Yoon Wadi Nursery

Yoon Wadi Nursery

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoon Wadi Nursery, Education, Myaing.

Photos from Yoon Wadi Nursery's post 10/05/2024

ဒီနေ့ရောင်းရတဲ့အရောင်းလေးပါ
အိန္ဒိယနံ့သာနီ ပျိုးပင်၁၀၀၀
မန်ဂျန်ရှား ၅၀၀၀
ဝယ်ယူအားပေးသွားတဲ့အစ်ကိုအတွက်
စိုက်လိုက်တဲ့အပင်တိုင်း ရှင်သန်ပါစေလို့ ဆုတောင်းပါတယ်ဗျ
ဈေးသက်သက်သာသာဖြစ်စေဖို့
#နန်းပင်ဆင့်ပျိုးခြံ နဲ့ချိတ်ဆက်ပေးပါ
09974514448
09424448800

28/04/2024

ဘာကြောင့် မြန်မာပြည်ဟာ ကမ္ဘာ့အပူဆုံးဖြစ်ရ
*******************************************
မြန်မာပြည်ချောက်မြို့မှာ 47.2*C ဖြစ်နေပါသတဲ့။
မြန်မာပြည်ဟာ တခြားနိုင်ငံတွေထက် ပိုပူနေပါတယ်
ဘာကြောင့်လဲဆိုတော့ ••••••••
( 1 ) သစ်ပင်တွေအရမ်းခုတ်ပစ်ခြင်း။
( 2 ) သက်တမ်းလွန်နေသော မော်တော်ကား မော်တော်
ဆိုင်ကယ် ထော်လာဂျီများအသုံးများသဖြင့် ထိုစက်
ပစ္စည်းများမှ ကာဗွန်မိုနောက်ဆိုက်ဒ်နဲ့အပူများ
ထွက်ခြင်း ။
( 3 ) ပလပ်စတစ်များအား မီးရှို့ သဖြင့် လေထုပျက်စီး
သွားကာ ခရမ်းလွန်ရောင်ခြည်အရောက်များခြင်း။
( 4 ) အဲယားကွန် ရေခဲသေတ္တာများတွင် R12 R22 ကဲ့သို့
သော Gas များကိုသုံးနေသေးသဖြင့် ကမ္ဘာ့လေထု
ကိုပျက်စီးစေကာ ခရမ်းလွန်ရောင်ခြည်ပိုမိုထိ
ရောက်စေခြင်း ။
( 5 ) အဲယားကွန်း ရေခဲသေတ္တာများအား နှစ်ပေါင်းများ
စွာ Service ပြုလုပ်မှုမလုပ်ခြင်း ။ အဲယားကွန်း
ရေခဲသေတ္တာများသည် နှစ်စဉ် Service ပြုလုပ်ပေး
ရပါသည်။ ဓာတ်ငွေ့များ ယိုစိပ်ခြင်းရှိမရှိ။

ကျနော်တို့ ပက်ဝန်းကျင်ကြီး စိမ်းလန်းသာယာဖို့ ကျနော်
တို့မှာ တာဝန်ရှိပါတယ်ခင်ဗျာလို့ 😍 ဟုတ်ကဲ့ 😁

22/03/2024

ကျနော်နဲ့အတူ
ဘယ်သူတွေ ပါချင်သေးလည်း
😊😊😊
ချမ်းသာချင်ရင်
အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ...

သင်...တစ်ယောက်တည်းမချမ်းသာချင်ပါနဲ့။

မန္တလေးကနေ စပြီး အမြန်လမ်းမကြီးပေါ်တက်ပြီဆိုတာနဲ့ ဆီဆိုင်လောကကို မင်းမူနေတဲ့ဆိုင်တစ်ဆိုင်ရှိတယ် ၊

BOC ဆိုတဲ့ဆိုင် ..( တကယ်ကိုခမ်းနားတဲ့ဆိုင်ပါ )
သူနဲ့အတူ မန္တလေးကခေါက်ဆွဲဆိုင်ရယ် ၊
g & g ကိုပါခေါ်ထားတယ် ။

၂၀၁၉ ခုနှစ် ၆ လပိုင်းလောက် ပြိုင်ဘက်မရှိပဲ ..

