19/05/2022
တစ်ရက်ကို တစ်မျိုးနှုန်းနဲ့ လေ့လာသွားရင်...
ထူးခြားတဲ့ဝါကျပုံစံ အသုံးအနှုန်း စတာလေးတွေ တင်တင်ပေးမယ်နော် တစ်နေ့တစ်မျိုးမရိုးရအောင်ပေါ့။
I. SUBJECT + CAN'T HELP + Ving -------.
ဝါကျပုံစံက တစ်စုံတစ်ခုကို မလုပ်ရရင် မနေနိုင်အောင်ပဲလို့ အဓိပ္ပာယ်ရပါတယ်။
လေ့ကျင့်ကြည့်ကြပါ။
I can't help reading a book every day.
I can't help loving you.
My mother can't help cleaning her room once a day.
II. Subject + Verb to have + Object + Verb past participle (V3)
Sub က ကိုယ်တိုင်ပြုလုပ်တာမဟုတ်ဘဲ အခြားသူကပြုလုပ်ပေးတာ/ Sub က ခိုင်းစေတာကို ပြောလို ရေးလိုတဲ့အခါ ဒီဝါကျပုံစံကိုသုံးပါတယ်။
ကျနော်မနေ့ကဆံပင်ညှပ်လာတယ် လို့ရေးချင်ရင်
I cut my hair yesterday. လို့ ရေးမရပါ။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုညှပ်ရာရောက်ပါတယ်။
I had my hair cut yesterday ( by someone). လို့ရေးမှ မှန်ပါတယ်။
III. Subject + prefer + Noun/Ving to Noun /Ving.
prefer .... to ... ပုံစံပါ။
တစ်စုံတစ်ရာထက် အခြားတစ်စုံတစ်ရာကို ပိုမိုနှစ်သက်/ပြုလုပ်တယ်လို့ ပြောလို ရေးလိုတဲ့အခါ သုံးပါတယ်။ ဒီပုံစံမှာပါတဲ့ to ကို than အခြားတစ်ခုထက် ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပါတယ်။
Subject+ would rather + verb infinitive than ( Verb infinitive) Noun. ပုံစံနဲ့ အဓိပ္ပာယ်တူပါတယ်။ would rather .... than ... ပုံစံပါ။
Mother prefers cooking to washing.
They prefer football to basketball.
Mother would rather cook than washing?
What would you prefer, tea or coffee?
Father prefers chocolate ice-cream to strawberry.
He would rather have chocolate ice-cream than strawberry.
မေတ္တာဖြင့်
လှမိုးနိုင်