Sayar U Win Myint -Eco

Sayar U Win Myint -Eco 👨‍🏫 Grade.10, Grade.11,Grade.12...Economics...
သင်ထောက်ကူများလေ့လာဝေမျှရာ👨‍🏫

✍️ ရိုးရိုးအိုလီဂိုပိုလီဈေးကွက်နှင့်ဥပမာများ✍️✍️ ရိုးရိုးအိုလီဂိုပိုလီဈေးကွက်ဆိုတာ  -ရောင်းသူအနည်းငယ်သာပါ၀င်ခြင်း-တစ်သား...
24/09/2023

✍️ ရိုးရိုးအိုလီဂိုပိုလီဈေးကွက်နှင့်ဥပမာများ✍️

✍️ ရိုးရိုးအိုလီဂိုပိုလီဈေးကွက်ဆိုတာ
-ရောင်းသူအနည်းငယ်သာပါ၀င်ခြင်း
-တစ်သားတည်း(သို့)စံသတ်မှတ်ထားသောကုန်စည်များကို ယှဉ်ပြိုင်ရောင်းချခြင်း
-ကုန်စည်ခွဲခြားသတ်မှတ်မူအနည်းငယ်သာရှိခြင်း
စသောဈေးကွက် ဆိုလိုပါသည်။

✍️ကုန်စည်များကိုရောင်းချသော ဈေးနူန်းအချင်းချင်းသည်လည်း အပြန်အလှန်အမှီသလဲပြုနေကြောင်းကိုလည်း လုပ်ငန်းရှင်များက အသိအမှတ်ပြုလက်ခံထားရသည်။ထိုနည်းတူ လုပ်
ငန်းတစ်ခုသည်အခြားလုပ်ငန်းများနှင့် ညှိနှိုင်းမှုဆွေးဆောင်မှုများမပြုလုပ်ဘဲမိမိတစ်ဦးတည်းဈေနူန်းကိုတိုးမြင့်၍မရောင်းချနိုင်ပေ။ အကယ်၍ မိမိတစ်ဦးတည်း ဈေးနူန်းမြှင့်တင်ရောင်းချပါက ၀ယ်သူများသည် အခြားဈေးနူန်းမမြင့်သောလုပ်ငန်းများထံမှ ထိုကုန်ပစ္စည်းကိုပိုမို၀ယ်ယူသွားမည်ဖြစ်သည်။

✍️ ရိုးရိုးအိုလီဂိုပိုလီ ဈေးကွက်တွင်ရောင်းချကြသောကုန်စည်များမှလည်း တစ်ခုနှင့်တစ်ခုအစားထိုးနိုင်ကြပါသည်။အဘယ်ကြောင့်ဆိုသော
ဈေးကွက်အတွင်းရှိကုန်စည်များဟာ စံသတ်မှတ်ချက်ရှိပြီး တစ်သားတည်းဖြစ်နေလို့ပါပဲ။

ဥပမာ- ဆိုကြပါစို့ မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာထုတ်လုပ်သော စက်ရုံ 50 ခန့်ရှိပြီး တစ်နိုင်ငံလုံးအတွက် ဓာတ်မြေဩဇာဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနေကြတယ်။ လုပ်ငန်းပေါင်း 50 လောက်ရှိပေမယ့် အကြီးဆုံးလုပ်ငန်းကတော့ 5 ခုပဲရှိပါတယ်။ အဲ့ဒီအကြီးဆုံးလုပ်ငန်း 5 ခုက ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာပမာဏဟာ ထုတ်ကုန်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ အဲ့ဒီ့တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ဓာတ်မြေဩဇာ စက်ရုံ 50 က ဓာတ်မြေဩဇာ ပေါင်း သိန်း ၁၀၀ အိပ် ထုတ်တယ်ဆိုပါစို့။ဒီတော့ ဓာတ်မြေဩဇာအိပ်ပေါင်း သိန်း ၉၀ လောက်က အကြီးဆုံး စက်ရုံပိုင်ရှင် လုပ်ငန်း 5 ခုက ထုတ်လုပ်နိုင်နေတဲ့ သဘောပါ။

✍️အခုဆိုရင် အိုလီဂိုပိုလီဆိုတာ ဈေးကွက်တွင်ဈေးကွက်ချူပ်ကိုင်မှုသည် အနည်းငယ်သောလုပ်ငန်းကြီးတစ်စု၏ လက်၀ယ်တွင်သာရှိနေပြီးလုပ်ငန်းသစ်များ၀င်ရောက်ယှဉ်ပြိုင်ခြင်းကိုထိရောက်စွာတားဆီးနိုင်သည့်ကို နားလည်သွားမည်ဟုမျှော်လင့်ပါတယ်...
✍️အလားတူ အမေရိကန်နိုင်ငံ၏ သံမဏိဈေးကွက်တွင် လုပ်ငန်းကြီး 5ခုသည် စုစုပေါင်းသံမဏိထုတ်လုပ်မှု၏ (15%)ကိုချူပ်ကိုင်ထားပြီး ထိုလုပ်ငန်းကြီး 5ခုအနက်မှ လုပ်ငန်းတစ်ခုသည် မိမိတို့နဂိုရောင်းချနေသော ဈေးကွက်ပေါက်ဈေးထက်
သံမဏိတစ်တန်လျှင် 5ဒေါ်လာလျှော့၍ရောင်းချမည်ဟုကြော်ငြာလိုက်လျှင် ထိုလုပ်ငန်းဆီမှ ပိုမို၀ယ်ယူများလာပြီး ကျန်သောလုပ်ငန်း4ခုမှာ အရောင်းရပ်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် အရောင်းရပ်သွားပြီး အမှာအော်ဒါများ လက်ခံနည်းသွားသောလုပ်ငန်းများက မိမိတို့၏အရောင်းကျဆင်းမသွားစေရန်ဈေးနူန်းလျှော့၍ရောင်ချသည့် ပြန်လည်တုံ့ပြန်မှုမျိုးကိုလုပ်ဆောင်ကြမည်ဖြစ်ရာ ဈေးနူန်းလျှော့ချရောင်းချခြင်းသည့် သံမဏိလုပ်ငန်းတစ်ခုလုံးဖြစ်သွားပေမည်။
✍️ဤသည်ကိုကြည့်ခြင်းဖြင့်
မည့်သည့်လုပ်ငန်းမှ လွတ်လတ်စွာဈေးနူန်းသတ်မှတ်ရောင်းချရန်မလွယ်ကူပေ။ဈေးနူန်းပြောင်းလဲလိုက်သည်နှင့်တစ်ပြိုင်နက်တုံ့ပြန်မှုဖြစ်ပေါ်လာမည်ဖြစ်သည်။ထို့ကြောင့် လုပ်ငန်းရှင်များသည် ရောင်းချသောကုန်စည်၏ ဈေးနူန်းများအပေါ် အချင်းချင်း အမှီသဟဲပြုနေရကြောင့်ကို နားလည်မည်ဟုမျှော်လင့်ပါသည်။

✍️နောက်ထပ် ရိုးရိုးအိုလီဂိုပိုလီ ဈေးကွက်အတွင်း
ဥပမာပေးနိုင်သော စံသတ်မှတ်ချက်ရှိသော တစ်သားတည်းတူညီသော ထုတ်ကုန်များကိုလေ့လာနိုင်ရန်အောက်တွင်ဖော်ပြပေးထားပါသည်။

