English for Arakanese

English for Arakanese

Share

ရခိုင်သူ ရခိုင်သားတိ့ အားလုံး သာလီစွပါ။

04/09/2025

❐ လွန်ခရေ ၄ နှစ်လောက်က ခွင့်တောင်းပြီး ဘာသာပြန်ခရေ မြောက်ဦး Vlog ချေကို အေမှာအလွမ်းပြေ ပြန်တင်လိုက်ပါရေနန်း။

❐ ရှေးဟောင်းအမွေအနှစ်ဖြစ်တေ မြောက်ဦးမြို့အပေါ် နိုင်ငံခြားသားတိရဲ့ အမြင်ကို တွေ့ရဖို့ဖြိုက်ပြီးကေ ရခိုင်သူ၊ ရခိုင်သားတိရဲ့ ရိုးသားဖော်ရွေမူနဲ့ မြောက်ဦးမြို့ သဘာဝ အလှအပကို လွမ်းမောဖွယ်ရာ တွီ့ရဖို့ဖြိုက်ပါရေ။

Wishing Rakhine, our beloved Fatherland, peace, prosperity, and a bright future for all its people. 🌱✨

Credit - Kirstyna & Romain
Original YouTube Link - https://youtu.be/D35nK_jHP7A?si=YF4rJJAlpI8FZx7t

#ရခိုင်


07/12/2024

စစ်တွေမြို့ရဲ့ အထင်ကရဖြိုက်တေ ဗျူးပွိုင့်အကြောင်းချေနဲ့ အတူတူ အင်္ဂလိပ်စာနည်းနည်းလေ့လာကြည့်ကတ်ပါမေ။ 📖
━━━━━━━━━━━━━━━━━━━

ဗျူးပွိုင့်ဆိုစော် ရခိုင်သူ ရခိုင်သားတိ ညဇာဖက်ဆိုကေ လားရောက်အပန်းဖြေရေနီရာချေ (𝐑𝐞𝐜𝐫𝐞𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐩𝐚𝐜𝐞) တစ်ခုဖြိုက်တေအပြင် အမှတ်တရတိနဲ့ ပြည့်နီရေ နီရာချေ (𝐌𝐞𝐦𝐨𝐫𝐲 𝐥𝐚𝐧𝐞) တစ်ခု ဖြိုက်ပါရေ။

🧷 E.g., The View Point is a recreational space for people living in Sittwe.

🧷 E.g., Watching the sunset at the View Point always feels like a trip down memory lane.

ယင်းမှာ မိသားစုတိ ပျော်ပျော်ရွှင်ရွှင်နဲ့ ပျော်ပွဲစား (𝐏𝐢𝐜𝐧𝐢𝐜) ထွက်ကတ်ပနာ နေဝင်ချိန်၊ နေထွက်ချိန် (𝐆𝐨𝐥𝐝𝐞𝐧 𝐇𝐨𝐮𝐫𝐬) တိကို ကြည့်ကတ်ပါရေ။

လမ်းလျှောက်ကတ်တေ (𝐖𝐚𝐥𝐤𝐢𝐧𝐠)၊ အားကစား (𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞) တိကိုလေ့ပြုလုပ်ကတ်ပါရေ။

🧷 E.g., The View Point is the perfect spot for a picnic during the golden hours, when many people enjoy walking and exercising while enjoying the sunset.

လမ်းဘေးစျေးဆိုင်ချေ (𝐅𝐨𝐨𝐝 𝐒𝐭𝐚𝐥𝐥) တိမှာ မုန့်ချေ (𝐒𝐭𝐫𝐞𝐞𝐭 𝐅𝐨𝐨𝐝) တိကိုဝယ်စားကတ်တေ။ ယပိုင် စိတ်အပန်းဖြေလို့ရရေ စိတ်ထွက်‌ပေါက်ချေ (𝐄𝐬𝐜𝐚𝐩𝐢𝐬𝐦) တစ်ခုပါပေါ့နန်း။

🧷 E.g., You can try our local street food from the food stalls at the View Point.

🧷 E.g., The View Point offers this kind of escapism to us.

ယင်းပိုင်ပင်လယ်နဲ့ကပ်ရက်မှာရှိရေ အပန်းဖြေရေ နီရာကို 𝐄𝐬𝐩𝐥𝐚𝐧𝐚𝐝𝐞 လို့ခေါ်နိုင်ပါရေ။

𝐄𝐬𝐩𝐥𝐚𝐧𝐚𝐝𝐞 ဆိုစော် ပင်လယ်နားက အထက်မှာဖော်ပြခရေ ပျော်ပွဲစားထွက်တေ၊ လမ်းလျှောက်တေ စရေ 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 တိကို လုပ်လို့ရရေ နီရာကိုဖော်ပြစော်ဖြိုက်ပါရေ။

🧷 E.g., The View Point is an esplanade where you can enjoy sunsets and relax.

သြော် ယကေ ကမ်းနားလမ်း/ ရှုခင်းသာလမ်းကိုတော့ခါ 𝐏𝐫𝐨𝐦𝐞𝐧𝐚𝐝𝐞 လို့သုံးနိုင်ပါရေ။ ရိုးရိုးရှင်းရှင်းသုံးချင်ကေတော့ 𝐂𝐨𝐚𝐬𝐭𝐚𝐥 𝐑𝐨𝐚𝐝 လို့သုံးနိုင်ပါရေနန်း။

🧷 E.g., To get to the View Point, you can travel along the coastal road or promenade.

