Tr.May Korean Language

Tr.May Korean Language Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr.May Korean Language, Tutor/Teacher, Myawadi.

04/10/2025

십 (၁၀)
이십(၂၀)
삼십(၃၀)
사십(၄၀)
오십(၅၀)
육십(၆၀)
칠십(၇၀)
팔십(၈၀)
구십(၉၀)
백(၁၀၀)
천(၁၀၀၀)
만(၁၀၀၀၀)
십만(၁၀၀၀၀၀)
오십오(၅၅)
사백 팔십(၄၈၀)
육천 칠백오(၆၇၀၅)
만 이천 삼백 서십오(၁၂၃၄၅)
သိချင်တာလေးတွေမေးလို့ရပါတယ်နော်🥰

Grammar ~(으)ㄹ래야 V(으)ㄹ 수 없다 = (v )ဆိုရင်တောင် မ(v) နိုင်ဘူး                       = (v )ချင်ရင်တောင် (v) လို့မရဘူးဒီ Gram...
27/06/2024

Grammar
~(으)ㄹ래야 V(으)ㄹ 수 없다 = (v )ဆိုရင်တောင် မ(v) နိုင်ဘူး
= (v )ချင်ရင်တောင် (v) လို့မရဘူး

ဒီ Grammar Pattern လေးက ကြိုးစားပေမယ့် မတတ်နိုင်ဘူး လို့ ပြောချင်တဲ့ အခါမှာသုံးလေ့ရှိတယ်.
ကြိုးစားလုပ်ဆောင်မှုကို အကြောင်းပြတဲ့ အခါ သုံးပါတယ် .
အကြောင်းပြချက်~서 နဲ့ 래야 က အတူတွဲသုံးလေ့ရှိပါတယ်.

ဥပမာ
*그분은 성격이 워낙 낙천적이어서 미워할래야 미워할 수 없다.
အဲ့လူက စိတ်သဘောထားကောင်းလို့ သူ့ကို မုန်းပါဆိုရင်တောင် မမုန်းနိုင်ဘူး

*밖이 시끄러워서 책을 읽을래야 읽을 수 없다.
အပြင်မှာ ဆူညံလွန်းလို့ စာအုပ်ကို ဖတ်ချင်ရင်တောင် ဖတ်လို့မရဘူး

*사람들과 정이 많이 들어서 부탁을 거절할래야 거절할 수 없다.
လူတွေကို သံယောဇဉ်မေတ္တာ အများကြီးရှိလို့ သူတို့ တောင်းဆိုတာ တွေကို ငြင်းချင်ရင်တောင်ငြင်းလို့မရဘူး

아무리 문화가 다르다고 해도 그 사람의 행동을 이해할래야 이해할 수 없다
ဘယ်လောက်ပဲ ယဉ်ကျေးမှုတွေကွဲပြားနေပါစေ အဲ့ လူရဲ့ လုပ်ရပ်တွေကို နားလည်ပေးပါဆိုရင်တောင် နားလည်ပေးလို့မရဘူး

보기

가: 왜 안 드세요? 이 식당 음식을 좋아하잖아요.
ဘာလို့ မစားတာလဲ? ဒီစားသောက်ဆိုင်က အစားအစာတွေကို မင်း ကြိုက်တယ်မဟုတ်လား

나: 이가 너무 아파서 먹을래야 먹을 수 없어요.
သွားက အရမ်းနာနေလို့ စားချင်ရင်တောင် စားလို့မရဘူး
------------------------

가: 조금만 더 힘을 내세요.
နည်းနည်းလောက်ထပ်ပြီး သန်မာပေးပါ.

