KLC korea learning center

Call Directions

KLC korea learning center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KLC korea learning center, Community College, Monywa.

မနေ့က(၆.၁၀.၂၀၂၆) လေယာဉ်တက်ကြတဲ့ ၁-ကိုသီဟဇော်၂-ကိုအောင်ချစ်သူရေ အစစ အဆင်ပြေပါစေရှင့်🥰နေ့ရက်တိုင်းကို ကျန်းကျန်းမာမာနဲ့ဘေး...
06/10/2026

မနေ့က(၆.၁၀.၂၀၂၆) လေယာဉ်တက်ကြတဲ့
၁-ကိုသီဟဇော်
၂-ကိုအောင်ချစ်သူရေ အစစ အဆင်ပြေပါစေရှင့်🥰နေ့ရက်တိုင်းကို ကျန်းကျန်းမာမာနဲ့ဘေးအန္တရာယ်ကင်းကင်း ဖြတ်ကျော်နိုင်ပါစေ ပတ်ဝန်းကျင်ကောင်း အလုပ်နေရာကောင်း အလုပ်ရှင်ကောင်းနဲ့ တွေ့ပါစေ နော်🥰 ရာသီအကူးပြောင်းကာလမို့ ကျန်းမာရေး အထူးဂရုစိုက်ကြပါနော်💪

06/10/2026

🥶မနက် (1)°Cကျော်ပဲရှိတော့တဲ့ ဆောင်းဦးရဲ့ ပထမဆုံး အအေးလှိုင်း စတင်...မနက်နဲ့ နေ့ခင်းအပူချိန် ကွာခြားချက် သတိပြုရန်လို...

🥶ဒီနေ့ အောက်တိုဘာ (၆)ရက် အလုပ်ပြန်ဆင်းရတဲ့ မနက်ခင်းမှာ အေးမြတဲ့လေပြင်းတွေ တိုက်ခတ်နေတဲ့အတွက် အပြင်ထွက်တဲ့အခါ အပေါ်ဝတ်အင်္ကျီထူထူဝတ်ပြီး ထွက်ကြဖို့ လိုပါတယ်။

🥶မြောက်ဘက်ကနေ အေးတဲ့လေထု ဝင်ရောက်လာတာကြောင့် မနေ့ညက ဂန်ဝန်ပြည်နယ် (Pyeongchang-평창)နဲ့ ထယ်ဘက်(Taebaek-태백)မှာ ဒီဆောင်းဦးရာသီအတွက် ပထမဆုံး အအေးလွန်ကဲမှု သတိပေးချက်(한파주의보) ထုတ်ပြန်ခဲ့ပါတယ်။

🥶ဒီနေ့မနက် ဒယ်ဂွမ်းလယောင်း(Daegwallyeong-대관령)မှာ (1.7)°C၊ ထယ်ဘက်မှာ (4.7)°Cအထိ ကျဆင်းပြီး မနေ့က မနက်ထက် အပူချိန် (၁၀)ဒီဂရီနီးပါး လျော့ကျသွားပါတယ်။

🥶အထူးသဖြင့် ဂန်ဝန်ပြည်နယ်အတွင်းပိုင်းနဲ့ ဂယောင်းဘု့ပြည်နယ် အရှေ့မြောက်တောင်တန်းဒေသတွေမှာ စိုက်ပျိုးသီးနှံတွေ အအေးဒဏ်ကြောင့် ပျက်စီးနိုင်တာကြောင့် တောင်သူတွေ အထူးသတိထားဖို့ လိုပါတယ်။

🥶ဆိုးလ်အပါအဝင် ကိုရီးယားနိုင်ငံရဲ့ ဒေသအများစုမှာ မနက်ပိုင်းအပူချိန် (5~10)°Cဝန်းကျင်အထိ အေးနေပြီး မနက်အလုပ်သွားသူတွေအနေနဲ့ အအေးဒဏ်ကို သတိထားသင့်ပါတယ်။

🥶ဒါပေမယ့် နေ့လယ်ပိုင်းမှာ အပူချိန်က (20)°Cဝန်းကျငအထိ ပြန်တက်လာနိုင်တာကြောင့် မနက်နဲ့ နေ့လယ်အကြား အပူချိန်ကွာခြားချက်က (15)°Cခန့်အထိ ရှိနိုင်ပါတယ်။

🥶ဒီနေ့မနက်ပိုင်းအထိ လေပြင်းတွေ ဆက်တိုက်နိုင်ပေမယ့် တစ်နိုင်ငံလုံးမှာ မိုးကောင်းကင်အများအားဖြင့် ကြည်လင်နေမယ်လို့ ခန့်မှန်းထားတာကြောင့် မနက်ပိုင်းအေးပြီး နေ့လယ်ပူတဲ့ ရာသီဥတုကို သတိထားကြနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