❐ အခုဆို ကမ်းနားလမ်းကိုလေ့ မရောက်စော် ကြာပနာ View Point ကနေ နီဝင်စော်ချေကိုလေ့ ထိုင်မကြည့်ရစော် ကောင်းကြာလားခပါရာ။ ပြန်တွေးတိုင်းကောင်း 𝐍𝐨𝐬𝐭𝐚𝐥𝐠𝐢𝐜 ဖြစ်ရပါရေ။

❐ အေလောက်ဆိုကေ နိုင်ငံခြားသားတိကို View Point အကြောင်း ‌ပြောပြလို့ရလောက်ပါရာနန်း။

❐ အားလုံး မကြာခင်မှာ View Point မှာထိုင်ပီးကေ စိတ်သောကအပေါင်းကင်းကင်းရှင်းရှင်းနဲ့ အပန်းဖြေနိုင်ကတ်ပါစီလို့ ဆုတောင်းလိုက်ပါရေနန်း။

Photo: CTTO



Photos from English for Arakanese's post 21/11/2024

🎶 Listening တိုးတက်ဖို့ အတွက် နားထောင်လို့ကောင်းရေ တေးခင်း ၅ပုဒ် 🎶

ပုံအောက်မှာ link တိချပီးထားပါရေ။ အားလုံးကောင်းရေနေ့ချေတိကို ပိုင်ဆိုင်နိုင်ကတ်ပါစီ။





20/11/2024

ဇာလို့ 'a lovely little house' ဆိုပြီးကေ သုံးလို့ရကေလေ့ ဇာဖို့ 'a little lovely house' ဆိုပြီးကေ သုံးလို့မရစော်လေ?

ဒေ Video ချေကိုကြည့်လိုက်ကေ ရှင်းလားပါလိမ့်မယ်။
━━━━━━━━━━━━━━━━━━━━━━━━━━
နောက်လေ့ အဆင်ပြေကေ Video ချေတိနဲ့ ရှင်းပြပီးလားဖို့ဖြိုက်လို့ အခြားသိချင်စော်တိရှိကေလေ့ Comment မှာရီးခနိုင်ပါရေနန်း။ ကျေးဇူးတင်ပါရယ်။





25/09/2024

အားလုံးပဲ သာလီစွပါ

Page မှာလေ့ တစ်ခုလေ့ မတင်ဖြစ်စော် ကောင်းကြာလားခပါရေထော။ အေနိန့်ခါတော့ English စကားပြောကို Free လေ့ကျင့်လို့ရရေ နေရာချေတစ်ခုကို မျှဝေပီးလားချင်ပါရေ။

ယင်းနေရာချေကို Episoden လို့ခေါ်ပါရေ။ နိုင်ငံတကာကကိုယ့်ပိုင်ဗျာလ် English စာလေ့လာနီရေလူတိနဲ့ တိုက်ရိုက် Face to Face လေ့ကျင့်ရစော်ဖြိုက်လို့ ပိုပြီးကေ International Exposure လေ့ရနိုင်ပါရေ။ Conversation တစ်ခုကို ၇ မိနစ်ကြာ တစ်ဖက်လူနဲ့ ဆွေးနွေးလို့ရဖို့ဖြိုက်ပြီးကေ ပြောရဖို့ အကြောင်းအရာနဲ့ ဇာပိုင်ပြောရဖို့လဲဆိုစော်တိကိုဥပမာ Video ချေတိနဲ့လေ့ပြပီးလို့ ကောင်းအဆင်ပြေပါရေ။

သူကို စစသုံးစော်ဆိုကေ Host Session ကိုရောက်လားဖို့ဖြိုက်ပီးကေ Host က ကိုယ့်ရဲ့ English level ကိုကြည့်ပနာ Join လို့အဆင်ပြေမပြေပြောပီးပါရေ။ ပြီးစော်နဲ့ ကိုယ်ရဲ့ Speaking Partner ကို Random ရွေးပီးပီးကေ Conversation စလို့ရဖို့ဖြိုက်ပါရေ။ Host က English Level ကြည့်ရေဆိုလို့လေ့ ကောင်းမစိုးရိမ်ပါကေ့ ဇာကလဲ။ ဇာဖို့လို့ အေချင့်ကိုလာ Join စော်လေ။ ယချင့်လောက်ပဲမီးစော်ဖြိုက်ပါ‌ရေ။ Camera ကိုတော့ဖွင့်ထားရဖို့ပါ။

အေ Platform ကလူတိစော် တော်တော်ဖော်ရွေပြီးကေ Welcoming ဖြိုက်ကတ်လို့ ကိုယ်က ကိုယ်ရဲ့ English Speaking ကိုတိုးတက်ချင်ရေဆိုကေတော့ Join ကို Join သင့်ပါရေနန်း။ လုံးဝ Free ဖြိုက်လို့ ကိုယ်ဖက်က သူရို့ သတ်မှတ်ထားရေ Rules ချေတိကိုလိုက်နာပြီးကေ Join ရုံပါရာ။ အပြန်အလှန် Rating ပီးလို့ရပါရေ။ ယင်းနဲ့ စမ်းကြည့်ကတ်ပါနန်း။ အောက်မှာ Join လို့ရဖို့ Link နဲ့ Android ဆိုကေ App ကနီလေ့ join လို့ရပါရေ။ အားလုံးအဆင်ပြေကတ်ပါစီနန်း။

➤ Website
https://www.episoden.com

➤ Play Store
https://play.google.com/store/apps/details?id=com.episoden.app&hl=en



22/08/2022

𝟖 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐑𝐮𝐥𝐞𝐬 𝐭𝐨 𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫
မှတ်ထားသင့်ရေ အင်္ဂလိပ်သဒ္ဒါစည်းမျဥ်း ၈ ခု
━━━━━━━━━━━━━━━━━━━━━━━
▪ ဘာသာစကားအသစ်တစ်ခုကို သင်ယူရေအခါ အခက်ခဲဆုံးအရာတစ်ခုက Grammar (သဒ္ဒါ) စည်းမျဉ်းတိကို သင်ယူနီရစော်ဖြိုက်ပါရေ။ အင်္ဂလိပ်သဒ္ဒါစော် အခြား ဘာသာစကားတိနဲ့ နှိုင်းယှဉ်လိုက်ကေ လွယ်ရေပိုင်မြင်ရကေလေ့ တဖဲ့ချေမှားစော်နဲ့တောင် ကိုယ်ပြောချင်ရေ ဆိုလိုရင်း အဓိပ္ပါယ်ပြောင်းလားနိုင်ပါရေ။ ယင်းနဲ့ အင်္ဂလိပ်ပိုင်ပြောရေအခါ၊ ရေးရေအခါ မှတ်ထားသင့်ရေ အရေးကြီးရေ စည်းမျဉ်းတချို့ကို ဖော်ပြပီးလိုက်ပါရယ်။

