MMSO Education

MMSO Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MMSO Education, Education, Mu-se.

04/11/2021

ကျောင်းတွေ ဘယ်လိုရွေးရမလဲ ဆိုတဲ့ မေးခွန်းမျိုး ခဏခဏ မေးလေ့ရှိကြတယ်။ အကြိမ်ကြိမ်လည်း ရေးခဲ့ဖူးပါတယ်။ ခုလည်း ပြည့်ပြည့်စုံစုံလေး ထပ်ဖြေပေးပါမယ်။

ကျောင်းတွေ မရွေးခင် ကိုယ်ကိုယ်တိုင် သိထားဖို့လိုတာက ပညာရေးမှာ ဘယ်က ဘယ်လို အသိမှတ်ပြုတာလည်းဆိုတာထက် ဘာတွေ ဘယ်လိုသင်လဲ ဆိုတာကလည်း အရေးကြီးတယ်။

နောက်တစ်ခု က ကြော်ငြာချည့်မကြည့်ပါနဲ့၊ တကယ်တက်နေတဲ့ မိဘတွေရဲ့ Feedback တွေလည်း နားထောင်ဖို့လိုပါတယ်။

ပညာရေးကို နှစ်မျိုး ပိုင်းကြည့်မယ်။

၁) နိုင်ငံတကာ ပညာရေး
၂) ပြည်တွင်းပညာရေး (အစိုးရ)

၁)

နိုင်ငံတကာ ပညာရေးကို တချို့က ကုန်ကျစရိတ်များတယ်ဆိုပြီး မစဉ်းစားတာလည်း ရှိတယ်။ တချို့က ပြည်တွင်းတက္ကသိုလ်က အသိမှတ်မပြုမှာ စိုးတာလည်းပါတယ်။

အမှန်တော့ နှစ်ချက်လုံးက ဒီခေတ်မှာ မှားနေတဲ့ အယူဆလို့ အရင်ပြောချင်တယ်။

ပထမတစ်ချက် ဖြစ်တဲ့ ကုန်ကျစရိတ်များတယ်ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် ဒီနေ့ခေတ်မှာ ယှဉ်ပြိုင်မှုတွေ များလာကြတယ်။ နိုင်ငံတကာသင်ရိုးနဲ့ နိုင်ငံတကာ ဆရာတွေ ခေါ်ရတဲ့ စရိတ်စက ကြီးမားလို့ ကျောင်းစရိတ် ကြိးနေကြတဲ့ ကျောင်းတွေလည်း ရှိကြသလို, ပြည်တွင်း ပုဂ္ဂလိက အစိုးရသင်ရိုးနဲ့သင်တဲ့ ကျောင်းတွေ သာသာလောက်လေး နဲ့ သွားနေကြတဲ့ ကျောင်းတွေလည်း ပေါ်လာတယ်။

အများအားဖြင့် သူတို့က ပြည်တွင်း နိုင်ငံတကာ ပညာရေး ဘွဲ့ရ မြန်မာဆရာတွေကိုယ်တိုင် ခန့်ထားကြတယ်။ စာသင်တာတော့ အတူတူပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့ အဖြူတွေက စာကောင်းကောင်းမသင်တတ်တဲ့သူတွေ အများကြီး။ ဘာသာစကား တတ်တာနဲ့ စာသင်တတ်ကြေးဆိုရင် င်္အဂလန်နိုင်ငံက အဖြူတွေအကုန်လုံး ကျောင်းဆရာတွေချည့်ဖြစ်တော့မပေါ့။

တကယ်တော့ ပြည်တွင်းက င်္အဂလိပ်လို သင်နိုင်တဲ့ အရည်အချင်းရှိတဲ့ဆရာတွေ အများကြီး။ သင့်တင့်ပြီး ကျောင်းစရိတ်မပင်ပန်းတဲ့ နိုင်ငံတကာ ကျောင်းမျိုးဆိုရင် ရွေးသာရွေးပါ။ သင်ရိုးညွှန်းတမ်း(Curriculum)ဆိုတာ ဘယ်ကပြဌာန်းပြဌာန်း ကလေး က ရောက်တဲ့ အရွယ်မှာ သတ်မှတ်ထားတဲ့ Level မီဖို့ပဲ အရေးကြီးတာပဲ မိုလား။

ပြည်တွင်းမှာပဲ တက်တက် နိုင်ငံတကာကိုပဲ သွားသွား အဓိက က သင်ကြားထားတဲ့ ဘာသာရပ်တွေပေါ်မှာ တကယ်ကျွမ်းကျင် တတ်မြောက်ပြီး အသုံးချတတ်ဖို့လိုတာပါ။

၂)

ပြည်တွင်း(အစိုးရ) သင်ရိုးတွေနဲ့ သင်ကြရတဲ့ကျောင်းတွေ က တော့ တစ်ကျောင်းနဲ့တစ်ကျောင်း သင်ကြားမှုပုံစကွာတာကလွဲရင် ကျန်တာကတော့ အတူတူပါပဲ။

တစ်နှစ်လုံးသင်ထားတဲ့ကျောင်းစာတွေကို နှစ်ကုန်ရင် စာမေးပွဲ ဖြေပြီး, အတန်းတင်ပေးတယ်။

တစ်ခုပဲ ရွေးစရာရှိတယ်။ အပိုဆောင်း ဘာသင်ပေးလဲ၊ ဥပမာ ဘာသာစကား, အိုင်တီ ပေါ့ ၊ ပုဂ္ဂလိက တက်တက် အစိုးရတက်တက် စာမေးပွဲအောင်ဖို့ အဓိကမထားဘဲ ဘာသာစကားနဲ့ အိုင်တီတွေ သေချာ သင်ယူပေးနိုင်ရင် အဲဒီကျောင်းကောင်းတယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။

ကုန်ကျစရိတ်သက်သာမယ်၊ ပတ်ဝန်းကျင်ကောင်းမယ်။ extra-skills တွေလုပ်ပေးနိုင်ရင် တက်သာတက်ပါ။

အစိုးရ(ပုဂ္ဂလိက)ကျောင်း၊ အင်တာနေရှင်နယ်စကူးလ် ဘာပဲ တက်တက် အဓိက ကတော့ ကလေး တကယ်အရည်ချင်းပြည့်ဝဖို့ပါပဲ။

ဆယ်တန်းပြီး, IGCSE ပြီးလို့ သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်နေရင်, ပြည်တွင်းတက္ကသိုလ်, ပြည်ပတက္ကသိုလ် ကြိုက်ရာရွေးတက်နိုင်ပါတယ်။

———
တချို့ကလည်း ပြည်တွင်းလည်း လွတ်မှာကြောက်တယ်။ နိုင်ငံတကာကျောင်းလည်း အဆင်ပြေရင် Join မယ် စသဖြင့် ခွ ပြီး (မြန်မာကျောင်းရော, င်္အဂလိပ်ကျောင်းရော) စဉ်းစားတဲ့ မိဘတွေလည်း ရှိတယ်။

ဒါအရမ်းမှားတဲ့ အတွေးအခေါ်ပါ။ မိဘက ဇဝေဇဝါဖြစ်ရင် သားသမီးကို သွားထိပါတယ်။ (ဒီအကြောင်းကို အသေးစိတ်ထပ်ရေးပါမယ်)

တကယ်ဆိုရင် အတန်းပညာရေး မှာ နိုင်ငံတကာ က ပညာရှင်တွေရော, ပြည်တွင်းသင်ရိုးပြုစုကြတဲ့ ပညာရှင်တွေရော တူတာက ကလေးရဲ့ အရွယ်နဲ့ လိုက်ညှိပြိး သင်ရိုးညွှန်းတမ်းစာအုပ်တွေ ပြုစုကြရတာပါ။ ပြည်တွင်းကဆရာတွေကလည်း နိုင်ငံတကာ က သင်ရိုးတွေကို Resources (ရင်းမြစ်) တွေ, References (အညွှန်း) တွေ ယူကြရပြီး ကိုယ့်နိုင်ငံကိုယ့်ကလေးတွေနဲ့ အဆင်ပြေတာလေးတွေ ရွေးချယ်ပြဌာန်းကြတာပါ။

င်္သချာ, သိပ္ပံ အခြေခံသဘောအရ အတူတူ သတ်မှတ်ပြဌန်းကြရတယ်။ Cambridge မိုလို့ Pearson မိုလို့ မတူတာ, ကောင်းတာ မဟုတ်ပါဘူး။ သင်နည်းစနစ်ကပဲ အရေးကြီးတာပါ။ assessmentအကဲဖြတ်နည်း ဘယ်လိုလုပ်သလဲ။ Student-centred approach လား, Assignment-based လား, Project-based Learning လား၊ အတန်းဘယ်လိုတင်ပေးလဲ ဒါတွေက အရေးကြီးပါတယ်။

တချို့ဆို ပုံလေးတွေနဲ့ ဖေါ်ပြချက်တွေ ပဲ ကွဲကြတယ်။ နားလည်လွယ်အောင် ပြောရရင် အဖြေကတော့ အတူတူပါပဲ တွက်နည်းလေးတွေ မတူကြတာမျိုးပေါ့။