#ကိုရီးယားသတင်း #ကိုရီးယားရာသီဥတု #ကိုရီးယားနိုင်ငံ #한파주의보 #한국날씨

ရင်နာစရာသတင်းတွေ မတွေ့ချင် မမြင်ချင်ဘူး 😔လူတိုင်း ဘေးအန္တရာယ်ကင်းပြီး အစစ အဆင်ပြေနေတာဘဲ ကြားရ တွေ့ရပါလို​၏🙏🙏🙏
06/10/2026

ရင်နာစရာသတင်းတွေ မတွေ့ချင် မမြင်ချင်ဘူး 😔လူတိုင်း ဘေးအန္တရာယ်ကင်းပြီး အစစ အဆင်ပြေနေတာဘဲ ကြားရ တွေ့ရပါလို​၏🙏🙏🙏

🥀အိမ်ပြန်ဖို့ (၁၀)ရက်ပဲကျန်တော့ချိန်၊မိသားစုအတွက် လက်ဆောင်ထုပ်ပြီးသားပေမယ့် အိမ်မပြန်နိုင်ခဲ့ရှာဘူး...

🥀တောင်ကိုရီးယားနိုင်ငံ ဂျောင်းနာမ်း(전남)ဒေသရှိ ဝက်မွေးမြူရေးခြံတစ်ခုမှာ အလုပ်လုပ်နေသော အသက် (၂၀)ကျော်အရွယ် နိုင်ငံခြားသားအမျိုးသားတစ်ဦးဟာ (၂၀၂၆)ခုနှစ် အောက်တိုဘာ (၄)ရက် မနက် (၇)နာရီခန့်မှာ အလုပ်သမားအဆောင်အတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

🥀အလုပ်ချိန်ကျော်လွန်သွားသော်လည်း အလုပ်လာမလုပ်တဲ့အတွက် မန်နေဂျာက အဆောင်ကို သွားရောက်ကြည့်ရှုရာမှ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

🥀အဲဒီနေ့က သူ့ရဲ့ ဗီဇာသက်တမ်းမှာ အောက်တိုဘာ (၁၄)ရက်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် မိခင်နိုင်ငံသို့ ပြန်ရန် (၁၀)ရက်ခန့်တာ ကျန်တော့တဲ့အချိန် ဖြစ်ပါတယ်။

🥀ပိုမိုဝမ်းနည်းစရာကောင်းတာက အခန်းထဲမှာ မိသားစုထံပြန်ယူသွားရန် ကြိုတင်ထုပ်ပိုးထားသော လက်ဆောင်ထုပ်များကို တွေ့ရှိခဲ့တာဖြစ်ပြီး အိမ်ပြန်ရောက်အောင်ပင် မစောင့်နိုင်ခဲ့ရှာပါဘူး။

🥀မိသားစုကို တွေ့ပြီး လက်ဆောင်ပေးဖို့ မျှော်လင့်ထားခဲ့မယ်ထင်ရတဲ့ လူငယ်တစ်ဦးရဲ့ ဘဝဟာ ရုတ်တရက်ဆုံးရှုံးသွားခဲ့တာကြောင့် အလွန်ဝမ်းနည်းစရာဖြစ်ပြီး ကွယ်လွန်သူအတွက် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

🙏သတင်းမှာ ဘယ်နိုင်ငံသားစတဲ့အချက်အလက်အတိအကျ ဖော်ပြမထားပါဘူး...

#ကိုရီးယားသတင်း #ကိုရီးယားရောက်မြန်မာများ #အလုပ်သမားများ #နိုင်ငံခြားသားအလုပ်သမား #မိသားစု #ဝမ်းနည်းစရာသတင်း

05/10/2026
🍀ကိုရီယားစာကို အခြေခံကျကျ လေ့လာလိုသူများ၊Online class  ထက် အပြင်မှာဆရာနဲ့ တပတ်၅ရက် တိုက်ရိုက်သင်လိုသူများအတွက်  ၁၀လပိုင်...
03/10/2026

