Mobile 1- Professional Phone Service and Training

Mobile 1- Professional Phone Service and Training Digital Life Style For Everyone Mobile 1 Professional Phone Service Training

အာမခံချက် အပြည့်ရှိတဲ့ ဖုန်းပြုပြင်ရေးသင်တန်း‌ ကျောင်းကို ရှာနေပြီဆိုရင်တော့....ဖုန်းပြုပြင်ရေးအပိုင်းကို စိတ်ဝင်စားပြီး...
12/01/2024

အာမခံချက် အပြည့်ရှိတဲ့ ဖုန်းပြုပြင်ရေးသင်တန်း‌ ကျောင်းကို ရှာနေပြီဆိုရင်တော့....

ဖုန်းပြုပြင်ရေးအပိုင်းကို စိတ်ဝင်စားပြီး
သင်တန်းတက်ဖို့ ရှာဖွေနေပြီဆိုရင်....

Mobile 1 Service Center ကနေဖွင့်လှစ်မဲ့
Professional Phone Service and Training သင်တန်းကြောင်းရဲ့ တန်းခွဲအသစ် Batch (17) ဟာဆိုရင် မကြာခင်မှာ စတင်ဖွင့်လှစ်တော့မှာပဲဖြစ်ပါတယ်...။

ဒီသင်တန်းဟာဆိုရင်
📌 ဝါရင့်ဆရာများက စာတွေ့၊ လက်တွေ့ ဖြင့် သင်ကြားပြသပေးမှာဖြစ်ပြီး
📌 Computer အခြေခံ ကနေစကာ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
📌 သင်တန်းကာလအားဖြင့် (3) လ ကြာမြင့်မှာဖြစ်ပြီး
📌 (2) လ စာသင်ကာ၊ ကျန်တစ်လက On Job Training ဆင်းရမှာပဲဖြစ်ပါတယ်။
📌 On Job Training မှာဆိုရင် လက်တွေ့လုပ်ငန်းခွင်သာမက
📌 Customer များဖြင့် ဘယ်လိုပြောဆိုဆက်ဆံ ရမလဲဆိုတာတွေအပြင်
📌 Customer များဖြင့် ပြောဆို ဆက်ဆံတဲ့အခါမှာ အဆင်ပြေအောင် နေပုံထိုင်ပုံ၊ ဝတ်စားစဉ်ယဉ်ပုံကအစ သင်ယူရမှာပဲဖြစ်ပါတယ်။
📌 သင်တန်းပြီးဆုံးရင် စားမေးပွဲဖြေဆိုရမှာဖြစ်ပြီး၊ စာမေးပွဲအောင်မှသာ Certificate ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။
📌 သင်တန်းပြီးသွားရင်လည်း Life Time Free Data Sharing ရရှိဦးမှာနော်။
📌 နားမလည်တာရှိခဲ့လျှင်လည်း သင်တန်းမှာ အချိန်မရွေးပြန်လည်လာရောက်လေ့လာလို့ရပါတယ်ခင်ဗျာ။

အခုလို အချက်တွေကြောင့် အာမခံချက်အပြည့်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း အတွက်ပါ စိတ်ချရတဲ့ Mobile 1 Professional Phone Service and Training သင်တန်းကျောင်းရဲ့ Batch အသစ်ကို အခုပဲ လာရောက် Join လိုက်တော့နော်...။

📅 New Batch Starting Date : 15.1.2024
🏠 Location : ကျောက္ကာလမ်း၊ Mobile 1 Phone Service Center
☎ Phone : 09 777 793 321


What is MFi ?" MFi - Made For iPhone, iPod, iPad " Especially For Apple Product.Apple Product အတွက် Apple ကထုတ်တဲ့ Charg...
27/09/2023

What is MFi ?

" MFi - Made For iPhone, iPod, iPad " Especially For Apple Product.