အရေးကြီးတာ ကဘာလဲ ဆိုတာလေး သေချာစဉ်းစားတတ်ဖို့ အရေးကြိးပါတယ်။

ဆက်ပါအုံးမယ်။

27/10/2021
12/10/2021

" house နဲ့ home " ကွာခြားချက်

house ဆိုတာက သစ် ဝါး အုတ် သံ စတာတွေနဲ့ တည်ဆောက်ထားတဲ့ လူနေအဆောက်အဦးကိုဆိုလိုပါတယ်

I bought a house yesterday.
မနေ့က ကျွန်တော် အိမ်တစ်လုံးဝယ်ခဲ့တယ်

It is three - storey brick house.
ထိုဟာက သုံးထပ်တိုက်တစ်လုံးဖြစ်တယ်



home ကတော့ နားခိုရာ နေထိုင်ရာ လို့ဆိုလိုတာပါ

house ထဲမှာ လူနေတော့ home ပေါ့

လှေထဲမှာနေရင် လှေက home ပါပဲ
ဂူထဲမှာနေရင် ဂူက home ပါပဲ

nest လို့ခေါ်တဲ့ အသိုက်ကလေးဟာ
ငှက်ကလေးတွေအတွက်တော့ home ပါပဲ

My home town ကျွန်တော်နေထိုင်ရာမြို့ပေါ့

I'm going home now.
ငါအခုအိမ်ပြန်တော့မယ်

l'm going to home now. လို့ ရေးရင်မှားပါတယ်
to home လို့မရေးရပါဘူး

Ni Ni is at home.
နီနီ အိမ်မှာရှိတယ်

(at နဲ့တော့ တွဲပါတယ်)

Credit
Saya Zaw

12/10/2021

ကျောင်းဘယ်လိုရွေးရမလဲ
-----====-----====------

၁) ဘာတွေသင်လဲ၊ ဘယ်လိုဆရာတွေသင်လဲ

ဒီနေ့ခေတ်အရေးကြီးလာတဲ့ STEM ( Science, Technology, Engineering, and Mathematics) တွေ အကြောင်း သင်သလား ပထမ အရေးကြီးပါတယ်။ မဟုတ်ရင် ကောလိပ် (College) သွားရင် သမိုင်းတက်ပြီး အထက်တန်းမှာ သမိုင်းမသင်ခဲ့ရသလိုဖြစ်နေပါမယ်။ ဒီအပြင် Arts, Maritime (အဏ္ဏဝါ)၊Communications, Computer Science, pre-law စတာတွေပါသလား။ (စနစ်သစ်ပြောင်းမယ့်သင်ညွှန်းကတော့ သေချာ မသိသေးပါ။ သို့သော် ကိုယ်ပိုင် ကျောင်းတွေက အပိုဆောင်းသင်မယ်ဆိုရင် ဖြစ်နိုင်တဲ့ ဘာသာရပ်တွေပါ။)

သင်ကြားတဲ့ ဆရာတွေက ဘာဘွဲ့ရလဲဆိုတာထက်၊ နိုင်ငံတကာအသိမှတ်ပြု သင်ကြားရေးဒီပလိုမာတွေဖြစ်တဲ့ ဥပမာ ( TESOL, TED, CELTA, )လိုမျိုးတွေ၊ B.Ed, M.Ed တွေ ပြီးထားတဲ့ ဆရာလား။ ဆေးခန်းမပြခင်၊ ဆရာဝန် ဘာဘွဲ့၊ ဘယ်က ရထားတဲ့ အထူးကုလဲ သိကိုသိရပါမယ်။

၂) ထပ်ဆောင်းသင်တဲ့ဘာသာရပ်တွေက ဘာလဲ

extracurricular activities တွေမှာ ဥပမာ Sport team, drama club, robotics club လိုမျိုး ရှိသလား။

၃) ကျောင်းအရွယ်အစား

ဒါကတော့ ခုလောလောဆယ် တော့ ရန်ကုန်လိုမျိုးမြို့ကြီးတွေမှာ ရွေးရခက်နေအုံးမှာပါ။ ကျောင်းဆိုတာ တကယ်တော့ မြေဧက အနည်းဆုံး ၂၀ အစိတ် လောက်ရှိကိုရှိမှ Activities တွေလုပ်လို့ကောင်းတာပါ။

၎) နေရာ

နေရာကတော့ မနီးမဝေး ကိုယ့်ဝန်းကျင်ဆို သိပ်ကောင်းပါတယ်။ သွားလာရ လွယ်ကူပြီး ကုန်ကျစရိတ်သက်သာလည်း သက်သာမယ်၊ ကျောင်းဝန်ဆောင်မှုလည်း ကော်ငးမယ်ဆို အရမ်းကေားမှာပါ။

၅) ဘာသာရေး ကိုးကွယ်မှု

ကိုယ်ကိုးကွယ်တဲ့ ဘာသာရေးနဲ့ ကိုက်ညီမယ်၊ သို့မဟုတ် မတူကွဲပြားတဲ့ ကိုးကွယ်မှုကို လက်ခံတဲ့ Discriminate မလုပ်တဲ့ ကျောင်းမျိုးဆိုရင် ပိုကောင်းပါတယ်။

၆) ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီ၊ မညီ

ကျောင်းတွေ ၀န်ဆောင်မှု သိပ်ကောင်းနေရင် သေချာတာကတော့ ပိုက်ပိုက်လည်း အများကြီးပေးရမှာပါ။ ဒါပေမယ့် တချို့ကျောင်းတွေက ၀န်ဆောင်မှုကို အကောင်းဆုံး လုပ်ပေးထားပြီး သင့်တင့်တဲ့ ကျူရှင်ခ(သင်တန်းကြေး)နဲ့ ကျောင်းတွေလည်း ရှိတတ်ပါတယ်။ သေချာစုံစမ်းပြီးမှ ထားသင့်ပါတယ်။ ကိုယ့်ဝင်ငွေနဲ့ ရေရှည်သွားလို့ရမယ့် ကျောင်းဆိုရင်တော့ ပိုအဆင်ပြေမှာပါ။

၇) ကောလိပ်(သို့) တက္ကသိုလ်ဝင်ခွင့်

စနစ်ပြောင်းလို့ အရင်ကလို အမှတ်နဲ့ မဟုတ်တော့ရင် ၀င်ခွင့်(Admission Test) တွေပေါ်လာပါလိမ့်မယ်။ ကိုယ်ပြီးတဲ့ အထက်တန်းကျောင်းက GPA(Grade Point Average) လိုမျိုး အမှတ်ကောင်းနေမှ၊ ပြီးတော့ ဆရာတွေရဲ မှတ်ချက်တွေနဲ့ တခြား Activities တွေအရေးပါလာမယ်။ ပြီးတွင်းကျောင်းဖြစ်ဖြစ်၊ ပြည်ပကျောင်းဖြစ်ဖြစ် အဆင့်(Ranking) ကောင်းတဲ့ ကျောင်းတွေဝင်နိုင်ဖို့ဆိုရင် entrance tests တွေဖြေနိုင်ရုံတင်မကဘဲ၊ writing assignment, essay ကောင်းကောင်းရေးနိုင်ဖို့လည်း အရေးကြီးပါတယ်။

၈) ထပ်ဆောင်းလေ့လာရန် ဖတ်စာ အညွှန်း

ကလေးကို ကျောင်းမှာတင်မဟုတ်ဘဲ အိမ်မှာထိ ကျောင်းပြင်ပက သက်ဆိုင်တဲ့ စာပေတွေဖတ်မှတ်ခိုင်းတာမျိုးကလည်း အရေးကြီးပါတယ်။ ကျောင်းစာအုပ်နဲ့တင် အချိန်ကုန်သွားတဲ့ အရင်ပညာရေးကို ကျော်လွန်မှဖြစ်ပါမယ်။

၉) ကျောင်းမှာ မိဘတွေ ပါဝင်မှု အတိုင်းအတာ

ကျောင်းမှာ မိဘ ဆရာ အသင်း(သို့) Group ရှိသလား။ ကိုယ့်ကလေးရဲ့ အားနည်းချက်၊ အားသာချက်ကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ဖို့ PTA လိုမျိုး မိဘ၊ ဆရာတွေ အမြဲဆုံနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ မိဘတွေကို နွေးထွေးပျူငှာစွာ ၀င်ရောက်ဆွေးနွေးခွင့်ရတဲ့ ကျောင်းမျိုး ရွေးရပါမယ်။

၁၀) ကိုယ်ကလေးက ဘာလိုလဲ၊ ဘာဖြစ်ချင်တာလဲ

ကျောင်းပို့တော့မယ်ဆိုရင် ကလေးကို မေးခွန်းလေးတွေ မေးကြည့်ဖို့ လိုတယ်။ ကိုယ့်ဘာသာဆုံးဖြတ်နိုင်တဲ့ အရွယ်ဆိုရင် သူ့ဘာသာ ဆုံးဖြတ်ခိုင်းတာမျိုးလေးတွေ မွေးမြူပေးသင့်တယ်။ ဒါမှလည်း ကောလိပ်တက်တဲ့ အခါ ရောက်ရင် ကလေး သူ ဘာရွေးရမယ်ဆိုတာ ကျင့်ပြီးသာဖြစ်သွားပါမယ်။