သေချာပါသည်။ ဤသည်မှာ စစ်မှန်သော oligopoly ကိုပြသနိုင်သော လုပ်ငန်းအချို့ ဥပမာများဖြစ်သည်-

1. **မော်တော်ယာဥ်လုပ်ငန်း-** နိုင်ငံအများအပြားတွင်၊ ကုမ္ပဏီအနည်းစုသည် မော်တော်ကားစျေးကွက်ကို လွှမ်းမိုးထားသည်။ ဥပမာအားဖြင့်၊ Toyota၊ Ford၊ General Motors၊ Volkswagen၊ Honda ကဲ့သို့သော ကုမ္ပဏီများသည် ဤလုပ်ငန်းတွင် ပြိုင်ဆိုင်ကြသည်။

2. **လေကြောင်းလိုင်းစက်မှုလုပ်ငန်း-** အချို့သောဒေသများတွင် လေကြောင်းလိုင်းများသည် ပျံသန်းမှုလမ်းကြောင်းများနှင့် ဝန်ဆောင်မှုအများစုကို ထိန်းချုပ်ထားသည်။ ဥပမာအားဖြင့်၊ American Airlines၊ Delta Air Lines၊ United Airlines နှင့် အခြားအချို့သည် အမေရိကန်ပြည်ထောင်စုတွင် သိသာထင်ရှားသောစျေးကွက်အာဏာရှိသည်။

3. **အချိုရည်လုပ်ငန်း-** Coca-Cola ကုမ္ပဏီနှင့် PepsiCo ကဲ့သို့သော ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ အချိုရည်လုပ်ငန်းတွင် အဓိက ကစားသမားများဖြစ်သည်။ စျေးကွက်ဝေစုအတွက် အပြင်းအထန် ယှဉ်ပြိုင်ကြသည်။

4. **Computer Operating Systems-** Microsoft ၏ Windows နှင့် Apple ၏ macOS များသည် ကွန်ပျူတာဈေးကွက်ကို လွှမ်းမိုးထားပြီး ဤကဏ္ဍတွင် oligopolistic ပြိုင်ဆိုင်မှုကို ဖန်တီးသည့် လည်ပတ်မှုစနစ်များ၏ နမူနာများဖြစ်သည်။

5. **မိုဘိုင်းလ်ဖုန်းထုတ်လုပ်ခြင်း-** Apple နှင့် Samsung တို့သည် စမတ်ဖုန်းဈေးကွက်တွင် အထူးသဖြင့် တန်ဖိုးကြီးစမတ်ဖုန်းများတွင် အသာစီးရနေပါသည်။

6.**လုပ်ငန်းသုံး လေယာဉ်ထုတ်လုပ်ခြင်း-** လုပ်ငန်းသုံး လေယာဉ်ကြီးများအတွက် စျေးကွက်ကို အဓိက ကစားသမားနှစ်ဦးဖြစ်သည့် Boeing နှင့် Airbus တို့က လွှမ်းမိုးထားသည်။ ဤကုမ္ပဏီများသည် လေကြောင်းလိုင်းများနှင့် အစိုးရများထံမှ မှာယူမှုများအတွက် တစ်ကမ္ဘာလုံးတွင် ယှဉ်ပြိုင်နေကြသည်။

7. **ဂြိုလ်တုရုပ်မြင်သံကြားဝန်ဆောင်မှုပေးသူများ-** အမေရိကန်ပြည်ထောင်စုတွင်၊ ဂြိုလ်တုရုပ်မြင်သံကြားလုပ်ငန်းကို DirecTV (AT&T ပိုင်) နှင့် Dish Network ကုမ္ပဏီနှစ်ခုက အဓိကထိန်းချုပ်ထားသည်။ ၎င်းတို့သည် အလားတူဝန်ဆောင်မှုများကို ပေးဆောင်ပြီး စာရင်းသွင်းသူများအတွက် ယှဉ်ပြိုင်စေပါသည်။

8. **ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး-** ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခြင်းကို ExxonMobil၊ Royal Dutch Shell ၊BPနှင့် Chevron ကဲ့သို့သော နိုင်ငံတကာ ကုမ္ပဏီကြီးအချို့က လွှမ်းမိုးထားလေ့ရှိသည်။ ဤကုမ္ပဏီများသည် စွမ်းအင်အရင်းအမြစ်များအပေါ် သိသာထင်ရှားသော ထိန်းချုပ်မှုများရှိသည်။

ကျေးဇူးရှင်ဆရာများရိုသေဂါရ၀ပြု၍🙏
✍️ Sayar U Win Myint (Eco)

✍️ စာရွက်ပေါ်မှရေးသားဖော်ပြရတာဟာ ဖတ်ရှူသူဆရာ ဆရာမများ၏ရင်ထဲကိုရောက်စေရန်အလွန်ခက်ခဲ့လှပါတယ်...အတတ်နိုင်ဆုံးကျွန်တော်သိသလေ...
12/09/2023

✍️ စာရွက်ပေါ်မှရေးသားဖော်ပြရတာဟာ ဖတ်ရှူသူဆရာ ဆရာမများ၏ရင်ထဲကိုရောက်စေရန်အလွန်ခက်ခဲ့လှပါတယ်...အတတ်နိုင်ဆုံးကျွန်တော်သိသလောက်ကြိုးစားရေးသားလိုက်ပါတယ်။