1. Adjectives and adverbs
နာမဝိသေသနနဲ့ ကြိယာဝိသေသနတိ

❐ Adjective နဲ့ Adverb တိကို မှန်မှန်ကန်ကန်နဲ့ သေချာသုံးသင့်ပါရေ။ Adjective တိစော် လူ (သို့) အရာဝတ္ထုတိကို ဖော်ပြခြင်း၊ ခွဲခြားသတ်မှတ်ခြင်းနဲ့ အရေအတွက်တိကို တိုင်းတာ‌ရေအခါ အသုံးပြုကတ်ပါရေ။

❐ များသောအားဖြင့် Noun ရဲ့ အဟိမှာ ရှိတတ်ပါရယ်။ Noun စော် အများကိန်း (Plural) ဖြစ်နီကေ့လေ့ Adjective စော် ပြောင်းလဲမှု မရှိပါ။

❐ Adverb တိကျကေ Verb၊ Adjective တိနဲ့ အခြား Adverb တိကို ဝိသေသန (Modify) ပြုပီး ပီးကေ များသောအားဖြင့် Verb နောက်မှ လာတတ်ကတ်ပါရေ။

For example:
He’s a slow driver. (adjective)
သူစော် ကောင်းနှေးရေ ဒရိုင်ဘာ ၁ ယောက်။

He drives slowly. (adverb)
သူစော် ဖြေးဖြေးချေရာ မောင်းရေ။

❐ တော်တော်များများ Adverb တိစော် Adjective နောက်မှာ -ly ထည့်ပီးလိုက်ကေ ရပါရာ။ ယကေလေ့ တချို့ Adverb တိကျကေ Adjective နဲ့ စာလုံးပေါင်း အတူတူလေ့ဖြိုက်နိုင်ပိုင် လုံးဝလေ့စာလုံးပေါင်းပြောင်းလားနိုင်ပါရေ။

For example:
fast (adjective) – fast (adverb)
hard (adjective) – hard (adverb)
good (adjective) – well (adverb)

E.g. Your English is good. You speak English well.
မင်းအင်္ဂလိပ်စာကောင်းထော။ သေချာပြောတတ်တေ။

2. Pay attention to homophones
သံတူ အရေးကွဲ၊ အနက်ကွဲ စကားလုံးတိကို သတိထားပါ

❐ Homophone ဆိုစော် အသံထွက်တူပြီးကေ အရေးရော အဓိပ္ပါယ်ရော ကွဲ‌ရေ စာလုံးတိဖြိုက်ပါရေ။ သူရို့စော် နားလည်မှု လွဲဖို့လွယ်ကူပြီးကေ ယင်းပိုင်စကားလုံးတိတော်တော်များများ အင်္ဂလိပ်စာမှာ ရှိပါရယ်။

For example:
son (သား) – sun (နေ)
I (ငါ) – eye (မျက်စိ)
here (အေမှာ) – hear (ကြားရေ)
break (ချိုးပလိုက်ရေ) – brake (ဘရိတ်အုပ်ရေ)
flower (ပန်း) – flour (ဂျုံမှုန့်)

❐ ယင်းနဲ့ စာရေးရေအခါ မှန်ကန်ရေ စာလုံးပေါင်းကို ရွေးချယ်ဖို့ သတိထားရပါဖို့။ နားထောင်ရေအခါမှာလေ့ ကိုယ်နားလည်ရေလို့ထင်ရေ စကားလုံးတစ်လုံးစော် အခြားအဓိပ္ပါယ်တိ ရှိနိုင်စော်ကို သတိရပါနန်း။ အကြောင်းအရာထဲက ဆိုလိုရေအဓိပ္ပါယ်အမှန်ကို နားလည်အောင်ကြိုးစားပါ။

3. Use the correct conjugation of the verb
မှန်ကန်ရေ ကြိယာသဏ္ဌာန်ပုံစံကို အသုံးပြုပါ

❐ Conjugation စော် Verb ကို tense (present, past, future)၊ mood နဲ့ person စ‌ရေ နေရာတိနဲ့ လိုက်ပြီးကေ ပြောင်းလဲပီးရေ အရာဖြိုက်ပါရေ။

❐ Subject နဲ့ လိုက်ပြီးကေ Verb ကိုပြောင်းဖို့မမေ့ပါကေ့။ Verb ကိုပြောင်းရေအခါသတိထားရဖို့ Subject တိကတော့ he၊ she နဲ့ it ပဲဖြိုက်ပါရေ။ ဇာဖို့လို့လဲဆိုကေ သူရို့စော် တခြားစော်တိနဲ့ မတူရေ ဖွဲ့စည်းပုံရှိလို့ပါ။

For example:
She has two cats. (မှန်)
She have two cats. (မှား)

သူမာ ကြောင် ၂ ကောင်ရှိရေ။

❐ အေပိုင်စော်မျိုး တော်တော်များများ မှားတတ်ကတ်ပါရေ။ He doesn’t know ကို He don’t know လို့သုံးစော်မျိုး၊ Mg Mg eats အစား Mg Mg eat လို့ သုံးစော်မျိုး စစော်တိကို တွေ့ရပါရေ။

❐ အေချင့်စော် တစ်ခုလေ့မဟုတ်တေ အမှားတစ်ခုလို့ ထင်ရကေလေ့ သိသာထင်ရှား‌ရေ အမှားတစ်ခုပါ။ အေချင့်ကိုရာသတိထားပြီးကေ ပြင်နိုင်‌ရေ ကိုယ့်အသုံးအနှုန်းတိ ဇာလောက် တိကျပြီးကေ ကွဲပြားခြားနားလားခလေဆိုစော် တွိ့ရဖို့ဖြိုက်ပါရေ။