ကလေးရဲ့အရည်အချင်းအဆင့်နဲ့ ကိုယ်ရွေးမယ့် ကျောင်းရဲ့ ပုံစံ ပတ်ဝန်းကျင် သင့်မသင့် ဆိုတာက နောက်ဆုံး ဆုံးဖြတ်ရမှာကတော့ မိဘပါပဲ။

ကျေးဇူးတင်ပါတယ်။

Soe Naing
[email protected]

Vocabulary
10/10/2021

Vocabulary

ဗျည်းအက္ခရာများကိုအခြေခံ၍အရုပ်ပုံဖန်တီးခြင်းPhoto credit
05/10/2021

ဗျည်းအက္ခရာများကိုအခြေခံ၍အရုပ်ပုံဖန်တီးခြင်း

Photo credit

“အင်္ဂလိပ်စာစွမ်းရည်တိုးတက်ဖို့အတွက် လိုက်နာဆောင်ရွက်သင့်တဲ့ နည်းလမ်း (၆) ချက်"အင်္ဂလိပ်စာက ကိုယ့်ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့...
03/10/2021

“အင်္ဂလိပ်စာစွမ်းရည်တိုးတက်ဖို့အတွက် လိုက်နာဆောင်ရွက်သင့်တဲ့ နည်းလမ်း (၆) ချက်"

အင်္ဂလိပ်စာက ကိုယ့်ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့အတွက် ရေးတတ်၊ ပြောတတ်ဖို့လေ့လာရာမှာ လွယ်ကူမနေမှာတော့ အသေအချာပါပဲ။ ဘာသာစကား အသစ်တစ်ခုကို တကယ်ပဲ တတ်မြောက်ချင်တယ်ဆိုရင်တော့ အတော်လေး အားစိုက်ထုတ်ဖို့လိုပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အင်္ဂလိပ်စာအရည်အချင်းကို အမှန်တကယ်တိုးတက်ဖို့အတွက် ပြုလုပ်ရမယ့် နည်းလမ်း (၆) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ရုပ်ရှင်တွေကို အင်္ဂလိပ်စာတန်းထိုး (သို့မဟုတ်) စာတန်းထိုးမပါပဲကြည့်ပါ။

ရုပ်ရှင်တွေကို အင်္ဂလိပ်စာတန်းထိုးဖြင့်ကြည့်ခြင်းက အင်္ဂလိပ်စကားကို ချက်ချင်းပြောနိုင်လာစေမှာတော့ မဟုတ်ပေမယ့် ထိုဘာသာစကားကို ပိုမိုသဘောပေါက်နားလည်လာနိုင်စေပြီး သူတို့ သုံးလေ့သုံးထရှိတဲ့ စကားအသုံးအနှုန်းတွေကို မှတ်သားနိုင်မှာဖြစ်ပါတယ်။ ရုပ်ရှင်တွေသာမက ကိုယ်ကြိုက်နှစ်သက်တဲ့ Documentary တစ်ခုခုကိုကြည့်ခြင်းဖြင့်လည်း ကိုယ့်ရဲ့အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်နိုင်ပါတယ်။ ကိုယ်က စာတန်းထိုးမပါပဲ နားလည်လွယ်တဲ့သူဆိုရင်တော့ သူတို့ရဲ့အသံတွေကို အာရုံစိုက်ပြီး နားထောင်ဖြစ်တာကြောင့် Listening Skill ကိုပါတိုးတက်လာစေနိုင်မှာဖြစ်ပါတယ်။

(၂) အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ သတင်းတွေကိုကြိုးစားဖတ်ပါ။

အင်္ဂလိပ်သတင်းစာတွေ၊ မဂ္ဂဇင်းတွေ နဲ့ ကြော်ညာစာတွေကိုပါ ဖတ်ဖို့ကြိုးစားကြည့်ပါ။ ဒီလိုဖတ်ခြင်းအားဖြင့် လတ်တလောဖြစ်ပွားနေတဲ့ သတင်းတွေကိုပါသိစေနိုင်တဲ့အပြင် Vocabulary (ဝေါဟာရ) လည်းကြွယ်ဝစေနိုင်ပါတယ်။ ထို့အပြင် အင်္ဂလိပ်စာလုံးပေါင်းသတ်ပုံတွေနဲ့ သုံးနှုန်းလေ့ရှိတဲ့ စကားစပ်တွေနဲ့ပါ ရင်နှီးကျွမ်းဝင်လာစေမှာဖြစ်ပါတယ်။

(၃) အသုံးဝင်သော စကားလုံးများအတွက် မှတ်စုစာအုပ်တစ်အုပ်ထားရှိပါ။

မှတ်စုစာအုပ်တစ်အုပ်ဖြင့်ဖြစ်စေ၊ ကွန်ပျူတာမှာပဲဖြစ်စေ၊ ဖုန်းမှာပဲဖြစ်စေ အသုံးဝင်တဲ့ စကားလုံးတွေနဲ့ စကားစုတွေကို မှတ်သားထားပါ။ သင်မရင်းနှီးတဲ့ စကားလုံးတစ်လုံးကို ကြားလိုက်သည်ဖြစ်စေ၊ မြင်လိုက်သည်ဖြစ်စေ ချက်ချင်းရေးမှတ်တတ်တဲ့အကျင့်ကို ပြုလုပ်ထားပါ။ ရေးမှတ်လိုက်တဲ့စကားလုံးကိုပဲ အလွတ်ကျက်တာမျိုးမဟုတ်ပဲ သူနဲ့ အဓိပ္ပာယ်တူတဲ့စကားလုံးတွေနဲ့ အဲ့ဒီစကားလုံးတွေကို ဘယ်လိုစာကြောင်းတွေ၊ ဘယ်လိုစကားစုတွေမှာ အသုံးပြုလေ့ရှိလဲဆိုတာကိုပါ လေ့လာသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဝေါဟာရအသစ်တွေကိုလည်း လေ့လာနိုင်ပြီး သူတို့ရဲ့ အသုံးပြုပုံတွေကိုပါ မှတ်သားထားနိုင်မှာဖြစ်ပါတယ်။

(၄) အင်္ဂလိပ်လိုစကားပြော လေ့ကျင့်ပါ။

အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ချင်တယ်ဆိုရင်တော့ အင်္ဂလိပ်လို စကားပြောလေ့ကျင့်မှ အမှန်တကယ် တိုးတက်လာမှာဖြစ်ပါတယ်။ ကံကောင်းထောက်မလို့ အင်္ဂလိပ်လိုမျိုးအသိတွေ၊ သူငယ်ချင်းတွေရှိရင်တော့ အတော်လေး အကူအညီဖြစ်မှာပါ။ မရှိရင်လည်း ကိုယ့်လိုပဲ အင်္ဂလိပ်စာလေ့လာနေတဲ့ သူငယ်ချင်းတွေရှာပြီး အတူစကားပြောဖို့ကြိုးစားသင့်ပါတယ်။ ဒီနှစ်ချက်လုံး အဆင်မပြေဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ မှန်ထဲမှာကြည့်ပြီး ကိုယ့်ကိုယ်ကို စကားပြောရင်းနဲ့ အင်္ဂလိပ်စကားပြော လေ့ကျင့်နိုင်ပါသေးတယ်။ ဒီလို မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့ စကားပြောလေ့ကျင့်မှသာ အမှန်တကယ် ပြောနိုင်လာမှာဖြစ်ပါတယ်။

(၅) ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

အင်္ဂလိပ်စာလေ့လာခြင်းကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားနေရမယ်ဆိုရင်တော့ ကောင်းကောင်း ခရီးရောက်မှာမဟုတ်ပါဘူး။ ဒါ့ကြာင့် ဘာသာစကား တစ်ခုလေ့လာတဲ့အခါမှာ စိတ်အားထက်သန်ဖို့နဲ့ ပျော်ရွှင်ဖို့ကလည်း အရေးကြီးပါတယ်။ လေ့လာတဲ့အခါမှာ စိတ်ပျော်ရွှင်အောင် ဖျော်ဖြေမှုလေးတွေနဲ့အတူ လေ့လာသင့်ပါတယ်။ ဥပမာ သူငယ်ချင်းတွေနဲ့အတူ စာလုံးဆက်ဂိမ်းကစားတာမျိုး၊ သီချင်းနားထောင်တာမျိုးတွေကလည်း စိတ်ပျော်ရွှင်စေပြီး သင့်ရဲ့ တွေးခေါ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။

(၆) လွယ်လွယ်နဲ့ အားမလျှော့ပါနဲ့။

ဘာသာစကားအသစ်တစ်ခုကို လေ့လာတာဟာ ရေရှည်စီမံကိန်းတစ်ခုလို လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာတော့ တိုးတက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ကိုယ့်ဘက်ကနေ ကြိုးကြိုးစားစား ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင်တော့ ရလဒ်ကောင်းတွေကို အလျင်အမြန်ရရှိလာနိုင်မှာပါ။ ဒါကြောင့် အချိန်ပေးပြီး စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်မယ်ဆိုရင်တော့ အောင်မြင်မှုရရှိလာမှာ ဧကန်မုချပဲဖြစ်ပါတယ်။