✍️ အပြည့်ပြိုင်ဆိုင်မှုရှိသောဈေးကွက်ဈေးနူန်းနှင့်
ကုန်ထွက်သတ်မှတ်ခြင်း ✍️

✍️ အပြည့်ပြိုင်ဆိုင်မှုရှိသောဈေးကွက်တွင် ဈေးကွက်အတွင်း ၀ယ်သူ၊ရောင်းသူအများကြီးပါ၀င်ပြီး လုပ်ငန်းတွေကတစ်သားတည်းတူညီသော
ကုန်စည်မှား(ထုတ်ကုန်များ)ကိုထုတ်လုပ်ရောင်းချကြသည်။
✍️တစ်သားတည်းတူညီသောထုတ်ကုန်များဆိုတာ...နွားနို့၊ရေနံစိမ်း၊ဂျုံ၊ရွှေ...စသဖြင့်များစွာရှိကြပြီးထိုကုန်စည်များ(ထုတ်ကုန်များ)ကိုဈေးကွက်ပေါက်ဈေးအတိုင်း၀ယ်ယူရောင်းချကြရသည်။
ဥပမာ..."မမ"ကနွားနို့၁ပိဿာ ၁၀၀၀ကျပ်နှင့်ဈေးကွက်ထဲမှာရောင်းတယ်ဆိုရင် "မောင်မောင်" နှင့် "ကျော်ကျော်"တို့သည်လည်း နွားနို့၁ပိဿာကို
၁၀၀၀ကျပ်ဖြင့်ရောင်းချရမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၀ယ်လိုအားမျဉ်းကွေ(DD)နှင့် ရောင်းလိုအားမျဉ်းကွေး (SS)တို့ဆုံတဲ့နေရာ အားမျှခြေအမှတ်(E)၌ ဈေးကွက်အတွင်းအားမျှဈေးနူန်း(P) ၁၀၀၀ကျပ်သည်ပေါက်ဈေးအနေနှင့်ရှိနေလို့ပင်ဖြစ်သည်။
ထိုအချိန်တွင် "အောင်အောင်"မှ လက်ရှိဈေးကွက်ပေါက်ဈေးထက်ကျော်လွန်ပြီး နွားနို့၁ပိဿာ ၁၂၀၀ကျပ်နှင့်ရောင်းမယ်ဆိုရင် သူ့၏ဆိုင်မှဘယ်သူမှ၀ယ်ယူတော့မည်မဟုတ်ပေ။ဘာလို့ဆိုရင် ဈေးကွက်အတွင်းပေါက်ဈေ(အားမျှဈေးနူန်း)၁၀၀၀ကျပ်နှင့် ရောင်းချနေသူများဖြစ်သော
"မမ၊မောင်မောင်၊ကျော်ကျော်"တို့ထံမှစိတ်ကြိုက်၀ယ်ယူရရှိနိုင်သောကြောင်းပင်ဖြစ်သည်။ ဒါကြောင့်အပြည့်ပြိုင်ဆိုင်မှုဈေးကွက်အတွင်းဈေးကွက်၏အားမျှဈေးနူန်းကို ရောင်းသူ၊၀ယ်သူ(သို့) လုပ်ငန်းတစ်ခုချင်းက လွှမ်းမိုးခြင်း၊သတ်မှတ်နိုင်ခြင်းမရှိပါ။ ဆိုလိုသည်မှာဈေးကွက်ကသတ်မှတ်ထားသောဈေးနူန်းကိုလုပ်ငန်းအားလုံးကလက်ခံကြပြီး အားမျှဈေးနူန်းကိုရှိဈေးကွက်ပေါက်ဈေးကိုသာလက်ခံရောင်းချရမည်ဖြစ်သည်။
၊👇👇👇ပုံ ၁တွင်ကြည့်ပါ👇👇👇

✍️ဆက်လက်၍ လုပ်ငန်းများ၏ ပျမ်းမျှရငွေမျဉ်းကွေး(AR) သည် အစွန်းထွက်ရငွေမျဉ်းကွေး(MR)နှင့်တူညီပြီးကုန်ထွက်၀င်ရိုးနှင့်အပြိုင်အလျှားလိုက်မျဉ်းဖြောင့်...တစ်နည်းအားဖြင့် အလျော့အတင်းအပြည့်ရှိသောမျဉ်းဖြစ်မည်။ဤနည်းဖြင့်
လုပ်ငန်းတစ်ခုချင်းစီသည်ဈေးကွက်မှသတ်မှတ်သည့်ဈေးကွက်ဈေးနူန်းကိုလက်ခံရရှိပြီး၎င်းတို့၏ကုန်ထွက်အဆင့်ကိုသာဆုံးဖြတ်ကြရပေမည်။
လုပ်ငန်း၌ကုန်ထွက်ထုတ်လုပ်ရန်အဆင့်သတ်မှတ်ရာတွင်[P=AR=MR]ဆက်သွယ်ချက်ကိုဦးစွာသိထားရပါမည်။
၊👇👇👇ပုံ ၂ တွင်ကြည့်ပါ👇👇👇
ဆက်လက်၍ကြည့်ပါက...မည့်သည့်လုပ်ငန်းမဆိုအမြတ်အများဆုံးရရှိသည့်ကုန်ထွက်အဆင့်ကိုသာရောင်းချမည်(သို့)ထုတ်လုပ်ကြမည်ဖြစ်ပြီး၎င်းကုန်ထွက်အဆင့်ကိုရရှိစေရန်အောက်ပါအခြေနေ(၂)ခုကိုပြေလည်စေရန်လိုအပ်သည်။
(၁)MR=MC
(၂)MCမျဉ်းကွေးသည်MRကိုအောက်မှဖြတ်ရမည်။
(အောက်မှဖြတ်၍တက်သွားရမည်)
ပုံ ၃ ကိုကြည့်ပါကလုပ်ငန်း၏အားမျှခြေအမှတ်တွင်
R နှင့် T နှစ်ခုရှိသည်ကိုတွေ့ရမည်။ ထို R နှင့် Tအမှတ်သည် MR မျဉ်းကွေးပေါ်တွင်တည်ရှိပြီး Rအမှတ်ကိုသော်လည်းကောင်း၊Tအမှတ်ကိုသော်လည်းကောင်း MCမျဉ်းကွေးမှတူညီစွာဆက်သွယ်ထားသည်ကိုတွေ့ရပါမည်။ဤအချက်ကိုကြည့်ခြင်းဖြင့် ပထမအခြေနေအရ(MR=MC)ကိုက်ညီသော်လည်း အားမျှခြေအမှတ် Tတွင်သားလျှင်အထက်ပါအခြေနေ (၁) နှင့်(၂) နှစ်ရပ်စလုံးကိုပြေလည်စေသောကြောင့် Tအမှတ်တွင်သာကုန်ထွက်အဆင့်ကိုထုတ်လုပ်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပုံ ၃တွင်ကြည့်ပါက T အမှတ်တွင် MR နှင့် MCညီပြီ(MR=MC)...MCမျဉ်းကွေးသည် MRကို အောက်မှဖြတ်၍တက်သွားသည်ကိုတွေ့ရသောကြောင့်ပင်ဖြစ်သည်။တနည်း( AC)
အနိမ့်ဆုံးဖြစ်သည်။
၊👇👇👇ပုံ ၃ တွင်ကြည့်ပါ👇👇👇
✍️ထိုအတူ လုပ်ငန်းသည်အမှတ် R တွင်လည်းထုတ်လုပ်မှုကိုရပ်တန့်နေမည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော်အမှတ်Rကိုကျော်လွန်ပါက
MRသည် MCထက် များသောကြောင့်အမြတ်ပိုများလာစေရန်အလားအလာရှိနေ၍ပင်ဖြစ်သည်။
၊👇👇👇ပုံ ၃ တွင်အမှတ် R နှင့် T ကြားရှိ MRမျဉ်း နှင့်MCမျဉ်းကိုနှိုင်းယှဉ်ကြည့်ပါ👇👇👇

✍️ ထိုနည်းတူပင် အမှတ် T ကိုကျော်လွန်‌၍ကုန်ထွက်အဆင့်ကိုထုတ်လုပ်ပါက MC သည် MRထက်များ(MC>MR)၊ACမြင့်တက်လာသောကြောင့်ထုတ်လုပ်မှုစရိတ်ကြီး၍ အရှုံးနှင့်ရင်ဆိုင်ရပါမည်။
၊👇👇👇ပုံ ၄ တွင်ကြည့်ပါ👇👇👇

✍️ကျေးဇူးရှင်ဆရာများကိုရိုသေ ဂါရ၀ပြု၍🙏
Sayar U Win Myint (Eco)

✍️၀ယ်သူ၀န်ဆောင်မှုဆိုင်ရာရမှတ်ကိုတွက်ချက်မယ်ဆိုရင် ဦးစွာ မိမိထုတ်ကုန်များအပေါ် စားသုံးသူ(၀ယ်ယူသူများ)စိတ်၀င်စားမူ၊ကြိုက်...
11/09/2023

