Bio-Moe

Bio-Moe သူများထက်သာချင်လျှင်သူများထက်
ပိုကြိုးစားပါ

**သတိ**Grade10/Grade11မှရရှိသောပညာအရည်အချင်းမှတ်တမ်းA/B/C သည်Grade12၌လုံး၀အကြုံးမ၀င်ပါဘူးရှင့် သင်ခန်းစာကိုစလယ်ဆုံးကျက်/...
02/03/2024

**သတိ**
Grade10/Grade11မှရရှိသော
ပညာအရည်အချင်းမှတ်တမ်းA/B/C
သည်Grade12၌လုံး၀အကြုံးမ၀င်ပါဘူးရှင့် သင်ခန်းစာကိုစလယ်ဆုံးကျက်/မှတ်/လေ့လာခဲ့မှသာGrade12တွင်ကျက်မှတ်လေ့လာရန်မ‌ ကြောက်သော
စာမကြောက်သောအ‌ ခြေခံရှိသည့်ကျောင်းသား/သူများဖြစ်ရန်အလွန်အရေးကြီးပါသည်။

2023 resultPageမှာsaveမလုပ်လိုက်ရသောအမှတ်တရများကို ဂုဏ်ယူစွာဖြင့်မှတ်တမ်းတင်ပါရစေ🌟🌟ကျေးဇူးပြု၍မရှယ်ကြပါရန် dateလွန်မို့လ...
16/02/2024

2023 result
Pageမှာsaveမလုပ်လိုက်ရသောအမှတ်တရများကို ဂုဏ်ယူစွာဖြင့်မှတ်တမ်းတင်ပါရစေ
🌟🌟ကျေးဇူးပြု၍မရှယ်ကြပါရန် dateလွန်မို့လို့ပါ

ဖွင့်ရက်မတိုင်ခင်လာရောက်အပ်နှံကြစေလိုပါသည်။ကိုယ်ပိုင်ကျောင်းမဟုတ်ပါရှင်မည်သည်ကျောင်းမှကျာင်းသား/သူမဆိုလက်ခံပါသည်။Ph09566...
15/02/2024

ဖွင့်ရက်မတိုင်ခင်လာရောက်အပ်နှံကြစေလိုပါသည်။

ကိုယ်ပိုင်ကျောင်းမဟုတ်ပါရှင်
မည်သည်ကျောင်းမှကျာင်းသား/သူမဆိုလက်ခံပါသည်။
Ph095661116ကို
ခေါ်ဆို၍ဆွးနွေးနိူင်ပါသည်ရှင်။

Edit တောင်းဆိုချက်အရ grade11Ecoထပ်တိုးထားပါတယ်ရှင်
ကျူရှင်/ညစာကျက်နှစ်ခုစလုံးရှိပါတယ်ရှင့်

⭐ဒါကပို၍အရေးကြီးပါတယ်နော့မိဘများနှင့်ကျောင်သား/သူများရှင့်ယခုစနစ်သစ်ပညာရးတွင်ရွေးချယ်မှုမှန်ကန်စေရန်အရေးကြီးသောအတန်းသည်G...
08/02/2024

⭐ဒါကပို၍အရေးကြီးပါတယ်နော့

မိဘများနှင့်ကျောင်သား/သူများရှင့်
ယခုစနစ်သစ်ပညာရးတွင်
ရွေးချယ်မှုမှန်ကန်စေရန်အရေးကြီးသောအတန်းသည်
Grade 10ဖြစ်ပါတယ်ရှင့်