01/10/2021

CEFR ဆိုတာ

ဒီနှစ်ပိုင်းတွေအတွင်း CEFR ဆိုတဲ့ စာလုံး ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ပိုပြီး အသုံးများ လာကြတယ်။ CEFR ဆိုတာ ဘာလဲ။

CEFR ဆိုတာ ဘာသာစကားကျွမ်းကျင်မှုကို အဆင့် ခြောက်ဆင့်နဲ့ တိုင်းတာ စစ်ဆေးပြီး အသေးစိပ် ဖော်ပြပေးထားတဲ့ ကိုးကားအထောက်အထားတခုပါ။ အကြမ်းအားဖြင့် A, B Cဆိုပြီး 3ဆင့် ခွဲထားတယ်။ A , B, C မှာ 2ဆင့် ထပ်ခွဲတယ်။ ပေါင်း 6ဆင့်ပေါ့။ C1 C2 ကို ကျွမ်းကျင် အဆင့် (Proficient User ) အဖြစ် သတ်မှတ်တယ်။ B1နဲ့ B2 ကိုတော့ (Independent User ) ဘာသာစကားကို တော်တော်လေး သုံးနိုင်လာပြီပေါ။ A1နဲ့ A2 ကတော့ စလေ့လာခါစ (Basic User)အဖြစ် သတ်မှတ်တယ်။

🌳Council of Europe ကနေ လွန်ခဲ့တဲ့ နှစ် 60လောက်က စတင် ဖန်တီးခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် အခြေတကျဖြစ်တာကတော့ 1990လောက် မှ။ Cambridge က စတင် အသုံးပြုလိုက်တော့ CEFR အဆင့်တွေ ပီပီပြင်ပြင် ဖြစ်လာတယ်လို့ ဖတ်ရတယ်။

🌳CEFR ကို ဘယ်နိုင်ငံတွေ လက်ခံကျင့်သုံးနေကြသလဲ။
ဥရောပနိုင်ငံတွေ၊ အာရှနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း၊ အမေရိကားနဲ့ ဩစတေးလျနိုင်ငံတွေ မှာ လက်ခံကျင့်သုံးတယ် လို့သိရပါတယ်။

🌳ဘာအတွက် သုံးတာလဲ။
သင်ရိုးညွန်းတမ်းရေးဆွဲဖို့၊ စာမေးပွဲ စစ်ဖို့၊ သင်ယူသူရဲ့ လိုအပ်ချက်သိဖို့၊ သင်မယ့်စာ ပြင်ဖို့၊ ပညာရေး ပေါ်လစီချဖို့၊ အကဲဖြတ်စစ်ဆေးဖို့၊ ဆရာဆရာမတွေ လေ့ကျင့် သင်ကြားဖို့ စတဲ့ ရည်ရွယ် ချက်တွေနဲ့ သုံးကြတယ်။

CEFR မှာ အဆင့် 6ဆင့် သာ ပြထားပေမယ့် နောက်ကွယ် မှာ လေ့ကျင့်ရမယ့် စကေလ်း 54မျိုး ရှိတယ် လို့ သိရတယ်။စကေး 54 ခုမှာ အဓိက 4 စကေးလ် ပါတယ်။ ထပ်ခွဲထားတဲ့ sub-skills တွေပါတယ်။ ပြောဆို တဲ့အခါ လိုအပ်တဲ့ ကျွမ်းကျင်မှု တွေပါတယ်။ ဥပမာ။ ။ အလှည့် ကျ ပြောတာမျိုး၊ မရှင်းရင် ပြန်မေးတာမျိုး။ တခြား ဘာသာစကား ဆိုင်ရာ ဂရမ်မာ၊ အသုံးအနှုန်း ၊အသံထွက် စတဲ့ကျွမ်းကျင်မှုတွေ ပါတယ်။အားလုံးကို CEFR က ခြုံငုံဖော်ပြပေးတဲ့ သဘောပါ။

🌳ဆရာဆရာမတွေအတွက် CEFR က ဘယ်လို အသုံးတည့်လဲ။
1.သင်ယူတဲ့သူတွေရဲ့ အခြေအနေကို ချိန်ဆနိုင်တယ်။
2. အကဲဖြတ် စစ်ဆေးလို့ရတယ်။
3. သင်ရိုးညွှန်တမ်း ပြင်ဆင်နိုင်တယ်။
4 .မိမိ ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးနိုင်တယ်။
**"( ကိုယ်သင့်ပေးမယ့် ကလေးရဲ့ ကျွမ်းကျင်မှုထက် အနည်းဆုံး CEFR တဆင့်မြင့်နေရမယ်။)🍀🍀🍀

🌳CEFR အဆင့် အတွက် လေ့ကျင့်ရမယ့် နာရီ
A1 နာရီ 100
A2. နာရီ 200
B1. နာရီ 400
B2. နာရီ 600
C1. နာရီ 800
C2. နာရီ 1200 ဆိုပြီး သတ်မှတ်ထားတယ်။
ကျောင်းသားပေါ်မူတည်ပြီး လေ့ကျင့်ချိန် ကွာဟမှု ရှိနိုင်တယ်။ ဒါပေမယ့် အဲ့ဒီ နာရီတွေ ပြည့်အောင် မလေ့ကျင့်ခဲ့ရင် B2 လောက် ရောက်ရင် အခက်ကြုံရတတ်တယ်။ သတ်မှတ် နာရီ ပြည့် အချိန်ပေး လေ့ကျင့်မှ ။ ဖြတ်လမ်း မရှိပါဘူး။

သင်ယူသူတွေကိုလည်း CEFR အကြောင်း ပြောပြထားသင့်တယ်။ ဒါမှ သူတို့ ဘာလုပ်နေတယ်။ ဘယ်နေရာရောက်နေတယ် ဆိုတာ သိမယ်။
credit
Myo Nyunt Maw
Ref: Introductory Guide to the CEFR for Teachers

မေမေက စာသင်ပေးတဲ့အခါ-------------------------------------------ဒေါက်တာမေမွန်မေမေတွေက ရင်သွေးလေးတွေကို စာသင်ပေးတယ်ဆိုတာေ...
29/09/2021

မေမေက စာသင်ပေးတဲ့အခါ
-------------------------------------------
ဒေါက်တာမေမွန်

မေမေတွေက ရင်သွေးလေးတွေကို စာသင်ပေးတယ်ဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ အစဉ်အလာတစ်ခုပါ။ ကျောင်း စမနေခင်ကနေ အတန်းတော်တော်ကြီးတဲ့အထိ ကိုယ်တတ်နိုင်သလောက် သင်ပေးကြတာ မိခင်တိုင်းပါပဲ။

ဒါပေမယ့် ကျောင်းမတက်ခင် အဆင်သင့်ဖြစ်ရုံ၊ ကျောင်းမှာ စာလိုက်နိုင်ရုံ ကူသင်ပေးရတာမျိုး မဟုတ်ဘဲ၊ မေမေကိုယ်တိုင် အစအဆုံး တာဝန်ယူ သင်ရမယ့် အခြေအနေမျိုး ဖြစ်လာတဲ့အခါ မေမေတွေမှာ စိတ်ဖိစီးမှုတစ်ချို့ကို ကြုံရတတ်ပါတယ်။

မေမေဟာ ဆရာတစ်ယောက်လို အလုံးစုံတတ်သိ ပြီးပြည့်စုံနေစရာ မလိုပါဘူး။ ကလေးကို နားလည်ပေးဖို့၊ စိတ်ရှည်ပေးဖို့၊ လောဘတွေ တအားမကြီးဖို့ပဲ အရေးကြီးတာပါ။ သိပ်ပြီး တော်စေတတ်စေချင် ရှေ့ရောက်စေချင်တဲ့ ဆန္ဒတွေ များလွန်းနေရင် မေမေရော ကလေးပါ စိတ်ဖိစီးပြီး စာသင်ချိန်တွေက စိတ်ညစ်စရာတွေ၊ ဒေါသဖြစ်စရာတွေ ဖြစ်လာတတ်ပါတယ်။ (ကျွန်မ ကိုယ်တွေ့ပါပဲ)

ကလေးက မေမေ့ကို တအားကြောက်နေရရင် စာသင်ဖို့ အဆင်မပြေပါဘူး။ 'ဒါလေး နားမလည်ဘူး' 'ဒီဟာ မတွက်တတ်ဘူး' စသဖြင့် ကလေးက ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲမှ မေမေက ထိထိရောက်ရောက် ကူညီနိုင်မှာပါ။ တစ်ခုခု ပြီးမြောက်သွားရင် ချီးကျူးတာမျိုး၊ ဆုချတာမျိုးကလည်း အိမ်တွင်းစာသင်ချိန်တွေကို ပိုအောင်မြင်စေပါတယ်။

