KID ZONE Pre-School & Education Centre

KID ZONE Pre-School & Education Centre 🏫ကျောင်းကိစ္စများနှင့်ပတ်သက်၍သိလိုသည်များကို
☎️ 09 - 771501228
🌐 [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

06/05/2026

"ကလေးတစ်ယောက်ဟာ အမှတ်မကောင်းလည်း နေ့တိုင်း အချိန်မှန် ကျောင်းရောက်အောင် လာတယ်၊ ကျောင်းသွားဖို့ မငြင်းဘူး၊ စိတ်တို စိတ်ကောက်ပုံလည်း မပြဘူးဆိုရင် ဒီကလေး အတော်လေး ကောင်းနေပါပြီ"

ဒီလိုကလေးမျိုးက ဘဝကို ချစ်တယ်၊ ကျောင်းကို ချစ်တယ်၊ အဖွဲ့အစည်းကို ချစ်တယ်၊ လူမှုဆက်ဆံရေးကို မငြင်းဆန်ဘူး၊ စည်းမျဉ်းတွေကို လိုက်နာတယ်၊ ပြဿနာမရှာဘူး။ ဒီလိုကလေးမျိုးက ထက်ဝက်လောက်ကို အနိုင်ရနေပြီးသားပါ။

ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ခံနိုင်ရည်ရှိမှုနဲ့ ကျေနပ်မှုတွေဟာ တစ်သက်တာ အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။

ထိုင်ဝမ်အဆိုတော် Jay Chou ကို သိကြမယ် ထင်ပါတယ်။ သူဟာ လူအများရဲ့ ငယ်စဉ်အမှတ်တရတွေထဲမှာ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။

နာမည်ကြီးသီချင်းတွေ သူအများကြီး ရေးခဲ့တယ်၊ ဆိုခဲ့တယ်။ သူဟာ Golden Melody ဆု ၁၅ ဆု ရခဲ့ပြီး ရာပေါင်းများစွာသော ဖျော်ဖြေပွဲတွေကို ကျင်းပခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာ သူ့ ပရိသတ်တွေ ရှိတယ်။

ဒါပေမဲ့ ငယ်ငယ်တုန်းက သူ စာမတော်ဘူးဆိုတာ သိကြလား...

သူဟာ သင်္ချာညံ့သလို အင်္ဂလိပ်စာလည်း မကောင်းဘူး။ ရူပဗေဒနဲ့ ဓာတုဗေဒက ပိုဆိုးတယ်။

သူဟာ ပုံမှန်အထက်တန်းကျောင်းတောင် မတက်ခဲ့ရပါဘူး။ စန္ဒယားတီးတဲ့ ပါရမီကြောင့်သာ Tamkang အထက်တန်းကျောင်းရဲ့ ဂီတအတန်းကို တက်ရောက်ခွင့်ရခဲ့တာပါ။

သူ့ဆရာတွေက သူဟာ "ပျမ်းမျှဉာဏ်ရည်ထက် နိမ့်တယ်" လို့ ပြောကြပြီး အတန်းဖော်တွေက သူ့ရဲ့ "စကားပီပီ မပြောနိုင်" တာကို ရယ်ကြတယ်။ ဆွေမျိုးတွေက သူ့ကို "ဘာမှ အသုံးမဝင်တဲ့သူ" လို့ ထင်ကြတယ်။

သူ့အမေက သူ့ကို ကျူရှင် အတင်းမတက်ခိုင်းခဲ့သလို "အသုံးမကျဘူး" လို့လည်း မဆူခဲ့ဘူး။ တခြားကလေးတွေနဲ့လည်း မနှိုင်းခဲ့ဘူး။

အမေက "ဂီတကို ကြိုက်ရင် ကြိုးစားလေ့လာပါ။ ကောင်းကောင်းလေ့လာနိုင်ရင် ထမင်းမငတ်ဘူး" လို့ပဲ ပြောပါတယ်။

