24/09/2026
📚 First Term Parent–Teacher Meeting | KG to Primary 6
Our school successfully held the First Term Parent–Teacher Meeting for students from Kindergarten to Primary 6.
တွေ့ဆုံပွဲတွင် မိဘတစ်ဦးချင်းစီနှင့် သက်ဆိုင်ရာဆရာ၊ ဆရာမများက သားသမီးများရဲ့ ပညာရေးတိုးတက်မှု၊ အတန်းတွင်းပါဝင်မှု၊ အားသာချက်များနှင့် ဆက်လက်တိုးတက်ရန် လိုအပ်သည့်အချက်များ ကို တစ်ဦးချင်း ဆွေးနွေးမျှဝေခဲ့ကြပါတယ်ရှင့်။
အချိန်ပေးပြီး လာရောက်တွေ့ဆုံကာ အဖိုးတန်အကြံပြုချက်များ မျှဝေပေးခဲ့ကြသော မိဘများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ မိဘများနှင့် ဆရာ၊ ဆရာမများ၏ ပူးပေါင်းဆောင်ရွက်မှုသည် ကလေးများ၏ သင်ယူမှုနှင့် အနာဂတ်အောင်မြင်မှုအတွက် အရေးပါသော အခြေခံတစ်ရပ်ဖြစ်ပါသည်။
ကလေးတိုင်း၏ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မိဘနှင့်ကျောင်း လက်တွဲပူးပေါင်း၍ အတူတကွ ရှေ့ဆက်ကြပါစို့။ 🌱📖