ကလေးကို စာစသင်တဲ့အခါ အတန်းအသစ်၊ သင်ခန်းစာအသစ်တွေကချည်း စရမယ်လို့ မဆိုလိုပါဘူး။ ပြီးသွားတဲ့ အတန်းတုန်းက နောက်ပိုင်းသင်ခန်းစာတွေကနေ ပြန်စတာမျိုးလည်း လုပ်နိုင်ပါတယ်။ အဲဒီစာတွေက မေမေရော ကလေးပါ ရင်းနှီးပြီးသားဆိုတော့ နှစ်ယောက်လုံးအတွက် စိတ်ဖိစီးမှု လျော့စေပါတယ်။ အတန်းတစ်တန်း ပြီးသွားတိုင်း ကလေးက စာတွေအားလုံး ကြေညက်နေတာမျိုး မဟုတ်ပါဘူး။ သူမလိုက်နိုင်တဲ့ သင်ခန်းစာတစ်ချို့ ရှိခဲ့နိုင်ပါတယ်။ အဲဒါတွေကနေ ပြန်စရင်း အတန်းအသစ်ကို ဖြည်းဖြည်းချင်း ကူးသွားတာက ချောမွေ့လွယ်ကူပါတယ်။

တစ်ခါတလေမှာ မေမေ မကျွမ်းကျင်တဲ့ နားမလည်တဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။ ကိုယ်တိုင်ရှင်းရှင်းလင်းလင်း သိမထားရင် တခြားသူကို ရှင်းပြတဲ့အခါ ပိုင်ပိုင်နိုင်နိုင်မရှိပါဘူး။ ဝေ့လည်လည် ဖြစ်နေတတ်ပါတယ်။ အင်တာနက်ကနေ ရှာဖွေဖတ်ရှုတာမျိုးပဲဖြစ်ဖြစ်၊ သင်ထောက်ကူ စာအုပ်တွေနဲ့ လေ့လာတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ်တိုင်နားလည်အောင် အရင်ကြိုးစားပြီးမှ ကလေးကို သင်သင့်ပါတယ်။

မေမေနဲ့သင်တဲ့အခါ ကျောင်းတက်တဲ့အချိန်လိုမျိုး တစ်နေ့ ၄-၅ နာရီ ထိုင်သင်နေစရာ မလိုပါဘူး။ သင်နိုင်သလောက် အချိန်လေးမှာ ထိထိရောက်ရောက် ဖြစ်သွားဖို့ပဲ အရေးကြီးတာပါ။ မေမေရော ကလေးပါ စိတ်ကြည်လင်နေတဲ့ အချိန်မျိုးကို ရွေးသင့်ပါတယ်။

ကျောင်းစာမသင်ချင်တဲ့ နေ့တွေမှာ တခြားစာတွေ အတူတူဖတ်ပြီး အမေးအဖြေ အတူတူလုပ်တာလည်း သင်ကြားနည်း တစ်မျိုးပါပဲ။ ကလေးစာဖတ် ချောမွေ့လာအောင် စာအရေးအသား တိုးတက်လာအောင် လေ့ကျင့်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ အတွေ့အကြုံတစ်ခု၊ ခေါင်းစဉ်တစ်ခုကို စိတ်ကြိုက်ချရေးခိုင်းတာမျိုး၊ ဘိုးဘိုးဘွားဘွားတွေ၊ သူငယ်ချင်းတွေဆီ စာရေးခိုင်းတာမျိုးလည်း လုပ်သင့်ပါတယ်။

စာနဲ့ မပတ်သက်တဲ့ တခြား life skills အမျိုးမျိုးကိုလည်း သင်ပေးရဦးမှာပါ။ ဒီလို အားလပ်ရက်ရှည်မျိုးမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကအစ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ရှင်သန်နိုင်ဖို့ လေ့ကျင့်ပေးရပါမယ်။ ကြက်ဥကြော်တာ၊ ထမင်းကြော်တာ၊ အဝတ်လျှော်၊ မီးပူတိုက်တာ၊ အကျီကြယ်သီးတပ်တာ၊ အစုတ်ချုပ်တာ၊ အနာဆေးထည့်တာ စသဖြင့် ကြုံရင်ကြုံသလို သင်ပေးရမှာတွေ အများကြီးပါပဲ။

ငါသင်ပေးတာ ထိရောက်ပါ့မလား၊ ကလေး အချိန်တွေ အလကားကုန်သွားပြီလားဆိုတဲ့ အတွေးမျိုး မတွေးစေချင်ပါဘူး။ မေမေက ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိနေမှ ကလေးကလည်း မေမေ့ကိုအားကိုးပြီး ပျော်ရွှင် အားတက်နေမှာပါ။ သားသမီးဆိုတာ စာအုပ်တစ်အုပ်ဖြစ်ခဲ့မယ်ဆိုရင် ပြီးသွားတဲ့ စာမျက်နှာတွေကို အကြေညက်ဆုံးက မေမေပါပဲ။ ကျွန်မကတော့ အဲဒီ ယုံကြည်ချက်လေးကို ဆုပ်ကိုင်ပြီး သမီးလေးရဲ့ ပညာရေးကို ကူညီနေပါတယ်။
(သမီးလေးကို စာသင်ရင်း ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ရင်းရင်းနှီးနှီး မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။)
၃၀/၆/၂၀၂၁
Dr May Mon

က လေးကို Screen Time ဘယ်လောက် ပြရမလဲ လို့ မေးနေကြတဲ့ မိဘများဖတ်ကြည့်ဖို့ပါ။ အခု ပြ ထားတဲ့ဇယားက တစ်နေ့လုံးမှာ အများဆုံးအခ...
29/09/2021

က လေးကို Screen Time ဘယ်လောက် ပြရမလဲ လို့ မေးနေကြတဲ့ မိဘများဖတ်ကြည့်ဖို့ပါ။ အခု ပြ ထားတဲ့ဇယားက တစ်နေ့လုံးမှာ အများဆုံးအချိန်ပါ။ ဒီ့ထက် ပိုပြီးပြမိ ရင် ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိ ခိုက် စေပါတယ်နော်

က လေးပြုစုပျိုးထောင်ရေး ရေးတဲ့ အချိန်မှာကျမတို့ဟာ ကလေးတွေနဲ့ သက် ဆိုင် တဲ့အ ရာမို့လို့ ကျင့်ဝတ်ကို စောင့်ထိန်းရပါတယ်။ ကျင့်ဝတ်ဟာ ဆရာဝန်တွေနဲ့ သဘောချင်း တူပါတယ်။

- ကလေးကို စောစောသိပ်ရမယ် ၊ အိပ်ချိန်လုံလောက်မှ ကလေး ဉာဏ်ရည်ဖွံ့ဖြိုးမယ် ဆိုတာရယ်
- ခုနှစ်နှစ် အောက်မှာ Screen Time ကို ထိမ်းကို ထိမ်းသိမ်းဖို့လိုတယ်။ ကလေး ဦးနှောက်တည် ဆောက် တဲ့ အချိန်မှာ Screen Time ဟာ အရေးသိပ်ကြီးတဲ့ အရာ ပါ။

ဒီနှစ်ခုကို ပြောတဲ့အချိန်မှာ မိဘ ဆရာတော်တော်များများဟာ လိုက် မလုပ် နိုင်ကြတဲ့အ တွက် ကျမ တို့ ပြောတဲ့အချိန် မှာ မကြိုက် နိုင် ကြမှန်းသိပါတယ်။ တစ်နည်းပြောရရင် ဖော်လိုဝါများသူ စာရေး သူတစ်ယောက်အတွက် ရှောင်ကို ရှောင်သင့်သော အရာပါ။ ရေးစရာတွေ အများကြီးရှိနေတဲ့ ကြားက ဒီနှစ် ခုဟာ မေ၇းဘဲ ရှောင်မယ်ဆိုရင် ရှောင်လို့ရတဲ့ အရာပါပဲ။

ပင်ပန်းနေတဲ့မေမေ တွေကို ကိုယ်ချင်းစာပါတယ်။ Sceen Time မပြလို့မှ မရတာ ပြပေါ့။ ကောင်းတာလေး ပညာရတာလေး ပြပေါ့။ယူကျူ့ကနေ Sceen tIme ကို အရောင်တွေ ၊ အင်္ဂလိပ် စာတွေ အများကြီးလေ့လာလို့ ရတာပဲလို့ ကျမတို့ ပြောလို့ ရ ပေမယ့် ကျင့်ဝတ် အရ ပြောကို မပြောရပါဘူး။ ဒါဟာမမှန်ဘူး။ ခုနှစ်နှစ်အောက်မှာ ဒီလောက် ဒီ လောက် အချိန်ကို ပဲ အများဆုံး Sceen Time ပေးရမယ်ဆိုတာဟာ ဦးနှောက် ဉာဏ်ပိုင်းဆိုင်ရာ ပညာရှင်များက သုတေသန များစွာလုပ်ပြီး ပြောထားခဲ့တဲ့စကားပါ။ နှစ်နှစ် အောက် က No Screen Time ပါပဲ။

