EGSC မူကြိုကျောင်း

EGSC မူကြိုကျောင်း ပွင့်သောပန်းတိုင်း လန်းစေဖို့

အာဇာနည်နေ့အထိမ်းအမှတ်ဆေးရောင်ခြယ်ခြင်း🖍️🖍️🖍️
18/07/2023

အာဇာနည်နေ့အထိမ်းအမှတ်ဆေးရောင်ခြယ်ခြင်း🖍️🖍️🖍️

Today activities🥰Colouring 🖍️🖍️🖍️aeroplane ✈️✈️✈️      #မူကြိုကျောင်း
11/07/2023

Today activities🥰
Colouring 🖍️🖍️🖍️
aeroplane ✈️✈️✈️



#မူကြိုကျောင်း

🎉🎂Happy birthday 🎈🎊သမီးလေး မြတ်သဒ္ဒါဖြူ 3နှစ်ပြည့်မွေးနေ့မှသည် စိတ်ချမ်းသာကိုယ်ကျန်းမာပြီးမိဘနှစ်ပါးအတွက်ကောင်းကျိုးပြုန...
10/07/2023

🎉🎂Happy birthday 🎈🎊သမီးလေး
မြတ်သဒ္ဒါဖြူ 3နှစ်ပြည့်မွေးနေ့မှသည် စိတ်ချမ်းသာကိုယ်ကျန်းမာပြီးမိဘနှစ်ပါးအတွက်ကောင်းကျိုးပြုနိုင်သောပညာတတ်သမီးကောင်းရတနာလေးတစ်ယောက်ဖြစ်ပါစေရှင်။🥰

05/07/2023

ပျော်ပျော်ရွှင်ရွှင်ကဗျာလေးဆိုပြီးကကြမယ်🥰

Today activities🏡
27/06/2023

Today activities🏡

📢📢📢E.G.S.C Pre-school(Muse)တွင်တာဝန်ထမ်းဆောင်ရန်ဆရာမ(2)ဦးအလိုရှိသည်။******မူကြိုပညာရေးနှင့်မူကြိုအရွယ်ကလေးများအားစိတ်ဝင်...
27/06/2023

📢📢📢
E.G.S.C Pre-school(Muse)တွင်တာဝန်ထမ်းဆောင်ရန်ဆရာမ(2)ဦးအလိုရှိသည်။
******မူကြိုပညာရေးနှင့်မူကြိုအရွယ်ကလေးများအားစိတ်ဝင်စားသူဖြစ်ရမည်။
******တက္ကသိုလ်ဝင်တန်း အောင်မြင်သူဖြစ်ရမည်။
******အစဉ်မပြတ်လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
******စကား‌ပြောပြေပြစ်၍အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင်လိုစိတ်ရှိသူဖြစ်ရမည်။
📢📢📢နယ်ဝေးမှလုပ်ချင်သူများအနေနှင့်နေစားငြိမ်းစီစဉ်ပေးသည်။

🤗စိတ်ဝင်စားသူများအနေဖြင့်အသေးစိတ်သိရှိလိုပါက .......
☎️Ph no- 09428945656ကိုဆက်သွယ်စုံစမ်းနိုင်ပါပြီ။
🏡 ကျောင်းလိပ်စာကတော့
ဟ-၁၁/၉ ပြည်ထောင်စုလမ်းမကြီး|
မြို့တော်ခန်းမအနီး|ဟိုမွန်ရပ်ကွက်|
မူဆယ်မြို့။

သားသားမီးမီးလေးတို့ရဲ့မေမေဖေဖေတို့အတွက်🤗👪🎀👪🎀👪🎀👪🎀👪🎀မူကြိုထားစ ကြုံတွေ့ရတဲ့ အခြေအနေ~~~~~~~~~~~~~~~~~တချို့ကလေးငယ်တွေဟာ ပထမ...
22/06/2023

