Myat Education

Myat Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Education, Education, Myaungmya.

Grade-5 English မေးခွန်းlistening နဲ့ speaking  စစ်ဆေးခြင်းတွင် ဆရာ/မများ လိုက်နာရမည့် အချက်များ
05/02/2023

Grade-5 English မေးခွန်း
listening နဲ့ speaking
စစ်ဆေးခြင်းတွင် ဆရာ/မများ
လိုက်နာရမည့် အချက်များ

Grade5 English Section (C)||| D 10 marksSchool rulesClassroom rulesFamily rulesMy Healthy Habits
24/01/2023

Grade5 English
Section (C)
||| D
10 marks
School rules
Classroom rules
Family rules
My Healthy Habits

ကလေးက ၅ နှစ်ကျော် ၆ နှစ်လောက်မှ မရောက်သေးရင် ဘာစာမှ မသင်နဲ့။Online ကလဲ မသင်နဲ့။ အိမ်လဲ မခေါ်နဲ့။ ကျောင်းလဲ မပို့နဲ့။ သင်...
20/01/2023

ကလေးက ၅ နှစ်ကျော် ၆ နှစ်လောက်မှ မရောက်သေးရင် ဘာစာမှ မသင်နဲ့။
Online ကလဲ မသင်နဲ့။ အိမ်လဲ မခေါ်နဲ့။ ကျောင်းလဲ မပို့နဲ့။
သင်ချင်သပဆိုရင်
အရုပ် ပုံ များများပါတဲ့ စာအုပ်တွေ ဝယ်ပေးထား။ ( အရုပ် ပုံ များများနော် )
ရွံ့စေးဝယ်ပြီး ကြုံရာ လျှောက်လုပ်ခိုင်း။
စာရွက်အလွတ်တွေ ခဲတံတွေ ချထားပေးပြီး သူဆွဲချင်ရာ ဆွဲပါစေ။
ပုံပြင်ဖတ်ပြ။
ဘလောက်တုံးတွေ ကစားစရာ ပေါင်းစုံဝယ်ပြီး ကစားခိုင်း။
ပြေးလွှားဆော့ကစားပါစေ။

၅ နှစ်မပြည့်သေးတဲ့ ကလေးကို အဲဒါ‌ တွေ ထက် ကောင်းတဲ့ စာသင်နည်း ကမ္ဘာမှာ မရှိသေးဘူး။
ကလေးဆိုတာ ငယ်တုန်း ကစားရမယ်။ အဲဒါမှ ကြီးထွားဖွံ့ဖြိုးမှာ။ စာဆိုတာ မသေမချင်းသင်ရမှာ။ ငယ်တုန်းလေး ကစားရမှာ ။ ကစားပစေ။

၅ နှစ်တောင် မပြည့်သေးတဲ့ ကလေးကို စာသင်ဖို့ ပိုက်ဆံအကုန်မခံနဲ့။ အရုပ်တို့ စာအုပ်တို့သာ နိုင်နိုင်ဝယ်ပေး။
ပိုက်ဆံတွေ အရမ်းပေါနေရင် ကျုပ်ဆီလွှဲပေး။
ကလေးကို စာသင်ခန်းထဲထည့်၊ ကွန်ပျုတာရှေ့ထား ၊ ဆရာမခေါ်ပြီး ဒုက္ခမပေးနဲ့။

၅ နှစ်မပြည့်တဲ့ ကလေးကို စာသင်တာ ကောင်းပါတယ်ဆိုတဲ့ ဆရာမ ရှိရင် ကျုပ်ဆီလာခဲ့။

မရှင်းတဲ့ မိဘတွေ ထပ်ဖတ်။
၅နှစ်တောင် မပြည့်သေးတဲ့ ကလေးကို ပိုက်ဆံရချင်ရုံ သက်သက်နဲ့ ကွန်ပျုတာရှေ့ ဇွတ်ပို့မနေနဲ့။
ဒါပဲ။

