆိုကြပါတယ်။ ဒါပေမဲ့ အသက် နှစ်နှစ်ခွဲရောက်တာနဲ့ မှ မူကြိုအပ်ဖို့ အချိန်ရောက်ပြီလို့ ကလေးတိုင်းကို တစ်ထစ်ချ သတ်မှတ်ထားလို့ မရပါဘူး။ ကလေးတွေ အများကြီး စုထားတဲ့နေရာတစ်ခုမှာ ပုံစံတကျ လိုက်နာသင်ယူနိုင်ဖို့ဆို တာ ကျောင်းရဲ့လေ့ကျင့်ပျိုးထောင်မှုတွေနဲ့ သက်ဆိုင်သလို ကိုယ့်ရင်သွေးလေးအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွေ၊ စိတ်ပိုင်း ဆိုင်ရာရင့်ကျက်မှုတွေ၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေ စသဖြင့် ထည့်သွင်းစဉ်းစားရ မယ့် အချက်တွေ အများကြီးရှိပါတယ်။
________________________________

မူကြို စထားဖို့ အသင့်ဖြစ်မဖြစ်ဆိုတဲ့ကိစ္စနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာသုတေသီတွေ စံထား သတ်မှတ်ထားတဲ့ လိုအပ်ချက်လေးတွေ ရှိပါတယ်။ အခုအချိန်မှာ အဲဒီလိုအပ်ချက်လေးတွေ မပြည့်မီသေးဘူးဆိုခဲ့ရင်တောင် မူကြိုထားမယ့် အိပ်မက်ကလေး လုံးဝကြေမွ ပျက်စီးသွားတာ မဟုတ်ပါဘူး။ အိမ်မှာ နည်းနည်းလေးအချိန်ယူပြီး ကလေးကို ပြုပြင် မွမ်းမံပေးလိုက်ရင် မူကြိုမှာ လိမ္မာတဲ့၊ ချီးကျူးခံရတဲ့ ကလေးလေးအဖြစ် မကြာမီ ဂုဏ် ယူကြရမှာပါ။
မူကြိုမထားမီ မိဘတွေ ပထမဆုံး ဖြေဆိုရမှာကတော့ ကာကွယ်ဆေးတွေ အကုန်ထိုးပြီးရဲ့လား ဆိုတဲ့ မေးခွန်းပါပဲ။ မူကြိုမထားခင်မှာ သူ့အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့ "ကာကွယ်ဆေးတွေထိုးပြီးပြီလား"မေးခွန်းပါပဲ့။မူကြိုမထားခင်မှာသူ့အသက်အရွယ်အလိုက်သတ်မှတ်ထားတဲ့ကာကွယ်‌ဆေးတွေစနစ်တကျ ထိုးနှံပြီးဖို့ လိုအပ်ပါတယ်။ ကလေးက သူ့ပတ်ဝန်းကျင်သေးသေးလေးကနေ ကလေးတွေ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ အများကြီး ရှိတဲ့ လူ့အဖွဲ့အစည်းထဲကို လှမ်းဝင်တဲ့အခါ ကိုယ်ခံအား ကောင်းနေဖို့ အလွန်အရေးကြီးပါ တယ်။ ကလေးဘက်က ငယ်လွန်းရင် ခုခံအားစနစ်တွေ သိပ်မဖွံ့ဖြိုးသေးတာကြောင့် ကူးစက်ရောဂါတွေ ရရှိနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
________________________________
Crd-ဒေါက်တာမေမွန်
(ကလေးပြုစုပျိုးထောင်ရေး)

Want your school to be the top-listed School/college in Myeik?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ပါရမီပေ(၆၀)လမ်း
Myeik