အမှတ်မကောင်းလို့ဆိုပြီး ကျောင်းကို သူမမုန်းခဲ့ဘူး။ နေ့တိုင်း စန္ဒရားတီးလေ့ကျင့်ခဲ့ပြီး တစ်ခါကျင့်ရင် လေးငါးနာရီ ကြာတယ်။ အတန်းနောက်မကျသလို ကျောင်းလည်း မလစ်ဘူး။ ဆရာ-ဆရာမကိုလည်း ပြန်အာမခံဘူး။

သူဟာ ဂီတကို ချစ်ပြီး ကျောင်းကိုလည်း ချစ်သလို တစ်ချိန်က သူ့ကို ရှက်ရွံ့စေခဲ့တဲ့ စာသင်ခန်းကိုလည်း ချစ်မြတ်နိုးခဲ့တယ်။ သူဟာ သူ့ဘဝနဲ့ အမှန်တရားကို သက်သေပြခဲ့ပါတယ်။

ကလေးတစ်ယောက် အမှတ်မကောင်းရင် ကိစ္စမရှိပါဘူး။ နာမည်ကြီးကျောင်း မရလည်း ကိစ္စမရှိပါဘူး။ အရေးကြီးတာက ကလေးဟာ တစ်ခုခုကို ချစ်မြတ်နိုးပြီး ဇွဲရှိရှိ လုပ်တယ်၊ သူများရဲ့ အထင်သေးမှုကိုလည်း ခံနိုင်ရည်ရှိတယ်... ဒီလောက်ဆို လုံလောက်ပါပြီ။

Jay Chou ဟာ ငယ်စဉ်အခါက ပညာရေးမှာ ထူးချွန်သူ မဟုတ်ခဲ့ပါဘူး။ သူဟာ အာရုံစူးစိုက်မှု ညံ့ပြီး အတန်းထဲမှာ မကြာခဏ အိပ်တတ်တယ်၊ အိမ်စာလည်း အချိန်မှန် မတင်နိုင်ဘူး။ တခြားကလေး အမှတ်၉၀ ရရင် သူက အောင်ဖို့ အနိုင်နိုင် ကြိုးစားရတယ်။

တခြားကျောင်းသားတွေ ဆုယူတယ်၊ သူက "ရှုံးမှတ်" ပဲရတယ်။ အဆိုးဆုံးအချိန်က သင်္ချာ သုညရတဲ့အချိန်ပါပဲ။

အမှတ်စာရင်းယူပြီး အိမ်ထဲ သူ မဝင်ရဲခဲ့ဘူး။ တံခါးဝမှာ ထိုင်ပြီး အမေ ထွက်အလာကို သူစောင့်ခဲ့တယ်။ အမေက "ဘာလို့ အိမ်ထဲမဝင်တာလဲ" မေးတော့ သူက အမှတ်စာရင်း ထုတ်ပြတယ်။ ခေါင်းငုံ့ပြီး အပြစ်ပေးတာကို ခံဖို့ စောင့်တယ်။

အမေက အမှတ်စာရင်း ကြည့်ပြီး ဒေါသထွက်တာမျိုး၊ သက်ပြင်းချတာမျိုး မလုပ်ဘူး။ အမေက "သားက သင်္ချာမှာ ညံ့ပေမယ့် စန္ဒယားတော့ ကောင်းကောင်းတီးတတ်တယ်။ ကောင်းကောင်းတီးရင် ထမင်းမငတ်ဘူး" လို့ ပြောတယ်။

အမေကို သူမော့ကြည့်လိုက်တယ်။ အမေ့ မျက်လုံးမှာ မျှော်လင့်ချက်မဲ့တာ မတွေ့ဘူး... စိတ်မကောင်း သနားတာပဲရှိတယ်။

