13/07/2025
❓US သင်ရိုးလား? UK သင်ရိုးလား?
🤔 ကျောင်းရွေးဖို့ဆို ဒီနှစ်ခု ဘာကွာလဲ
ကျမရဲ့ မိတ်ဆွေတွေ အများစု မေးကြတဲ့မေးခွန်းပါ။
မေးခွန်းက ဘာကွာလဲ ဆိုပေမဲ့ တကယ်က ဘာတွေကွာခြားတယ်ဆိုတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ပြတာထက်..
👉တကယ်သိချင်တာက ကိုယ့်ကလေးအတွက် ဘယ်ကျောင်း ဘယ်သင်ရိုးကို ရွေးချယ်ရင် အကိုက်ညီဆုံး အကောင်းဆုံး ပံ့ပိုးပေးနိုင်မလဲ ဆိုတာကို တိုင်ပင်ချင်တာပါ။
သင်ရိုး နှစ်မျိုး compare လုပ်ထားတာတွေက အင်တာနက်မှာလဲ ရှာကြည့်လို့မခက်ပါဘူး။
🤩ဒါကြောင့် ကျမက မိဘရဲ့ စဉ်းစားပုံ ရှုထောင့်ကနေ တွေးကြည့်ပြီး ထည့်စဉ်းစား ရွေးချယ်ဖြစ်မှာလေးတွေ ဆွေးနွေးချင်ပါတယ်..
👉ဒါဆိုရင် အဖြေက (၂) မျိုး ဖြစ်နေမှာပါ။
ကလေးအကြီးတွေအတွက် သင်ရိုး နှစ်ခု ဘာကွာလဲ ဆိုတဲ့ အဖြေက တစ်ပိုင်း...
ကလေးအငယ်တွေ အတွက် ဘာကွာလဲ စဉ်းစားပုံ အဖြေက တစ်ပိုင်း ပါ...
✨✨✨✨✨✨✨✨✨✨✨✨✨
✴️ အထက်တန်းအရွယ် ကလေးမိဘအတွက် ဆိုရင်
ကလေးကို တက္ကသိုလ် ဘယ်မှာ တက်စေချင်လဲ?
Study pathway ဘယ်လိုဆွဲထားလဲ?
ကိုယ်ရွေးချယ်ထားတဲ့ တက္ကသိုလ်ကို ဘယ်ကျောင်း ဘယ်သင်ရိုးက အကောင်းဆုံး support လုပ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားပါတယ်။
🔑 ကလေးကို US, Canada က တက္ကသိုလ်တွေ၊ ဒါမှမဟုတ် holistic-entry Universities တွေ ကို ဝင်ခွင့် လျှောက်ဖို့ ရည်ရွယ်ထားရင်တော့ US based curriculum ကျောင်းတွေကို တိုက်တွန်းဖြစ်ပါတယ်။
🔑 UK, Europe , Commonwealth တိုင်းပြည်တွေက တက္ကသိုလ်တွေကို ရည်မှန်းထားရင်တော့ UK curriculum ကို ရွေးချယ်ဖို့ သင့်တော်ပါတယ်။
👉 International School အားလုံးလိုလိုမှာ University/ College counselor ရှိပါတယ်။
🇺🇸 US တက္ကသိုလ်တွေ ဝင်ခွင့်ရဖို့ University readiness အတွက်က
➕ GPA အမှတ် ဘယ်လောက်ကောင်းလဲ
➕ extracurriculars ကျောင်းစာပြင်ပ ပါဝင်လှုပ်ရှားမှုတွေ
➕ essays တွေ ပြင်ဆင်ရမှာပါ။
🇬🇧 UK curriculum အတွက် တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်မှုတွေကတော့
✨ GCSEs နဲ့ A level စာမေးပွဲတွေ အမှတ်ကောင်းအောင် ပြင်ဆင်အားထုတ်ဖို့က အရေးအကြီးဆုံးထဲမှာပါပါတယ်။
👉ပြိုင်ဆိုင်မှု အရမ်းများတဲ့ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရဖို့ ရည်ရွယ်ထားတဲ့ကျောင်းသားတွေကတော့ Admission portfolio တည်ဆောက်တဲ့နေရာမှာ
💻 ကျောင်းစာအမှတ်ကောင်းဖို့အပြင်
💻 လိုအပ်သလို internship အလုပ်အတွေ့အကြုံယူတာ
💻volunteer လုပ်ပေးတာ၊ recommendation letter တွေ စုစောင်းတာ စသည်ဖြင့် ပြင်ဆင်ထားဖို့ counselor တွေက guidance ပေးမှာပါ။
✨✨✨✨✨✨✨✨✨✨✨✨✨✨
✴️ ကလေးငယ် (၃ နှစ်ကနေ ၁၀ နှစ်) ကျောင်းသား မိဘတွေ အတွက်ကတော့
ကလေးရဲ့ Personality စိတ်ဝင်စားမှုတွေ အပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်တယ်လို့ ယူဆပါတယ်။
ကျမအမြင်အရ သင်ရိုးနှစ်ခုကို နှိုင်းယှဉ်ရမယ်ဆိုရင်
🇺🇸 US Curriculum:
✅ More Play-Based ကလေးပျော်မဲ့ activities တွေ ပိုများမယ်
✅ Social & Emotional Growth အပေါ်မူတည်တဲ့ သင်ရိုးမျိုးဖြစ်မယ်