သိပ်မကြာဘူး ၊

သူ့ရဲ့ရှေ့တည့်တည့်မှာ ဆီဆိုင်အကြီးကြီးဖွင့်ဖို့ ပြင်ဆင်နေတာ တွေ့တယ် ။

BOC ဆိုတာ ဆီအရည်အသွေးရော ၊ လီတာပြည့်တဲ့နေရာမှာရော ၊
Services ပေးတဲ့နေရာမှာပါ အရမ်းကောင်းတဲ့ဆိုင်ပါ ၊

တစ်ဆိုင်တည်းဆိုပေမယ့် ဖြစ်သလိုမလုပ်ဘူး ။
( ဒီအချက်ကိုတော့ အတော်သဘောကျတယ် )

အဲလိုဆိုင်မျိုးကို ဘယ်လိုဆိုင်ကများ လာဖိုက်မလဲဆိုပြီ စိတ်ဝင်တစားစောင့်ကြည့်ခဲ့တယ် ။

ဒိုင်းဆို ..
ရှေ့မှာ Hi way ဆိုတဲ့ ဆီဆိုင်ကြီးပေါ်လာတယ် ၊
Hi way ဆိုတာ ဆီဆိုင်လောက မှာတော့ BOC နဲ့ယှဉ်ရင် မိုးနဲ့မြေပါ ..

BOC ကို ယှဉ်ဖိုက်မယ့် HI way ဟာ သေချာပြင်ဆင်ခဲ့တယ် ။
သူတစ်ယောက်တည်းမလာဘူး ။
အဖော်တွေ ခေါ်လာတယ် ။

City Mark ကိုခေါ်လာတယ် ၊
Feel ကိုခေါ်လာတယ် ၊
SP ကိုခေါ်လာတယ် ၊
Tom Yam koong တို့လို တကယ့်ဆိုင်တွေကိုခေါ်လာတယ် ။

BOC ဟာ မထင်မှတ်ထားလောက်အောင် Customers တွေအများကြီးကိုခွဲပေးခဲ့ရတယ် ။

BOC ဟာ အတော်လေးကို ကျဲသွားတယ် ။

ခုတော့ BOC က
" မင်္ဂလာပါ " ကိုခေါ်လာတယ် ။

" မင်္ဂလာပါ " ဝင်လာတော့
Soft opening ကာလမှာတောင် BOC မှာ လူပြန်စည်လာတယ် ။

အရင်ခေတ်ကဆို BOC ဆိုတဲ့ဆိုင်းပုဒ်ကို ရှေ့ကထားမယ်ထင်တယ် ၊
( ခုတော့ မင်္ဂလာပါ ဆိုတဲ့ ဆိုင်းပုဒ်ကို ရှေ့ အတော်ကျတဲ့နေရာအထိ ထုတ်ထားတယ် )

နောက်တစ်ခုက DENKO

DENKO ရဲ့ထုံးစံအတိုင်း အချက်အခြာကျပြီး ၊ရှယ်ဆိုတဲ့ အမြန်လမ်းက စစ်ကိုင်းလမ်းခွဲ အဝိုင်းမှာ ဖွင့်လိုက်တယ် ။

DENKO ခေါ်လာတဲ့သူတွေကလည်း အမိုက်စားတွေ

ရွှေပုလ္လင် ကိုခေါ်လာတယ် ။
မြင့်မြင့်ခင် ကိုခေါ်လာတယ် ၊
အရီးတောင်း လက်ဖက် ကိုခေါ်လာတယ် ၊
ဆင်ခြောက်ကောင် ဖိနပ်လည်းပါတယ် ။
ပိုးထည်တိုက် တစ်ဆိုင်တောင်ပါသေးတယ် ။
နောက် Mini market လိုမျိုးလေးလည်းပါသေးတယ် ။

