Yume Japanese Language

Yume Japanese Language Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yume Japanese Language, Education, Monywa.

01/05/2024

🏮 အထာကျကျ နိဟွန်းလို ပြောနိုင်ဖို့ 🏮
🇯🇵 Japanese Speaking Classes 🇯🇵
•••••••••••••••••••••••••••

ဂျပန်ပြည်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတဲ့ နေရာက ပါဝင်တဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ Speaking Skill ကို Study with me II ရဲ့ အရည်အချင်းပြည့် ဆရာ၊ ဆရာမတွေ၊ ဖော်ရွေတဲ့ အတန်းဖော်တွေနဲ့အတူတူ ဖြည့်လိုက်ပါ။ 🤩

Japanese နဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ ယုံကြည်မှု၊ အားကိုးမှုနဲ့ စိတ်ချရမှုကို အပြည့်အဝရထားတဲ့ Study with me II မှာ Speaking Class တွေ အခု ထပ်မံဖွင့်လှစ်လိုက်ပါပြီနော်။ 🥳

ဒီအတန်းလေးကတော့ (၃) လပဲ ကြာမြင့်မှာဖြစ်ပြီး Specialized Lessons တွေနဲ့အတူတူ အားလုံးပျော်ပျော်ပါးပါး သင်ယူနိုင်အောင် ပြင်ဆင်ထားတာမို့ ပျင်းစရာကောင်းမှာတော့ စိုးရိမ်စရာမလိုပါဘူး။ 😎
•••••••••••••••••••••••••••

◼️ ဘယ်လိုလူတွေ တက်သင့်လဲဆိုရင် ဂျပန်စာ အခြေခံနားလည်ထားပြီး ကိုယ့်ရဲ့ Speaking Skill ကို အဆင့်မြှင့်ချင်တဲ့ သူတွေအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ 💁‍♀️

◼️ နှုတ်ဆက်စကားပြောတာ၊ အားလပ်ရက်တွေအကြောင်း ပြောတာ၊ မိတ်ဆက်ပေးတာ၊ အလည်အပတ်ခေါ်တာ စတဲ့ နေ့စဉ်အသုံးပြုရတဲ့ အခြေခံ Conversation လေးတွေကိုမှ 🗣️

◼️ သက်ဆိုင်ရာ Level အလိုက် လေ့လာနိုင်အောင် ပြင်ဆင်ပေးထားပြီးတော့ 📂

◼️ ဂျပန်နိုင်ငံထောက်ခံချက်ရထားတဲ့ Marugoto စာအုပ်နဲ့ သင်ကြားပေးသွားမှာပါနော် 📚

◼️ Recording လည်း ပေးသွားမှာဖြစ်လို့ ပြန်လေ့လာချင်သူတွေလည်း အဆင်ပြေဦးမယ့်အပြင်

◼️ သင်တန်းပြီးဆုံးသွားတဲ့အခါ Certificate လည်း ထိုက်ထိုက်တန်တန် ပေးအပ်ဦးမှာဖြစ်လို့

‼️ စိတ်ဝင်စားတယ်ဆိုရင်တော့ လူမပြည့်ခင် မြန်မြန်စာရင်းသွင်းဖို့ဝောာ့ လိုပါမယ် 🤫 ‼️
•••••••••••••••••••••••••••

ဪ.. ဒါနဲ့ အချိန်စာရင်းနဲ့ သင်တန်းကြေးကရော။ 🤔

🇯🇵 Speaking Class for A1 🇯🇵

📌Start in 8.5.2024
🗓️Days- Wednesday & Thursday
⏰Time- 8:00 to 9:00 PM
🌟 Duration- 3 months
💻 Platform- Zoom
💸Fees- 15,000 mmk (for 3 months)
*(A1 class လေးကို N5 တက်နေဆဲသူနဲ့ N5 ပြီးဆုံးထားတဲ့သူများ တက်ရောက်နိုင်ပါတယ်)*
•••••••••••••••••••••••••••

ဒါကြောင့် ဂျပန်မသွားခင် ဂျပန်လို လည်လည်ပတ်ပတ် ပြောနိုင်တဲ့အထိ များများနာနာ လေ့ကျင့်ချင်တယ်ဆိုရင်တော့ yume ဆီကိုပဲ လှမ်းလာလိုက်တော့နော်။ 😉

学生 : သင်္ကြန်ပြီးမှ JLPT အတွက် စာစလုပ်လို့ရလား sensei❓先生 : စကားတွေ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ ပုံကိုသာကြည့်👇
10/04/2024