나: 전 힘들어서 더 이상 걸을래야 걸을 수 없어요.
ကျနော် ပင်ပန်းလွန်းလို့ နောက်ထပ် လမ်းလျှောက်ချင်ရင်တောင် ဆက်မလျောက်နိုင်ဘူး

09/05/2024

အသတ်ခြွင်းချက်များ part-2

만들다(ပြုလုပ်သည်)
만듭니다(ပြုလုပ်ပါတယ်)
만듭니까?(ပြုလုပ်လား)
만드는(ပြုလုပ်တဲ့)
만드세요(?)(ပြုလုပ်ပါ၊ပြုလုပ်တယ်၊ပြုလုပ်လား)
만드삽시오(ပြုလုပ်ပါ)
만드니까(ပြုလုပ်လို့)
달다(ချိုသော)
답니다(ချိုပါတယ်)
답니까?(ချိုလား)
단(ချိုတဲ့)
다ㅛㅔ요(?)(ချိုတယ်၊ချိုလား)
다나까(ချိုလို့)
멀다(ဝေးသော)
멉니다(ဝေးတယ်)
멉니까?(ဝေးလား)
먼(ဝေးတဲ့)
머세요(?)(ဝေးတယ်၊ဝေးလား)
머니까(ဝေးလို့)
열다(ဖွင့်သည်)
엽니다(ဖွင့်တယ်)
엽니까?(ဖွင့်လား)
여는(ဖွင့်တဲ့)
여세요(?)(ဖွင့်တယ်၊ဖွင့်ပါ၊ဖွင့်လား)
여십시오(ဖွင့်ပါ)
파니까(ဖွင့်လို့)

09/05/2024

အသတ်ခြွင်းချက်များ part-1

살다(နေထိုင်သည်)
삽니다(နေထိုင်ပါတယ်)
삽니까?(နေထိုင်လား)
사는(နေတဲ့)
사세요(?)(နေပါ၊နေတယ်၊နေလား)
사십시오(နေပါ)
사니까(နေလို့)
알다(သိသည်)
압니다(သိတယ်)
압니까?(သိလား)
아는(သိတဲ့)
아세요(?)(သိတယ်၊သိလား)
아니까(သိလို့)
놀다(ကစားသည်)
놉니다(ကစားတယ်)
놉니까?(ကစားလား)
노는(ကစားတဲ့)
노세요(?)(ကစားပါ၊ကစားတယ်၊ကစားလား)
노십시오(ကစားပါ)
노니까(ကစားလို့)
팔다(ရောင်းသည်)
팝니다(ရောင်းတယ်)
팝니까?(ရောင်းလား)
파는(ရောင်းတဲ့)
파ㅛㅔ요(?)(ရောင်းပါ၊ရောင်းတယ်၊ရောင်းလား)
파십시오(ရောင်းပါ)
파니까(ရောင်းလို့)

10/01/2024

ချယ်တို့မြဝတီမှာ လျှပ်စစ်မီးပြတ်တောက်နေလို့ pageလေးစာမတင်ဖြစ်တာ😞 အခုထိမီးပြန်မရသေးလို့ မီးရမှပြန်ဆုံကြမယ် ယော်ရောဘွန်းတို့❤