✍️၀ယ်သူ၀န်ဆောင်မှုဆိုင်ရာရမှတ်ကိုတွက်ချက်မယ်ဆိုရင် ဦးစွာ မိမိထုတ်ကုန်များအပေါ် စားသုံးသူ(၀ယ်ယူသူများ)စိတ်၀င်စားမူ၊ကြိုက်နှစ်သက်မှုကို...ကွင်းဆင်းလေ့လာစစ်တမ်းကောက်ယူရာပါမယ်။ စစ်တမ်းကောက်ယူရာတွင်လည်း ပျမ်းမျှအဆင့်များကို၅ဆင့်(သို့)၁၀ဆင့်စသဖြင့်လိုအပ်သလိုပြုလုပ်ပြီး ၀ယ်ယူစားသုံးသူများ၏ အဆင့်သတ်မှတ်သောမှတ်ချက်များကိုသိမ်းဆည်းထားရပါမည်။
ဆိုလိုသည်မှာ...အဆင့်၁ခုစီတိုင်းတွင် သတ်မှတ်ချက်ပေးသော ၀ယ်ယူစားသုံးသူများအားကိုစုပေါင်း၍မှတ်ထားရမည်ဖြစ်သည်။

အောက်ပါပုံတွင် ပျမ်းမျှအဆင့်၅ဆင့်သာပါရှိပြီး...
၁။လုံး၀မကျေနပ်ပါ ကို ၀ယ်ယူသုံးစွဲ ၅ဦးက ရွေးချယ်သတ်မှတ်ထားပါတယ်။
၂။မကျေနပ်ပါ ကို ၁ယောက်
၃။အလယ်အလတ် ကို ၂ယောက်
၄။ကျေနပ်သည်ကိ ၁ယောက်
၅။အလွန်ကျေနပ်သည်ကို ၁ယောက် စသဖြင့်‌(၅+၁+၂+၁+၁=၁၀ဦး) ရွေးချယ်သတ်မှတ်ထားကြပါသည်။

မိမိသတ်မှတ်သောအဆင့်နှင့် ၎င်းအဆင့်ပေါ် သတ်မှတ်သော စားသုံးသူဦးကိုမြောက်ပါကဤသို့ရပါမည်။

✍️ အဆင့် ×စားသုံးသူ=စုစုပေါင်း
✍️ ၁×၅=၅
၂×၁=၂
၃×၂=၆
၄×၁=၄
၅×၁=၅
_____
✍️စုစုပေါင်း=၂၂(စားသုံးသူများ၏စုပေါင်းအဖြေ)
ထိုစုစုပေါင်းအဖြေ၂၂ကို ၀ယ်ယူစားသုံးသူဦးရေ(၁၀)ဦးရေဖြင့် စားလျှင်ပျမ်းမျှအဆင့်ကိုတွက်ချက်သုံးသပ်နိုင်ပါသည်။
✍️ ၂၂/၁၀=၂.၂

🙏ကျေးဇူးရှင်ဆရာများကို ရိုသေဂါရ၀ပြု၍
Sayar U Win Myint (Eco)

📏 နောက်တစ်ချက်ထပ်ရိုက်ပါ 📏  မကြာမီက သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ဆရာက ကျောင်းသားကိုရိုက်သည့်အတွက် ကျောင်းသားမိဘက ဆရာကိုတရား...
11/09/2023

📏 နောက်တစ်ချက်ထပ်ရိုက်ပါ 📏

မကြာမီက သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ဆရာက ကျောင်းသားကိုရိုက်သည့်အတွက် ကျောင်းသားမိဘက ဆရာကိုတရားစွဲရန် စီစဉ်နေသည်ဆိုသော သတင်းပါ။✨

ထိုသတင်းကိုကြားရသည်နှင့်.ယခုနှစ်အစပိုင်းက ကျွန်တော်ကြုံခဲ့သောဖြစ်ရပ်ကလေးတစ်ခုကိုပြေး၍သတိရမိသည်။ကျွန်တော်ငယ်စဉ်ကပညာသင်ခဲ့သောအထက်တန်းကျောင်းကြီးမှာ ဆရာ၊ဆရာမဟောင်းများကို ကျောင်းသားဟောင်းများက ကန်တော့သောအာစရိယပူဇော်ပွဲကို ကျွန်တော်တက်ခဲ့သည်။ စီစဉ်ကျင်းပသည့်ကျောင်းသားဟောင်းများမှာ အသက်
၃၀ ကျော် ၄၀ဝန်းကျင် ဖြစ်သည်။အလုပ်အကိုင်ရာထူးတာဝန်များဖြင့်လူကြီးပိုင်းရောက်နေကြသူများလည်း ပါဝင်သည်။အားလုံးတက်ကြွပျော်ရွှင်စွာ ဆောင်ရွက်ကြသည်။ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကလည်း ဝမ်းသာကြသည်။✨

.ကန်တော့ခံဆရာမတစ်ယောက်
အလှည့်ကျ၍ စကားပြောရသည်။ဆရာမမှာ အငြိမ်းစားယူပြီးစဖြစ်သည်။ဤကျောင်းမှာ
သူအထက်တန်းပြလုပ်စဉ်က ငယ်သေးသည့်အကြောင်း၊ ကျောင်းသားများနှင့်အတူ ကာယဉာဏ ဖွံ့ဖြိုးရေးကိစ္စများကို တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြောင်း ပြောပြသည်။စာကိုလည်းကြိုးစား၍သင်ကြောင်း၊တပည့်များကိုဆုံးမစရာရှိလျှင် ဆုံးမကြောင်း၊ တစ်ခါကကျောင်းသားတစ်ယောက် တော်တော်ဆိုးသည့်အတွက် ရိုက်ရင်းတုတ်ပင်ကျိုးသွားကြောင်း သတိတရပြောသည်။ဆရာမစကားပြောပြီးသောအခါအခမ်းအနားမှူးလုပ်နေသောကျောင်းသားဟောင်းက
"အဲဒီတုန်းက တုတ်ကျိုးအောင်ရိုက်ခံရတဲ့ကျောင်းသားဟာ ကျွန်တော်ကိုယ်တိုင်ပါပဲခင်ဗျာ"ဟု
ရယ်ရယ်မောမောပြောလိုက်ရာ အားလုံးသဘောကျပြီး ရယ်ကြပါသည်။တုတ်ကျိုးအောင်ရိုက်ခဲ့သောဆရာမကလည်း သူ့တပည့်ကိုပြုံးပြီးကြည့်နေပါသည်။✨

"ကျောင်းသားကိုရိုက်လို့ ဆရာကိုတရားစွဲမယ်ဆိုတာ လူကြားလို့မကောင်းပါဘူး။ဆရာ၊ ဆရာမတွေကကျောင်းသားတွေကိုရိုက်တယ်ဆို​တာက လိမ္မာအောင်ရိုက်ပြီးဆုံးမတာပဲဟာ။ ဒါမြန်မာ့ယဉ်ကျေးမှူအစဉ်အလာပဲလေ"ဟု ကျောင်းသားဖခင်တစ်ယောက်က
ပြောပါသည်။✨