❐ ‘There is/are’ ကို သုံးရေအခါလည်း သတိထားသင့်ပါရေ။ Verb စော် အဟိ့က ဖော်ပြရေ အရာဝတ္ထု အနည်းအများပေါ်မှာရာ မူတည်ပါရယ်။

For example:
There is a sofa, some chairs and a table. (အဟိ့မှာ ဆိုဖာ ၁ ခု ဖြိုက်လို့ is သုံး)
There are some chairs, a table and a sofa. (ထိုင်ခုံ အများဖြိုက်လို့ are သုံး)

4. Connect your ideas with conjunctions
စိတ်ကူး၊ ထင်မြင်ချက်တိကို စကားဆက်တိနဲ့ ချိတ်ဆက်ပါ

❐ အယူအဆ နှစ်ခု (သို့) စကားစုတိုတိကို ချိတ်ဆက်ချင်ကေ စကားဆက် တစ်ခုကို အသုံးပြုပြီးကေ ပြုလုပ်နိုင်ပါရယ်။

For example,
I’m studying English. English is important. ကို I’m studying English because it’s important. ဆိုပြီးကေ ချိတ်ဆက်ပြီးရေးသားနိုင်ပါရေ။

အင်္ဂလိပ်စာစော် အရေးကြီးရေအတွက်နဲ့ ငါသင်နေရေ။

အသုံးအများဆုံး စကားဆက်တိဆက်တိ:

and – ဖြည့်စွက်ချက်
because – အကြောင်းပြချက်ပေး
but – ဆန့်ကျင်ဘက်ဖော်ပြပေး
so – အကျိုးဆက်ကိုဖော်ပြ
or – အခြားရွေးချယ်စရာတစ်ခုကို ဖော်ပြ

အခြား ဥပမာတိ:

▫️He likes football and he plays in a team.
သူဘောလုံးကိုကြိုက်လို့ အဖွဲ့ထဲမှာဝင်ကျောက်နီရေ။

▫️We’re going out because we’re bored.
ငါရို့ပျင်းလို့ အပြင်ထွက်ဖို့လားဖို့။

▫️She wants to study more but she doesn’t have time.
သူအပိုထပ်သင်ချင်ကေလေ့ အချိန်မရလို့မသင်ရ။

▫️Su Su is coming round so I’m cleaning my flat.
စုစုလားဖို့ဖြိုက်တေအတွက်နဲ့ ငါတိုက်ခန်းကို ရှင်းနီရေ။

▫️Would you like tea or coffee?
ကော်ဖီလာ၊ လက်ဖက်ရည်လား။ ဇာသောက်ဖို့လဲ?

5. Sentence construction
ဝါကျတည်ဆောက်ပုံပုံ

❐ ပုံမှန်အားဖြင့် ဝါကျကို ကောင်းအရှည်ကြီး မရေးတတ်ကတ်ပါ။ ယင်းနဲ့ ရှုပ်ထွေးရေ စာကြောင်း အရှည်ကြီး ရေးရဖို့စော်ကို စိုးရိမ်ဖို့မလိုပါ။ ဝါကျကို clauses (subject + verb + object) တိနဲ့ရာ တည်ဆောက်ထားပြီးကေ အရှည်ရေးဖို့လိုအပ်ကေ အထက်မှာပိုင် Conjunction သုံးပြီးကေ ရေးနိုင်ပါရယ်။

❐ ဝါကျကို ပိုရှင်းချင်ရေ comma ထည့်နိုင်ပါသိမ့်‌ရယ်။ Comma တိစော် စာပိုဒ်တစ်ပိုဒ် အဆုံးသတ်နဲ့ နောက်တစ်ခုဇာနေရာမှာ စလေဆိုစော်ကို စာဖတ်ရေလူ ပိုနားလည်ဖို့ ကူညီပီးပါရယ်။

Comma ထည့်သင့်ရေ နေရာတိကတော့ -

Clauses နှစ်ခုကြား။
E.g. If the weather is nice tomorrow, we’re going to the park.
တကယ်လို့ နက်ဖန် ရာသီသာယာကေ ငါရို့ ပန်းခြံလားဖို့။

စာရင်းမှာရှိရေအရာတိကို ခွဲခြားရေအခါ။
E.g. Our kids like swimming, skiing, running and cycling.
ငါ့အချေတိစော် ရေကူးစော်၊ နှင်းလျှော်စီးစော်၊ ပြေးစော်နဲ့ စက်သီးစီးစော်ကို သဘောကျကတ်တေ။

တချို့ conjunctions တိပြီး‌ရေအခါ။
E.g. Our holiday was great and the hotel was wonderful. However, the weather was awful.
ငါရို့ အားလပ်ရက်ကကောင်းရေဝါ။ ဟော်တယ်လေ့မိုက်တယ်။ ယကေလေ့ ရာသီဥတုကကောင်းဆိုးရေ။

ဝါကျအလယ်မှာ အပိုအချက်အလက်တိထည့်ရေအခါ။ (a non-defining clause).
E.g. My neighbor, who’s from Kyauktaw, is really good at cooking.
ငါ့ကျောက်တော်မြို့က အိမ်နီးချင်းက ကောင်းဟင်းချက်ဖို့ကျွမ်းရေ။

◾️ပြီးကေ ဝါကျတစ်ခုစတိုင်း capital letter (စာလုံးကြီး) နဲ့ ရေးဖို့မမေ့ပါကေ့နန်း။

6. Use the right past form of verbs
Past tense ကို မှန်မှန်ကန်ကန် သုံးပါ

❐ အတိတ်ကအကြောင်းတိကို အင်္ဂလိပ်ပိုင်ပြောဖို့က ကောင်းတော့မခက်ပါ။ Verb တော်တော်များများနောက်မှာ ed ထည့်လိုက်ကေရကေဆိုကေလေ့ စာလုံးလုံးဝပြောင်းလဲလားခစော်တိလေ့ရှိပါရေ။