21/11/2023

တစ်နေ့ကိုအချိန် ၅မိနစ်ပေးရုံနဲ့ Topik level6 ရအောင်လုပ်နည်း...see more

အစားတလိုင်းလေးတွေအတွက်👀
10/11/2023

အစားတလိုင်းလေးတွေအတွက်👀

ကိန်းဂဏန်းအရေအတွက်
10/11/2023

ကိန်းဂဏန်းအရေအတွက်

07/11/2023

Part 3 Vocabulary

배탈이 나다 ㅡ ဗိုက်နာသည်

소화가 잘 안 되다 ㅡ အစာ မကြေသည်

차가운 음식 ㅡ အအေးစာ

통장을 만들다 ㅡ ဘဏ်စာအုပ် လုပ်သည်

외국인등록증 ㅡ နိုင်ငံခြားသားမှတ်ပုံတင်ကတ်

서명을 하다 ㅡ လက်မှတ် ထိုးသည်

설명을 하다 ㅡ ရှင်းပြသည်

현금카드 ㅡ ဘဏ်ကတ်

직접 ㅡ ကိုယ်တိုင်ကိုယ်ကျ

상자 ㅡ သေတ္တာ box

그 후에 ㅡ အဲ့ နောက်ပိုင်း

원룸 ㅡ တစ်ယောက်ခန်း One Room

알아보다 ㅡ စုံစမ်းသည်

하숙집 ㅡ ကျောင်းနားက အဆောင်

시험 공부를 마치다 ㅡ စာမေးပွဲ အတွက် စာလုပ် ပြီးသည်

어렸을 때 ㅡ ငယ်ငယ်တုန်းက

여러분ㅡ လူကြီးမင်းများ

여러 번 ㅡ အကြိမ်ကြိမ်

스트레스가 풀리다 ㅡ စိတ်ဖိစီးမှု ပြေလျော့သည်

기회를 놓치다 ㅡ အခွင့်အရေး လက်လွှတ် ဆုံးရှုံးသည်

좋은 추억을 만들다 ㅡ အမှတ်တရကောင်း ဖန်တီးသည်

얼마 전에 ㅡ မကြာသေးခင်က

애인과 헤어지다 ㅡ ရည်းစားနှင့် လမ်းခွဲသည်

기분이 우울하다 ㅡ စိတ်ညစ်သည်

기분을 바꾸다 ㅡ စိတ်ကို အပြောင်းအလဲ လုပ်သည်

유행 ㅡ ခေတ်စားခြင်း

파마를하다 ㅡ ဆံပင်ကောက်သည်

분위기를 바꿔 보다 ㅡ ဒီဇိုင်းပြောင်းကြည့်သည်

기분 좋게 ㅡ စိတ်ချမ်းချမ်းသာသာနှင့်

마음에 들다 ㅡ သဘောကျသည်

며칠 전에 ㅡ လွန်ခဲ့သော သုံးရက်က

찜질방 ㅡ ချွေးထုတ်ခန်း

요가를 하다 ㅡ ယောဂ ကျင့်သည်

무거운 마음 ㅡ လေးလံသော စိတ်

즐거워지다 ㅡ ပျော်ရွှင်လာသည်

긍정적으로 생각하다 ㅡ အကောင်းမြင် ဝါဒနှင့် တွေးသည်

개방적으로 생각하다 ㅡ ပွင့်လင်းမြင်သာစွာ တွေးသည်

평소에 ㅡ သာမန်ချိန်မှာ

명절 ㅡ ပွဲတော်

세배를 하다 ㅡ နှစ်သစ်တွင် ကန်တော့သည်

세뱃돈을 주다 ㅡ နှစ်သစ်မုန့်ဖိုး ပေးသည်

시간이 걸리다 ㅡ အချိန် ကြာသည်

시간을 보내다 ㅡ အချိန် ကုန်ဆုံးသည်

사간이 지나다 ㅡ အချိန် ကျော်သည်

시간을 지키다 ㅡ အချိန် လေးစားသည်

친척ㅡ ဆွေမျိုး

재미있는 놀이를 하다 ㅡ ပျော်စရာကောင်းသော ကစားနည်းဖြင့် ဆော့သည်

준비를 모두 끝내다 ㅡ ပြင်ဆင်မှု အားလုံး အဆုံးသတ်သည်

결정하다 ㅡ ဆုံးဖြတ်သည်

편하다 ㅡ အဆင်ပြေ သက်သာသည်

07/11/2023

Part-2 Vocabulary
자신감을 얻다 ㅡ မိမိကိုယ်ကို ယုံကြည်စိတ် ရရှိသည်

자신감을 잃다 ㅡ မိမိကိုယ်ကို ယုံကြည်စိတ် ပျောက်ဆုံးသည်

연예인 ㅡ အနုပညာရှင်

과정을 직접 다루다 ㅡ လုပ်ငန်းစဉ်ကို ကိုယ်တိုင် ကြီးကြပ် ကိုင်တွယ်သည်

중간 유통 비용이 줄어들다 ㅡ ကြား ဖြန့်ဖြူးရေး စရိတ် လျော့ကျသည်

최신 유행의 옷 ㅡ နောက်ဆုံးပေါ် ခေတ်စားသော အကျၤီ

유행에 뒤떨어지다 ㅡ ခေတ် နောက်ကျသည်

인기를 얻다 ㅡ လူကြိုက်များမှု ရရှိသည်

적게 제작하다 ㅡ နည်းနည်း ထုတ်လုပ်သည်

푸른빛 ㅡ ပင်လယ်ပြာ နှင့် တောင်ပြာတန်း အရောင်

입을 최대한 크게 벌리다 ㅡ ပါးစပ်ကို တတ်နိုင်သမျှ ကျယ်ကျယ် ဟသည်

순식간에 ㅡ တဒင်္ဂလေးအတွင်းမှာ

반짝이는 빛을 내다 ㅡ တလက်လက် တောက်ပသော အရောင် ထုတ်သည်

색깔에 철저하게 녹아들다 ㅡ အရောင် ပါဝင်စေသည်

자신의 몸을 지키다 ㅡ မိမိ ခန္ဓာကိုယ်ကို ကာကွယ်သည်

음악 감상 ㅡ ဂီတ ခံစား နားဆင်ခြင်း

뇌의 통증 ㅡ ဦးနှောက်၏ နာကျင်မှု

음악치료 ㅡ ဂီတ ကုထုံး

초기 ㅡ အစပိုင်း

음악 처방 ㅡ ဂီတ ဆေးညွှန်း

개인적 차이를 고려하다 ㅡ တစ်ဦးချင်း ကွာခြားချက်ကို ထည့်သွင်းစဉ်းစားသည်

음악을 추천하다 ㅡ ဂီတကို ညွှန်းသည်

특정 음악이 사용되다 ㅡ အထူးသတ်မှတ်ထားသော ဂီတကို အသုံးပြုထားသည်

어쩌면 ㅡ ကြည့်ရတာ (may be)