တချို့ဆရာမတွေ ကျိန်ဆဲကြတော့မယ်။ 😎😎😎😎😎

#တီချယ်မေ

G5စနစ်သစ်မေးခွန်းစပြောင်းပြီ။4Skills လုံးစစ်ပြီ။( G9 G 12 ပါ 4 Skills လုံးစစ်တော့မလား)G5 English မေးခွန်း ခုထိမရှင်းသေးသ...
17/01/2023

G5စနစ်သစ်မေးခွန်းစပြောင်းပြီ။4Skills လုံးစစ်ပြီ။
( G9 G 12 ပါ 4 Skills လုံးစစ်တော့မလား)

G5 English မေးခွန်း
ခုထိမရှင်းသေးသော သူများအတွက်ပါမေးခွန်းက 4 skills ပြည့်အောင်မေးထားပါတယ်

စာမေးပွဲဖြေဆို ချိန်က၁နာရီခွဲပါ

Section A.B.C ဖြေဆိုချိန်က၁နာရီ၁၀မိနစ်ပါ
ပထမပိုင်း ၁း၁၀မိနဈမှာ

အဖြေလွှာများ သိမ်းပါမယ်။ အခန်းစောင့် ၂ဦးအနက် တစ်ဦးက ၎င်းအဖြေလွှာများကို ယူကာ

Oral မေးမည့်အခန်းသို့ယူသွားရပါမယ် ကျန်အခန်းစောင့်ဆရာမကခုံနံပါတ်စဉ်အတိုင်းခလေးတစ်ဦးချင်းအား Oral ခန်းသို့ပို့ပေးရပါမယ်
မိနစ်၂၀အတိဖြေဆိုသူရှိသလိုမိနစ်အနည်းငယ်သူဖြေဆိုသူလည်းရှိပါတယ်Oral ဖြေပြီးတဲ့ခလေးကိုအခြားသီးသန့်အခန်းလွတ်တွင်ကြီးကြပ်သူဆရာမတစ်ဦးထပ်မံထားပြီးအချိန်စေ့မှပြန်လွှတ်ရပါမယ်။

Oral ဖြေနေစဉ်အငြင်းပွားမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရေး record ယူထားရပါမယ်ခလေးဖြေဆိုမှုအား အခန်းစောင့်မှ အမှတ်ပေးစည်းမျဉ်းပါအတိုင်းအမှတ်ပေးရပါမယ်ဒါလဲထူးခြားချက်တစ်ခုပါ
Section D Speaking ကမိနစ်၂၀ပါ

ခလေးတစ်ဦးချင်းတိုင်းအတွက်၂၀မိနစ်ဖြေဆိုခွင့်ရှိပါတယ်မှားတတ်လို့ပါတစ်ချို့ကခလေးအားလုံး၂၀မိနစ်အတွင်းအပြီးဖြေရမယ်လို့မှားကြပါတယ်သတိထားဖို့ပါ

Section (A) Listening
ပိုင်းက Listeningဆိုတဲ့အတွက်ကြောင့် ဆရာပြောတာကို ကေလး နားထောင်နိုင်မှုစွမ်းရည် ရွိ/ မရွိ စစ်ဆေးခြင်း ဖြစ်ပါတယ် ။ ဆရာက၃ကြိမ်၃ခါပီပီသသဖတ်ပြရမှာဖြစ်ပါတယ်

l.(A) က ဆရာဖတ်ပြတဲ့ အသံကို နားထောင်ပြီး True (OR) False ရေးဖြေရမှာ ဖြစ်ပါတယ်။
Tကိုအကြီးနဲ့ရေးပြီးFကိုလည်းအကြီးနဲ့ရေးရပါမယ် True! False !အပြည့်ရေးရပါမယ်

l.(B) Matching ပါ
ဆရာဖတ်ပြတဲ့ စာကြောင်းကို ကေလးက ယှဉ်တွဲ ရမွာ ဖြစ်ပါတယ်။ မေးခွန်းညွှန်ကြားချက်အတိုင်းဖြေရမှာဖြစ်ပါတယ်

l.(C) က ဆရာဖတ်ပြတဲ့ ဝါက်No.ကို ရေးဖြေရမှာ ဖြစ်ပါတယ်။ဆရာဖတ်ပြတဲ့ဝါကျနဲ့မေးခွန်းထဲကတူတဲ့ဝါကျရဲ့Noကိုရွေးပေးရပါမယ်