Grade(10)ကျောင်းသားတစ်ဦးသည်စနစ်သစ်ပညာရေးတွင်‌ေကျာင်းသားအများစုရွေးချယ်သည့်
Eco/Bio/ဝိဇ္ဇာ
အတွဲသုံးမျိုးရှိသည့်အနက် တစ်ခုခုကိုရွေးချယ်လိုက်သည်ဆိုပါစို့
ဘာသာရပ်များကို မလိုက်နိုင်၍၎င်းစိတ်၀င်စားမှုမရှိ၍၎င်းဖြစ်ပေါ်ပါက ဘာသာတွဲပြောင်းရွေ့ခွင်မရှိဘဲGrade10မှယူထားသည်ဘာသာတွဲကိုသာGrade12အထိသင်ကြားရမည်ဖြစ်ကြောင်းသဘောပေါက်ကြစေလိုပါသည်။
အထူးသဖြင့်Bioတွဲယူသင့်မယူသင့်ကို ဆုံးဖြတ်ရန်အချိန်နှစ်ပတ်ခန့်အချိန်ယူပြီးလက်တွေ့သင်ကြားကြည့်စေခြင်းဖြင့် ဆုံးဖြတ်သင့်ပါကြောင်းမိဘများကိုကြိုတင်အသိပေးတိုက်တွန်းပါရစေရှင့်

08/02/2024

နိုင်ငံခြားသွားနိုင်သည့်သူများ/သွားရန်ရည်ရွယ်ထားသည့်သူများမှလွဲ၍

*မဖြစ်မနေဖတ်ကြစေလို*

ဒွါဒသမတန်း ( Grade 12 ) အစိုးရစစ်စာမေးပွဲနဲ့ပတ်သက်ပီး မိဘများသိရှိရန်

မြန်မာနိုင်ငံပညာရေးစနစ်သစ်၏ပထမဆုံးအသုတ်ဖြစ်သည့်ယခုနှစ် Grade 12 (တက္ကသိုလ်၀င်တန်း)ကျောင်းသားကျောင်းသူများသည် အထက်တန်းပညာသင်ယူမှုပြီးစီးကြောင်းလက်မှတ်(High School Completion Certificate)ရရှိမည့်""ကျောင်းစစ်စာမေးပွဲ""၂၀၂၄ခုဖေဖော်ဝါရီလတွင်ပထမဦးစွာဖြေဆိုရမည်ဖြစ်ပါသည်။

အထက်တန်းပညာသင်ယူပြီးစီးကြောင်းလက်မှတ်(HSCC)ရရှိထားသည့်ကျောင်းသားကျောင်းသူများသည်(GTI)ကွန်ပျူတာကောလိပ်များ | အသက်မွေးဝမ်းကျောင်းပညာများ | စိုက်ပျိုးရေးမွေးမြူရေးများ | ကောလိပ်များအားလုံးတွင်တက်ရောက်ခွင့်ရှိပီးကောလိပ်အသီးသီးတွင်နှစ်နှစ်(သို့)သုံးနှစ်တက်ရောက်သင်ယူတတ်မြောက်ပြီးတဲ့အခါ Diploma(ဘွဲ့လက်မှတ်)များရရှိမည်ဖြစ်ပီးလုပ်ငန်းခွင်များကိုဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

အကယ်၍Universityအသီးသီးသို့ဆက်လက်၍ပညာဆည်းပူးလိုပါကပေါင်းကူး(bridge)အစီအစဉ်ဖြင့်မိမိရရှိထားတဲ့ diploma နှင့်ဆက်စပ်သည့်ဘာသာရပ်သင်University၏
ဒုတိယနှစ်(သို့)တတိယနှစ်အတန်းများတွင်ဆက်လက်တက်ရောက်၍
ပညာသင်ကြားနိုင်ပြီးUniversityဘွဲ့ကိုရယူနိုင်ပါသည်။

ကျောင်းစစ် Grade 12 စာမေးပွဲအောင်မြင်ပီးUniversityတွေကိုတစ်ဆက်တည်းတက်ရောက်လိုပါက ၂၀၂၄ခုနှစ်မတ်လတွင်ကျင်းပပြုလုပ်မည့်နိုင်ငံတော်အဆင့်အစိုးရစစ်ဒွါဒသမတန်းစာမေးပွဲကြီးကိုထပ်မံဖြေဆိုရမည်။