Apple Product အတွက် Apple ကထုတ်တဲ့ Charger , Cable တွေကို တခြားသော
Branding အခွဲများက နည်းတူ ထပ်မျှ ထုတ်လုပ်ရောင်းချတာကို Apple ကကိုယ့် Device ကိုမှန်ကန်တဲ့အားသွင်းစနစ်နဲ့သွင်းစေချင်တာကြောင့် ကြိုးမှာတော့ Apple Original Chipset ပါမှ MFI လျှောက်ပြီး ရောင်းချခွင့်ပြုထားတာပါ ။
Charger မှာတော့ Chipset မလိုတော့ဘဲနဲ့ ကြိုးနှင့်ခေါင်း တွဲလျက် လျှောက်ရင်တော့လျှောက်လို့ရတယ် သို့ပေမယ့် " သီးသန့်ခေါင်းကိုတော့ Appleက လျှောက်ခွင့်မပေးထားပါဘူး ။ "

ဘယ်လိုထုတ်လုပ်မှုတွေက MFi Certified ရနိုင်လဲ ?

- Apple Company မှ Original Chipset ကိုထည့်သွင်းပြုလုပ်မှသာ Permission ရမှာပါ ဒါကလဲ Apple က သူ့ ထုတ်ကုန်ပေါ် စံတစ်ခု အနေနဲ့ ထားလို့လဲ ပါပါတယ်။

ဘယ်လို Chip တွေထွက်ရှိထားလဲ ?

- နောက်ဆုံး Update အဖြစ်ဆုံး သော Chipset ကဆိုရင် C91M Original Chipsetပဲဖြစ်ပါတယ်။ PD Chipset တွေကိုတော့ 2016 ကနေစပြီး C52 ကိုထုတ်လုပ်ခဲ့ပြီး 2017 မှာဆိုရင်ကတော့ C91 အပြင် C94 Chipset ကိုဆိုရင်လဲ နောက်ပိုင်းဈေးကွက်မှာကျယ်ကျယ်ပြန့်ပြန့်သုံးလာပြီးတဲ့နောက်ပိုင်း iPhone 14 Series မှာတော့ C91M Chipset ကိုစတင်အသုံးပြုခဲ့ပြီလဲ ဖြစ်ပါတယ်။

ထုတ်ခွင့်ပေးဖို့တောင် Apple ကဘာလို့ Original ကိုပဲ သုံးခိုင်းရတာလဲ ?

- Apple Original Chipset က current flow ကို ထိန်းပေးနိုင်ပြီးတော့ မီးအားမငြိမ်တဲ့အခါမျိုးတွေမှာ auto cut off လုပ်ပေးတာကြောင့် Apple က မှန်ကန်တဲ့ အားသွင်းမှုကိုပဲ လိုလားတာကြောင့်ပါပါတယ် ။
- IOS Update တိုင်း Compatible ဖြစ်တယ်။ ဒါကြောင့် PD Cable တိုင်းကလဲ18W, 20W မထုတ်ပေးနိုင်တဲ့ အခါ အားသွင်းချိန်ခဏလေးမှာ ဖုန်းကို သိသိသာသာ ပူစေတာမျိုးတွေကြောင့်ပါ ။

ဘာကြောင့် MFi တွေသုံးသင့်တာလဲ ?

- Apple Original Chipset ကြောင့် MFi အသိမှတ်ပြုပါတာကလဲ စိတ်ချရမဲ့အပြင်
- Third Party လို့ ဘယ်လိုပြောပြော Apple Quality အတိုင်းရတယ် ဈေးကလည်းသက်သာတာဖြစ်လို့သုံးရတာ သင့်တင်တာကြောင့် သုံးသင့်ပါတယ် ။

PD Fast Charge အသုံးပြုလို့ ရတဲ့ Apple Products တွေကတော့
iPhone : 13 Pro/ 13 Pro Max/ 13/ 13mini
12 Pro/ 12 Pro Max/ 12/ 12mini
SE2
11 Pro/ 11 Pro Max
XS/XS Max/ X/ XR/ 8/ 8+
iPad : iPad 10.2/ iPad 12.9/ iPad 10.5
iPad Air3/ iPad mini5 တို့ပဲ ဖြစ်ပါတယ် ။