学生 : သင်္ကြန်ပြီးမှ JLPT အတွက် စာစလုပ်လို့ရလား sensei❓

先生 : စကားတွေ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ ပုံကိုသာကြည့်👇



Basic+N5 class ကအချောလေးများ🩷
08/04/2024

Basic+N5 class ကအချောလေးများ🩷

အသုံး၀င်တဲ့စာလုံးတွေပါနေ့စဉ်စကားပြောထဲမှာလဲမပါမဖြစ်ပါတဲ့ kotobaလေးတွေ‌ဆိုတော့ မကျက်ဖစ်ရင်တောင်မှ သိထားရင်ပိုကောင်းပါတယ်ရ...
06/04/2024

အသုံး၀င်တဲ့စာလုံးတွေပါ
နေ့စဉ်စကားပြောထဲမှာလဲမပါမဖြစ်ပါတဲ့ kotobaလေးတွေ‌ဆိုတော့ မကျက်ဖစ်ရင်တောင်မှ သိထားရင်ပိုကောင်းပါတယ်ရှငိ့🌺🍀

N5 kanjiအကုန်----------------------山 (တောင်)လို မားမားမတ်မတ် မင်းကိုကာကွယ်မယ်川 (မြစ်)ရေလို အချစ်တွေတသွင်သွင်စီးဆင်နေမယ်田...
03/04/2024