သားသားမီးမီးလေးတို့ရဲ့မေမေဖေဖေတို့အတွက်🤗
👪🎀👪🎀👪🎀👪🎀👪🎀

မူကြိုထားစ ကြုံတွေ့ရတဲ့ အခြေအနေ
~~~~~~~~~~~~~~~~~
တချို့ကလေးငယ်တွေဟာ
ပထမရက်မှာ မူကြိုတက်ရမှာ အရမ်းတက်ကြွနေပြီး နောက်ရက်တွေဆို င်ိုလာတာတမျိုး မတက်ချင်လို့ ဂျီကျတာတဖုံ မျိုးစုံ ဆန္ဒပြပြီး မူကြိုမသွားချင်လို့ မိဘတွေကို အမူအရာမျိုးစုံ လုပ်ပြလာတတ်ပါတယ်။

ဒီအချိန်မှာ မိဘရဲံ့ ဆုံးဖြတ်မှု အရေးပါလာပါပြီ။

💬 ငိုလည်း အားတင်းပြီး
ဆက်ပို့တတ်တဲ့မိဘ

💬 ပို့သော်လည်း စိတ်မချလို့ မေမေ
ရှိနေမယ်လို့ ပြောတတ်တဲ့မိဘ

💬 ကျောင်းမှာဆရာမက ရိုက်လို့
မတက်ချင်တာလားလို့
မေးတတ်တဲ့ မိဘ

စသဖြင့် အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။

အမှန်တကယ်က ကလေးက အဖော်မရသေးတာပါ။

အခုမှ မြင်ဖူးတဲ့ သူစိမ်းဆရာမကို
ရင်းနှီးဖို့ အချိန်မလောက်သေးတာပါ။

အချိန်အလိုက် လှုပ်ရှားနေရတဲ့ မူကြိုတနေ့တာ လုပ်ငန်းစဉ်တွေကို
နေသားတကျ လိုက်လုပ်ဖို့ ခဲယဉ်းနေလို့ပါ။

နေသားတကျ ရင်းနှီးနေဖို့ မပျက်မကွက် ပို့ပေးရပါလိမ့်မယ်။

ငိုလိုက်ဆော့လိုက်အိပ်လိုက် လုပ်နေရင်းနဲ့ပဲ နေသားတကျ ဖြစ်လာပါလိမ့်မယ်။

တချို့ကလေးကျ ငါငိုပြရင် မေမေက ကျောင်းမပို့တော့ဘူး
ဒီတော့ မေမေ့ကို ကျောင်းသွားခါနီးတိုင်း ငါငိုပြမယ်
ဒါဆို ငါကျောင်းသွားစရာမလိုတော့ဘူးလို့ မှတ်ယူသွားတတ်ပါတယ်။

ထမင်းမကုန်လို့ မဆူပါနဲအုံး
ကလေးကျောင်းပျော်ဖို့ ညနေတိုင်း ကျောင်းကပြန်လာတိုင်း ချီးမွမ်းပါ
အားပေးပါ

သားသားမီးမီးတော်လိုက်တာ
ကျောင်းတက်နိုင်ပြီဆိုတာ ပြောပြပါ။

ဒီနေ့ဘယ်သူလုပ်လဲမမေးပါနဲ့
တနေ့တာ အဆင်ပြေလား
သူငယ်ချင်းနဲ့ အဆင်ပြေလား
သုငယ်ချင်းအသစ်က ဘယ်သူလဲ
သား သူငယ်ချင်းက ချစ်ဖို့ကောင်းတယ် စသဖြင့် ပြောပြပါ

ကျောင်း သူငယ်ချင်း ဆရာမကို ချစ်ခင် တတ်လာအောင် တွန်းအားပေးပါ။

တချို့ကလေးကျ စာအရေးသင်ချိန်ဆို
ကျောင်းမသွားချင်တော့ဘူးပြောပြန်ရော

အရင်တုန်းက အငယ်တန်းမှာ ဆော့လိုက် ပုံလေးဆွဲလိုက် ခြယ်လိုက်လုပ်နေရင်းကနေ စာအရေးသင်တဲ့အတန်းရောက်လာချိန်ဆို
နေသားမကျတော့ပြန်ပါဘူး

ဒီအချိန်ကာလတွေဟာ မိဘတွေရောဆရာမတွေပါ အထူးသတိပြုနေရမယ့် အချိန်ပါ။
ဒီအချိန် စိတ်ပြောင်းလဲမှု ကလေးတွေရဲ့ ခံစားမှုကို အထူးသတိထားရမယ့်အချိန်ပါ။
စာမရေးချင်တဲ့ကလေးကို မရေးနဲ့ဆိုပြီး ငိုပြတိုင်း ရပ်ထားလို့မရပါဘူး
