SaLin Gyi

SaLin Gyi Social Media Platform မှ သင်ကြားရေး အထောက်အကူပြု ကလေးကဗျာလေးများကို ရှာဖွေစုစည်းပြီး တင်ပေးနေပါတယ်ရှင်။ 🍀

 #ကလေးကဗျာ  #သင်ကြားရေး
16/05/2025

#ကလေးကဗျာ
#သင်ကြားရေး

""ကိုယ်ချင်းစာပါ""°°°°°°°°°°°°°°°°°°[ကလေးကဗျာ]* လူသားချင်းမို့.    ကူညီညာ  ရိုင်းပင်းသင့်ပေတာ။* လူတိုင်းပေါ်မှာ    မေတ္တ...
16/05/2025

""ကိုယ်ချင်းစာပါ""
°°°°°°°°°°°°°°°°°°[ကလေးကဗျာ]
* လူသားချင်းမို့. ကူညီညာ
ရိုင်းပင်းသင့်ပေတာ။
* လူတိုင်းပေါ်မှာ မေတ္တာထား
မွန်မြတ်တဲ့တရား ။

* သူ့အမှားတော့ တွေ့တတ်လွယ်
ကိုယ်လည်း မကင်းတယ်။
* ကိုယ်မှားလျှင်ကွယ် ဆင်ခြေဖွဲ့
သူ့အမှားတွေ့မဲ့။

* မကဲ့ရဲ့နဲ့ များအဆွေ
သူ့မှားတွေ့လျှင်လေ ။
* ပုထုဇဉ်တွေ မှားမကင်း
ကိုယ်လည်းသတိသွင်း ။

* ကိုယ်ချင်းစာစိတ် ထားတတ်လျှင်
စိတ်လည်းဖြူ ကြည်ရွှင်။
* စိတ်ကောင်းဝင်ကာ မျှတတွေး
ကိုယ်ချင်းစာစိတ်မွေး။ ။

မောင်နွေဦး(လယ်ဝေး)

#ကလေးကဗျာ

#သင်ကြားရေး

စာကြည့်တိုက်ဆီ သွားကြစို့""""""""""""""""""'""""""""""""""""""""""[ကလေးကဗျာ]* စာအုပ်တွေက  တို့မိတ်ဆွေ၊   အပျင်းလည်းပြေစေ...
15/05/2025

စာကြည့်တိုက်ဆီ သွားကြစို့
""""""""""""""""""'""""""""""""""""""""""[ကလေးကဗျာ]
* စာအုပ်တွေက တို့မိတ်ဆွေ၊
အပျင်းလည်းပြေစေ။

* စာကြည့်တိုက်တွေ ဂုဏ်ရည်လှ၊
ကမ္ဘာ့ရွာကြီးပါ့။

* သွားကြမယ်ဟေ့ လိုက်ခဲ့နော်၊
စာကြည့်တိုက်ကိုခေါ်။

* ပျော်ပျော်ရွှင်ရွှင် စာဖတ်စို့
တို့တွေလိမ္မာဖို့။

* အမှောင်ခွင်းလို့ အလင်းဖြာ၊
စာပေလမ်းညွှန်တာ။

* စာအုပ်စာပေ အမျိုးမျိုး၊
တို့တွေအသိတိုး။

* ဉာဏ်ဖွံ့ဖြိုးလို့ ပညာကြွယ်၊
လူတော်ကောင်းဖြစ်မယ်။

* အနာဂတ်ဝယ် အောင်မြင်ရေး၊
စာဖတ်ကြစို့လေး။ ။

မောင်နွေဦး(လယ်ဝေး)

#ကလေးကဗျာ
#သင်ကြားရေး

ဩဇာသီး စားမယ် (ကလေးကဗျာ)  #ကလေးကဗျာ
04/12/2024

ဩဇာသီး စားမယ် (ကလေးကဗျာ)
#ကလေးကဗျာ

ကလေးငယ်များအတွက် သင်ကြားရေးအထောက်အကူ ဖြစ်စေရန် social media မှ ကလေးကဗျာများအား ပြန်လည်စုစည်းဖော်ပြထားပါသည်။ #ကလေးကဗျာ
02/06/2024

ကလေးငယ်များအတွက် သင်ကြားရေးအထောက်အကူ ဖြစ်စေရန် social media မှ ကလေးကဗျာများအား ပြန်လည်စုစည်းဖော်ပြထားပါသည်။

#ကလေးကဗျာ

13/09/2022

.
ချစ်စရာ့တပည့်ကလေးများ
__________________________

မောင်‘ကကြီး’တို့ ကျောင်းခန်းဝင်
‘ခခွေး’ဆရာ တင် ။
‘ဂငယ်’ဝင်လို့ နောက်ပြောင်တုန်း
‘ဃကြီး’ခုံအောက်ပုန်း ။