N5 kanjiအကုန်
----------------------

山 (တောင်)လို မားမားမတ်မတ် မင်းကိုကာကွယ်မယ်
川 (မြစ်)ရေလို အချစ်တွေတသွင်သွင်စီးဆင်နေမယ်
田 (လယ်ကွင်း)ကြီးလို ကုသိုလ်ကောင်းမှု မျိးစေ့တွေအတူစိုက်ပျိုးမယ်
日(နေ့)ရက်တိုင်းချစ်တယ်
月(လမင်း)လေးလို အေးမြမှုတွေအမြဲပေးမယ်
火(မီး)မပူစေရဘူး ကိုယ်ကိုယ်တိုင်ချက်ကျွေးမယ်
水 (ရေ)ခပ်တာ ကိုယ့်တာဝန် ရေချိုးမှာမင်းတာဝန်
木(သစ်)အောက်မှာ ဒါန်းလေးလေးစီးမလား လွှဲပေးမယ်လေ
金 (ပိုက်ဆံ)အတွက်မပူနဲ့ ကိုယ် ခိုးကျွေးမယ်
土(မြေ)လို မိုးလို ချစ်တယ်ဆိုတာယုံမလား
一 (တစ်)ယောက်တည်းသောသူကမင်းပဲ😆
二(နှစ်)ယောက်ဆိုတာမရှိဘူး မင်းမှမင်းပဲ
三(သုံး)နှစ်သုံးမိုးစောင့်ရမယ်ဆိုလဲရပါတယ်
四( လေး)သင်္ချေတိုင်တိုင် မင်းအနားမှာပဲရှိနေပါရစေ
五(ငါး)ဆိုတာ မင်းနဲ့စတွေ့ရတဲ့ ကံကောင်းခြင်းလက်ဆောင်မွန်goenပေါ့
六(ခြောက်)နှစ်တောင်ရှိနေပါပြီ မင်းကိုကြွေနေတာ ဒါမဲ့ ခုထိမင်းမသိရှာ
七 (ခုနှစ်)လပ်ကီးဆိုရင် မင်းက ကိုရဲ့ ခုနှစ်လေးဖြစ်ပေးလို့ရမလား
八(ရှစ်)တာနဲ့ချစ်တာနဲ့ မပီသတာလေးက ချစ်စရာ
九(ကိုး)နဝင်း မိုးမလင်း တစ်အာတာဖြစ်နေပါပြီ အသဲကွဲလို့သောက်နေတာ
十(တစ်ဆယ်) မင်းကိုချစ်တာ ၁၀%အပြည့်ပါ
百 (တစ်ရာ)မှာ တစ်ယောက် မင်းလေးအလှတွေက ကိုယ့်ဘွတွက်ဟိုးထွဋ်ခေါင်ရောက်နေပါပြီ
千 (တစ်ထောင်)ငါးရာ မင်းအတွက်ပါ
万 (တစ်သောင်း)တန်လေးတစ်ရွက်ကစလို့ ဖုန်းဘေလ်တောင်မထည့်ပဲ မင်းအတွက်စုနေပါပြီ
円(ယာန်း)ငွေမကိုင်နိုင်တဲ့ ကိုယ့်ဘွကြီးထဲ မင်းမလာချင်စမ်းပါနဲ့ကွာ
年 (နှစ်)တွေအလီလီပြောင်းပေမယ့် အချစ်တွေကမပြောင်းဘူး ခင်
上 (အပေါ်)ကပြောတယ်တော့မထင်ပါနဲ့ ကိုယ်တစ်ယောက်ထဲကိုပဲ ချစ်ပေးနိုင်မလား
下(အောက်)ကြို့ခံပြီးပြောနေတာပါ ချစ်တယ်လို့ တစ်ခါလောက်ပြန်ပြောပေးပါလား
中(အတွင်း)ထဲမှာ မင်းအကြောင်းရာတွေကြီးပဲနေရာပေးထားတယ်
半 (တစ်ဝက်)
分(ခွဲဝေ)ပြီးတော့ကို တခြားအကြောင်းအရာတွေ နေရာမပေးနိုင်တာ နားလည်ပေးပါ
人(လူ)ဆိုတာ
子 (ကလေး)မှာလဲ အသဲနှလုံးရှိပါတယ်
女(မိန်းကလေး)တစ်ယောက်အလှဟာ
男 (ယောက်ျား)လေးတွေကိုစွဲဆောင်နိုင်တာဘာတွေလဲဆိုတော့
目 မ္ကၥိ
口 ပါစပ်
耳 နား
手လက်
足ခြေထောက် အကုန်အစဆုံးပါပဲ အဲတာတွေကသာ ဆွဲဆောင်မှုရှိနေလျှင်
力(ခွန်အား)တွေ အလိုလိုပြည့်လာတော့တာပါပဲ
父 (အဖေ)နဲ့
母 (အေမ)ကို
先(အရင်ဦးစွာ)ပြောထားချင်တာက
生(မွေးဖွား)လာခဲ့တဲ့ ကျွန်တော်ဟာ
学(လေ့လာ)ဖို့မဟုတ်သလို
校(ကျောင်း)တက်ဖို့လဲမဟုတ်
友(သူငယ်)တွေနဲ့ လျှောက်လည်မယ်
本(စာအုပ်)တော့ မဖတ်ခိုင်းနဲ့နော်
毎(နေ့တိုင်း)
何(ဘာ)တွေ တွေးနေသလဲဆိုရင်
前(ရှေ့)ကကြည့်လည်းယဉ်တယ်
後 (နောက်)ကကြည့်လည်းယဉ် ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူလေးတွေအကြောင်းစဉ်းစားနေတာပါ
外 (အပြင်)ထွက်တဲ့အခါ
左 ဘယ်
右ညာ ဘယ်ညာ လမ်းလေးလျှောက် မတ်တပ်ရပ်ခါ ခါးလေးထောက် ပြီး လှနေတဲ့
東(အရှေ့)ဘက်ရွာက ထွေးခင်
西 (အနောက်)ဘက် ရွာက စာဥ
南 (တောင်)ဘက်ရွာက အစွာတစုနဲ့
北 (မြောက်)ဘက်ရွာက အချောတသိုက်
名(နာမည်)ကြီးတဲ့သူတွေကိုပဲ ရွေးလိုက်နေရတာ
牛 (နွား)နဲ့
馬 (မြင်း)လေးကိုရောင်းထားတဲ့ ပိုက်ဆံတွေလဲကုန် သူတို့စားသမျှတွေရှင်းပေးရလို့လေ
魚 (ငါး)ကင်ကလည်းကြိုက်
貝 (ခရု)တောင်အဆစ်ပါသေး
雨(မိုး)ရွာနေပါပြီ ရင်ဘတ်ထဲမှာ
天 (ကောင်ကင်)ကြီး မသာယာနိုင်တော့ဘူ
気(စိတ်)ခံစားချက်တွေက
車(ကား)ကြီးကို အရှိန်နဲ့မောင်းနှင်ပြီး
門(ဂိတ်)ဝကိုသာ ဝင်တိုက်လိုက်ချင်ပါတော့တယ်
午(မွန်းလွဲပိုင်း)ရောက်လာပြီလားဆိုရင် ကြားရပါပြီ
大ကြီးကြီးလား
小 သေးသေးလေးပဲလား
高 စျေးကြီးတာကိုယူမလား
安စျေးနည်းတာကိုယူမလား
新အသစ်တွေကော
古အဟောင်းတွေကော
長ရှည်လျှာ သွယ်မြနေတဲ့ ညီမတို့အတွက် အိကျီ င်္တွေရမယ်တဲ့
多များပြားသော သူတွေ နားငြီးလို့ဝယ်မယ်ဆို စျေးဆင်းမေးတော့
少 နဲနဲ စျေးကြီးနေလို့
早မြန်မြန် ငါတို့ အိမ်ရှေ့က ထွက်သွားဆို အော်လွှတ်လိုက်တယ်
行 (သွား)ရင်လဲ သူ့ကိုသတိရ
来 (လာ)ရင်လဲ သူ့ကိုသတိရ
食(စား)နေရင်တော့ သတိမရရဲဘူး တအားအစားကြီးလို့
見( ကြည့်)နေတုန်းမှာပဲ အိမ်အပေါက်ဝမှာ
入 (ဝင်)လိုက်
出(ထွက်)လိုက်
立 (မတ်တတ်ရပ်)ပြီး
書(ရေး)ထားတဲ့ စာအိပ်လေးကိုကိုင်ပြီး
言 (ပြော)တဲ့ စကားလေးက sayoonaraတဲ့ဗျာ
飲(သောက်)တော့တာပေါ့ sayoonaraဆိုမှတော့
話(စကား)ပြောချင်သေးတယ် သူမရဲ့ မခို့တရို့အပြုံးလေးတွေကိုကြည့်ရင်း
読(စာဖတ်)ပြတာတွေ နားထောင်ချင်သေးတယ်
語 (ဘာသာစကား)တွေ အတူလေ့လာချင်သေးတယ်
間 (ကြား)ထဲကို ဝင်ယောက် အောက်သွယ်ပေးမည့်သူ မရှိတော့ဘူလားလို့
聞 (မေး)ချင်ပါတယ်
買(ဝယ်)ထားတဲ့ မုန့်တွေအကုန်ကျွေးမယ်ဗျာ
休(အနားယူ)လိုက်အုံးမယ်နော်
今အခုတော့
社 နတ်ကွင်းမှာ
会 တွေ့ဆုံနိုင်ဖို့ ဆုတွေတောင်းတာ
時 (နာရီ)အချိန်တိုင်းပါပဲ
週(ရက်သတ္တပတ်)ခန့်ကြာပြီးသည့်နောက်
駅(ဘူတာ)အရှေ့က
店(စျေးဆိုင်)လေးရှိတဲ့
道(လမ်း)မပေါ်မှာ
国(တိုင်ပြည်)ကိုပြန်လာခဲ့တဲ့ သူမဟာ
白 (အဖြူ)ရောင်
空(ကောင်ကင်)ကြီးအောက်မှာ အရမ်းလှပနေတော့
花 (ပန်း)စီးလေးပေးမယ်ဆိုပြီး သူမစီကို အပြေး
電(လျှပ်)စီး ဖြတ်ခနဲ လင်းလက်လာပြီး ဒိန်းဆို မိုးကြိုးပြစ်သံကြားလိုက်မှ
夢(အိပ်မက်)မှ နှိုးထလာခဲ့တယ်။