"ကျွန်တော်တို့ငယ်ငယ်က အမေကကျောင်းကိုလိုက်အပ်တဲ့အခါဆရာကြီးကို 'ကျွန်မသားကိုအပ်ပါတယ်၊ မလိမ္မာရင်ရိုက်ပြီးဆုံးမပါ၊
မကျိုးမပဲ့ရင်ပြီးတာပါပဲ' လို့ ပြောပြီးအပ်တာပါ"ဟု ကျွန်တော်နှင့်သက်တူရွယ်တူ မိတ်ဆွေတစ်ယောက်က အမှတ်တရနောက်ကြောင်းပြန်သည်။ဆရာကြီးတစ်ယောက်ကမူ...
"ဟာ..ကျောင်းသားကိုရိုက်ပြီးဆုံးမတာ ဘုရားမပွင့်ခင်ကတည်းကပါဗျာ။ ဇာတ်တော်တွေမှာ ပါပါတယ်။လောကနီတိမှာလည်း ပါတယ်မဟုတ်လား။အိုးထိန်းသည်ဟာ
အိုးကိုမဖုတ်ခင် ပုတ်ခတ်တာဟာ
ပိုကောင်းစေချင်လို့ ပုတ်ခတ်တာဆိုပြီး ဥပမာပေးထားတာလေ"

အစမှာဖော်ပြခဲ့သောသတင်းကို ဖတ်ပြီးနောက် ယခုလိုအမျိူးမျိုးပြောကြဆိုကြသည်ကို
ကြားရပါသည်။✨

စာထဲပေထဲပြန် ကြည့်တော့ ငါးရာငါးဆယ်၊ တိကနိပါတ်၊.တိလမုဋ္ဌိဇာတ်ကို သာဓကတစ်ခုအဖြစ်
တွေ့ရသည်။
တက္ကသိုလ်ပြည်တွင် ဘုရားလောင်းဒိသာပါမောက္ခဆရာကြီးထံမှာပညာသင်နေသော ဗြဟ္မဒတ်မင်းသားသည် မိန်းမအိုတစ်ယောက်နေလှန်းထားသောနှမ်းများကို လက်ဖြင့်ဆုပ်ပြီး သုံးကြိမ်တိုင်တိုင်ယူစားသည်တွင် ဆရာကဝါးခြမ်းဖြင့်
သုံးချက်ရိုက်၍ ဆုံးမသည်။ထိုမင်းသားက ဆရာ့ကို ရန်ငြိုးဖွဲ့သည်။မိမိမင်းဖြစ်သောအခါ ဆရာ့ကို
မိမိတိုင်းပြည်သို့ဖိတ်ခေါ်ပြီးနောက်
ငယ်စဉ်ကအရိုက်ခံရပုံကို ပြောပြပြီးဆရာ့ကို သတ်မည်ပြုသည်။ထိုအခါဆရာက မင်းသားကို မိမိသာရိုက်၍မဆုံးမခဲ့လျှင် လုယက်တိုက်ခိုက်သူကို အကောင်းထင်ပြီး အပြစ်မပေးဘဲနေမည်ဖြစ်သည့်အတွက် ထိုသူတို့၏တိုက်ခိုက်မှုကြောင့် မင်းသားသည် မင်းစည်းစိမ်ရမည်မဟုတ်။ မိမိဆုံးမမှုကြောင့် မင်းစည်းစိမ်ရခြင်းဖြစ်သည်ဟု အကျိုးသင့်အကြောင်းသင့် ဆုံးမသည်။
မင်းလည်းနောင်တရပြီး ဆရာ့ကိုပူဇော်သည်။အမျိုးသားပညာဝန်ဦးဖိုးကျားက ငါးရာ့ငါးဆယ်ဇာတကဝတ္ထုများကို အကျဉ်းချုပ်ပြန်ရေးရာ
ဤ"နှမ်းခိုးစားသောဝတ္ထု"✨
အပါအဝင် ငါးရာ့ငါးဆယ်ဇာတကဝတ္ထုများကို သတ္တမတန်းမြန်မာစာအတွက် ပြဋ္ဌာန်းဖူးပါသည်။
လောကနီတိ ပဏ္ဍိတကဏ္ဍ ကထာအမှတ်၃၉တွင် "အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ
မပုတ်ခတ်၊ တင့်တယ်စိမ့်သောငှာခတ်၏။ဆရာသည် တပည့်တို့အားအပါယ်ဆင်းရဲတွင်းသို့ကျစေခြင်းငှာမပုတ်ခတ်၊ အတတ်ပညာအစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏" ဟုဆိုထားသောအဆိုအမိန့်ကို ကျွန်တော်တို့အစဉ်အဆက်မှတ်သားပြီး ကျင့်သုံးလိုက်နာခဲ့ကြပါသည်။✨

ဆရာကြီးမြကေတု(ပါမောက္ခဦးချမ်းမြ)ရေးသားသော "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား" ဆောင်းပါးသည်လည်း သာဓကကောင်းတစ်ခုဖြစ်သည်။မင်းတုန်းမင်းငယ်စဉ် "မောင်လွင်"ဘဝက စံကျောင်းဆရာတော်ဦးစန္ဒိမာထံတွင်ဘုန်းကြီးကျောင်းသားဘဝဖြင့်ပညာသင်နေသည်။တစ်နေ့တွင်ဒါယကာတစ်ယောက်လှူဒါန်းသောငါးခြောက်ပြားကြီးတစ်ချပ်ကိုကောင်းစွာသိမ်းထားရန် ဆရာတော်ကမောင်လွင်ကို တာဝန်ပေးထားသည်။သို့သော် ထိုငါးခြောက်ပြားမှာ ကျက်သရေတိုက်အတွင်းသိမ်းထားရာမှ ပျောက်ဆုံးသွားရာဆရာတော်သည် မောင်လွင်ကိုခေါ်ပြီး "ဟဲ့..ငလွင် ရှင်ဘုရင့်သားဆိုတာအကြောင်းညီညွတ်ရင် နိုင်ငံတော်ကိုအုပ်ချုပ်မင်းလုပ်ရမဲ့သူမဟုတ်လား။
ဒီလို နိုင်ငံတော်ကိုထိန်းသိမ်းအုပ်ချုပ်ရမဲ့သူက ငါးခြောက်ကလေးတစ်ချပ်ကိုမှ လုံခြုံအောင်မထိန်းနိုင်ရင် နိုင်ငံတော်ကိုဘယ်လိုလုံခြုံအောင်ထိန်းသိမ်းနိုင်ပါ့မလဲ" ဟုမိန့်ဆိုပြီး
အချက်ပေါင်းများစွာ
ရိုက်နှက်သည်။
မောင်လွင်သည် ညှိုးငယ်သောအမူအရာဖြင့် နန်းတော်သို့ပြန်ခဲ့ရာမယ်တော်က အကျိုးအကြောင်းမေးပြီး မောင်လွင်၏ကျောကိုလှန်ကြည့်ရာ အလျှိုးရာများထင်ပြီး သွေးစို့နေသောဒဏ်ရာကို တွေ့သည်။မယ်တော်က " သားတော်၊ဆရာတော်ဘုရားကို ဘယ်လိုမှစိတ်ငြိုငြင်တော်မမူနဲ့။ဆရာတော်က သားတော်ကို လိမ္မာအောင်ဆုံးမတာမဟုတ်လား" ဟု မိန့်ကြားပြီး ဒဏ်ရာကို ဆေးလိမ်းပေးသည်။
မင်းတုန်းမင်းတရားကြီးသည်တစ်နေ့တွင် ထိုဒဏ်ရာများကို
သားတော်များ အားပြပြီး ထိုဇာတ်ကြောင်းကို မိန့်ကြားပြီးနောက်ကျေးဇူးရှင်ဆရာတော်များရိုက်နှက်ဆုံးမလျှင် မငြိုမငြင်ခံယူရမည်ဟုဆုံးမသည်။မင်းတရားကြီး ထီးနန်းရသောအခါ ဆရာတော်ဦးစန္ဒိမာကို
"မဟာဇောတိကာရာမတိုက်၊ရတနာတိုက်ကျောင်းတော် တင်လှူတော်မူပြီး ဘွဲ့တံဆိပ်တော်ကပ်လှူတော်မူသည်။
ယခုခေတ်စကားဖြင့်ဆိုလျှင်
ဆရာ၊ မိဘ၊ ကျောင်းသားဟူသောသုံးဘက်သုံးတန် ဆက်ဆံရေးနမူနာကောင်းတစ်ခု ဖြစ်ပါသည်။✨