နောက်ဆုံးတော့ customer တွေကို ခွဲပြီးယူကြရတယ် ။

ဒီဘက်ခေတ်မှာ Group နဲ့သွားကြတာ အတော်လေးအရှိန်ရနေပြီထင်တယ် ၊

တစ်ယောက်တည်းချမ်းသာချင်တဲ့စိတ်ဟာ အတော်မှားတဲ့စိတ် ဖြစ်တယ်လို့ မြင်တယ် ။

ကိုယ့်ဘေးနားမှာ ရှိသမျှလူ အကုန်ချမ်းသာလေ ကောင်းလေပါ ၊

ချမ်းသာချင်ရင် အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ။

Credit

15/03/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ
လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့
တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ၊
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ
ရည်စားကိုပေါ်တင်တွဲလို့ ရပြီ၊
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ
အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ၊
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ
ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ၊
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ
ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ၊
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

အသက် 70 နှစ်မှာ
ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ
ကိတ်မုန့်လိုပဲ Expire Date ရှိတယ်
စားသင့်တဲ့အချိန်မှာ စားမှအရသာရှိတာ
အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ
အရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာ
လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက်
ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ
အရမ်းမတွေးပါနဲ့
စိတ်ဆင်းရဲမခံပါနဲ့
ဘဝကတိုတိုလေးပါ။

Photos from Yoon Wadi Nursery's post 15/03/2024

မန်ဂျန်ရှားပျိုးပင်များ
အချိန်အခါမဟုတ်ပဲ ပို့ရတဲ့ အခိုက်အတန့်
မန်ဂျန်ရှားပျိုး လိုအပ်သူများ အဆင်ပြေစေဖို့
09424448800
09974514448
ဆက်သွယ်ပေးပါဗျ

08/03/2024

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင်
မြန်မာပြည်က သူဌေးတွေက income rich ဆိုတဲ့
ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကျပါဘူး။
ပိုင်ဆိုင်မူအရချမ်းသာတဲ့
property rich ပါ။

ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ
အိမ်ခြံမြေစျေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ် ၉၀ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။
ဈေးတက်သွားလို့ပါ။

property rich သမားတွေက ဓနခွဲဝေမူ
နည်းတတ်ပါတယ်။
အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။
နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။

နောက်ပြီး property rich တွေက
ပိုချမ်းသာကြတဲ့အတွက် သူတို့က
သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။
ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး
အလည်သွားတာမျိုး ဆေးကုတာမျိုး
ကလေးကျောင်းထားတာမျိုးပါ။

income rich ကတော့ အလုပ်ကိုင်သစ်
ဖန်တီးပေးတတ်ပါတယ်။
ဓနခွဲဝေမူလည်းဖြစ်ပါတယ်။
ထုတ်ကုန်လည်းထုတ်ပါတယ်။
ဒါကြောင့် ကာယကံရှင်ရော
အလုပ်သမားရော
နိုင်ငံရောကောင်းပါတယ်။

Photos from Yoon Wadi Nursery's post 09/02/2024

ကျနော် ရဲ့ စိုက်ခင်းလေး စိတ်ကူးယဥ်လို့ရတဲ့အနေအထားတစ်ခု
#မိတ်ဆွေတို့အနေနဲ့၂၀၂၄မိုးဦးရာသီ
မှာနှစ်ရှည်ပင်စိုက်ပျိုးဖို့ဆိုရင်
ကျနော်တို့ရဲ့ ပျိုးခြံမှာ မိမိတို့စိုက်ပျိုးလိုသော ပျိုးပင်နှစ်ရှည်ပင်ကို ယခုလ ၂ လပိုင်းမှာပဲ ဈေးနှုန်းချိုသာစွာ မှာယူနိုင်ပါပြီ
နံ့သာဖြူ
နံ့သာနီ
တမလန်းသစ်နှင်းဆီ
ကျွန်း
မန်ဂျန်ရှား
သစ်ပိတောက်
ပိတောက်နက်
ဗမာသံပုရာ
ဟော်လန်သံပုယို
ရှောက်
သရက်
မျိုးစုံနဲ့ အခြားသောပျိုးပင်များကို မှာယူနိုင်ပါပြီဗျ🌿🌿🌲🌳🌳🍀🍀