သားကို အမေသနားတာက စာညံ့လို့ မဟုတ်ဘူး... အဆင့်နိမ့်လို့ သား သိမ်ငယ်တာကိုပါ။ သားကို မသိမ်ငယ်စေချင်ဘူး.. သားကို မိမိကိုယ်ကိုယုံကြည်မှု ရှိစေချင်တယ်။ မိမိကိုယ်ကိုယုံကြည်မှုဆိုတာ အမှတ်စာရင်းတွေကနေ လာတာ မဟုတ်ဘူး.. "မင်းလုပ်နိုင်တယ်" ဆိုတာက လာတာဖြစ်တယ်။

အထက်တန်းပြီးတော့ Jay Chou ဟာ ထိုင်ပေတက္ကသိုလ်ရဲ့ ဂီတမေဂျာကို နှစ်ခါဖြေလည်း မအောင်ခဲ့ဘူး။ သူလက်လျှော့ပြီး စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး သွားလုပ်တယ်။

ပန်းကန်ဆေး၊ ကြမ်းတိုက် သူလုပ်ခဲ့တယ်။

အလုပ်လုပ်ရင်း သူသီချင်းတွေရေးတယ်။ ရေးထားတဲ့သီချင်းကို အသံသွင်းကုမ္ပဏီတွေဆီ ပို့ခဲ့ပေမယ့် အကုန်လုံး အပယ်ခံရတယ်။

ရေးထားတဲ့သီချင်းကို သူဆိုပြပေမယ့် အပေါင်းအဖော်တွေက "မကောင်းဘူး" လို့ ပြောတယ်။ သူဌေးကို တီးပြတော့ သူဌေးက "ဆူလွန်းတယ်" လို့ ပြောတယ်။

ဒါတောင် သူ လက်မလျှော့ခဲ့ဘူး။ သူ့ကိုယ်သူ "ငါအမှတ် မကောင်းလည်း ဂီတမှာ တော်တယ်။ တက္ကသိုလ်မတက်ရလည်း သီချင်းတွေ ရေးတတ်တယ်။ သီချင်းရေးတတ်ရင် နားထောင်တဲ့သူကတော့ ရှိမှာပဲ။ မရှိရင် ငါကိုယ်တိုင် နားထောင်မယ်"

၁၉၉၇ ခုနှစ်မှာ TVBS-G ရဲ့ အရည်အချင်းပြိုင်ပွဲ လူသစ်ရွေးပွဲမှာ သူပါခဲ့တယ်။ သူက သီချင်းဆိုဖို့ သွားတာတော့ မဟုတ်ဘူး။ သူ့သူငယ်ချင်းကဆိုပြီး သူက စန္ဒရားတီးဖို့ လိုက်သွားတာပါ။

သူ့သူငယ်ချင်းက အဆိုမအောင်ပေမယ့် သူ့အရည်အချင်းကိုတော့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ တစ်ယောက်က မြင်သွားတယ်။ အဲဒီလူက သူ့ကို "ငါ့ကုမ္ပဏီမှာ အလုပ်လာလုပ်ပါ.. ငါ့အတွက် သီချင်းတွေ ရေးပေးပါ" လို့ပြောတယ်။

ကုမ္ပဏီမှာ သူအလုပ်စလုပ်တယ်။ ကုမ္ပဏီမှာပဲ နေပြီး ထမင်းဘူး မှာစားတယ်၊ ဆိုဖာပေါ် အိပ်တယ်။ သီချင်းတွေ အများကြီး သူရေးခဲ့တယ်။ အန်ဒီလော်အတွက် "မျက်ရည်သိတယ်" သီချင်းကို သူရေးပေးပေမယ့် အန်ဒီ လော်က ငြင်းခဲ့တယ်။

A-mei အတွက် "နံချပ်ကူ" သီချင်း သူရေးပေးပေမယ့် A-mei လည်း ငြင်းခဲ့တယ်။ သူရေးတဲ့သီချင်း ဘယ်သူမှ မလိုချင်ဘူး။ သူရေးတဲ့သံစဉ် ဘယ်သူမှ မဆိုဘူး။