ဘုန်းတော်ကြီးကျောင်းမှာပဲနေနေ၊အတန်းကျောင်းမှာပဲနေနေ အရိုက်မခံရဖူးသောကျောင်းသား တော်တော်ရှားပါလိမ့်မည်။ကျောင်းပြေး၍၊ စာမရ၍၊ ကျောင်းသားချင်းရန်ဖြစ်၍၊ကျောင်းစည်းကမ်း
မလိုက်နာ၍ စသည့်အကြောင်းတစ်မျိုးမျိုးဖြင့် အရိုက်ခံကြရဖူးပါသည်။ဘုန်းတော်ကြီးကဖြစ်စေ၊ဆရာဆရာမကဖြစ်စေ ရိုက်ပြီးအပြစ်ပေးသည်ကို ကြည်ကြည်ဖြူဖြူ ခံယူခဲ့ကြပါသည်။အရိုက်ခံရသည့်ကိစ္စကို ဆင်ခြင်ပြီး မိမိကိုယ်ကိုပြုပြင်ကြပါသည်။ကျောင်းသားကရော မိဘကပါ ရိုက်သောဆရာ၊ဆရာမကို စိတ်မကွက်ကြပါ။အပြစ်မမြင်ကြပါ။ကျောင်းသား၏အကျိုးအတွက် ရိုက်ပြီးဆုံးမခြင်းဖြစ်သည်ဟု နားလည်ကြပါသည်။ထို့ကြောင့်လည်း "မလိမ္မာရင် ရိုက်ဆုံးမပါ"ဟုအပ်ကြခြင်းဖြစ်သည်။ဆရာ၊ဆရာမကို ချစ်ကြောက်ရိုသေသည့်အကြောင်းများတွင်တုတ်( ကြိမ်လုံး)သည်လည်းအကြောင်းတစ်ခုအဖြစ် ပါဝင်ပါသည်။✨

"မလိမ္မာရင်ရိုက်ဆုံးမပါ"ဟူသောအခြေအနေမှ ကျောင်းသားကိုရိုက်သည့်ဆရာကို ကျောင်းသားမိဘကတရားစွဲဖို့စီစဉ်နေသည်ဆိုသောအခြေအနေသို့ ဘာကြောင့်ပြောင်းလဲလာရပါသလဲ။ အကြောင်းတစ်ခုမှာ ဆရာတပည့်ဆက်ဆံရေးအခြေအနေ တဖြည်းဖြည်းပျက်ယွင်းလာခြင်းဖြစ်ပါသည်။အထူးသဖြင့် ဝိုင်းတွေ၊ ကျူရှင်တွေ ခေတ်စားလာချိန်တွင် အချို့ဆရာတွေက ငွေကြေးကိစ္စရှေ့တန်းတင်လာသလို အချို့တပည့်တွေကလည်း ဆရာတွေကို"ပညာအရောင်းသမား""ပညာဈေးသည်"တွေလိုသဘောထားလာကြသည်။သူတို့ဆီက"ပညာ"ရဖို့ ကိုယ်ကပိုက်ဆံပေးသည်။ကိုယ့်အလုပ်သမားတွေလို သဘောထားလာသည်။တစ်ခါကဆယ်တန်းကျောင်းသူသူငယ်ချင်းတစ်စု တိုင်ပင်နေသည့်စကားကိုအမှတ်မထင်ကြားလိုက်ရ၍ ကျွန်တော်အသည်းတုန်အူတုန်
ဖြစ်သွားသည်။သူတို့ဝိုင်းမှာသင်နေသောဆရာတစ်ယောက်အကြောင်းပြောနေကြခြင်းဖြစ်သည်။"အဲဒီဆရာသင်တာလည်းမကောင်းဘူး။
သူ့ကိုဖြုတ်ပြီး နောက်ဆရာတစ်ယောက်ရှာကြရအောင်" တဲ့။ သူတို့ပြောသည့်အထဲက" ဖြုတ်"ဆိုသောစကားကြောင့် လန့်သွားရခြင်းဖြစ်သည်။ကျောင်းသားကဆရာ့ကိုအလုပ်ဖြုတ်မယ်ဆိုပါလား။ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရပါသည်။ဆရာ့ကို ပညာသင်ပေးသည့်အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု သဘောမထားတော့ဘဲ ပိုက်ဆံပေးပြီးစာသင်ခိုင်းသော အလုပ်သမားလို သဘောထားတော့ ဆရာ့ကိုရိုသေလေးစားမှုလျော့ပါးလာသည်။
ကျောင်းမှာဆရာကရိုက်သည်ကိုလိမ္မာအောင်ဆုံးမသည်ဟု မခံယူတော့ဘဲ ရိုက်နှက်ထိပါးသည်ဟု ခံယူပြီး မိဘကပါ ဆရာ့ကိုတရားစွဲဖို့အထိ ဖြစ်လာရသည်။တစ်ခါတွင်ဝိုင်းဆရာတစ်ယောက် တစ်ရက်ပျက်သွား၍ နောက်တစ်နေ့တွင်
သူ့ကျောင်းသားတွေနှင့်တွေ့တော့ "မနေ့က ဆရာရုတ်တရက်ကိစ္စတစ်ခုပေါ်လာလို့ မင်းတို့ဝိုင်းကိုမလာဖြစ်တာ"ဟုပြောသောအခါ
ထိုကျောင်းသားတစ်စုက ဆရာ့ကိုဘယ်လိုတုံ့ပြန်သည်ထင်ပါသလဲ။
"ဆရာတော်တော်ယုတ်မာတယ်"တဲ့။
ကျွန်တော့် နားနှင့်ဆတ်ဆတ်ကြားလိုက်ရပါသည်။ဆရာလည်းမျက်နှာပျက်သွားပါသည်။✨