ကဲ ဒါဆို မိမိ လက်ထဲက တန်ဖိုးထားရတဲ့ မည်သည့် ဖုန်းကိုမဆို မှန်ကန်တဲ့ အားသွင်းကြိုးလေးနဲ့ သွင်းတာကတော့ အကောင်းဆုံးပေါ့နော်။
Apple User တွေကလဲ MFi ကိုရွေးချယ်လို့ ရပါတယ်လို့ ပြောပြလိုက်ရပါတယ်ရှင် ။

အစစအရာရာအတွက်ကျေးဇူးတင်ပါတယ် ဆရာချစ်ရေ🥰🥰🥰
18/09/2023

အစစအရာရာအတွက်ကျေးဇူးတင်ပါတယ် ဆရာချစ်ရေ
🥰🥰🥰

(၉) နှစ်တာ တစ်လျှောက် ချစ်ခင်ခြင်းများနှင့်
" ဦး ချစ် " ဆိုတာ Mobile 1 ရဲ့ မိသားစုဝင်တစ်ဦးပါ ။

မိသားစုလိုသဖွယ် ၊ သူငယ်ချင်းလိုတစ်ဖုံ ဖေးမမှုများစွာနဲ့ အခုဆို လုပ်သက် (၉) နှစ်် ကြာအထိ ပံ့ပိုးပေးခဲ့ပါသော Mobile 1 Service Center Manager
"ကိုချစ်ဖြိုးခိုင်"
အား အခုလို လက်တွဲ လုပ်ကိုင်လာခဲ့ပေးလို့ မိုဘိုင်းဝမ်း မိသားစု မှလည်း ကျေးဇူးအထူးတင်လိုက်ရပါတယ်ရှင် ။

ဘဝရဲ့ (၉)နှစ် လုံးလုံး ကို Mobile 1 နှင့်အတူ အခုလို
လက်တွဲပြီး အတူတူ ဖြတ်သန်းပေးခဲ့အတွက်
Mobile 1 မိသားစုမှ အလွန်ပင်ကျေးဇူး တင်ရှိပါတယ်။

ရှေ့လမ်းခရီးတစ်လျှောက်မှာ အတူ ဖြတ်သန်းပြီး
ဆထပ်တပိုး အောင်မြင် ကြမယ်ဆိုတဲ့
ရည်ရွယ်ချက်တွေနဲ့ အတူ နောင်နှစ်များစွာအထိ
ရှေ့ဆက်ကြရအောင်လားရှင် ။

အတူတူကျန်းမာ အောင်မြင်လာဖို့ ရှေ့ဆက်ကြစို့
ဦးချစ် ရေ … ကျေးဇူးတင်ပါတယ်ရှင် ။

Phone Service အတွက် သင်တန်းကောင်းတစ်ခုကိုလိုအပ်နေပြီဆိုရင်တော့....?🚩 New Batch Starting Date : 11.09.2023 နည်းပညာပိုင်းက...
07/09/2023

Phone Service အတွက် သင်တန်းကောင်းတစ်ခုကိုလိုအပ်နေပြီဆိုရင်တော့....?

🚩 New Batch Starting Date : 11.09.2023

နည်းပညာပိုင်းကိုလည်း စိတ်ဝင်စားတယ်
ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Error တွေကို
ဖြေရှင်းရတာကိုလည်း ကြိုက်တယ်ဆိုရင်တော့
ဖုန်းဆားဗစ် သင်တန်းလေးတော့ တက်သင့်တာပေါ့

အဲဒီအတွက် သင်တန်းကောင်းတစ်ခုကို ရှာနေပြီဆိုရင်တော့
Mobile 1 Professional Phone Service and Training မှာ
September လ (11) ရက်နေ့မှာ စမယ့် တန်းခွဲအသစ်ရှိတယ်နော်။