"ကိစ္စမရှိဘူး.. ဘယ်သူ့မှ မဆိုရင် ငါကိုယ်တိုင် ဆိုမယ်" လို့ သူ့ကိုယ်သူ ပြောတယ်။

၂၀၀၀ ခုနှစ်မှာ Jay Chou ရဲ့ ပထမဆုံးအယ်လ်ဘမ် *Jay* ထွက်လာတယ်။ ဘယ်သူမှ သူ့အပေါ် မျှော်လင့်ချက် မထားကြဘူး။ သူ့သီချင်းတွေက သာမန်ပေါ့ပ်သီချင်းတွေလို မဟုတ်ဘူး။ ချစ်တာ ကြိုက်တာတွေ မပါဘူး။ ဟေ့ဟေ့ ဟားဟားတွေပဲ ပါတယ်။

သူ့သီချင်းဆိုဟန်က မရှင်းလင်းဘူး၊ သူ့ပါးစပ်ထဲမှာ တစ်ခုခု ငုံထားသလိုပဲ။ မီဒီယာတွေက သူ့ကို "ထူးဆန်းတဲ့လူ" လို့ ဆိုကြပြီး သူ့ရွယ်တူချင်းတွေက သူ့ကို "လူဂွစာ" လို့ ခေါ်ကြတယ်။ သီချင်းနားထောင်သူတွေက "နားမလည်ဘူး" လို့ ပြောကြတယ်။

ဒါပေမဲ့ လူငယ်တွေက သူ့ကို ကြိုက်တယ်။ သူ့ကို မိုက်တယ်၊ ချောတယ်၊ သူ့သီချင်းတွေက သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို ထင်ဟပ်တယ်လို့ ထင်ကြတယ်။ သူ နာမည်ကြီးလာခဲ့ပါတယ်။ တစ်ညတည်းနဲ့ ကြီးလာတာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ကြီးလာခဲ့တာဖြစ်တယ်။

နာမည်ကြီးလာတဲ့နောက်မှာတောင် သူဟာ စန္ဒယားလေ့ကျင့်နေဆဲ၊ သီချင်းရေးနေဆဲ၊ နေ့တိုင်း အားကစား လေ့ကျင့်ခန်းလုပ်နေဆဲဖြစ်တယ်။ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဘားမသွား.. အမေနဲ့အတူ ထမင်းစားတယ်၊ အဖွားနဲ့ စကားပြောတယ်၊ သူငယ်ချင်းတွေနဲ့ ဘတ်စကက်ဘော ကစားတယ်။ ( "မေမေ့စကားနားထောင်"၊ "အဘွား" ဆိုတဲ့ သူ့သီချင်းကလည်း လူကြိုက်များ နာမည်ကျော်ခဲ့ပါတယ်)

သူ့ကို တခြားအိမ်က "စံပြကလေး" အဖြစ် ပုံဖော်ခဲ့ပေမယ့် သူကိုယ်တိုင်က ဘယ်တုန်းကမှ စံပြကလေး မဖြစ်ခဲ့ပါဘူး။ သူဟာ "တက္ကသိုလ်ဝင်ခွင့်မရတဲ့ ကလေး"၊ "ဆရာ၊ ဆရာမတွေ မကြိုက်တဲ့ ကလေး" ပါ။

ဖျော်ဖြေပွဲတစ်ခုမှာ သူက "ကျွန်တော်ငယ်ငယ်တုန်းက ဆရာ၊ ဆရာမတွေက ကျွန်တော့်မှာ ဉာဏ်ရည်ပိုင်းဆိုင်ရာ ပြဿနာရှိတယ်လို့ ထင်ခဲ့တယ်။ အတန်းဖော်တွေက ကျွန်တော့်ကို အသုံးမကျဘူးလို့ ထင်ခဲ့တယ်။ ဆွေမျိုးတွေက ကျွန်တော့်ကို ဘာမှအသုံးမဝင်ဘူးလို့ ထင်ခဲ့တယ်။"