ListeningTestဖြစ်တာကြောင့်
နှုတ်မေးနှုတ်ဖြေ မဟုတ်ပါဘူး။

Audio ( or )Teacher
ပြောတာကို နားထောင်ပြီးအဖြေကို Question on paperမွာပဲ
တစ်ခါတည်း ဖြေပေးရမှာပါ။

Section B က Reading
Section C က Writingဖြစ်ပါတယ်
ဒီ၂ပိုင်းကအရင်လိုဘဲစာပိုဒ်နဲ့ word form Verb form ပုံစံသာဖြစ်ပါတယ်

Section( D)speakingကတစ်ခုကိုပဲ
နှုတ်မေးနှုတ်ဖြေပါ။ပုံလေးတွေလဲပြထားပေးပါတယ်Section Dကခလေးအဖြေ(နှုတ်ဖြင့်)ဖြေတာကိုအမှတ်ပေးယုံပါ ခေလးကon paper မှာရေးစရာမလိုပါ

တျခား Listening ,Reading ,Writing.Speaking အပိုင်းအားလုံး Question On Paper မွာပဲ ဖြေပေးရမှာပါ။

မေးခွန်းပေါ်မှာပဲတစ်ခါတည်း ဖြေရပါမယ်ဘာသာရပ်သင်ဆရာမကမြန်မာနိုင်ငံစာစစ်ကပေးထားတဲ့မေးခွန်းများအတိုင်းလေ့ကျင့်သင်ကြားထားမှသာအခက်အခဲတစ်စုံတစ်ရာမရှိမှာဖြစ်ပါတယ်ကြီးမှူးကEng နေ့မှာဆရာဆရာမအင်အားကိုရှိသမျှအသုံးပြုရမှာပါစာဖြေခန်း၅ခန်းရှိရင် Oral ၅ခန်းထားရမှာပါ ဒီထက်လဲပိုနိုင်ပါတယ်

Eng မေးခွန်းသည်ကြီးမှူး Teo များနှင့်ဆရာ ဆရာမများအားလုံးပူးပေါင်းဆောင်ရွက်မှသာအောင်မြင်နိုင်မှာပါ
အားလုံးပဲ အဆင်ပြေစေအောင်ရည်ရွယ်ပါတယ်လိုအပ်လျှင်ထပ်မံဖြည့်စွက်ပါ

မူရင်းတင်သူ ဒေါက်တာသင်းမာလာ( ခရိုင်ပညာရေးမှူး)ကို
ခရက်ဒစ် ပေးပါတယ်

Grade 5 မြန်မာစာမေးခွန်း ၆........၅မှတ်တန် ၃ပုဒ်.....(၁၅)မှတ် ဖိုး😍😍^တောင်ကြီးဖဝါးအောက်ကဗျာ^ရိုးတစ်လျှောက်ကဗျာ^ဆုံးမစာ^မ...
17/01/2023

Grade 5 မြန်မာစာ
မေးခွန်း ၆........
၅မှတ်တန် ၃ပုဒ်.....(၁၅)မှတ် ဖိုး😍😍
^တောင်ကြီးဖဝါးအောက်ကဗျာ
^ရိုးတစ်လျှောက်ကဗျာ
^ဆုံးမစာ
^မြစ်ဧရာ
^ပြည်ထောင်စုခရီးသည်
ကဗျာစာပိုဒ်များ၏အဓိပ္ပါယ်
#အဆင်သင့်သလိုဖြည့်စွက်ရေးသားပါရန်😍