📌 ဝါရင့်ဆရာတွေက စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးမှာဖြစ်ပြီး
📌 Computer အခြေခံ ကနေစကာ သင်ကြားပေးမှာပဲဖြစ်ပါတယ် ခင်ဗျာ။
📌 သင်တန်းကာလအားဖြင့် (3) လကြာမြင့်မှာဖြစ်ပြီး
📌 (2)လ စာသင်ကာ၊ ကျန်တစ်လက On Job training ဆင်းရမှာပဲဖြစ်ပါတယ်ခင်ဗျာ။
📌 On Job Training မှာဆိုရင် လက်တွေ့လုပ်ငန်းခွင်သာမက
📌 Customer များနဲ့ ဘယ်လိုပြောဆိုဆက်ဆံ ရမလဲဆိုတာအပြင်
📌 Customer များနဲ့ ပြောဆို ဆက်ဆံတဲ့အခါမှ အဆင်ပြေအောင် နေပုံထိုင်ပုံ၊ ဝတ်စားစဉ်ယဉ်ပုံကအစ သင်ယူရမှာပဲဖြစ်ပါတယ်။
📌 သင်တန်းပြီးဆုံးရင် စားမေးပွဲဖြေဆိုရမှာဖြစ်ပြီး၊ စာမေးပွဲအောင်မှသာ Certificate ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။
📌 သင်တန်းပြီးသွားရင်လည်း Life Time Free Data Sharing ရရှိဦးမှာနော်။
📌 နားမလည်တာရှိလျှင်လည်း သင်တန်းမှာ အချိန်မရွေးပြန်လည်လာရောက်လေ့လာလို့ရပါတယ်ခင်ဗျာ။

အဲဒါကြောင့် အနာဂတ်အတွက် စိတ်ပူစရာ မလိုရအောင်
ဝါရင့်ဆရာများဖြင့် သင်ကြားရမည့်အပြင်။
သင်တန်းကာလအတွင်းမှာသာမက၊
သင်တန်းကာလပြီးရင်တောင် ဆရာများဆီက ဂရုစိုက်မှုတွေ အပြည့်အဝရရှိမယ့်
Mobile 1 Professional Service and Training ရဲ့
တန်းခွဲအသစ်ကို အခုပဲလာရောက် Join လိုက်တော့နော်။
အော်... နောက်ပြီး လူဦးရေ အကန့်သန့်လေးလည်း ရှိတော့
အခုပဲ ဆက်သွယ်ပြီး စာရင်းပေးထားဖို့တော့ လိုမယ်နော်။

သင်တန်းတည်နေရာ
🏠 မိုဘိုင်းဝမ်း ဆားဗစ်စင်တာ
ကျောက္ကာလမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့

☎ Phone : 09795123435, 09795123502

Mobile 1 Professional Phone Service and Training မှ သင်တန်းပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။Phone Service Software နဲ့ Hardware...
26/06/2023

Mobile 1 Professional Phone Service and Training မှ သင်တန်းပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

Phone Service Software နဲ့ Hardware ကို အခြေခံကနေစတင်ပြီး သင်ကြားပေးနေတာပဲဖြစ်ပါတယ်။
ဒီသင်တန်းမှာဆိုရင်
📌 Computer Basic
📌 Software
📌 Hardware တို့အပြင်
📌 On Job Training တစ်လရော ရှိတာမို့လို့

Phone Service နဲ့ပတ်သတ်ပြီး စနစ်တကျနဲ့ တက်ရောက်ချင်တဲ့ သူတွေ တက်ရောက်သင့်တဲ့ သင်တန်းလေးပါခင်ဗျာ။ 😍

🏠 သင်တန်းတည်နေရာ🏠
မိုဘိုင်းဝမ်း ဆားဗစ်စင်တာ
ကျောက္ကာလမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့

☎ Phone : 09795123435, 09795123502





ဖုန်းတစ်လုံးရေဝင်ပြီဆိုလျှင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲ..?ရေဝင်ထားတဲ့ဖုန်းကို ဆန်အိုးထဲထည့်တာကရော မှန်ကန်ရဲ့လား....?...
22/06/2023

ဖုန်းတစ်လုံးရေဝင်ပြီဆိုလျှင် ဘာတွေဆောင်ပြီး ဘာတွေရှောင်ရမလဲ..?