မိဘများဟာ ကိုယ့်ရဲ့ တစ်ကိုယ်စာ အခြေနေ အရ ကလေးကို Screen Time ပေးမိရင်တောင် ကလေး အသက် လိုက်မှာ ဘယ်အရွယ်မှာ ဘယ်လောက် ပဲ ပေးရမယ် ဆိုတာကို မိဘ ဟာ သိ ကို သိထားဖို့လိုပါတယ်။ လုပ်နိုင် တာ မလုပ်နိုင်တာ က တစ်ပိုင်းပါ။ မသိလို့ အများကြီး Screen Time ပေး မိတာထက် သိရက်နဲ့ ကိုယ့် အခြေေ န ကြောင့် ပေးရတာ က ကလေးကို ထီမ်းဖို့ ပိုလွယ်ပါတယ်။

ဘယ်ဆရာဝန်မှ အချိုမှုန့်တွေ ၊ ပြည့်ဝ ဆီတွေ စားတာကောင်းတယ်လို့ မေ ပြာသလိုပဲ ကျမ တို့ Parenting မှာလည်း မိဘ အကြိုက်လိုက် ပြောလို့မရပါဘူး။ ခုနှစ်နှစ် ကျော် သွားချိန်မှာတော့ နောက် ပိုင်း အတန်းကြီးလာချိန်မှာ Screen Time နဲ့ လေ့လာရတာတွေ များပေမယ့် ခုနှစ်နှစ် အောက်မှာတော့ Screen Time ဟာ အများဆုံး တစ်နေ့ တစ်နာရီ ခွဲ ထက် ပို ကို မပို ရ ကြောင်းပါနော်။
ခေတ်ဘုန်းသစ်

ခေတ် ဘုန်းသစ်

29/09/2021

[Unicode]
တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးနှင့် British Curriculum အသုံးပြုထားတဲ့ Cambridge University ကစစ်ဆေးမဲ့ လက်ရှိကမ္ဘာ့နာမည်အကြီးဆုံး
IGCSE အကြောင်း📣📣📣

ဆိုတာဘာလဲ ?
***********************
British Curriculum ကို ရွေးချယ်ပြီးပြီဆိုရင်တော့ Secondary ပိုင်းရောက်လာတဲ့အခါ IGCSE အကြောင်းကို မိဘတွေသိထားရပါတော့မယ်။ International School ကိုရွေးပြီ ကလေးကခုမှ Nursery ကစထားမယ်ဆိုပေမဲ့လည်း ဒီလမ်းကိုယူပြီးရင် ကလေးအတွက် Aim က ဒီ IGCSE မှာ Grade ကောင်းကောင်းရဖို့မျှော်မှန်းရမှာပဲဖြစ်နေလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ IGCSE မှာ သတ်မှတ်ထားတဲ့ Grade တွေမရရင် A Level ဆက်တက်လို့မရပါဘူး။ ကိုယ်လိုချင်တဲ့ Grade ကို မရမချင်းဖြေမယ်ဆိုရင်လည်း ကျောင်းလခတစ်နှစ်စာဟာ မနည်းလှတဲ့ငွေကြေးပမာဏပါ။ A Level တက်ခွင့်မရရင် University ဆိုတာလည်းအလှမ်းဝေးပါပြီ။

IGCSE ရဲ့အရှည်က International General Certificate of Secondary Education ပါ။
နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းပညာရေးအောင်လက်မှတ်ဖြစ်ပါတယ်။
ကမ္ဘာမှာတော့ Popular အဖြစ်ဆုံး International Certificate ပါပဲ။ သူက O-Level , UK GCSE , Year 11 တို့နဲ့ညီမျှပါတယ်။ IGCSE မှာသတ်မှတ်တဲ့ Grade တွေရရှိပြီးမှသာ Advanced Level (A-Level or Sixth form or Year 12&13) သို့မဟုတ် pre-university studies တက္ကသိုလ်မရောက်ခင် ၂နှစ် ထပ်တက်ကြရဦးမှာဖြစ်ပါတယ်။

IGCSE ကို Cambridge က စစ်ဆေးတာဖြစ်ပါတယ်။ IGCSE က ဘာသာပေါင်း (၇၀) ကျော်ကို Offer လုပ်ပါတယ်။ ဒါပေမဲ့ လက်ရှိမြန်မာပြည်ကကျောင်းတွေမှာတော့ ဘာသာပေါင်း (၂၀) ဝန်းကျင်လောက်ကိုသာ Offer လုပ်နိုင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာရပ်ဆိုင်ရာဆရာငှားရာမှာ ဒီဘာသာကိုသင်ချင်တဲ့ ကျောင်းသား ၁ယောက် ၂ယောက်အတွက်နဲ့ ဆရာတစ်ယောက်ငှား၇မ်းပေးဖို့ရာအဆင်မပြေလို့ပါ။ ဒါကြောင့် popular ဖြစ်တဲ့ subject တွေကိုတော့ ချပေးလေ့ရှိပါတယ်။ IGCSE စာမေးပွဲဖြေဆိုရာမှာ အနည်းဆုံး (၅) ဘာသာကနေ အများဆုံး (၁၄) ဘာသာဖြေဆိုခွင့်ရှိပါတယ်။

Core subject (မယူမဖြစ် ကျောင်းသားတိုင်းယူရတဲ့ဘာသာ) တွေက English, Maths, Science တို့ဖြစ်တယ်။ option choices တွေကတော့ ကျောင်းသားပေါ်မူတည်ပြီး ၄င်းတို့နှစ်သက်ရာကိုယူလို့ရပါတယ်။ ကျောင်းတစ်ခုနဲ့တစ်ခု ဖြေဆိုဖို့ချပေးတဲ့ ဘာသာရပ်အရေအတွက်က မတူညီပါဘူး။ English မှာတော့ First language နဲ့ Second language ဆိုပြီးထပ်ခွဲပါသေးတယ်။ ကျွန်မတို့ Myanmar ကလေးအများစုက First language ထဲမှာပဲရှိနေတတ်ပါတယ်။ Second language ကတော့ English စာကို အားနည်းတဲ့သူတွေအတွက်ပါ။ သို့ပေမဲ့လည်း ဘာသာရပ်တိုင်းက English လိုပဲသင်ယူရမှာဖြစ်ပြီး ဆရာတွေကလည်း Internationl တွေချည်းပဲမို့ level of Englishကအများကြီး စကားပြောသွားပါပြီ။ ငယ်စဉ်ကတည်း international school မှာပဲတက်လာတဲ့ကလေးအတွက်က ပြသနာမရှိနိုင်ပါဘူး။ သူတို့တွေက English ကို native တစ်ယောက်အလားကို အသုံးပြုနိုင်နေလို့ပါ။ Secondary မှပြောင်းလာမယ်ဆိုရင်တော့ ကျောင်းတွေမှာ ဝင်ခွင့်တွေသတ်မှတ်ထားတဲ့ စာမေးပွဲတွေကို ဝင်ဖြေပြီး အောင်မှသာရမှာပါ။ ဒါပေမဲ့ မြန်မာကျောင်းကပြောင်းမယ်ဆိုရင်တော့ ကျောင်းကနေဘယ်လိုပဲဝင်ခွင့်ပေးပါစေ ကိုယ့်ကလေးအတွက်ကိုယ်က စဉ်းစားသင့်ပါတယ်။ ကိုယ့်ကလေးရဲ့ Level of English ကိုသိထားပြီး IGCSE မှာသတ်မှတ်ထားတဲ့ Grade မမှီတဲ့အခါ မြန်မာကျောင်းကအောင်တဲ့ တက္ကသိုလ်တက်ခွင့်လည်းမရ ဘယ်မှာမှတက်မရပဲ ဘွဲ့ရတစ်ယောက်ဖြစ်လာတော့မှာမဟုတ်တာကို သတိပြုမိစေချင်တာပါ။ မိသားစုကစီးပွားရေးတောင့်တင်းလို့ မိသားစုစီးပွားရေးကို အသက် (၁၆) နှစ်မှာရတဲ့ IGCSE လက်မှတ်တစ်ခုထဲနဲ့ စီးပွားရေးလောကထဲခြေစုန်ပစ်ဝင်မလားဆိုတာလည်း စဉ်းစားစရာပါပဲ။ ကိုရီးယားလေးတစ်ယောက် Secondary မှာကျောင်းပြောင်းလာကာစက English လုံးဝမရပါဘူး။ ဒါပေမဲ့ ကျောင်းကလက်ခံလိုက်တဲ့အခါ native တစ်ယောက်လိုမဟုတ်ပေမဲ့ မွှတ်နေအောင်ပြောနိုင်လာပါတယ်။ ဒါပေမဲ့ သူက Year 11 ရောက်တဲ့အခါမှာတော့ မိဘနဲ့ဆရာခေါ်တွေ့ပါတယ်။ ကလေးကို ကိုရီးယားက တက္ကသိုလ်တစ်ခုခုမှာ ဆက်တက်ရောက်မှသာ ကလေးကဘွဲ့ရမယ်လို့ဆိုပါတယ်။ မိဘဖက်ကလည်း ဘာတွေပံ့ပိုးပေးရမလဲ လုပ်ပေးနိုင်တာအကုန်လုပ်ပေးမယ်ဆိုတော့ ပြသာနာက ကလေးရဲ့limit of English / level of English ဖြစ်နေတာပါ။ ဒါက ဘယ်လိုမှ ကြီးလာမှ လုပ်ယူလို့မရတော့တာလေးသိစေချင်တာပါ။ ပြီးတော့ IGCSE မှာ ၈ ဘာသာ ၉ ဘာလောက်ဖြေဆိုရမယ်ဆိုတာလည်းတကယ်မလွယ်ကူတဲ့အလုပ်တစ်ခုပါ။