Photos from Yoon Wadi Nursery's post 06/02/2024

အချိန်အခါမဟုတ်ပဲပို့ရသော အမှတ်တရများ #နန်းပင်ဆင့်ပျိုးခြံ
09424448800
လမ်းအခြေနေအဆိုးတွေကြားကနေ
မရောက်ရောက်အောင် ပို့ပေးနေရတာ
အချိန်တခုတော့ စောင့်ပေးလို့ ကျေးဇူးပါဗျ
နောက်ထပ်က ချင်းပြည်နယ်ကို မျိုးစေ့ပို့ဖို့ ပြင်ဆင်နေပါပြီ Pakokku ကနေပို့ရမယ့် မျိုးစေ့ အခု မြိုင်ကနေ ရန်ကုန်ရောက်နေပါပြီ ရန်ကုကနေ Pku ကားများနဲ့တဆင့် ပြန်တင်ပေးပါတော့မယ်🙃🙃
နောက်ထပ်လာမယ့် မိုးရာသီမှာ စိုက်ပျိုးဖို့ အဆင်သင့် ဖြစ်ချင်သူများ အခုထဲက ကြိုတင်အော်ဒါမှာယူနိုင်ပါပြီဗျ

Photos from Yoon Wadi Nursery's post 11/01/2024

နံ့သာဖြူ နံ့သာနီ တမလန်းလေးတွေ Soldout ပါတယ်🙃🙃

Photos from Yoon Wadi Nursery's post 25/12/2023

ကျနော်တို့အခေါ်က
အိန္ဒိယနံ့သာနီ (Red sandal wood )
Translator မှာ ဂုံနီပင်
ဘာပင်ဖြစ်ဖြစ်ပေါ့
ကျနော်တို့ နိုင်ငံမှာလည်း ဖြစ်ထွန်းမှုရှိတာတော့ အသေချာပါပဲ ၁၅ နှစ်သား အပင်တစ်ပင်တောင် ၁တန်ပြည့်တယ်ဆိုပဲ
(အိန္ဒိယငွေ၁၅သိန်း)
ဆိုပဲ ကိုတွေလည်း အားတတ်ပြီလေ စိုက်ထားတာပဲ မြန်မာငွေနဲ့ ပြန်တွက်ကြည့်တာ ယခုငွေဈေးနဲ့ သိန်း ၄၀၀ ကျော်နေတာ😇😇 အရင်ခေတ်ကစကားပုံလေး သတိရမိသွားတယ် (ရှေးခေတ်စကားပုံ ဘာပဲစိုက်စိုက်နေကြာညှပ်စိုက်)
ယခုခေတ်စကားပုံ👉 ပြောင်းပြီ ဘာပဲစိုက်စိုက်
နံ့သာနီညှပ်စိုက်
စိုက်ပျိုးဖို့ လိုအပ်သူများ
☎ 09424448800
📲 09974514448
#နန်းပင်ဆင့်ပျိုးခြံ

20/12/2023

အေးချမ်းမှုတွေ ရှိလိုက်ကြတာ😛
ပန်းပင်လေးတွေ လှလို့ အရမ်းကို စိုက်ချင်တာပါ ပန်းဥယျာဥ်မှုးကြီး ဖြစ်ချင်သော်လည်း ဒီတစ်သက်တော့ ဒီလိုပန်းတွေ မစိုက်နိုင်သေးပါဘူး😛😛😛

Photos from Yoon Wadi Nursery's post 10/12/2023

Sold Out 700
Red Sandal-Wood
#အိန္ဒိယနံ့သာနီ
#နန်းပင်ဆင့်ပျိုးခြံ
09973286576
09424448800

Want your school to be the top-listed School/college in Myaing?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Myaing