ရေဝင်ထားတဲ့ဖုန်းကို ဆန်အိုးထဲထည့်တာကရော မှန်ကန်ရဲ့လား....? 🤔

❌ တကယ်တော့ ရေဝင်တဲ့ဖုန်းကို ဆန်အိုးထဲ ထည့်တာဟာမှန်ကန်တဲ့လုပ်ရပ် လုံးဝ လုံးဝမဟုတ်ပါဘူးနော်။ 🙅‍♂️

ဘာမှမလုပ်ဘဲထားရင်ရော ဘာတွေဖြစ်လာနိုင်လဲ...?

◆ ဖုန်းဟာ battery တပ်ပြီးအသုံးပြုရတဲ့ electric ပစ္စည်းတစ်ခုဖြစ်ပါတယ်။
◆ ရေဝင်ထားလျှင် shock ဖြစ်ပြီး circuit board ကိုပါ ဆားပေါက်စေနိုင်တယ်နော်။
◆ အဲဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ပြုပြင်ရခက်ခဲတာတွေ၊ လုံးဝပြုပြင်လို့မရတာတွေအထိပါဖြစ်နိုင်ပါတယ်။

ဒါဆိုရင် ဘာလုပ်သင့်လဲ။

✅ Battery ဖြုတ်လို့ရတဲ့ဖုန်းဆိုရင် ရေဝင်ပြီးလျှင်ပြီးချင်း Battery ဖြုတ်ထားပါ။
ပြီးလျှင် အတတ်နိုင်ဆုံး ရေခြောက်အောင်ပြုလုပ်ပါ။

✅ Battery ဖြုတ်လို့မရတဲ့ဖုန်းတွေဆိုရင် power အရင်ဆုံးပိတ်ပါ။
ပြီးရင် နီးစပ်ရာ phone service တွေမှာ ပြသသင့်ပါတယ်။

🚨 ဖုန်းပါဝါပွင့်နေလို့ ဆက်သုံးနေတာမျိုး
🚨 အားသွင်းကြိုးထိုးပြီး စမ်းကြည့်တာမျိုးတွေ လုံးဝမလုပ်သင့်ပါ။

Phone service ဆိုင်မသွားနိုင်လျှင် ဘာလုပ်ရမလဲ...?

✅ ပါဝါလာသေးတဲ့ဖုန်းဆိုရင် ပါဝါပိတ်ပြီး Hair Dryer (သို့) အပူပေးကိရိယာ တစ်ခုခုဖြင့် အပူပျော့ပျော့လေးပေးပြီး ရေငွေ့ခြောက်သွေ့အောင်ပြုလုပ်ပါ။
✅ ပြီးမှ ဖုန်းကို ပါဝါဖွင့်ပြီး အသုံးပြုပါ။
⚠ အတတ်နိုင်ဆုံး phone service ဆီသွားပြနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေပါတယ်ခင်ဗျာ။


သင်တန်းတည်နေရာ
🏠 မိုဘိုင်းဝမ်း ဆားဗစ်စင်တာ
ကျောက္ကာလမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့

☎ Phone : 09795123435, 09795123502

သင်တန်းသားတွေ အဆင်ပြေတာမြင်ရင်ပဲ ပိတီဖြစ်ရပါပြီ 👏Service သင်တန်း လာအပ်နှံ ကျတဲ့ တပည့်ကျော်တွေကပြောတယ်ကျွန်တော် တို့ရဲ့ S...
19/06/2023