Crd

အမြဲအနားနားမှာရှိနေတဲ့ အိမ်ထောင်ပစ္စည်း ... ပရိဘောဂလေးတွေ ရဲ့ဝေါဟာရလေးတွေပါ ... 🥰
02/04/2024

အမြဲအနားနားမှာရှိနေတဲ့ အိမ်ထောင်ပစ္စည်း ... ပရိဘောဂလေးတွေ ရဲ့ဝေါဟာရလေးတွေပါ ... 🥰

ကိုယ့်နာမည်ကိုဂျပန်လိုပေါင်းချင်တယ်ဆိုရင် -https://japanga.com/name-converter(၁) ဖော်ပြထားတဲ့ Link လေးကိုနှိပ် (၂) မြန်မ...
29/03/2024

ကိုယ့်နာမည်ကိုဂျပန်လိုပေါင်းချင်တယ်ဆိုရင် -

https://japanga.com/name-converter

(၁) ဖော်ပြထားတဲ့ Link လေးကိုနှိပ်
(၂) မြန်မာနာမည်ကို English လိုရိုက်ထည့်

ဒါဆိုရင်တော့ ဂျပန်လိုမိမိနာမည်လေးကိုတွေ့မြင်နိုင်ပါပြီ။

19/03/2024

ရွှေဂဏန်း 🦀✨
[ 金のかに ]
#ပညာဒါန

12/03/2024

မြွေကလေး Shidoko 💚✨
[ へびの子しどこ ]
#ပညာဒါန

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Yume Japanese Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yume Japanese Language:

Shortcuts

Share

Category