"ဒါပေမဲ့ မေမေက ကျွန်တော့်အပေါ် ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ အမေက 'ဂီတကြိုက်ရင် ကြိုးစားလေ့လာပါ။ ကောင်းကောင်းလေ့လာနိုင်ရင် သား ထမင်းငတ်မှာ မဟုတ်ဘူး' လို့ ပြောတယ်။ ကျွန်တော် ထမင်းမငတ်ခဲ့ပါဘူး။ကျွန်တော် ကောင်းကောင်းမွန်မွန် ရှင်သန်နေပါတယ်။ ကျေးဇူးတင်ပါတယ် မေမေ" လို့ ပြောခဲ့တယ်။

နာမည်ကြီးလာတဲ့နောက် တစ်ယောက်ယောက်က Jay Chou ကို "မင်းရဲ့အောင်မြင်မှုလျှို့ဝှက်ချက်က ဘာလဲလို့ မင်းထင်လဲ" လို့ မေးခဲ့တယ်။

သူက "ကျွန်တော်က အတော်ဆုံးမဟုတ်ဘူး၊ ကျွန်တော်က ဇွဲအရှိဆုံးပါ" လို့ ဖြေခဲ့တယ်။

"ကျွန်တော် စာညံ့ပေမယ့် စန္ဒယားတီးတာကို ဇွဲမလျှော့ဘဲ လေ့ကျင့်ခဲ့တယ်။ တက္ကသိုလ်ဝင်ခွင့်မရခဲ့ပေမယ့် သီချင်းတွေ ဇွဲရှိရှိ ရေးစပ်ခဲ့တယ်။ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရပေမယ့် လက်မလျှော့ ဇွဲမလျှော့ဘဲ နေခဲ့တယ်။ ဇွဲက ဉာဏ်ရည်ထက် အဆပေါင်းများစွာ ပိုအရေးကြီးတယ်"

သမီးလေးတစ်ယောက် ရှိလာတဲ့နောက် တစ်ယောက်ယောက်က Jay Chou ကို "သမီးကို အတန်းထဲမှာ နံပါတ်တစ်ဖြစ်အောင် အတင်းအကျပ်လုပ်မှာလား" လို့ မေးတယ်။ သူခေါင်းခါပါတယ်။

"ကျွန်တော် မလုပ်ပါဘူး။ သူ ကျန်းမာပျော်ရွှင်ပြီး အရာရာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ သူ ကျန်းမာရင်ပဲ ကျွန်တော် စိတ်ချပါပြီ"

"သူ ပျော်ရင် ကျွန်တော် ပျော်တယ်။ အရာရာကို သူကိုင်တွယ်နိုင်ရင် အနာဂတ်မှာ သူ ထမင်းငတ်မှာကို ကျွန်တော် မပူတော့ဘူး။"

သူ့အမေ သူ့ကို သင်ပေးခဲ့တဲ့ အခြေခံမူတွေကို သူ့သမီးပေါ်မှာ သူလက်တွေ့ကျင့်သုံးနေပါတယ်။

ဒါဟာ အမှတ်စာရင်း၊ အဆင့်တွေ မဟုတ်ဘူး... စိတ်အားထက်သန်မှုဖြစ်တယ်။

နာမည်ကြီးကျောင်း မဟုတ်ဘူး... ဇွဲလုံ့လဖြစ်တယ်။

ထင်ရှားကျော်ကြားမှု မဟုတ်ဘူး... ပျော်ရွှင်မှုဖြစ်ပါတယ်။


---ဘာသာပြန် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

Activity Time!!လက်ချောင်းလေးများ သန်မာဖို့အတွက် ဆော့ကြမယ်💪ကလေးငယ်များရဲ့ စိတ်ကူးစိတ်သန်းကို ဖော်ထုတ်ပေးသည့်အပြင် colour ...
18/03/2026

Activity Time!!