အသပြာနောက် ကောက်ကောက်ပါအောင်ကိုလိုက်ပြီး ဆရာ့ဂုဏ်သိက္ခာ၊ဆရာ့ကိုယ်ကျင့်တရား ပျက်ယွင်းသည့် အချို့ဆရာများ၏လုပ်ရပ်များကိုလည်း ကြားရပါသည်။"ကိုယ့်အတန်းထဲက ကျောင်းသားချင်းအတူတူ ကိုယ့်ဆီမှာကျူရှင်ယူတဲ့ကျောင်းသားကိုမှ မျက်နှာသာပေးတယ်။ မယူတဲ့ကျောင်းသားကိုပြဿနာရှာတယ်"ဆိုသောအသံမျိုးတွေ ပေါ်လာပါသည်။ဆယ်တန်းကျောင်းသူကလေးတစ်ယောက်၏အမေဖြစ်နေသော
တပည့်မကလေးတစ်ယောက်က
ပြောပြသည်။သူ့သမီးက ဘာသာတစ်ခုကို သူ့အတန်းပိုင်ဆရာမဆီမှာကျူရှင်မယူဘဲ ပိုပြီးအသင်အပြကောင်းသော အပြင်ကဆရာမဆီမှာကျူရှင်ယူသည်တဲ့။ထိုအကြောင်းကိုသူ့ဆရာမကသိသည့်အတွက် မကျေမနပ်ဖြစ်သည်တဲ့။တစ်နေ့မှာ
ကားနောက်ကျ၍ ကျောင်းတက်ချိန်၅မိနစ်နောက်ကျသွားသော
ထိုကျောင်းသူကလေးကို အတန်းထဲရောက်ရောက်ချင်း အတန်းပိုင်ဆရာမက " ဟဲ့ကောင်မလာစမ်း"ဆိုပြီးခြေထောက်ကိုကြိမ်ဖြင့် လေးငါးချက်ရိုက်တာ ပေါက်ပြဲပြီးသွေးထွက်သွားသည်တဲ့။အမေကစိတ်ဆိုးပြီးကျောင်းအုပ်ဆရာကြီးနှင့်သွားတွေ့ပြီး ပြောသည်။"ကျွန်မသမီးစာမရလို့၊ ကျောင်းစည်းကမ်းမလိုက်နာလို့ရိုက်တာဆိုရင် ကြိုက်သလောက်ရိုက်ပါ။ သေချင်သေသွားပါစေ။ကျွန်မဘာမှမပြောလိုပါဘူး။ခုတော့ကားကြောင့် ၅မိနစ်ကလေးနောက်ကျတာကို ခုလိုအပြစ်ရှာပြီးရိုက်တာ ကျွန်မမခံနိုင်ပါဘူး
"ဟုပြောတော့ဆရာကြီးက "အထက်ကိုမတိုင်ပါနဲ့"ဟု တောင်းပန်ပြီး
လွှတ်လိုက်သည်တဲ့။✨

"တက္ကသိုလ်မှာလည်း အတူတူပါပဲ။ကျူရှင်ကျောင်းသားလုကြရင်းနဲ့အင်မတန်ခင်တဲ့သူငယ်ချင်းတွေ
မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြရော"ဟူသော အသံမျိုးလည်းကြားရသည်။✨

ဆရာမတစ်ယောက်က သူ့ဆီကျူရှင်မယူသောကျောင်းသားကိုအငြိုးထားပြီး လက်ဖက်ရည်ပန်းကန်နှင့်ပေါက်သည့်အတွက် ဆရာမကိုအရေးယူရသည်ဆိုသော ဖြစ်ရပ်မျိုးလည်းကြားရပါသည်။ဤသို့သော လူတစ်စု၏အပြုအမူမျိုးကြောင့်ဝါသနာ၊ စေတနာ၊ အနစ်နာစသည့် "နာ" ပေါင်းများစွာဖြင့် မွန်မွန်မြတ်မြတ်ပညာသင်ကြားပေးနေသောဆရာ၊ ဆရာမလောကတစ်ခုလုံး "ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်"ရသည့်အဖြစ်မျိုး ကြုံနေရပါသည်။✨

ဤသို့သောအခြေအနေမျိုးတွင်
"ကျောင်းသားကိုမရိုက်ရ"တို့၊
"တုတ်မကိုင်ရ"တို့
ဆိုသော "မအူမလည်" အမိန့်မျိုးတွေ ထုတ်နေမည်ဆိုလျှင်ကျောင်းသားကိုရောင့်တက်အောင်လုပ်ရာကျရုံသာမက အကဲဆတ်သောမိဘမျိုးကို မြှောက်ထိုးပင့်ကော် လုပ်ရာကျသည့်အတွက်အကျိုးရှိဖို့ထက် အကျိုးမဲ့ဖို့ပိုများပါလိမ့်မည်။✨

ကျွန်တော်ကြုံရဖူးသော ဖြစ်ရပ်လေးတစ်ခုဖြင့် ဤဆောင်းပါးကိုအဆုံးသတ်ပါရစေ။လွန်ခဲ့သောနှစ်၃၀လောက်က နယ်ကောလိပ်တစ်ခုတွင် စာမေးပွဲပြီးသည့်နေ့မှာကျောင်းသားတစ်စု အပျော်လွန်ပြီးစားကြသောက်ကြရင်း မြို့ထဲမှာအချင်းချင်းရန်ဖြစ်ကြသည်။ကျောင်းအုပ်ဆရာကြီးမှာ အလွန်စိတ်ဆိုးပြီး "မင်းတို့အားလုံး ကျောင်းထုတ်ပစ်မယ်" ဟုကြိမ်းသွားသည့်အတွက် အားလုံးကြောက်သွားကြသည်။ဆရာကြီးက ထိုကိစ္စကို ဆရာ၊ဆရာမများရှေ့မှာရှင်းပြပြီး မြန်မာအစဉ်အလာနှင့်အညီ
ထိုကျောင်းသားများကို ကြိမ်လုံးနှင့်ရိုက်၍အပြစ်ပေးရန် ဆုံးဖြတ်ကြောင်း ပြောလိုက်သည်။ပြီးတော့တစ်ယောက်ချင်းကို ခေါ်ထုတ်ပြီးအပြစ်အလျောက် ကြိမ်လုံးဖြင့်
၅ ချက်တန်သည်၊ ၄ ချက်တန်သည်ကိုယ်တိုင်ရိုက်၍ အပြစ်ပေးသည်။ထိုကျောင်းသားများမှာ
ကျောင်းထုတ်ခံရတော့မည်ဟု
တွေးပြီးစိုးရိမ်နေကြစဉ် ယခုလိုရိုက်၍အပြစ်ပေးသောအခါ များစွာစိတ်သက်သာရာရသွားသည်။ကျောင်းသားတစ်ယောက်ကိုဆရာကြီးက ကြိမ်ဖြင့် ၃ ချက်ရိုက်ပြီး၊ "သွားတော့" ဟုဆိုသောအခါ
ထိုကျောင်းသားက
"ဆရာကြီးခင်ဗျာ၊ ကျွန်တော်မိုက်မိပါတယ်၊ ၃ ချက်ရိုက်တာနည်းပါတယ်၊ ထပ်ရိုက်ပါဦးခင်ဗျာ"ဟုတောင်းပန်ရာ ဆရာကြီးမှာပြုံးစိစိဖြစ်သွားပြီး "ကိုင်းကွာ" ဟုဆိုရင်း
နောက်တစ်ချက် ခပ်နာနာလေးရိုက်လိုက်ပါတော့သည်။✨✨✨✨✨✨✨✨✨✨✨

{ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊
ဆရာကြီးမောင်ခင်မင်[ ဓနုဖြူ] }