ထိုစာမေးပွဲကြီးတွင်ဘာသာရပ်ခြောက်ခုဖြေဆိုရမည်
၁ - မြန်မာစာ
၂ - အင်္ဂလိပ်စာ
၃ - သင်္ချာ
၄ - ဓာတုဗေဒ(သို့မဟုတ်)ပထဝီဝင်
၅ - ရူပဗေဒ(သို့မဟုတ်)သမိုင်း
၆ - ဇီဝဗေဒ(သို့မဟုတ်)ဘောဂဗေဒတို့ဖြစ်သည်။

ထိုစာမေးပွဲကြီး၏ရလဒ်ကိုအအောင်/အရှုံးမကြေငြာဘဲ Grade A(သို့မဟုတ်) Grade B(သို့မဟုတ်) Grade C စသည်ဖြင့်အဆင့်သုံးဆင့်ခွဲ၍ကြေငြာသွားမည်။

Grade A အဆင့်ရရှိတဲ့ကျောင်းသားကျောင်းသူများအနေဖြင့်မိမိတို့တက်ရောက်လိုတဲ့မည်သည့်Universityကိုမဆိုတက်ရောက်ခွင့်ရရှိမှာဖြစ်ပြီးGrade B/Grade C ရရှိတဲ့ကျောင်းသားကျောင်းသူများသည်သတ်မှတ်ထားတဲ့Universityများကိုသာတက်ခွင့်ရမှာဖြစ်ပါသည်။

Universityဝင်ခွင့်လျှောက်ထားသူများကိုသက်ဆိုင်ရာUniversity
အသီးသီးမှ

⭐အနည်းဆုံးနှစ်ဘာသာ(အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ)

⭐အများဆုံးလေးဘာသာ(အင်္ဂလိပ်စာ+ဇီဝဗေဒ(သို့မဟုတ်)သင်္ချာ+ရူပဗေဒ(သို့မဟုတ်)ဘောဂဗေဒ+ဓာတုဗေဒ)ထပ်မံဖြေဆိုခိုင်းပီးမှဝင်ခွင့်ရွေးချယ်မည်ဖြစ်သည်။

University များဝင်ခွင့်လျှောက်ထားတဲ့အခါ အင်္ဂလိပ်စာဘာသာရပ်၏ Grade များကိုစီစစ်မှာမို့ ဒွါဒသမတန်း ( Grade 12 )နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်သည်အရေးအကြီးဆုံးဘာသာရပ်ဖြစ်သည်။

ဒွါဒသမတန်း( Grade12 )
နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲတွင် အင်္ဂလိပ်စာဘာသာရပ်တွင်အဆင့်မြင့်သော Grade များရရှိရန်လိုအပ်ပါသည်။

ဒွါဒသမတန်း ( Grade 12 )များဖြေဆိုရမည့်ကျောင်းစစ်နှင့်အစိုးရစစ်
စာမေးပွဲအတွက်

အဂ်လိပ်စာမေးခွန်းတွင်
၁ - Reading Skill ၂ - Writing Skill ၃ - Listening and Speaking Skills ၄ - Vocabulary ၅ - Grammar ၆ - Poetry ဟူ၍ခြောက်မျိုးပါဝင်မည်ဖြစ်သည် ။
Crd

Edit Grade(12)နောက်ဆုံးကျောင်းစစ်သည်ပြည်နယ်မေးခွန်းကိုသာဖြေဆိုရပါမည်။
⭐(ပေါင်းကူး/bridge)အစီအစဉ်ဆိုသည်မှာ စာမေးပွဲ(entrance)တခုခုဖြေဆိုရမည်ဟုထင်မြင်မိပါသည်။(လာမေးသူများအတွက်မိမိအမြင်သာဖြစ်ပါသည်။)

Address

Mudon

Alerts

Be the first to know and let us send you an email when Bio-Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share