သင်တန်းသားတွေ အဆင်ပြေတာမြင်ရင်ပဲ ပိတီဖြစ်ရပါပြီ 👏

Service သင်တန်း လာအပ်နှံ ကျတဲ့ တပည့်ကျော်တွေကပြောတယ်
ကျွန်တော် တို့ရဲ့ Service အသွားအလာက

Mobile 1 ရဲ့ ဝါရင့်ဆရာများကြောင့်
သင်ကြားမှုမှာ သေချာတိကျလို့ ပြင်ဆင်တဲ့အခါ စိတ်ချရ အောင် တိကျတယ်တဲ့ 👏
သင်ကြားပြီးနောက် တာဝန်ယူမှုကြောင့် ကျွန်တော်တို့လဲ တာဝန်ပိုယူတတ်လာတယ်တဲ့လေ။ 👏

ခုလို Review ပြန်ပေးကြတဲ့ သင်တန်းသားတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ 😍

-----------------------------------------

သင်တန်းတည်နေရာ
🏠 မိုဘိုင်းဝမ်း ဆားဗစ်စင်တာ
ကျောက္ကာလမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့

☎ Phone : 09795123435, 09795123502

၇ နှစ်တာ ရေရှည် Technic တွေနဲ့ ဝါရင့်ဆရာ များနဲ့Mobile 1 မှ Phone Service သင်တန်းကျောင်း ကိုဝါသနာထုံရင် ပုံလေးတွေနဲ့အတူ ...
13/06/2023

၇ နှစ်တာ ရေရှည် Technic တွေနဲ့ ဝါရင့်ဆရာ များနဲ့
Mobile 1 မှ Phone Service သင်တန်းကျောင်း ကို
ဝါသနာထုံရင် ပုံလေးတွေနဲ့အတူ လေ့လာလိုက်ရအောင်နော်။

📌 အသေးစိတ်ကို Page Message မှာ မေးမြန်းနိုင်သလို

📞 ဖုန်းနံပါတ် - 09795123435, 09795123502 ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

🏠 သင်တန်းလိပ်စာ - မိုဘိုင်းဝမ်း ဆားဗစ်စင်တာ
ကျောက္ကာလမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့

6 * 3 လီ 18ဒီလ တန်းခွဲ အသစ်ကို 10 လပိုင်း 18 ရက်နေ့အထိ ရွှေ့ဆိုင်းပါတယ်ခင်ဗျာ 😁😁ဘာကြောင့် ရွှေ့လဲ မမေးပါနဲ့ မင်မင်တို့ရဲ...
03/10/2022

6 * 3 လီ 18
ဒီလ တန်းခွဲ အသစ်ကို 10 လပိုင်း 18 ရက်နေ့အထိ ရွှေ့ဆိုင်းပါတယ်ခင်ဗျာ 😁😁
ဘာကြောင့် ရွှေ့လဲ မမေးပါနဲ့
မင်မင်တို့ရဲ့ဂိုဏ်းချုပ်ကြီးက ခုထိ လောင်နေတုန်းမို့ပါ 😖😖😖
သင်တန်းအပ်နှံထားသော ညီလေးတို့ရေ နှစ်ပတ်လောက်တော့ အိမ်မှာ ဂိမ်းဆော့ရင်းစောင့်ပေးပါဦးနော် 😐😐😐

Mobile1Service Basic Training
18.10.2022
new batch

အရေးပေါ် Facebook ပြဿနာFacebook ကနေပြီး ယခုရက်ပိုင်းမှ စတင်၍ Security Tools တစ်ခုဖြစ်တဲ့ Ai ချို့ယွင်းမှုကြောင့် Account...
16/09/2022

အရေးပေါ် Facebook ပြဿနာ

Facebook ကနေပြီး ယခုရက်ပိုင်းမှ စတင်၍ Security Tools တစ်ခုဖြစ်တဲ့ Ai ချို့ယွင်းမှုကြောင့် Account တွေ lock ကျတာတွေအများကြီးဖြစ်လာကြပါတယ်။