🌺"တူယှဉ်နွှဲပျော်တို့ချင်းမြေရဲ့ခွာဒိုပွဲတော်"🌺Grade5 မြန်မာစာပြည်ထောင်စုခရီးသည်(ကဗျာ)မှ #ခွာဒိုသဘင်ဆင်ယင်နွှဲမြူးပျော်က...
01/11/2022

🌺"တူယှဉ်နွှဲပျော်တို့ချင်းမြေရဲ့ခွာဒိုပွဲတော်"🌺

Grade5 မြန်မာစာ
ပြည်ထောင်စုခရီးသည်(ကဗျာ)မှ

#ခွာဒိုသဘင်ဆင်ယင်နွှဲမြူးပျော်ကြသည့်ပွဲ
😊ချင်းတိုင်းရင်းသားတို့ ဆင်နွှဲလေ့ရှိတဲ့ပွဲတော်များထဲမှ ဒီနေ့မှာတော့ ချင်းတိုင်းရင်းသားတို့ရဲ့ အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ ကောက်သစ်စားပွဲတော်လို့ခေါ်တဲ့ ခွာဒိုပွဲတော်အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

🤩ချင်းလူမျိုးများ၏ အခမ်းနားဆုံးပွဲတော်တစ်ခုဖြစ်သည့် ခွာဒိုပွဲတော်သည် ဓလေ့ထုံးစံများအရ ရှေးကပင်ကျင်းပခဲ့ကြသောပွဲတော်တစ်ခုဖြစ်ပါတယ်။ ချင်းလူမျိုးများ တောင်ပေါ်ဒေသကို အခြေချခဲ့သည့် အေဒီ ၁၄ ရာစုခန့်မှစ၍ ခွာဒိုပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်ဟု သမိုင်းအထောက်အထားများနှင့် ချင်းရိုးရာတေးသီချင်အထောက်အထားများအရ သိရှိရပါတယ်။ ဒါ့ကြောင့်ရိုးရာခွာဒိုကျင်းပခဲ့တဲ့သက်တမ်းသည်အနည်းဆုံးနှစ်ပေါင်း (၆၀၀)ကျော် ကြာမြင့်ပြီ ဟုခန့်မှန်း၍ဆိုနိုင်ပါတယ်။

🎆ခွာဒိုပွဲတော်သည် ချင်းတိုင်းရင်းသားတို့ တစ်နှစ်တာတောင်ယာလုပ်ငန်းအောင်မြင်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲခံကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်သည်။ ရွာသူရွာသားများကျန်းမာ ပျော်ရွှင်ရေးနှင့် အနာရောဂါ ကင်းဝေး စေရန်၊လာမည့်နှစ်တွင် ရာသီဥတုမှန်ကန်ကောင်းမွန်ပြီး တောင် ယာသီးနှံများဖြစ်ထွန်းအောင်မြင်နိုင်စေရန်၊ တိုင်းပြည်အေးချမ်းသာယာ ၍ ချစ်ခင်ရင်းနှီးမှု ရရှိစေရန် တို့ကိုရည်ရွယ်လျက် မကောင်းသောနတ်ဆိုးများကိုနှင်ထုတ်ခြင်း၊ နတ်ကောင်း နတ်မြတ် များကို ပူဇော်ပသခြင်း၊ ဆုတောင်းခြင်းနှင့်ရပ်ဝေးရပ်နီးမိတ်ဆွေများပျော်ရွှင်စွာ တွေ့ဆုံ စားသောက်နိုင်ရန် ခွာဒိုပွဲတော်ကိုကျင်းပရခြင်းဖြစ်ကြောင်းသိရပါတယ်။

