22/08/2026
🌟 Discovering Our Body – Learning Through Fun! 🧠🫀👀
MEC ရဲ့ “Discovering Our Body” Learning Activity လေးမှာ Nursery ကနေ Middle School အထိ သားသားမီးမီးတို့ရဲ့ အသက်အရွယ်နဲ့ သင့်တော်တဲ့ Learning Method လေးတွေအသုံးပြုပြီး ကိုယ်ခန္ဓာအကြောင်းကို ပျော်ပျော်ရွှင်ရွှင်၊ လက်တွေ့ကျကျ လေ့လာခဲ့ကြပါတယ်။ 🎉📚
👶 Nursery – မှတ်သားထားတဲ့ Body Parts လေးတွေကို ကိုယ်တိုင် Matching လုပ်ကြည့်ရင်း Group Activity လေးတွေနဲ့ Body Parts တွေကို နေရာတကျ ပြန်လည်ဖန်တီးကပ်နိုင်အောင် ကစားရင်းလေ့လာခဲ့ကြပါတယ်။ 🧩👧👦
🎨 Primary – Body Parts တွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပိုမိုနားလည်စေဖို့ Play Dough လေးတွေနဲ့ ကိုယ်တိုင် ပုံဖော်ဖန်တီးရင်း Learning by Doing အတွေ့အကြုံကို ရရှိခဲ့ကြပါတယ်။ ✋😊
🧑🎓 Middle School – ပိုမိုနက်ရှိုင်းတဲ့ Internal Organs တွေအကြောင်းကို ကိုယ်တိုင် Research & Prepare လုပ်ပြီး PowerPoint Presentation နဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေတင်ဆက်ခဲ့ကြပါတယ်။ 💻🫀🎤
💡 အသက်အရွယ်အလိုက် သင့်တော်တဲ့ နည်းလမ်းတွေနဲ့ သင်ယူခြင်းက ကလေးတွေရဲ့ သိလိုစိတ်၊ ဖန်တီးနိုင်စွမ်းနဲ့ ကိုယ်တိုင်လေ့လာနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ် ... MEC မှာတော့ စာတွေ့တင်မကဘဲ လက်တွေ့လုပ်ဆောင်ရင်း ပျော်ရွှင်စွာ သင်ယူနိုင်မယ့် ဒီလို Learning Experience တွေကို ဖန်တီးပေးကာ ကလေးတို့ရဲ့ အရွယ်အလိုက် စဉ်ဆက်မပြတ် တိုးတက်စေဖို့ အကောင်းဆုံး သင်ကြားရေးနည်းလမ်းတွေနဲ့ အမြဲ ပံ့ပိုးပေးလျက်ရှိပါတယ် 🌱✨📖