❐ ယင်းပိုင်စော်ကို Irregular verb လို့ခေါ်ပါရေ။ -ed ထည့်ရုံနဲ့ရစော်က regular verb ပါ။ Irregular verb အားလုံးကို သိဖို့မလို့ကေလေ့ အသုံးများရေ စကားလုံး တချို့ကိုတော့ အလွတ်မှတ်ထားသင့်ပါရယ်။

For example,
Go – went
Have – had
Make – made

For example,
We went to the cinema last Saturday.
စနေနေ့က ရုပ်ရှင်ရုံလားခိရေ။

They had a party to celebrate Tom’s birthday.
ငါရို့တွမ် မွေးနေ့ပါတီကို ဆင်နွဲရဖို့သိ။

I made a cake this morning.
ငါမိုးထက်က ကိတ်မုန့်လုပ်ခရေ။

7. Get familiar with the main English verb tenses
English verb tenses တိနဲ့ ရင်းနှီးအောင်လုပ်ပါ

❐ အင်္ဂလိပ်စာကို အဂုမှစလေ့လာစော်ဆိုကေတော့ Tenses အားလုံးကို မသိနိုင်သိမ့်ပါ။ ယင်းနဲ့ ပထမဆုံးအနေနဲ့ အသုံးများရေ Tenses လေး၊ ငါးခုကို အကျွမ်းတဝင်ရှိအောင် အယင်အာရုံစိုက်ပါ။

အဓိကလေ့လာသင့်စော်တိ:
Present simple – အလေ့အကျင့်များနှင့် အမြဲတမ်းအခြေအနေတိကို ဖော်ပြရန်။
E.g. We live in New York.
ငါရို့ နယူးယော့ခ်မှာ နေကတ်တေ။

Present continuous – လက်ဟိ့အခြေအနေတိနဲ့ အနာဂတ်အစီအစဉ်တိကို ဖော်ပြရန်။
E.g. I’m meeting John later.
ဂျွန်ကိုနောက်မှ တွိ့ဖို့ရာ။

Past simple – ပြီးခရေ လုပ်ဆောင်ချက်တိကို ဖော်ပြရန်။
E.g. They arrived at 3 p.m.
သူရို့ ၃ နာရီခါရောက်တေ။

Present perfect –လက်ဟိ့ကာလနဲ့ဆက်စပ်နေရေ အတိတ်က လုပ်ဆောင်ချက်တိကို ဖော်ပြရန်။
E.g. We’ve finished the reports.
ငါရို့ အစီရင်ခံစာတင်စော် ပြီးခယာ။

Future – အနာဂတ်လုပ်ဆောင်ချက်တိကိုဖော်ပြရန်။
E.g. I’ll meet you in front of the conference center.
ငါမင်းကို ညီလာခံစင်တာအဟိ့မှာ တွိ့မေ။

8. Never use a double negative
အနှုတ်နှစ်ထပ်ကို လုံးဝ မသုံးပါကေ့

❐ အင်္ဂလိပ်စာမှာ အနှုတ်သဘောဆောင်ရေ ထင်မြင်ချက်ကို ဖော်ပြဖို့ နည်းလမ်းနှစ်မျိုးရှိပါရယ်။

တကယ်လို့ အခန်းထဲမှာ တစ်ခုလေ့မရှိလို့ ပြောချင်ကေ:
There is nothing in the room. (Or)
There isn’t anything in the room.

❐ ‘Nothing’ နဲ့ ‘anything’ ဆိုရေ စာလုံး ၂ လုံးစော် အဓိပ္ပါယ်တတူပါယာ။ ယကေလေ့ ‘nothing’ ကို အပေါင်းလက္ခဏာ (affirmative verb) ဆောင်ရေနေရာမှာ သုံးပြီးကေ ‘anything’ ကို အနှုတ်လက္ခဏာ (negative verb) ဆောင်‌ရေနေရာမှာသုံးပါရယ်။

ယင်းပိုင်ပြောင်းသုံးရေ အခြားစာလုံးတိ -

𝗔𝗳𝗳𝗶𝗿𝗺𝗮𝘁𝗶𝘃𝗲 – 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲
nothing – anything
nobody – anybody
none – any
never - ever

❐ အတွေ့အကြုံအကြောင်းပြောရေအခါ 'never' ဆိုရေ စကားလုံးကို သုံးနိုင်ပါရေ။

ဥပမာ -
He’s never been to the U.S. (or)
He hasn’t ever been to the U.S.
သူ U.S ကိုတစ်ခါလေ့မရောက်ဖူး။

❐ ယင်းစာကြောင်း ၂ ကြောင်း အဓိပ္ပါယ်က အတူတူပါ။ ယကေလေ့ ဒုတိယဝါကျမှာ ever စော် Positive ပုံစံဖြိုက်လို့ Verb ကို အနှုတ်လက္ခဏာပုံစံနဲ့ရေးထားစော်ဖြိုက်ပါရယ်။
━━━━━━━━━━━━━━━━━━━━━━━
¶ အဂုဖော်ပြခရေ grammar rule တိကို သင်ယူတတ်ကျွမ်းဖို့က အချိန်ပေးပီးကေ လေ့ကျင့်ရပါဖို့။ ယင်းနဲ့ စိတ်ရှည်ရှည်ထားပြီးကေ မသိနားမလည်စော်တိကို နားလည်ရေ ဆရာ၊ သူငယ်ချင်းတိကိုမေးပါ။

¶ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ဆက်ပြီးကေ လေ့လာလားပါ။ အေချင့်ကို အေမှာရပ်လိုက်ပါဖို့ရာနန်း။ ဖတ်ပီးစော် ကျေးဇူးတင်ပါရယ်။