✅ခွာ၏အဓိပ္ပာယ်မှာ “ရပ် ရွာ” ၊ ဒို ၏အဓိပ္ပာယ်မှာ”ဧည့်ခံကျွေးမွေးခြင်း” နဲ့ “ခုခံတိုက်ခိုက်ခြင်း” ဟုသိရပါတယ်။ ထို့ကြောင့် ခွာဒိုပွဲတော်၏ ဆိုလို ရင်းအဓိပ္ပာယ်မှာ ဘေးဒုက္ခပေးတတ်သော နတ်ဆိုးများကို နှင်ထုတ် ၍ ရပ်ရွာကို သန့်ရှင်းစေခြင်း၊ ရွာသားများ၏ ကျန်းမာရေး စီးပွားရေး တိုးတက်စေရန်အတွက် နတ်ကောင်းနတ်မြတ်များကို ပူဇော်ပသခြင်းနှင့် ကွယ်လွန်သူ ဘိုးဘေးများ၏ ဝိညာဉ်များနှင့် ဆွေမျိုးများအတွက် ဆုတောင်းပွဲကြီးကို ကျင်းပခြင်း ဖြစ်ရာ ရိုးရာဓလေ့ ထုံးစံအရ အမွန်မြတ်ဆုံး ပွဲတော်ကြီး ဖြစ်၍ ချင်းတိုင်းရင်းသားတို့သည်တစ်ရွာလုံး၊ တစ်မျိုးလုံး အတီးအမှုတ် များဖြင့်စုပေါင်း ညီညွတ်စွာကခုန်ပြီးကျင်းပလေ့ ရှိကြောင်းသိရပါတယ်။

✅မျိုးနွယ်စုများပြားလှတဲ့ ချင်းတိုင်းရင်းသားများတွင်နေရာဒေသကိုလိုက်၍ ခွာဒိုပွဲတော်ကို အမျိုးမျိုးခေါ်ဝေါ်ကြသလို ကျင်းပပုံချင်းလည်းကွဲပြားသည်။ သို့သော်ခွာဒိုပွဲတော်၏ အနှစ်သာရမှာ သီးနှံများရိတ်သိမ်းပွဲ၊ကောက်သစ်စားပွဲနှင့်မကောင်းဆိုးဝါးများကိုနှင်ထုတ်သန့်ရှင်းစေပြီး ကောင်းချီး မင်္ဂလာများ ကြိုဆို၍ ပူဇော်ပသခြင်းပွဲပင်ဖြစ်ပါတယ်။ ခွာဒိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကောက်သစ် ပေါ်ချိန်အောက်တိုဘာလနှင့်နိုဝင်ဘာလဆန်းများတွင်းဆင်နွဲလေ့ရှိကြပါတယ်။ဒီပွဲတွင်ဝါးညှပ်အကသည်မပါမဖြစ်တဲ့အကဖြစ်ပါတယ်။

🥰ခွာဒိုပွဲတော်ကျင်းပတဲ့အချိန်ရောက်တိုင်း မြန်မာပြည်အနှံ့ခရီး သွားများသာမက ကမ္ဘာ့လှည့်ခရီးသည်များကပါအတူတူ ပါဝင်ဆင်နွှဲပြီးတော့ လာရောက် လေ့လာကြပါတယ်။မြူခိုးမှိုင်းဝေနေတဲ့ တောင်တန်းတွေကြား တောင်ဇလပ်နီတို့ရှင်သန်ရာချင်းတို့မြေမှ ခွာဒိုပွဲတော် ဓလေ့သည် မြန်မာတွင်သာမက ကမ္ဘာ့ အလယ် တွင် ပါဂုဏ်တင့်စေမယ့် ပွဲတော်တစ်ခု ဖြစ်ပါစေ ကြောင်း Myanmar.Travel မှဖော်ပြပေးလိုက်ပါတယ်နော်။

#ချင်းပြည်နယ် #ခွာဒိုပွဲတော် #စွဲမက်ဖွယ်ရာပြည်မြန်မာ .Travel

Crd ပေးပါတယ် ရှင့်

Grade 5အဂ်လိပ်ဘာသာနမူနာမေးခွန်းလွှာ အညွှန်းဇယားလူမှုရေးဘာသာ နမူနာမေးခွန်းလွှာ အညွှန်းဇယားသိပ္ပံဘာသာ  နမူနာမေးခွန်းလွှာ အ...
07/10/2022