바다색 ㅡ ပင်လယ်ပြာရောင်

치료의 효과가 높아지다 ㅡ ကုသမှု အာနိသင် မြင့်တက်လာသည်

이리저리 흔들리다 ㅡ ဟိုဟိုဒီဒီ ဆောက်တည်ရာမရ ဖြစ်သည်

원칙 있는 교육 ㅡ နိယာမတရားရှိသော ပညာရေး

감정에 휩쓸리다 ㅡ ကိုယ့်စိတ်ကို မနိုင် ဖြစ်သည်

규칙을 만들다 = 규칙을 세우다 ㅡ စည်းကမ်းချက် ထုတ်သည်

잔소리가 줄다 ㅡ ဗျစ်တောက်ဗျစ်တောက် ပြောဆိုတာ လျော့နည်းသည်

눈길을 끌다 ㅡ စိတ်ဝင်စားအောင် ဆွဲဆောင်သည်

눈을 감아 주다 ㅡ မသိချင်ယောင် ဆောင်ပေးသည်

눈 빠지게 기다리다 ㅡ လည်ပင်းရှည်အောင် စောင့်ရသည်

눈 뜨고 볼 수 없다 ㅡ မကြည့်ရက်သည်

자녀를 꾸중하다 ㅡ သားသမီးကို ဆူပူမာန်မဲသည်

곤란한 표정 ㅡ အခက်တွေ့သော မျက်နှာထား

아무런 망설임도 없이 ㅡ တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိ

졸졸 뒤따르다 ㅡ နောက်မှ တကောက်ကောက် လိုက်သည်

단호하게 말하다 ㅡ စကားပြော ပြတ်သည်

한참 바라보다 ㅡ တော်တော်ကြာ ငေးကြည့်သည်

땀방울 ㅡ ချွေးစက်

보석처럼 반짝이다 ㅡ ရတနာလို တလက်လက် တောက်ပသည်

든든하다 ㅡ အားကိုးရသည်

당황스럽다 ㅡ ကြောင်တောင်တောင်ဖြစ်သည်

대체로 ㅡ အများအားဖြင့်

일교차 주의 ㅡမနက် ည အပူချိန် ကွာခြားမှု သတိပြု

커피 찌꺼기 ㅡ ကော်ဖီကြိတ်ပြီးသား အမှုန့်

새로운 변신 ㅡ ပုံစံ အသစ် ပြောင်းခြင်း

커피를 묻히다 ㅡ ကော်ဖီ သုတ်သည်

디자인을 발명하다 ㅡ ဒီဇိုင်း ထွင်သည်

ကိုရီးယားဝမ်များ💵
07/11/2023

ကိုရီးယားဝမ်များ💵

07/11/2023

Part 1 Vocabulary

1. 전화를 잘못 걸다 ㅡ ဖုန်း မှား ခေါ်သည်

2. 번호표를 뽑다 ㅡ နံပါတ်ပြား တိုကင် ယူသည်

3. 그림을 그리다 ㅡ ပုံဆွဲသည်

4. 주문하다 ㅡ အော်ဒါ မှာယူသည်

5. 시험이 끝나다 ㅡ စာမေးပွဲ ပြီးဆုံးသည်

6. 걸어 가다 ㅡ လမ်းလျှောက်သွားသည်

7. 먼지가 많다 ㅡ ဖုန် များသည်

8. 물걸레로 닦다 ㅡ ရေစိုဝတ်ဖြင့် သုတ်သည်

9. 일이 잘 되다 ㅡ အလုပ်အကိုင် အဆင်ပြေသည်

10. 깨끗해지다 ㅡ သန့်ရှင်းသွားသည်

11. 배달 가능하다 ㅡ လိုက် ပို့ပေးသည် Deli

12. 계산은 카드로 하다 ㅡ ကတ်ဖြင့် ငွေရှင်းသည်