ကျောင်းမသွားချင်လို့ ငိုပြတိုင်း မသွားနဲ့ဆိုပြီး ထားလို့မရပါဘူး
ဘာကြောင့်မလုပ်ချင်တာလဲအချက်ကိုမေးပါ။
မဖြစ်မနေလုပ်ရမယ့်အရာတွေကို အလျော့မပေးပါနဲ့။
လုပ်သင့်တဲ့အကြောင်းနဲ့ လုပ်ချင်လာအောင် ပြောပြရပါမယ်။
ကလေးက စာမရေးချင်လို့ မျက်နှာမကောင်းသလို လုပ်ပြတိုင်း
ဆရာမ ရိုက်သလားမေးတတ်နေရင် ရိုက်တယ်ဆိုတဲ့ အဖြေ တန်းဖြေမှာပါ။
စာရေးရမယ့်အချိန်ရောက်တဲ့ကလေးကို မရေးနဲ့ မလုပ်နဲ့ဆိုပြီး ပစ်မထားပါနဲ့။
တခါတရံ အလိုလိုက်ခြင်းမှသည် အလျော့ပေးခြင်း ဖြစ်သွားတတ်မှာစိုးလို့ပါ။

ဒါ့ကြောင့်
မူကြိုထားခါစဆို ကလေးထက် မိဘတွေဟာ
စိတ်ရှည်ပါ
အားတင်းထားပါ
မည်သို့ဖြစ်နေပါစေ
ကျောင်းကိုရောက်အောင်ပို့ပါ

ကလေးရှေ့မှာ ဆရာမကို ယုံကြည်လို့ သားသား မီးမီးကို ထားသည်ဖြစ်သည်ကို ပြောပြပါ
ဆရာမကိုလည်း မိမိယုံကြည်ကြောင်း ဂရုစိုက်ပေးစေလိုကြောင်းကို
ပြောပါ။
ကလေး၏ အမူအကျင့်ကို အကုန်မချွင်းမချန်ပြောပြပါ။

သို့မှသာ မိဘ ဆရာ ကလေး ဟန်ချက် ညီညီ ကလေးကောင်းကျိုး
ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။

မူရင်းရေးသားသူအား credit ပေးပါသည်။

Today colouring 🍓👶မိမိကလေးငယ်များ၏ကောင်းမွန်သောပညာရေးအခြေခံရရှိစေဖို့E.G.S.C pre-school မှာလာရောက်အပ်နှံနိုင်ပါပြီရှင်။ ...
20/06/2023

Today colouring 🍓

👶မိမိကလေးငယ်များ၏ကောင်းမွန်သောပညာရေးအခြေခံရရှိစေဖို့E.G.S.C pre-school မှာလာရောက်အပ်နှံနိုင်ပါပြီရှင်။
👩‍🏫 ပျော် ပျော် ပါးပါး သင်ယူကြမယ့် မူကြို ကလေးလေးတွေအတွက် အသက်အရွယ်အလိုက်တက်ရောက်နိုင်မယ့်အတန်းများကတော့
🌟မူကြို (အသက်၃နှစ်မှ၅နှစ်အထိ)
🌟 KG. (အသက်၄နှစ်မှ၅နှစ်အထိ)
🌟 ကျူရှင် (မူလတန်းအထိ)
လက်ခံပေးနေပါပြီရှင်။
🤗မူကြိုကလေးငယ်များအတွက်နေ့လည်စာထမင်းအပြင်အဟာရလည်းစီစဥ်ပေးပါတယ်ရှင့်။
ကလေးများအတွက်ကိုယ်ရော စိတ်ပါ လုံခြုံမှု ပေး နိုင်တဲ့ ဒုတိယ အိမ်တစ်ခု အဖြစ်E.G.S.Cမှဆရာမများကအမြဲနွေးထွေးစွာကြိုဆိုလျက်ရှိပါတယ်ရှင့်🤗
🏡 ကျောင်းလိပ်စာကတော့
ဟ-၁၁/၉ ပြည်ထောင်စုလမ်းမကြီး|
မြို့တော်ခန်းမအနီး|ဟိုမွန်ရပ်ကွက်|မူဆယ်မြို့။
☎ph no - 09 428945656က်ိုဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

မိုးရာသီအသုံးအဆောင်ပစွည်းများအရောင်ခြယ်ခြင်း☔👶မိမိကလေးငယ်များ၏ကောင်းမွန်သောပညာရေးအခြေခံရရှိစေဖို့E.G.S.C pre-school မှာလ...