✅ Creativity ကောင်းဖို့ စူးစမ်းလေ့လာတတ်ဖို့အားပေးမယ်။
✅ Test တွေ စာမေးပွဲတွေအတွက် ဖိအား သိပ်မရှိဘူး။
💖ကလေးက confidence ပိုမြင့်လာမယ်၊ လူကြောက်တာမရှိဘူး၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမယ် စတဲ့ result တွေ ပိုမြင်ရပါမယ်။
🇬🇧 UK Curriculum:
✅ Early Years Foundation Stage (EYFS) ကတည်းက structure based သင်ရိုးဖြစ်မယ်။
✅ Maths, Phonics, ဘာသာစကားနဲ့ academic skill တွေမှာ focus ထားမယ်
✅ စည်းကမ်းလိုက်နာပြီး စာတော်တာကို တန်ဖိုးထားတဲ့ ပတ်ဝန်းကျင်ဖြစ်မယ်။
✅ ကလေးရဲ့ development ကို တိုင်းတာဖို့အတွက် Key Stages 1-5 အထိ အသီးသီး tests တွေ စာမေးပွဲတွေ ရှိမယ်။
💖 စည်းကမ်းကောင်းမယ်။ စာပိုတော်လာမယ်။ routine တွေ အချိန်ဇယားတွေအလိုက် ဆောင်ရွက်ရတာကို ပိုတန်ဖိုးထားတတ်လာမယ် စတဲ့ result တွေ ပိုမြင်ရပါမယ်။
👉 ဒီတော့ ကိုယ့်ကလေးရဲ့ personality နဲ့ ပိုကိုက်ညီတဲ့ ပတ်ဝန်းကျင်အသိုင်းကို ဖန်တီးပေးဖို့စဉ်းစားပြီး UK သင်ရိုးလား US သင်ရိုးလား ရွေးချယ်သင့်ပါတယ်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
📊 အကျဉ်းချုပ်ရမယ် ဆိုရင်တော့
Course Structure မှာဆိုရင်
🇺🇸US က Flexible ဖြစ်တယ်၊ ဘာသာရပ် ပိုပြီး ကျယ်ပြန့်များပြားတယ်။
🇬🇧 UK က structured ဖြစ်တယ်။ exam-focused ဖြစ်တယ်။
Grade level တွေဆိုရင်
🇺🇸Grade levels (Pre-K to G12)
🇬🇧Key Stages (EYFS to A-Level)
Assessment Style ဆိုရင်
🇺🇸Continuous assessment ဖြစ်လို့ အတန်းထဲမှာ နေ့စဉ် activity တွေ presentation လုပ်တာတွေ project တွေ ဒါတွေ အားလုံးထည့်စဉ်းစားပါတယ် , GPA နဲ့ တိုင်းတာပါတယ်။
🇬🇧 Year-end exams (GCSEs, A-Levels)
Focus လုပ်တာတွေက
🇺🇸 Creativity, participation, well-rounded growth
🇬🇧 Core academics စာတော်ဖို့ စည်းကမ်းကောင်းဖို့ , career ရွေးချယ်မှုအတွက် ငယ်စဉ်တည်းက ready ဖြစ်အောင် ပြင်ဆင်မှု
👉 ဒါကတော့ မိဘအနေနဲ့ ကိုယ့်ကလေးက ဘယ်လို school culture မျိုးနဲ့ ပိုလိုက်ဖက်မလဲ စဉ်းစားတဲ့ အမြင်ကို ရေးထားတာပါ။
✨✨✨✨✨✨✨✨✨✨✨✨✨✨
ဒီ သင်ရိုး နှစ်ခုအပြင်
💡ချင်းမိုင်မှာ ကျောင်းထားကြမဲ့ မိဘတွေ ထည့်သွင်းနှိုင်းယှဉ် စဉ်းစားတဲ့အထဲ
🌍 International Baccalaureate (IB) ကျောင်းတွေလဲ ပါပါတယ်။
🤩သင်ရိုးညွှန်းတမ်း စာအုပ်ကို လိုက်နာဖို့ ဆိုတာထက် အရွယ်အလိုက် တိုးတက်စေချင်တဲ့ goal ကို guideline ယူပြီးတော့ တစ်နေ့တာသင်ကြားမှုတွေကို plan လုပ်ပါတယ်။
Critical thinking, global awareness နဲ့ real-world skills တွေကို focus ထားပြီး lesson plan တွေချမှတ်ပါတယ်။
🔑 Age group တွေကတော့
PYP (Primary Years Programme) – Ages 3–12
MYP (Middle Years Programme) – Ages 11–16
DP (Diploma Programme) – Ages 16–19
🎓Top university တွေ အပါအဝင် ကမ္ဘာအနှံ့က တက္ကသိုလ်တွေက globally recognized ဖြစ်ပြီးတော့ adaptable, independent ဖြစ်တဲ့ တိုးတက်မှုတွေ မြင်ချင်တဲ့ ကျောင်းသားမိဘတွေ စဉ်းစားသင့်ပါတယ်။
US 🇺🇸 or UK 🇬🇧 or IB 🌍
ကျောင်းတွေ ရွေးချယ်ထားပြီးသား မိဘတွေရဲ့ အမြင်လေးတွေလဲ ဆွေးနွေးပေးပါဦးနော်။ 🌟