Grade 5
အဂ်လိပ်ဘာသာနမူနာမေးခွန်းလွှာ အညွှန်းဇယား
လူမှုရေးဘာသာ နမူနာမေးခွန်းလွှာ အညွှန်းဇယား
သိပ္ပံဘာသာ နမူနာမေးခွန်းလွှာ အညွှန်းဇယား
#နှစ်ဆုံးစာ​မေးပွဲအတွက်သာ

Crd

၂၀၂၂-၂၀၂၃ပ ညာသင်နှစ် ..........ပြည်နယ်/တိုင်းဒေသကြီး............ခရိုင်(Grade-5 )စနစ်သစ် (ဘာသာစုံ)အမှတ်(၁၀၀)ဖိုး မေးခွန်း...
28/09/2022

၂၀၂၂-၂၀၂၃ပ ညာသင်နှစ် ..........ပြည်နယ်/တိုင်းဒေသကြီး............ခရိုင်
(Grade-5 )စနစ်သစ် (ဘာသာစုံ)
အမှတ်(၁၀၀)ဖိုး မေးခွန်း နမူနာပုံစံ
#နှစ်ဆုံးစာမေးပွဲအတွက်ပါ❤❤

Crd

Grade 5လူမှုရေးဘာသာအခန်း ၃ အိန္ဒိယနိုင်ငံ #ဆစ်ခ်ဘာသာအကြောင်း❤❤❤ဆစ်ခ်ဘာသာသည် ၁၅ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်...
24/09/2022

Grade 5
လူမှုရေးဘာသာ
အခန်း ၃ အိန္ဒိယနိုင်ငံ
#ဆစ်ခ်ဘာသာအကြောင်း❤❤❤

ဆစ်ခ်ဘာသာသည် ၁၅ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု ဖြစ်သည်။ စတင်တည်ထောင်ခဲ့သူမှာ ဂုရု နာနာ့ဗ် ဒပ်ဗ် ဖြစ်ပြီး သူမှစ၍ နောက်ထပ် ဂုရု ၁၀ ယောက်တိုင်အောင် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဆစ်ခ်ဘာသာ ဆိုင်ရာ နောက်ဆုံးဟောပြောခဲ့သူမှာ ဂုရု ဂရန့် ဆာဟစ် ဂျီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတရား ဖြစ်ပြီး ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော် ရှိသည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်မှာ ကမ္ဘာပေါ်တွင် ဆစ်ခ်ဘာသာ ကိုးကွယ်သူ အများဆုံး ဒေသ ဖြစ်သည်။

ဆစ်ခ်ဘာသာဝင်တို့ အနေနှင့် သူတော်စင် စစ်သည်တော် စိတ်ဓာတ်ရှိရမည်ဟု ပြဌာန်းထားသည်။ လူတစ်ယောက်အနေနှင့် မိမိတို့ ကိုယ်အတွင်းမှ မကောင်းမှုများကို မိမိဘာသာ ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး ဂုရု ဂရန့် ဆာဟစ်မှ ရှင်းလင်း ဟောကြားခဲ့သော စင်ကြယ်မှုများနှင့် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမည်ဟု ပြဌာန်းထားသည်။ ဆစ်ခ်တို့အနေနှင့် မတရားသဖြင့် ဖိနှိပ်ခံရသူတို့ အား ဘာသာမရွေး၊ အသားအရောင်မရွေး၊ ဇာတ်နိမ့် ဇာတ်မြင့် မရွေး၊ ယုံကြည်သက်ဝင်မှု မရွေး မည်သူ့အား ဖြစ်စေ အကာအကွယ် ပေးနိုင်ရန် အတွက် သတ္တိရှိရမည်ဟု ပြဌာန်းထားသည်။
ဂုရု (၁၀) ပါး
ဂုရု နာနာ့ဗ် ဒပ်ဗ် (Guru Nanak Dev )
ဂုရု အန်ဂတ် ဒပ်ဗ် (Guru Amar Das )
ဂုရု အမ်မား ဒေ့စ်(Guru Angad Dev )
ဂုရု ရံမ် ဒေ့စ် (Guru Ram Das )
ဂုရု အာဂျန် ဒပ်ဗ် ( Guru Arjan Dev )
ဂုရု ဟား ဂိုဘင်ဒ် (Guru Har Gobind )
ဂုရု ဟား ရား (Guru Har Rai)
ဂုရု ဟား ခရီရှန်း (Guru Har Krishan)
ဂုရု ဒန်းဂ် ဗဟာဒူး (Guru Tegh Bahadur)
ဂုရု ဂိုဘင်ဒ် ဆင်းဂ် (Guru Gobind Singh )
ဂုရု ဂရန့် ဆာဟစ် (Guru Granth Sahib)