ဘယ်ဘာသာတွေယူကြမလဲ။ ဘယ်ဘာသာကောင်းလဲဆိုရင် ဒါကအပြည့်အဝကိုကလေးအပေါ်ကိုမူတည်ပါတယ်။ ကလေးကဘာဖြစ်ချင်တာလဲ။ ဘာလုပ်ချင်တာလဲ။ စတာတွေအပေါ်ကို အခြေခံပါတယ်။ မိဘကအကြံပေးခြင်းနဲ့ကူညီနိုင်ပေမဲ့ ဖိအားပေးခြင်းကိုတော့ လုံးဝရှောင်ကြဉ်ရမှာပါ။ ဘာလို့လဲဆိုတော့ (၂)နှစ်တိတိသူတို့လေ့လာရမဲ့ဘာသာရပ်တွေမှာ သူတို့ကိုယ်တိုင်နှစ်ခြိုက်သဘောကျနေဖို့လိုပြီး သူတို့ passion ရှိမှသာ မျှော်မှန်းထားတဲ့ Grade ကောင်းကောင်းကိုရနိုင်မှာပါ။ Year 10 ဖြစ်တဲ့ အသက် ၁၅နှစ်ဝန်းကျင်မှာ ကလေးအများစုကတော့ ဘာဖြစ်ချင်တယ် ဘာလုပ်မယ်မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကလေးအနည်းစုကတော့ ဆရာဝန် အင်ဂျင်နီယာ business ပိုင်းသွားမယ်စသဖြင့်ချပြနိုင်ပါပြီ။ ပြီးတော့ သူတို့ ဘယ်နိုင်ငံက university ကိုတက်မယ်ဆိုတာကိုပါ google ကနေအကုန်ကြည့်ပြီးနေပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာ ဘာလုပ်ချင်မှန်းမသိသေးဘူးဆိုရင်လည်း ဒါကလေးအများစုဖြစ်နေကျဆိုတာ သတိမမေ့သင့်ပါဘူး။ ဒါပေမဲ့ IGCSE ဖြေဆိုမဲ့ year 11 အသက် ၁၆နှစ်ရောက်ရင်တော့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကိုဆုံးဖြတ်ပြီးဖြစ်နေရမှာပါ။ ဒါမှသာ A level မှာ ကိုယ်လိုချင်တဲ့ဘာသာရပ်ရွေးယူပြီး ကိုယ်သွားချင်တဲ့ university ကိုသွားနိုင်မှာမို့ပါ။ university က တောင်းတဲ့ grade တွေက မတူညီပါဘူး။ ဒါကြောင့် ကိုယ်တက်ချင်တဲ့ university မှာ ဘာသတ်မှတ်ချက်တွေရှိလဲဆိုတာလည်း ကြိုလေ့လာထားဖို့လိုပါတယ်။

ဒါတွေအားလုံးပြီးလို့ University ကိုလှမ်းလျှောက်ပြီဆိုရင်လည်း ကိုယ့်ရဲ့ပျံလန်နေတဲ့ အမှတ်စာရင်းတစ်ခုထဲနဲ့မရပါဘူး။ Personal statement နဲ့အတူတွဲတင်ရတာပါ။ ဒီထဲမှာတော့ ကိုယ်ဟာ ဒီ university အတွက် ဘယ်လောက်တောင်ရွေးချယ်ဖို့သင့်တော်တဲ့ ကျောင်းသားလည်းဆိုတာကိုရေးပြတဲ့ short essay ပါပဲ။ ဒါကြောင့် University ကလည်း ဘက်စုံတော်တဲ့ကျောင်းသားကိုသာ ရွေးလေ့ရှိတာမို့ ကျောင်းမှာပါဝင်တဲ့ ပြိုင်ပွဲတွေ ကိုယ်လုပ်ခဲ့တဲ့ တစ်ခြားဘက်စုံတော်တာတွေ အားကစားပိုင်းတွေကပါ Uni လျှောက်ဖို့ အရေးပါတယ်ဆိုတာကိုသတိရပါ။ ပြီးတော့ University တွေက ဒီလိုကျောင်းကနေ IGCSE ကို အနည်းဆုံး (၉)ခုလောက်ကျယ်ပြန့်စွာလေ့လာတဲ့သူတွေကို အိမ်မှာပဲကျူရှင်သင်ပြီး (၅)ဘာသာလောက်ဖြေဆိုတဲ့ကလေးတွေထက်ပိုရွေးတယ်ဆိုတာလည်း သတိထားသင့်တဲ့အချက်ပါ။

ကဲ.. ဒီလောက်ဆိုရင်တော့ တော်တော်သိသွားလောက်ပြီထင်ပါတယ်နော်။
———————————————————————-

[Zawgyi]

တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးနှင့် British Curriculum အသုံးပြုထားတဲ့ Cambridge University ကစစ်ဆေးမဲ့ လက်ရှိကမ္ဘာ့နာမည်အကြီးဆုံး
IGCSE အကြောင်း📣📣📣

ဆိုတာဘာလဲ ?
***********************
British Curriculum ကို ရွေးချယ်ပြီးပြီဆိုရင်တော့ Secondary ပိုင်းရောက်လာတဲ့အခါ IGCSE အကြောင်းကို မိဘတွေသိထားရပါတော့မယ်။ International School ကိုရွေးပြီ ကလေးကခုမှ Nursery ကစထားမယ်ဆိုပေမဲ့လည်း ဒီလမ်းကိုယူပြီးရင် ကလေးအတွက် Aim က ဒီ IGCSE မှာ Grade ကောင်းကောင်းရဖို့မျှော်မှန်းရမှာပဲဖြစ်နေလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ IGCSE မှာ သတ်မှတ်ထားတဲ့ Grade တွေမရရင် A Level ဆက်တက်လို့မရပါဘူး။ ကိုယ်လိုချင်တဲ့ Grade ကို မရမချင်းဖြေမယ်ဆိုရင်လည်း ကျောင်းလခတစ်နှစ်စာဟာ မနည်းလှတဲ့ငွေကြေးပမာဏပါ။ A Level တက်ခွင့်မရရင် University ဆိုတာလည်းအလှမ်းဝေးပါပြီ။

IGCSE ရဲ့အရှည်က International General Certificate of Secondary Education ပါ။
နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းပညာရေးအောင်လက်မှတ်ဖြစ်ပါတယ်။
ကမ္ဘာမှာတော့ Popular အဖြစ်ဆုံး International Certificate ပါပဲ။ သူက O-Level , UK GCSE , Year 11 တို့နဲ့ညီမျှပါတယ်။ IGCSE မှာသတ်မှတ်တဲ့ Grade တွေရရှိပြီးမှသာ Advanced Level (A-Level or Sixth form or Year 12&13) သို့မဟုတ် pre-university studies တက္ကသိုလ်မရောက်ခင် ၂နှစ် ထပ်တက်ကြရဦးမှာဖြစ်ပါတယ်။

IGCSE ကို Cambridge က စစ်ဆေးတာဖြစ်ပါတယ်။ IGCSE က ဘာသာပေါင်း (၇၀) ကျော်ကို Offer လုပ်ပါတယ်။ ဒါပေမဲ့ လက်ရှိမြန်မာပြည်ကကျောင်းတွေမှာတော့ ဘာသာပေါင်း (၂၀) ဝန်းကျင်လောက်ကိုသာ Offer လုပ်နိုင်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာရပ်ဆိုင်ရာဆရာငှားရာမှာ ဒီဘာသာကိုသင်ချင်တဲ့ ကျောင်းသား ၁ယောက် ၂ယောက်အတွက်နဲ့ ဆရာတစ်ယောက်ငှား၇မ်းပေးဖို့ရာအဆင်မပြေလို့ပါ။ ဒါကြောင့် popular ဖြစ်တဲ့ subject တွေကိုတော့ ချပေးလေ့ရှိပါတယ်။ IGCSE စာမေးပွဲဖြေဆိုရာမှာ အနည်းဆုံး (၅) ဘာသာကနေ အများဆုံး (၁၄) ဘာသာဖြေဆိုခွင့်ရှိပါတယ်။