လက်ချောင်းလေးများ သန်မာဖို့အတွက် ဆော့ကြမယ်💪
ကလေးငယ်များရဲ့ စိတ်ကူးစိတ်သန်းကို ဖော်ထုတ်ပေးသည့်အပြင် colour လေးတွေကို ခွဲခြားသိစေပါတယ်။ 🌈

Taekwondo Time!! 🥋🥋အရိုးအဆစ်‌များ သန်မာဖို့ Taekwondo ဆော့ကြမယ်💪
16/03/2026

Taekwondo Time!! 🥋🥋

အရိုးအဆစ်‌များ သန်မာဖို့ Taekwondo ဆော့ကြမယ်💪

သားသားမီးမီးလေးများရဲ့ Play time လေး တစ်ဖြတ်Let's play in group or solo!!🏃🏃
14/03/2026

သားသားမီးမီးလေးများရဲ့ Play time လေး တစ်ဖြတ်
Let's play in group or solo!!🏃🏃

Nearly finished!
27/02/2026

Nearly finished!

31/01/2026

ဉာဏ်ကြီးရှင်တို့၏လက္ခဏာ
=•=•=•=•=•=•=•=•=•=•
ဉာဏ်ကြီးရှင်ဆိုတာ IQTest နဲ့စစ်လို့ IQ 135ကနေ
140နဲ့အထက်ရှိသူတွေလို့ သတ်မှတ်ပါတယ်။
ဉာဏ်ကြီးရှင် ကလေးတွေရဲ့ လက္ခဏာတွေကတော့
-ကိုယ့်ကိုကိုယ်ညွှန်ကြား၊ စေ့ဆော်၊ ကိုယ်စည်းကမ်းနဲ့နေ
-အကြောင်းအရာအသစ်တွေ လျှင်မြန်စွာသင်ယူနိုင်
-စိတ်ဝင်စားမှုအမျိုးမျိုးရှိ၊ နယ်ပယ်တခုမှာပြင်းပြစွာ
စိတ်ဝင်စား
-ဆန်းစစ်ဝေဖန်စဉ်းစားတတ်၊ ပိုင်ခြားဆင်ခြင်တတ်
-ဝေါဟာရကြွယ်၊ Communication skillမြင့်
-ရှုမှတ်လေ့လာရာမှာစိတ်ထက်သန်
-တီထွင်ဖန်တီးလိုစိတ်မြင့်
-တွေးခေါ် လုပ်ကိုင်ရာမှာ Flexible ဖြစ်
-စာဖတ်တတ်မှုစော၊ အဆင့်မြင့်စာများအထိစဉ်ဆက်
မပြတ်ဖတ်
-တခြားသူ၏အရိပ်အကဲသိ
-ကောင်းတဲ့ဟာသဉာဏ်ရှိ
-အချိန်ကြာစွာ အာရုံစူးစိုက်နိုင်
-ခေါင်းဆောင်မှုစွမ်းရည်ပြသ
-သက်တူရွယ်တူများသာမက လူကြီးများနဲ့လည်းပေါင်း
နိုင်
-ရင့်ကျက်၊ တာဝန်ယူလိုစိတ်မြင့်

ဉာဏ်ကြီးရှင်တွေကို ဆက်ဆံရေးညှိယူမှုလွဲမှားနိုင်သူ
တွေလို့ အထင်မှားတတ်ပါတယ်။ စာအုပ်တွေကြား
မြုပ်နေသူကွန်ပျူတာဖန်သားပြင်ရှေ့မှာပဲကပ်နေသူတွေ
လို့ အထင်မှားတတ်ကြပါတယ်။

စတန်းဖို့-ဘီနေးဉာဏ်ရည်စစ်ဆေးလွှာ ဖော်ထုတ်ခဲ့တဲ့
စတန်းဖို့တက္ကသိုလ်က ပါမောက္ခ လူးဝစ် တာမင်က ကလေး၁၅၀၀ရဲ့ IQကိုတိုင်းတာစစ်ဆေးပြီး IQ 140နဲ့
အထက်ရသူတွေကို အနှစ်၂၀ကျော်ကြာခြေရာခံလေ့လာ
ခဲ့ပါတယ်။