Source: Wall Street English, Ginger, Grammar Monster



Photos from English with Saya Austin - ESGC's post 27/06/2022

ပုံချေတိနဲ့ဖြိုက်လို့ အချေတိအတွက်လေ့ အဆင်ပြေပါဖို့ထော။ 😊

Photos from Learn English with Amy's post 17/06/2022

သရေစာတိကို အင်္ဂလိပ်ပိုင် ဇာပိုင်ခေါ်လဲဆိုစော် လေ့လာကြည့်ကတ်ပါမယ်။

26/03/2022

အေမှာတော့ ကျနော်ရို့ အသုံးများရေ အင်္ဂလိပ်စာ Idiom တိ့ကို အဓိပ္ပါယ်နဲ့အတူတူ မျှဝေလားဖို့ဖြိုက်ပါရယ်။ Idiom နဲ့ပတ်သက်ပြီး နောက်သိထားသင့်စော်က Idiom တိ့စော် သူချည်းသက်သက်လေ့ သုံးနိုင်ပိုင် စာကြောင်းတိ့ကြားထဲ ညှပ်ပီးကေလေ့သုံးနိုင်ပါရယ်။ အောက်မှာ ဥပမာချေတိ့ ထည့်ပီးထားပါရယ်။

1) BREAK A LEG - ကံကောင်းပါစီ။

E.g. Ko Ko's mom told him to “break a leg” right before he went for the interview.
ကိုကို အမိသည်က ကိုကို အင်တာဗျူးလာမဖြေခင် ကံကောင်းပါစီလို့ ပြော‌ရယ်။

2) HIT THE BOOKS - စာသေချာလုပ်ဖို့ရာ။

E.g. We all hit the books when we have an exam.
စာမေးပွဲနားကပ်ကေတော့ အားလုံးသူ စာလုပ်ကတ်စော်ရာယေ။

3) MISS THE BOAT - နောက်ကျခရေထောဝေ။

E.g. You'll miss the boat if you don't buy gold now.
အဂုချိန် ရွှေမဝယ်ထားသိမ့်ကေ မင်းနောက်ကျလားဖို့ပါယာတေ။

4) SO FAR SO GOOD - အဂုထက်သိတော့ အခြေအနေကောင်းပါသိမ့်ရယ်။

E.g. It's a lot of work but so far, so good.
လုပ်စရာတိ့အများကြီး ကျန်သိ့ကေလေ့ အဂုထက်သိ့တော့ အခြေအနေကောင်းပါရယ်။

5) UNDER THE WEATHER - နိလို့မကောင်းထော။

E.g. I did not go to work today, as I was feeling a bit under the weather.
ငါနည်းနည်း နိမကောင်းပိုင် တွိ့လို့ အေနိန့် အလုပ်မလားခိ။

6) COSTS AN ARM AND A LEG - ကောင်းစျေးကြီး‌ရေ။

E.g. I want to buy a car, but it costs an arm and a leg.
ကားဝယ်ချင်ကေလေ့ ကောင်းစျေးကြီးရယ်။

7) IT'S RAINING CATS AND DOGS - မိုး‌တပျင်းရွာနီရေ။

E.g. I think I'll stay home today. It's raining cats and dogs and I don't want to go out.
မိုးကောင်းရွာနီလို့ အိမ်မှာပဲ နီဖို့ယာ။

8) ONCE IN A BLUE MOON - တခါတရီရာ။

E.g. I see her once in a blue moon.
ငါယင်းမမချေကို တခါတလီရာ တွိ့ရရယ်။

9) ON THE BALL - အလုပ်ကောင်းကောင်းလုပ်နီရေ။

E.g. That guy is really on the ball.
ဒေလူ အလုပ်ကိုသေချာလုပ်နီရယ်။

10) ON CLOUD NINE - ကောင်းပျော်နီရေ။

E.g. I felt like I was on cloud 9 when she said that she loves me a lot.
သူငါကို အများကြီး ချိုက်တေပြောခါ ငါကောင်းပျော်လားခရေ။

အေချင့်ကတော့ အသုံးများရေ Idiom တိ့ပါ။ လက်တွေ့အသုံးချပြီးကေ လေ့ကျင့်နိုင်ပါရယ်။ Idiom နဲ့ Proverb အကြောင်းကတော့ ‌အေလောက်ပါယာ။ အကြမ်းဖျင်းနားလည်လားဖို့ ထင်ပါရယ်။ မရှင်းစော် နားမလည်စော်ရှိကေ မေးနိုင်ပါရယ်။



25/03/2022

✢ အေမှာတော့ ကျနော်ရို့ အသုံးများရေ အင်္ဂလိပ်စာ Proverb တိ့ကို အဓိပ္ပါယ်နဲ့အတူတူ မျှဝေလားဖို့ဖြိုက်ပါရယ်။ ✢

1) AN APPLE A DAY KEEPS THE DOCTOR AWAY.

ပန်းသီး ၁ လုံးရာ နိန်တိုင်းစားကေ ဆရာဝန်ဘက်ကိုတောင်လားစရာမလို။ ပြောချင်စော်က ကျန်းမာရေ အစားအစာ စားကေ ကျန်းမာဖို့လို့ပြောစော်ပါ။

2) BETTER LATE THAN NEVER.

၁ ခု လေ့မလုပ်စော်ထက်၊ နောက်ကျစော်က တော်ပါသိမ့်ရယ်။

3) ACTIONS SPEAK LOUDER THAN WORDS.

အပြောထက် အလုပ်က ပိုအရေးကြီးရယ်။

4) YOU'RE NEVER TOO OLD TO LEARN.

ပညာသင်ရေအခါ အသက်အရွယ်က အရေးမကြီးပါ။

5) DON'T JUDGE A BOOK BY ITS COVER.

လူ ၁ ယောက်ကို သူ့ရဲ့ အသွင်အပြင် ကြည့်ပီးကေ မဆုံးဖြတ်သင့်ပါ။

6) TOO MANY COOKS SPOIL THE BROTH.