လူကြီးမင်းတို့အနေဖြင့် ယခုနောက်ပိုင်း မိမိတို့ရဲ့ facebook account တွေကို ဝင်လိုက်ထွက်လိုက်လုပ်ခြင်း၊ Log out ပြုလုပ်ခြင်းများမပြုလုပ်ကြပါရန်သတိပေးအပ်ပါတယ်ခင်ဗျာ။

Lockကျသွာပြီဆိုတာနဲ့ ID တောင်းလာမှာပါ...မိမိဘာသာပြန်ဆယ်တဲ့နေရာမှာလည်း Fb ကတောင်းတဲ့ ID card နဲ့ မိမိ account မှာပေးထားတဲ့ နာမည်နဲ့ မွေးနေ့တွေကအစအားလုံးတူညီရပါမယ်ခင်ဗျာ။ အကယ်၍မတူညီခဲ့ပဲ အမှားတစ်ခုခုပါဝင်သွားခဲ့လျှင် account အပြီးပိတ်ခံနိုင်ရပါတယ်ခင်ဗျာ။

နောက်တစ်ခုက Fb Team က Work from home ဖြစ်သွားတာကြောင့် Lock ကျတဲ့ account တွေကိုလူကိုယ်တိုင်ပြန်မစစ်ပေးတော့ပဲ Ai နည်းပညာကနေပဲစစ်ပေးသွားမှာဖြစ်တဲ့အတွက် အမှားပါသွားခဲ့ရင် Facebook account လုံးဝပျက်သွားနိုင်တဲ့ အတွက် အားလုံးပဲ ဂရုစိုက်ကြဖို့ ပြောကြားလိုပါတယ်ခင်ဗျာ။

နောက်ပိုင်းကျလျှင်လည်း မြန်မာနိုင်ငံကလူတွေအနေနဲ့ လူတစ်ဦးလျှင် Fb တစ်ခုနှုန်း၊ Page တစ်ခုနှုန်းပဲသုံးစွဲခွင့်ပြုမယ်၊ Fb acc တွေကိုလည်း IDတင်ထားမှလက်ခံတော့မယ်၊ ဒါ့ကြောင့် အရင်လို report ထုတိုင်းမပျက်တော့ပဲ mailပို့လာပြီး 24နာရီအတွင်းဖြေရှင်းခွင့်ပေးမည်၊ မဖြေရှင်းပေးနိုင်မှ ဖျက်ချမည်ဖြစ်ကြောင်းလည်း ကြားသိထားရပါတယ်ခင်ဗျာ။

Mobile1 Page Messenger Link 👇
http://m.me/mobile1monywa

Mobile1 Viber Link 👇
https://bit.ly/mobile1viber

Mobile1 Telegram Link 👇
https://t.me/mobile1monywa

💥ဖုန်းအရစ်ကျ ဝယ်ယူလိုသူများလည်း
Mobile1 ဆိုင်များတွင် လာရောက်လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလိုပါက page message box တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ💥

မိုဘိုင်းဝမ်း ဆိုင် ၁
ဗိုလ်ချုပ်လမ်း အလယ်ရပ် မုံရွာမြို
(ယာယီပိတ်ထားပါသည်။)

မိုဘိုင်းဝမ်း ဆိုင် ၂
ကျောက်ကာလမ်း ရန်ကင်းရပ် မုံရွာမြို
09795123500

မိုဘိုင်းဝမ်း ဆိုင် ၃
ဗိုလ်ချုပ်လမ်း မြိုသစ်ရပ် မုံရွာမြို 09795123505

#မိုဘိုင်းဝမ်း

Address

Kyaukka Road
Monywa
50301

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 17:00
Friday 08:00 - 21:00
Saturday 08:00 - 21:00

Telephone

+959773550500

Alerts

Be the first to know and let us send you an email when Mobile 1- Professional Phone Service and Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mobile 1- Professional Phone Service and Training:

Shortcuts

Share

Category