Core subject (မယူမဖြစ် ကျောင်းသားတိုင်းယူရတဲ့ဘာသာ) တွေက English, Maths, Science တို့ဖြစ်တယ်။ option choices တွေကတော့ ကျောင်းသားပေါ်မူတည်ပြီး ၄င်းတို့နှစ်သက်ရာကိုယူလို့ရပါတယ်။ ကျောင်းတစ်ခုနဲ့တစ်ခု ဖြေဆိုဖို့ချပေးတဲ့ ဘာသာရပ်အရေအတွက်က မတူညီပါဘူး။ English မှာတော့ First language နဲ့ Second language ဆိုပြီးထပ်ခွဲပါသေးတယ်။ ကျွန်မတို့ Myanmar ကလေးအများစုက First language ထဲမှာပဲရှိနေတတ်ပါတယ်။ Second language ကတော့ English စာကို အားနည်းတဲ့သူတွေအတွက်ပါ။ သို့ပေမဲ့လည်း ဘာသာရပ်တိုင်းက English လိုပဲသင်ယူရမှာဖြစ်ပြီး ဆရာတွေကလည်း Internationl တွေချည်းပဲမို့ level of Englishကအများကြီး စကားပြောသွားပါပြီ။ ငယ်စဉ်ကတည်း international school မှာပဲတက်လာတဲ့ကလေးအတွက်က ပြသနာမရှိနိုင်ပါဘူး။ သူတို့တွေက English ကို native တစ်ယောက်အလားကို အသုံးပြုနိုင်နေလို့ပါ။ Secondary မှပြောင်းလာမယ်ဆိုရင်တော့ ကျောင်းတွေမှာ ဝင်ခွင့်တွေသတ်မှတ်ထားတဲ့ စာမေးပွဲတွေကို ဝင်ဖြေပြီး အောင်မှသာရမှာပါ။ ဒါပေမဲ့ မြန်မာကျောင်းကပြောင်းမယ်ဆိုရင်တော့ ကျောင်းကနေဘယ်လိုပဲဝင်ခွင့်ပေးပါစေ ကိုယ့်ကလေးအတွက်ကိုယ်က စဉ်းစားသင့်ပါတယ်။ ကိုယ့်ကလေးရဲ့ Level of English ကိုသိထားပြီး IGCSE မှာသတ်မှတ်ထားတဲ့ Grade မမှီတဲ့အခါ မြန်မာကျောင်းကအောင်တဲ့ တက္ကသိုလ်တက်ခွင့်လည်းမရ ဘယ်မှာမှတက်မရပဲ ဘွဲ့ရတစ်ယောက်ဖြစ်လာတော့မှာမဟုတ်တာကို သတိပြုမိစေချင်တာပါ။ မိသားစုကစီးပွားရေးတောင့်တင်းလို့ မိသားစုစီးပွားရေးကို အသက် (၁၆) နှစ်မှာရတဲ့ IGCSE လက်မှတ်တစ်ခုထဲနဲ့ စီးပွားရေးလောကထဲခြေစုန်ပစ်ဝင်မလားဆိုတာလည်း စဉ်းစားစရာပါပဲ။ ကိုရီးယားလေးတစ်ယောက် Secondary မှာကျောင်းပြောင်းလာကာစက English လုံးဝမရပါဘူး။ ဒါပေမဲ့ ကျောင်းကလက်ခံလိုက်တဲ့အခါ native တစ်ယောက်လိုမဟုတ်ပေမဲ့ မွှတ်နေအောင်ပြောနိုင်လာပါတယ်။ ဒါပေမဲ့ သူက Year 11 ရောက်တဲ့အခါမှာတော့ မိဘနဲ့ဆရာခေါ်တွေ့ပါတယ်။ ကလေးကို ကိုရီးယားက တက္ကသိုလ်တစ်ခုခုမှာ ဆက်တက်ရောက်မှသာ ကလေးကဘွဲ့ရမယ်လို့ဆိုပါတယ်။ မိဘဖက်ကလည်း ဘာတွေပံ့ပိုးပေးရမလဲ လုပ်ပေးနိုင်တာအကုန်လုပ်ပေးမယ်ဆိုတော့ ပြသာနာက ကလေးရဲ့limit of English / level of English ဖြစ်နေတာပါ။ ဒါက ဘယ်လိုမှ ကြီးလာမှ လုပ်ယူလို့မရတော့တာလေးသိစေချင်တာပါ။ ပြီးတော့ IGCSE မှာ ၈ ဘာသာ ၉ ဘာလောက်ဖြေဆိုရမယ်ဆိုတာလည်းတကယ်မလွယ်ကူတဲ့အလုပ်တစ်ခုပါ။

ဘယ်ဘာသာတွေယူကြမလဲ။ ဘယ်ဘာသာကောင်းလဲဆိုရင် ဒါကအပြည့်အဝကိုကလေးအပေါ်ကိုမူတည်ပါတယ်။ ကလေးကဘာဖြစ်ချင်တာလဲ။ ဘာလုပ်ချင်တာလဲ။ စတာတွေအပေါ်ကို အခြေခံပါတယ်။ မိဘကအကြံပေးခြင်းနဲ့ကူညီနိုင်ပေမဲ့ ဖိအားပေးခြင်းကိုတော့ လုံးဝရှောင်ကြဉ်ရမှာပါ။ ဘာလို့လဲဆိုတော့ (၂)နှစ်တိတိသူတို့လေ့လာရမဲ့ဘာသာရပ်တွေမှာ သူတို့ကိုယ်တိုင်နှစ်ခြိုက်သဘောကျနေဖို့လိုပြီး သူတို့ passion ရှိမှသာ မျှော်မှန်းထားတဲ့ Grade ကောင်းကောင်းကိုရနိုင်မှာပါ။ Year 10 ဖြစ်တဲ့ အသက် ၁၅နှစ်ဝန်းကျင်မှာ ကလေးအများစုကတော့ ဘာဖြစ်ချင်တယ် ဘာလုပ်မယ်မဆုံးဖြတ်နိုင်သေးပါဘူး။ ဒါပေမဲ့ ကလေးအနည်းစုကတော့ ဆရာဝန် အင်ဂျင်နီယာ business ပိုင်းသွားမယ်စသဖြင့်ချပြနိုင်ပါပြီ။ ပြီးတော့ သူတို့ ဘယ်နိုင်ငံက university ကိုတက်မယ်ဆိုတာကိုပါ google ကနေအကုန်ကြည့်ပြီးနေပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာ ဘာလုပ်ချင်မှန်းမသိသေးဘူးဆိုရင်လည်း ဒါကလေးအများစုဖြစ်နေကျဆိုတာ သတိမမေ့သင့်ပါဘူး။ ဒါပေမဲ့ IGCSE ဖြေဆိုမဲ့ year 11 အသက် ၁၆နှစ်ရောက်ရင်တော့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကိုဆုံးဖြတ်ပြီးဖြစ်နေရမှာပါ။ ဒါမှသာ A level မှာ ကိုယ်လိုချင်တဲ့ဘာသာရပ်ရွေးယူပြီး ကိုယ်သွားချင်တဲ့ university ကိုသွားနိုင်မှာမို့ပါ။ university က တောင်းတဲ့ grade တွေက မတူညီပါဘူး။ ဒါကြောင့် ကိုယ်တက်ချင်တဲ့ university မှာ ဘာသတ်မှတ်ချက်တွေရှိလဲဆိုတာလည်း ကြိုလေ့လာထားဖို့လိုပါတယ်။

ဒါတွေအားလုံးပြီးလို့ University ကိုလှမ်းလျှောက်ပြီဆိုရင်လည်း ကိုယ့်ရဲ့ပျံလန်နေတဲ့ အမှတ်စာရင်းတစ်ခုထဲနဲ့မရပါဘူး။ Personal statement နဲ့အတူတွဲတင်ရတာပါ။ ဒီထဲမှာတော့ ကိုယ်ဟာ ဒီ university အတွက် ဘယ်လောက်တောင်ရွေးချယ်ဖို့သင့်တော်တဲ့ ကျောင်းသားလည်းဆိုတာကိုရေးပြတဲ့ short essay ပါပဲ။ ဒါကြောင့် University ကလည်း ဘက်စုံတော်တဲ့ကျောင်းသားကိုသာ ရွေးလေ့ရှိတာမို့ ကျောင်းမှာပါဝင်တဲ့ ပြိုင်ပွဲတွေ ကိုယ်လုပ်ခဲ့တဲ့ တစ်ခြားဘက်စုံတော်တာတွေ အားကစားပိုင်းတွေကပါ Uni လျှောက်ဖို့ အရေးပါတယ်ဆိုတာကိုသတိရပါ။ ပြီးတော့ University တွေက ဒီလိုကျောင်းကနေ IGCSE ကို အနည်းဆုံး (၉)ခုလောက်ကျယ်ပြန့်စွာလေ့လာတဲ့သူတွေကို အိမ်မှာပဲကျူရှင်သင်ပြီး (၅)ဘာသာလောက်ဖြေဆိုတဲ့ကလေးတွေထက်ပိုရွေးတယ်ဆိုတာလည်း သတိထားသင့်တဲ့အချက်ပါ။

ကဲ.. ဒီလောက်ဆိုရင်တော့ တော်တော်သိသွားလောက်ပြီထင်ပါတယ်နော်။
———————————————————————-

crd-original

Address

Mu-Se

Website

Alerts

Be the first to know and let us send you an email when MMSO Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category