13. 배달이 밀려 있다 ㅡ လိုက်ပို့စရာ ပုံနေသည်

14. 한국 생활에 익숙해지다 ㅡ ကိုရီးယားမှာ နေတာ အသားကျနေသည်

15. 경치가 좋은 곳 ㅡ ရှုခင်းကောင်းသော နေရာ

16. 대회에 참가하다 ㅡ ပြိုင်ပွဲ ဝင် ပြိုင်သည်

17. 환영하다 ㅡ ကြိုဆိုသည်

18. 특별한 계획이 있다 ㅡ အထူးအစီအစဉ် ရှိသည်

19. 보험을 들다 ㅡ အာမခံ ဝင်သည်

20. 전화요금을 내다 ㅡ ဖုန်းဘေလ် ဆောင်သည်

21. 복잡하다 ㅡ ရှုပ်ထွေးသည်

22. 소포를 보내다 ㅡ ပါဆယ် ပို့သည်

23. 소금 ㅡ ဆား

24. 맛이 싱겁다 ㅡ အရသာ ပေါ့သည်

25. 노랗게 염색하다 ㅡ အဝါရောင် ဆေးဆိုးသည်

26. 과목 ㅡ ဘာသာရပ်

27. 수학 ㅡ သချၤာဘာသာ

28. 과학 ㅡ သိပ်ပံဘာသာ

29. 탁구 ㅡ စားပွဲတင် တင်းနစ်

30. 친절하다 ㅡ သနားကြင်နာသည်

31. 열이 내리다 ㅡ အဖျားကျသည်

32. 약 먹고 푹 자다 ㅡ ဆေးသောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်သည်

33. 길에서 주웠다 ㅡ လမ်းမှ ကောက်ရသည်

34. 신분증 ㅡ မှတ်ပုံတင်

35. 성인 ㅡ အရွယ်ရောက်ပြီးသော လူကြီး

36. 세일을 많이 하다 ㅡ ဈေး အများကြီး လျှော့သည်

37. 분홍색 ㅡ ပန်းရောင်

38. 가방을 두고 내리다 ㅡ အိတ် မေ့ ကျန်သည်

39. 몇 번 칸 ㅡ အတွဲ ဘယ်လောက် ? (ရထား)

40. 어느 역 ㅡ ဘယ် ဘူတာ

41. 역무원 ㅡ ရထားဘူတာ ဝန်ထမ်း

42. 연결하다 ㅡ ဆက်သွယ်သည်

43. 건물을 수리하다 ㅡ အဆောက်အဦးကို ပြုပြင်သည်

44. 영화를 상영하다 ㅡ ရုပ်ရှင် ပြသည်

45. 공사 기간 ㅡ ဆောက်လုပ် ကာလ

46. 불편을 드리다 ㅡ အဆင်မပြေမှုကို ဖြစ်စေသည်

47. 일기예보 ㅡ မိုးလေဝသ ကြိူတင် ခန့်မှန်းချက်

48. 대회에서 상을 받다 ㅡ ပြိုင်ပွဲတွင် ဆုရသည်

49. 엄청 떨리고 긴장되다 ㅡ အင်မတန် တုန်ယင်နေပြီ စိတ်လှုပ်ရှားသည်

50. 심호흡하다 ㅡ အသက်ပြင်းပြင်း ရှုသည်

Address

Myawadi
63110

Website

Alerts

Be the first to know and let us send you an email when Tr.May Korean Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category