🍀ကိုရီယားစာကို အခြေခံကျကျ လေ့လာလိုသူများ၊Online class ထက် အပြင်မှာဆရာနဲ့ တပတ်၅ရက် တိုက်ရိုက်သင်လိုသူများအတွက် ၁၀လပိုင်း အတွက် တန်းခွဲသစ်လေး ရှိပါတယ် နော်🍀
🔷EPS နဲ့သွားဖို့ပြင်ဆင်မလား ၊
🔷Level တန်း တက်ပြီး ပညာသင်သွားကြမလား ကြို ပြင်ဆင်ကြမလား
(EPSနဲ့ Level တန်းကို အခြေခံကတော့ အတူတူသင်ပါတယ်)
💠သင်တန်းစမည့်ရက် -၁၅-၁၀-၂၀၂၆
💠သင်တန်းအပ်လက်ခံမည့်ရက် 💠၃-၁၀-၂၀၂၆ မှ ၁၂-၁၀-၂၀၂၆ထိ ( ကဲ ခု ချက်ချင်းဘဲ အပ်လိုကိကြစို့🥰)
💠သင်တန်းချိန် ၉:၀၀ မှ ၁၁:၀၀နာရီထိ
💠သင်တန်းရက် တနင်္လာမှ သောကြာ အထိ
💢EPSသင်တန်းကြေး-၆သိန်း(၃ရစ်ခွဲ သွင်းနိုင်ပါသည်)💢
(EPS အတွက် သင်တန်းကြေးထဲမှာ အခြေခံစာအုပ်တအုပ်၊သင်ရိုးစာအုပ် ၂အုပ်နဲ့ SKILL TESTအတွက် ပါပြီးသားပါရှင်)
🔺🔺🔺၁၁လပိုင်းမှာ မေးခွန်းတန်း ရှိပါမယ်

🌸Levelတန်း အတွက် သင်တန်းကြေး တလ ၆၀၀၀၀ (စာအုပ်ဖိုး သီးသန့်သွင်းရပါ
မည်)

03/10/2026
02/10/2026
💥မနေ့က (၂၉.၉.၂၀၂၆)လေယာဉ်တက်သွားတဲ့ ကိုဟိန်းထက်အောင်ရေ ✨အစစအရာရာ အဆင်ပြေပါစေ အလုပ်ရှင်ကောင်း အလုပ်နေရာကောင်းနဲ့ လုပ်ခလစာက...
30/09/2026

💥မနေ့က (၂၉.၉.၂၀၂၆)လေယာဉ်တက်သွားတဲ့ ကိုဟိန်းထက်အောင်ရေ
✨အစစအရာရာ အဆင်ပြေပါစေ အလုပ်ရှင်ကောင်း အလုပ်နေရာကောင်းနဲ့ လုပ်ခလစာကောင်း ပတ်ဝန်းကျင်ကောင်းကို ရပါစေ နေ့ရက်တိုင်းကို အန္တရာယ်ကင်းဘေးရှင်းစွာ ဖြတ်ကျော်နိုင်ပါစေ 🙏ရာသီအကူးပြောင်းမို့ ကျန်းမာရေး အထူးဂရုစိုက်ပါနော်🥰

29/09/2026

The official portal for studying in Korea, operated by the Korean government. Information on studying in Korea, universities (language institutes), immigration procedures, student life, employment, and consultation.

29/09/2026

🚨အလုပ်သွားတဲ့ ဘတ်စ်ကားပေါ် (၄၅)ဦး ဖမ်းဆီးခံရ...

🚨ဂုန်းဆန်း(군산)မှာ အလုပ်သွားတဲ့ ဘတ်စ်ကားပေါ် (၄၅)ဦး ဖမ်းဆီးခံရပြီး အဖမ်းခံရသူအများစုဟာ D-2၊ D-4၊ D-10ဗီဇာ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

🚨ကိုရီးယားမှာ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်နေသူတွေအနေနဲ့ ကိုယ့်ရဲ့ဗီဇာအမျိုးအစားနဲ့ အလုပ်လုပ်ခွင့်စည်းမျဉ်းတွေကို သေချာစစ်ဆေးထားဖို့ အရေးကြီးပါတယ်။

🚨အလုပ်လုပ်ခွင့်မရှိတဲ့နေရာမှာ အလုပ်လုပ်ခြင်း၊ ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ခြင်းတွေက နေထိုင်ခွင့်နဲ့ နောက်ပိုင်းဗီဇာကိစ္စတွေမှာ ပြဿနာဖြစ်စေနိုင်ပါတယ်။

🚨ဒါကြောင့် ကိုရီးယားမှာ အချိန်ပိုင်းအလုပ်လုပ်မယ့် နိုင်ငံခြားသားကျောင်းသားတွေအနေနဲ့ အလုပ်မစခင် ကိုယ့်ဗီဇာနဲ့ အလုပ်လုပ်ခွင့်ရှိ/မရှိကို သေချာစစ်ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

#နိုင်ငံခြားသားကျောင်းသား

Address

Monywa

Telephone

+959797940037

Website

Alerts

Be the first to know and let us send you an email when KLC korea learning center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share