ဆရာများကေ သားသီရေ။

7) DON'T PUT OFF UNTIL TOMORROW WHAT YOU CAN DO TODAY.

အေနိန့်လုပ်လို့ရရေ အလုပ်ကို နောက်နိန့်အထိ အချိနထမဆွဲကေ့။

8) WHERE THERE'S A WILL, THERE'S A WAY.

ဆုံးဖြတ်ချက် ခိုင်မာလိ အောင်မြင်ဖို့ ရာခိုင်နှုန်းများလိ။

9) EASY COME, EASY GO.

အလွယ်ရရေအရာစော် အလွယ်ချေထွက်သွားနိုင်ရယ်။

10) HOPE FOR THE BEST, PREPARE FOR THE WORST.

အကောင်းဆုံးအရာကိုမျှော်လင့်ပိုင်၊ အဆိုးဆုံးအရာအတွက်လေ့ ပြင်ဆင်ထားပါ။

အေချင့်ကတော့ အသုံးများရေ စကားပုံချေတိ့ပါ။ လက်တွေ့အသုံးချပြီးကေ လေ့ကျင့်နိုင်ပါရယ်။ နောက် ၁ ခုမှာ အသုံးများရေ idioms တိကို ဆက်လေ့လာနိုင်ပါရယ်။

23/03/2022

ပထမဆုံး PROVERB နဲ့ IDIOM ဇာကွာခြားလဲဆိုစော်ပြောပြချင်ပါရယ်။ 😊

▫️𝙄𝙙𝙞𝙤𝙢𝙨 (ဥပစာ စကား)

Idiom ဆိုစော် ကိုယ်ပိုင်သီးခြားအဓိပ္ပါယ်ရှိပြီးကေ ယင်းစကားစုကို တိုက်ရိုက်ဘာသာပြန်လို့မရပါ။ ကြားဖူးနားဝရှိအောင် အလွတ်ကျက်မှတ်ထားရပါရယ်။

E.g. It's a piece of cake (ယင်းချင့်က အလွယ်ချေရာ)
ဒေနေရာမှာ ကိတ်မှန့် တဖဲ့လို့ ဘာသာပြန်လို့မရပါနန်း။

▫️𝙋𝙧𝙤𝙫𝙚𝙧𝙗𝙨 (စကားပုံ)

Proverb ကျကေ စကားစုအတိုချေဖြိုက်ပါရယ်။ အများအားဖြင့် အကြံပီးစော်နေရာမှာ အသုံးပြုကတ်ပါရယ်။

တိုက်ရိုက်အကြမ်းဖျင်း ဘာသာပြန်နိုင်ပီးကေ ကြိုသိထားစရာမလိုပဲ အလွယ်တကူ နားလည်နိုင်ပါရယ်။

E.g. A wonder lasts nine days. (ချီးမွမ်း ခုနှစ်ရက်ကဲ့ရဲ ခုနှစ်ရက်။)

အောက်မှာ ယင်း ၂ ခုကွားခြားချက်ကို သေချာရှင်းပြလားပါဖို့။ ဆက်ဖတ်ပီးပါနန်း။

✾ Proverb ဆိုစော်ဇာလေ? ✾

Proverb ဆိုစော် စကားပုံ/ဆိုရိုး နဲ့တူပါရယ်။ စကားပုံပိုင် လူတိ့ကို အသိပညာပေးရေ စကားစုအတိုချေတိ့ကို Proverb လို့ ခေါ်စွာပါ။ ဘာသာစကားတိုင်း လူမျိုးတိုင်းမှာ စကားပုံ အသီးသီးရှိကတ်ပါရယ်။
━━━━━━━━━━━━━━━━━━━━━
✦ PROVERB နဲ့ ရခိုင်စကားပုံ အတူတူပါလာ?

လူမျိုးတိ့ရဲ့ ယဥ်ကျေးမူဓလေ့ထုံးစံတိ့အလိုက် မတူညီရေ Proverb တိ့ရှိ​ကေလေ့ တူညီရေ အဓိပ္ပါယ်ရှိရေ Proverb တိ့လည်း အများကြီးရှိပါရယ်။ ဥပမာ အနီနဲ့ တူညီရေ Proverb ကို ပြောရဖို့ဆိုကေ ကျွန်တော်ရို့ ရခိုင်မှာ "မပြည့်ရီအိုး ဘောင်ဘင်ခတ်။" ဆိုပြီး ရှိပိုင် အင်္ဂလိပ်စာ မှာလည်း "Empty vessel makes the most noise " ဆိုပြီးကေ ရှိပါတယ်။

✦ PROVERB ကို ဇာနေရာတိ့မှာ သုံးလေ?

Proverb ကိုလူတိ့ကို အကြံဥာဏ်ပေးရေနေရာမှာသုံးပါတယ်။ အများစုစော် ပညာရှိတိ့ရဲ့ အတွေ့အကြုံတိ့အရ ပြောခရေ စကားတိ့ဖြစ်စော်မို့ ရှေးဆန်ပြီးကေ အဓိပ္ပါယ်လေးနက်ပါရယ်။ ယင်းတွက်နဲ့ Formal essay တိ့ရေးရေနေရာမှာလည်းသုံးနိုင်ပါရယ်။

✦ PROVERB နဲ့ ပတ်သက်ပြီး ဇာတိ့ကိုသတိထားရဖို့လဲ?

အယင်ဆုံး Proverb သုံးဖို့ယာဆိုရင် ယင်း Proverb ရဲ့ အဓိပ္ပါယ်ကို သေချာသိရပါဖို့။ ယင်းခါမှ ကိုယ်သုံးဖို့နေရာနဲ့ကိုက်မကိုက် သိနိုင်ဖို့ပါ။ Proverb သုံးကေ စာလုံးပေါင်း သတ်ပုံသတိထားရပါရယ်။ စာလုံးပေါင်းတိ့ သတ်ပုံတိ့ မှားပြီး သုံးမိကေ သူရဲ့ဆိုလိုရင်း အဓိပ္ပါယ်တိ့ မှားလားနိုင်လို့ပါ။

✦ PROVERB တိ့ကို သိရောသိထားသင့်လို့လား?