ပြုံးစိစိနဲ့ မောင်‘င’ဟာ
‘စလုံး’လက်တို့တာ ။
‘ဆလိမ်’ကျောမှာ စာကပ်ထား
မယ်‘ဇကွဲ’တဲ့ဗျား ။

‘ဈမျဉ်းဆွဲ’နား ဆွဲလို့လိမ်
မယ်‘ည’စွာတေးစိန် ။
လိမ်ပေးသူက ခပ်အအ
‘ဋသန်လျင်းချိတ်’ဗျ ။

‘ဌဝမ်းဘဲ’က အမှုဖော်
‘ဍရင်ကောက်’ပါခေါ် ။
‘ဎရေမှုတ်’ပျော် လက်ခေါက်မှုတ်
‘ဏကြီး’ခေါင်းကိုကုတ် ။

ဘာလုပ်လို့လဲ ‘တဝမ်းပူ’
အမေးအမြန်းထူ ။
ဘေးနားထိုင်သူ ‘ထဆင်ထူး’
‘ဒထွေး’ဘက်ကိုကူး ။

အရူးကလည်း တစ်မှောင့်ကွာ
‘ဓအောက်ခြိုက်’ဆဲတာ ။
‘နငယ်’မျက်နှာ ခပ်သေးသေး
‘ပစောက်’ဘက်ကိုပြေး ။

‘ဖဦးထုပ်’ဘေး ဝင်လို့ထိုင်
‘ဗထက်ခြိုက်’ကိုတိုင် ။
မခံနိုင်တဲ့ မောင်‘ဘကုန်း’
ထပြီးနပန်းလုံး ။

ပုန်းကြလျှိုးကြ ပြေးကြရှာ
မယ်‘မ’တို့ခမျာ ။
‘ယပက်လက်’လာ ရန်ဖြေပေး
‘ရကောက်’အစ်ကိုလေး ။

ကျေအေးကြဖို့ ကူပြောပေ
မောင်‘လ’မောင်‘ဝ’လေ ။
ဆွေမျိုးတော်သူ ညီမောင်‘သ’
မယ်‘ဟ’လည်းပါရ ။

မောင်‘ဠကြီး’နဲ့ မယ်‘အ’မြင်
ဆရာမကျောင်းခန်းအဝင် ။
“မင်္ဂလာပါ ဆရာမ”
နှုတ်ဆက်ကြသတဲ့ဗျ ။ ။

မိုးဝဠာ
၁၀့၈့၂၀၁၇
ည ၈-နာရီ ၃၀-မိနစ္​

#ဆရာမိုး၀ဠာ

😍
26/11/2021

😍

06/05/2021

ကဗျာဆရာမင်းတိမ်တိုက်ရဲ့
2021နှစ်သစ်ရဲ့အမှတ်တရ ကဗျာလေးပါ။

လွတ်လပ်ရေးအောင်ပွဲ
********************(ကလေးကဗျာ)

သူ့ကျွန်ဘဝ လွန်မြောက်လာ
လွတ်လပ်ရေးနေ့ပါ။
တစ်ထောင်ကိုးရာလေးဆယ့်ရှစ်
ရေးထိုးသမိုင်းသစ်။

မျိုးချစ်စိတ်ကြောင့် ရရှိလာ
အချုပ်ချာအာဏာ။
ဇန်နဝါရီ လေးရက်မှ
ကိုယ့်မြေပြန်လို့ရ။

တန်ဘိုးထားကြ တို့တစ်တွေ
ဘိုးဘွားရဲ့အမွေ။
ရေရှည်မြဲကာ တည်တံ့ဖို့
ဝိုင်းဝန်းစောင့်ရှောက်စို့။

တိုင်းရင်းသားတို့ အားမာန်ပင်
စည်းလုံးမှုစွမ်းအင်။
ပွဲလမ်းသဘင် ဆင်ယင်နွှဲ
အထိမ်းအမှတ်ပွဲ။
တို့ပြည်သာယာမြဲ။ ။

မင်းတိမ်တိုက်(မော်ကျွန်း)

" ရွာဦးကျောင်း ညချမ်း "ရေးစပ်သီကုံးသူ - ဆရာမောင်သင်းဝေသင်ကြားရေး အထောက်အကူ ဖြစ်ကြပါစေရှင့်။
26/01/2021

" ရွာဦးကျောင်း ညချမ်း "
ရေးစပ်သီကုံးသူ - ဆရာမောင်သင်းဝေ
သင်ကြားရေး အထောက်အကူ ဖြစ်ကြပါစေရှင့်။

Address

Monywa

Website

Alerts

Be the first to know and let us send you an email when SaLin Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SaLin Gyi:

Shortcuts

Share

Category