✍️ကျေးဇူးရှင်ဆရာကြီးများကိုရိုသေဂါရ၀ပြု၍🙏     နားလည်သိရှိသလောက် ရေးသားမျှဝေလိုက်ပါ         တယ်...အစသိလျှင်...ဆွဲငင်ယူနို...
10/09/2023

✍️ကျေးဇူးရှင်ဆရာကြီးများကိုရိုသေဂါရ၀ပြု၍🙏
နားလည်သိရှိသလောက် ရေးသားမျှဝေလိုက်ပါ
တယ်...အစသိလျှင်...ဆွဲငင်ယူနိုင်ကြပါစေ💕

✍️လူ့သမိုင်းကိုပြန်လည်၍သုံးသပ်ကြည့်လျှင် သမိုင်းဦးဘုံမြေစနစ်၊ကျွန်ပိုင်ရှင်စနစ်၊မြေရှင်ပဒေသရာဇ်စနစ်၊အရင်းရှင်စနစ်၊ ဆိုရှ...
10/09/2023

✍️လူ့သမိုင်းကိုပြန်လည်၍သုံးသပ်ကြည့်လျှင် သမိုင်းဦးဘုံမြေစနစ်၊ကျွန်ပိုင်ရှင်စနစ်၊မြေရှင်ပဒေသရာဇ်စနစ်၊အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်ဟူ၍လူနေမှုစနစ်ကြီးများဖြစ်ပေါ်ပြောင်းလဲခဲ့သည်ကိုတွေ့ရှိခဲ့ရပေသည်။ ဤသို့ဖြစ်ပေါ်ပြောင်းလဲခဲ့သည့်လူနေမှုစနစ်ကြီးများအနက် သမိုင်းဦးဘုံမြေစနစ် နှင့် ဆိုရှယ်လစ်စနစ်မှလွဲ၍ကျန်စနစ်ကြီးများတွင်လူတန်းစားပဋိပက္ခအမျိုးမျိုးနှင့်တွေ့ကြုံခဲ့ရပေသည်။

( ၁ )သမိုင်းဦးဘုံမြေစီးပွားရေးစနစ်
ဤစနစ်တွင်အများပိုင်သောပစ္စည်းကိရိယာများဖြင့်ဝိုင်း၀န်း၍စုပေါင်းလုပ်ဆောင်ပြီးဖြစ်ထွန်းလာသောအကျိုးစီးပွားများကိုညီတူညီမျှခွဲဝေသုံးစွဲခဲ့ကြပေသည်။ထို့ကြောင့်ထိုခေတ်တွင်လူတန်းစားကွဲပြားခြားနားမှု ပဋိပက္ခဖြစ်ပွားမူမရှိခဲ့ပေ။

( ၂ ) ကျွန်ပိုင်ရှင်စီးပွားရေးစနစ်
ဤစနစ်တွင်ကုန်ထုတ်အရင်းအနှီးကိရိယာများကိုကျွန်ပိုင်ရှင်များကပုဂ္ဂလိကပစ္စည်းများအဖြစ်ပိုင်ဆိုင်ရုံမျှမကလူသားများဖြစ်သည့်ကျေးကျွန်များကိုပင်ကုန်ထုတ်ကိရိယာများနှင့်မခြားပိုင်ဆိုင်ကြပေသည်။ထိုကြောင့် ကျွန်ပိုင်ရှင်သခင်များကကျွန်များအပေါ်တွင်ခြယ်လှယ်ချင်သလိုခြေလှယ်ခဲ့ကြသဖြင့် ကျွန်ပိုင်ရှင်သခင်များနှင့် ကျွန်များအကြားတွင် လူတန်းစားပဋိပက္ခများဖြစ်ပွားခဲ့သည်။

( ၃ ) မြေရှင်ပသေသရာဇ်စီးပွားရေးစနစ်
ဤစနစ်တွင်အခြေခံကျသောလူတန်းစားနှစ်ရပ်မှာ မြေရှင်ပဒေသသရာဇ်လူတန်းစားနှင့်မြေကျွန်လူတန်းစားတို့ဖြစ်ကြသည်။မြေယာနှင့်တကွသောကုန်ထုတ်အရင်းအနှီးကိရိယာများကိုများကိုမြေရှင်လူတန်းစားကသာပိုင်ဆိုင်ကြပြီးမြေကျွန်များမှာမြေရှင်များ၏ခြယ်လှယ်ခေါင်းပုံဖြတ်ခြင်းကိုခံရကြသည်။ဤသို့ဖြင့်မြေရှင်
လူတန်းစားနှင့်မြေကျွန်လူတန်းစားများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြသည်။

( ၄ ) အရင်းရှင်စီးပွားရေးစနစ်
ဤစနစ်တွင် ကုန်ထုတ်အရင်းအနှီးကိရိယာများကိုအရင်းရှင်တို့ကပုဂ္ဂလိကပစ္စည်းအဖြစ်ပိုင်ဆိုင်ကြပြီးအရင်းမဲ့အလုပ်သမားများမှာ အရင်းရှင်တို့၏ခြယ်လှယ်သွေးစုပ်မှု၊ခေါင်းပုံဖြတ်မှုကိုခံရကြသည်။ထို့ကြောင့်အရင်းရှင်စီးပွားရေးစနစ်တွင်အရင်းရှင်လူတန်းစားနှင့် အရင်းမဲ့လူတန်းစားအကြားတွင်လူတန်းစား ပဋိပက္ခဖြစ်ခဲ့သည်။

( ၅ ) ဆိုရှယ်လစ်စီးပွားရေးစနစ်
ဤစနစ်သည်စနစ်များထဲတွင်အကောင်းဆုံးဟုပြောရပါမည်။ဆိုရှယ်လစ်စနစ်တွင်လူတန်းစားပဋိပက္ခများ၏အကြောင်းတရားများကိုဖျက်သိမ်းပြီးဖြစ်သည်။ဆိုရှယ်လစ်စီးပွားရေးစနစ်သည်ကုန်ထုတ်လုပ်ငန်း၏ဘုံလက္ခဏာတို့၏ပေါင်းစည်းညီညွတ်မှုအပေါ်တွင်အခြေစိုက်သောစီးပွားရေးစနစ်ဖြစ်ပေသည်။ထိုကြောင့်ဆိုရှယ်လစ်စီးပွားရေးစနစ်သည်လူအချင်းချင်းမတရားခြယ်လှယ်သောမည်သည့်ဝိသမစီးပွားရေးစနစ်ကိုမဆိုဆန့်ကျင်ကြသည်။........ဆက်ရန်ရှိသေး.......

Sayar U Win Myint -Eco

28/07/2023

✍ ဒွါဒသမတန်းဘောဂဗေဒ အခန်း (၁)ကျောင်းသုံးစာအုပ်မှ
မှန်/မှား (၅)ကြောင်းကိုသုံးသပ်ခြင်း..အပိုင်း (၁)....

27/07/2023

✍ဒွါဒသမတန်း အခန်း (၃)မှ အမေးများသော ကွက်လပ်ဖြည့်ကို
လက်ဆော့ကြည့်တာပါ😊

✍ Grade.10(Eco)
27/05/2023

✍ Grade.10(Eco)

Address

Mrauk-Oo

Website

Alerts

Be the first to know and let us send you an email when Sayar U Win Myint -Eco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share