ဆစ်(ခ်) ဘာသာ အယူဝါဒ

ဆစ်ခ်ဘာသာ သည်အဓိကအားဖြင့် ဖန်ဆင်းရှင်(ထာ၀ရဘုရားသခင်) ကိုယုံကြည်လက်ခံကိုးကွယ်ကြသည်။ ဆစ်(ခ်)ဘာသာတွင် မိန်းကလေးတိုင်း ဆံပင်အရှည် ထားပြီး ယောက်ျားလေးတိုင်း ဆံပင်အရှည်/မုတ်ဆိတ်အရှည် ထားကြသည်။ ရည်ရွယ်ချက်နှစ်ခု ဖြင့်ထားကြခြင်းဖြစ်သည်။ ပထမ ရည်ရွယ်ချက်မှာသဘာ၀တရားကြီးက လူ (မိန်းမ) နှင့် လူ(ယောက်ျား)ကိုခွဲခြား သိနိုင်ရန် ပေးထားသည့်အရာများကို လက်ခံခြင်းဖြစ်သည်။ ဒုတိယ ရည်ရွယ်ချက်မှာကောင်းတာလုပ်လျှင် လည်း ပေါ်လွင်စေရန် မကောင်းတာလုပ်လျှင်လည်းပေါ်လွင်စေရန် ဖြစ်သည်။ အဓိက ကိုးကွယ်ယုံကြည်မူကတော့ ဂူရူဂရန်းဆက်(ဘ်) လို့ခေါ်တဲ့ ကျမ်းစာအုပ်ကို ဘုရားသခင် အရပ်အရာထား၍ ယုံကြည်ကိုးကွယ်ကြသည်။ ၁၇၀၈ ခုနှစ် ဒသမမြောက်ဂူရူ ဂူရူဂိုဘင်း(သ်)ဆင်းကြီးမကွယ်လွန်ခင် (၃) ရက်အလိုတွင် ထိုကျမ်းစာအုပ်ကြီးကို ဘုရားသခင် အရပ်အရာ ပေးအပ်ခဲ့သည်။ ထိုကျမ်းစာအုပ်တွင် စာမျက်နှာပေါင်း (၁၄၃၀) ပါ၀င်ပြီး စာလုံးရေပေါင်း ၁၀၂၄၀၀ ပါ၀င်သည်။ ထိုကျမ်းစာအုပ်ကို မနက်နေမထွက်ခင်တွင်ဖွင့်ပြီး ညနေ နေမ၀င်ခင်တွင် သိမ်းလေ့ရှိသည်။ ထိုကျမ်းစာအုပ်တွင် လောကနေနည်းတရားတော် များပါ၀င်သည်။ ဆစ်(ခ်)ဘာသာ၀င်များသည် ဆံပင်၊ ဘီး၊ သံလက်ကောက်၊ ဘောင်းဘီပွ နှင့် ဓားလွယ် စသည့်အဆောင် (၅) ခုကို ဆောင်ရလေ့သည်

Crd
ဗဟုသုတကျေးရွာ

08/09/2022

ဂီတ
ဦးယျာဥ်မှူးသို့ကန်တော့ပန်း
စည်တော်သံ
လက်ပံပွင့်ကောက်

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when Myat Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category