စကားပုံတိ့ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ယဥ်ကျေးမူ ဓလေ့ထုံးစံကို အခြေခံပြီးကေ ပေါ်ပေါက်လာစော်မို့လို့ စကားပုံတိ့ကိုလေ့လာခြင်းဖြင့် နိုင်ငံတစ်နိုင်ငံရဲ့အကြောင်းကို အကြမ်းဖြင်း သိနိုင်ပါရယ်။ Proverb ကို English Native Speaker တိ့ အသုံးများစော်ဖြစ်လို့ သေချာလေ့လာမှတ်သားထားကေ ကိုယ်ရဲ့ English skill တိ့ တိုးတက်လာဖို့စော် အမှန်ပါယာ။

✦ PROVERB တွေကိုလေ့လာဖို့ဆိုကေ ဇာပိုင်လေ့လာရဖို့လဲ?

စ စချင်းဆိုကေ Common Proverb တိ့ကနီစလေ့လာသင့်ပါရယ်။ ပြီးကေ သူရဲ့ အဓိပ္ပါယ်နဲ့ သုံးပုံသုံးနည်းတိ့ကိုလေ့လာပါ။ လေ့လာပီးကေတော့ လက်တွေ့သုံးကြည့်ပါ။ Proverb တိ့လေ့ အလွတ်ကျက်ရစော်ဖြစ်လို့ သုံးလေ့သုံးထရှိမှရာ မှတ်မိလာဖို့ပါ။ ယကေလေ့ ပုံမှန်အားဖြင့်တော့ တိုက်ရိုက်အကြမ်းဖျင်း ဘာသာပြန်လို့ရခါ ကိုယ်မသိယေ စကားပုံကို တစ်ဖက်သူပြောကေလေ့ အလွယ်တကူနားလည်နိုင်ပါရယ်။

✾ Idiom ဆိုစော် ဇာလေ? ✾

Idiom ဆိုစော် ဥပစာစကား၊ ဒေသိယစကား ကိုပြောစော်ပါ။ Idiom စော် အထက်မှာ‌ ပြောခပိုင် တိုက်ရိုက်ဘာသာပြန်လို့မရလို့ လူတိုင်း နားမလည်နိုင်ပိုင် Idiom အားလုံးကိုလည်း နားလည်ဖို့စော်လည်း မလွယ်ပါ။ ယင်းနဲ့ သေချာ မှတ်ထားမှရာ အဆင်ပြေပါဖို့။
━━━━━━━━━━━━━━━━━━━━━
✦ IDIOM ကို ဇာနေရာတိ့မှာ သုံးလေ?

Idiom တိ့စော် နေရာတိုင်းမှာ သုံးလို့အဆင်မပြေပါ။ ဇာဖို့ဆို သူက ဗန်းစကားပုံစံမျိုး ဖြိုက်လို့ စကားပြောရေအခါမှာဘဲ အသုံးများကတ်ပါရယ်။

✦ IDIOM ကို သိဖို့လိုလို့လား?

Idiom တိ့ကို သိထားကေကေ စကားပြောရေအခါ ပိုသွက်လက်လာပီးကေ စကားပြောစွမ်းရည်ကိုပါတိုးတက်စီနိုင်ပါရယ်။ နိုင်ငံခြားသား တိ့နဲ့ စကားပြောရေအခါ၊ စာရေးရေအခါ ​အသုံးပြုခြင်းအားဖြင့်လည်း သူရို့၏ ဘာသာစကားကို ကျွမ်းကျင်​စော်ကို ပြသနိုင်လို့ သိထားသင့်ပါရယ်။

✦ IDIOM နဲ့ ပတ်သက်ပြီးကေ ဇာတိ့သိထားရဖို့လဲ?

Formal writing တိ့မှာ Idiom မသုံးရပါ။ ❌
လူသိများရေ Idiom တိ့ကို သိထားကေ လုံလောက်ပါယာ။

Idiom စော်လည်း Proverb ပိုင် နိုင်ငံအလိုက်၊ လူမျိုးအလိုက်၊ မြို့အလိုက်၊ နယ်အလိုက်၊ အသုံးနှုန်းတိ့ ကွဲပြားပါရယ်။

သူ့ Idiom ဆိုလိုရင်း၊ ဇာပိုင်အခြေနေ၊ ဇာနေရာမှာ သုံးရလေဆိုစော်ကို နားလည်အောင်လုပ်ပါ။

ကိုယ်နားလည်လားခယာဆိုခါ လက်တွေ့ အသုံးချကြည့်ပါ။

Proverb နဲ့ Idiom ကိုအတိုချုန်း ပြောရကေ Proverb ဆိုစော် သူရဲ့ ဆိုလိုရင်းကို အလွယ်ချေ နားလည်နိုင်ပြီးကေ Idiom ကတော့ခါ တိုက်ရိုက်ဘာသာပြန်လို့မရလို့ အလွတ်ကျက်မှတ်ထားရပါရယ်။ နောက် ၁ ခုမှာ အသုံးများရေ Idiom တိ့ကို မျှဝေပီးလားပါဖို့။ ဆက်ပီးလေ့လာနိုင်ပါရယ်။

💬 ဒေအကြောင်းကတော့ ဒေလောက်ပါယာနန်း။ နောက်တစ်ခုမှာ အသုံးများရေ Proverb နဲ့ Idiom တိ့ကို ဖော်ပြပီးလားပါဖို့။ အဆုံးထိ ဖတ်ပီးလို့‌ ကျေးဇူးတင်ပါရေ။



Want your school to be the top-listed School/college in Sittwe?

Click here to claim your Sponsored Listing.

Location

Address


Yone Gyi
Sittwe
07101