19/06/2023

မိုးရာသီအသုံးအဆောင်ပစွည်းများအရောင်ခြယ်ခြင်း☔
👶မိမိကလေးငယ်များ၏ကောင်းမွန်သောပညာရေးအခြေခံရရှိစေဖို့E.G.S.C pre-school မှာလာရောက်အပ်နှံနိုင်ပါပြီရှင်။

🌟မူကြို (အသက်၃နှစ်မှ၅နှစ်အထိ)
🌟 KG. (အသက်၄နှစ်မှ၅နှစ်အထိ)
🌟 ကျူရှင် (မူလတန်းအထိ)
လက်ခံပေးနေပါပြီရှင်။
🤗မူကြိုကလေးငယ်များအတွက်နေ့လည်စာထမင်းအပြင်အဟာရလည်းစီစဥ်ပေးပါတယ်ရှင့်။
🏡 ကျောင်းလိပ်စာကတော့
ဟ-၁၁/၉ ပြည်ထောင်စုလမ်းမကြီး|
မြို့တော်ခန်းမအနီး|ဟိုမွန်ရပ်ကွက်|မူဆယ်မြို့။
☎ph no - 09 428945656ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။


#မူကြိုကျောင်း

Child Abuse ဆိုတာဘာလဲ ? ဘယ်လဲ ?👇ကလေးသူငယ်များအား စိတ်ဒဏ်ရာအနာတရများဖြစ်အောင် ညှင်းပန်းနှိပ်စက်ခြင်း ( Child Abuse ) ဆိုတ...
15/06/2023

Child Abuse ဆိုတာဘာလဲ ? ဘယ်လဲ ?👇

ကလေးသူငယ်များအား စိတ်ဒဏ်ရာအနာတရများဖြစ်အောင် ညှင်းပန်းနှိပ်စက်ခြင်း ( Child Abuse ) ဆိုတာ ဘာလဲ။ စိတ်ဒဏ်ရာများဖြင့်ကြီးထွားလာရသော ကလေးသူငယ်များဟာ အရွယ်ရောက်လျှင် ပတ်ဝန်းကျင် အား ထိတ်လန့်သောစိတ်၊ သိမ်ငယ်စိတ်၊အလုပ်တခုလုပ်ရင် တွန့်ဆုတ်သောစိတ်နှင့် အဆိုးမြင်ဝါဒရှိသူ ( pessimistic ) ဖြစ်လာတတ်ပါတယ်။ ထို့နောက်မှပင် တခြားသောပုံစံရှိသူသည် မိမိ၏ မိသားစုကို သော်လည်း၊ ပတ်ဝန်းကျင်ကိုသော်လည်းကောင်း၊ တိုင်းပြည်ကိုသော် လည်းကောင်း၊ ကမ္ဘာကြီးသော် လည်းကောင်း၊ လူသားမျိုးနွယ်ထုအပေါ်၌လည်းကောင်အန္တရာယ် ပေးနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်လာ တတ်ပါသေးသည်။ သို့ပါ၍ မိမိမိသားစု၌ သော်လည်း ကောင်း ၊ မိမိပတ်ဝန်းကျင်၌သော်လည်းကောင်း Child Abuse ပြုလုပ်ခြင်းများအား မြင်တွေ့နေရပါက ဝိုင်းဝန်း တားဆီးပေးရန်နှင့် ပြုလုပ်ခံရသူ ကလေးသူငယ်များ အား နှစ်သိမ့်မေတ္တာပေးရန်အားလုံး၌ တာဝန်ရှိပါ‌သည်။


photo

သားသားမီးမီးတို့ဘုရားရှိခိုးချိန်🙏🙏🙏
14/06/2023

သားသားမီးမီးတို့ဘုရားရှိခိုးချိန်🙏🙏🙏

Rainy  Activities🌧️🌧️🌧️
12/06/2023

Rainy Activities🌧️🌧️🌧️

Address

ပြည်ထောင်စုလမ်းမကြီး၊ ဟိုမွန်ရပ်ကွက်၊ မူဆယ်မြို့
Mu-se
06401

Website

Alerts

Be the first to know and let us send you an email when EGSC မူကြိုကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category