အဲဒီသူတွေဟာ ဘဝမှာအောင်မြင်သူတွေ၊ ပျော်ရွှင်သူ၊
အလုပ်အကိုင်အဆင့်အတန်းမြင့်မားသူတွေ၊ ကျန်းမာသူ၊
သူဌေးသူကြွယ်တွေ၊ မိမိကိုယ်မိမိသတ်သေမှုမရှိသူ၊
အရက်မစွဲသူတွေဖြစ်ကြတာတွေရပါသတဲ့။

ယခုခေတ်မှာ ဘဝအောင်မြင်ဖို့ IQမြင်ဖို့မလိုဘူး။ EQမြင့်
ဖို့လိုတယ်လို့ သံယောင်လိုက်ပြောနေကြပေမယ့်
IQဟာလည်းဘဝမှာအောင်မြင်ဖို့လိုအပ်တဲ့ Cognitive
abilityတစ်ခုဖြစ်ပါကြောင်း။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

🔥 နွေရာသီကို အချည်းနှီး မဖြတ်သန်းပါနဲ့ — သင့်ကလေးရဲ့ အနာဂတ်ကို ပြောင်းလဲစေမယ့် တိုက်ကွမ်ဒို သင်တန်း! 🥋🌞ဒီနွေရာသီမှာ…📱 ဖု...
30/01/2026

🔥 နွေရာသီကို အချည်းနှီး မဖြတ်သန်းပါနဲ့

— သင့်ကလေးရဲ့ အနာဂတ်ကို ပြောင်းလဲစေမယ့် တိုက်ကွမ်ဒို သင်တန်း! 🥋🌞

ဒီနွေရာသီမှာ…
📱 ဖုန်းနဲ့ဂိမ်းပဲ ကစားနေရတာထက်၊
💪 ကိုယ်ခံအားကောင်း၊ စိတ်ဓာတ်ကြံ့ခိုင်
🧠 စည်းကမ်း၊ ယုံကြည်မှု၊ ဦးဆောင်နိုင်စွမ်း တိုးတက်စေမယ့်
တိုက်ကွမ်ဒို သင်တန်း ကို ရွေးချယ်လိုက်ပါ 💥

🥋 သင်ကြားပေးမယ့် အချက်များ

✅ အခြေခံမှ စပြီး စနစ်တကျ သင်ကြား
✅ Self-Defense နည်းလမ်းများ
✅ Discipline + Focus + Confidence Training
✅ Physical Fitness + Flexibility

🏆 ပြောင်းလဲရရှိလာမည့်အကျိုးကျေးဇူးများ

✨ ကိုယ်ခံအားကောင်းလာမယ်
✨ စိတ်ဓာတ်ခိုင်မာလာမယ်
✨ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာမယ်
✨ အတန်းထဲမှာပါ အာရုံစိုက်မှု ကောင်းလာမယ်

🎯 နွေရာသီ Special Program

🗓️ သင်တန်းစတင်မည့်ရက်- 1.3.2026

⏰သင်တန်းချိန် 3:00 to 4:00 PM

📆 Monday to Friday

📰 Fees 50000

📍 သင်တန်းနေရာ – မက်သဒစ်ဝင်း
ဆူးလေကုန်ရပ်
မုံရွာမြို့။

📌 Limited Seats – အမြန်ဆုံး စာရင်းပေးသွင်းပါ!
📩 Page Messenger/
☎️ ဖုန်း –09771501228,
☎️ 09986824238

👉 သင့်ကလေးကို အားကစားနဲ့အနာဂတ်တောက်ပစေချင်ရင် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့ 🥇


#နွေရာသီသင်တန်း

မနေ့က ဇန်နဝါရီ ၂၅ထိုင်ဝမ်မှာ သဲထိတ်ရင်ဖို အဖြစ်တစ်ခု ဖြစ်သွားခဲ့တယ်။Alex Honnold လို့ခေါ်တဲ့ အမေရိကန်အမြင့်တက် (တောင်တက်...
26/01/2026

မနေ့က ဇန်နဝါရီ ၂၅
ထိုင်ဝမ်မှာ သဲထိတ်ရင်ဖို အဖြစ်တစ်ခု ဖြစ်သွားခဲ့တယ်။

Alex Honnold လို့ခေါ်တဲ့ အမေရိကန်အမြင့်တက် (တောင်တက်) သမားတစ်ယောက်ဟာ ထိုင်ပေ ၁၀၁ အဆောက်အအုံကို ဘာအကူမှမပါဘဲ လက်ဗလာနဲ့ တက်ခဲ့ပါတယ်။

Netflix က တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး
အမြင့် ၅၀၈ မီတာ၊
အထပ်ပေါင်း ၁၀၁ ထပ်ရှိတဲ့ အဆောက်အအုံကို အချိန် ၁နာရီ ၃၁ မိနစ်နဲ့ သူ အောင်အောင်မြင်မြင် တက်ပြခဲ့တာဖြစ်ပါတယ်။

လူပြောများကြတာက တကယ်လို့ အဲလက်စ်သာ အာရှမှာ မွေးဖွားခဲ့ပြီး အဲဒီလို အမြင့်တက်ဝါသနာပါခဲ့ရင် ငယ်စဉ်အချိန်မှာ သူအများဆုံး ကြားရမှာက သူ့မေမေရဲ့

"ဟဲ့ ပြုတ်ကျမယ်.. "

"မျောက်လောင်း.. ခြေကျိုး လက်ကျိုးဖြစ်မယ်နော်"

"၁ ၂ ၃ ရေလို့မှ မဆင်းလာရင် နာပြီမှတ်"
ဆိုတာတွေ ဖြစ်မှာပါ။

ဒါပေမဲ့ အဲလက်စ်ရဲ့မေမေက အဲလို မလုပ်ခဲ့ဘဲ အသက် ၅၈ နှစ်အရွယ်ကျမှ ကျောက်တောင်တက်တာကို စခဲ့ပါတယ်။

ဒီအသက်အရွယ်မှာ တခြားသူတွေ အငြိမ်းစားယူဖို့ ပြင်နေချိန်မှာ အဲလက်စ်မေမေက တောင်တက် စလေ့ကျင့်တယ်။ ဘာလို့လဲမေးရင် အဖြေက ရိုးရိုးရှင်းရှင်းပါပဲ... သားဖြစ်သူ အဲလက်စ်က တောင်ပေါ်မှာပဲ အမြဲနေလို့ သူတောင်မတက်ရင် သားရဲ့ကမ္ဘာထဲ ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အိမ်မှာထိုင်ပြီး စိတ်ပူနေတဲ့ မိခင်တစ်ယောက် သူ မဖြစ်ချင်လို့ သား ဘာတွေကို စိန်ခေါ်နေသလဲ သိရအောင် သားရဲ့ ကမ္ဘာလေးထဲ သူဝင်ရောက်ခဲ့တာဖြစ်တယ်။

အဲလက်စ်ရဲ့မေမေ Dierdre ဟာ

၅၈ နှစ်မှာ ကျောက်တောင်တက် စလေ့ကျင့်တယ်။

အသက် ၆၆ မှာ Yosemite အမျိုးသားဥယျာဉ်မှာရှိတဲ့ EI Capitan ကျောက်တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံး အမျိုးသမီးဖြစ်တယ်။

အခု အသက် ၇၀ ရှိပြီး ကျောက်တောင်တက် လေ့ကျင့်နေဆဲဖြစ်တယ်။

ဒါဟာ သူသိပ်မိုက်တယ်ဆိုတာ မဟုတ်ဘဲ "ဘဝကို ကန့်သတ်ချုပ်ချယ် မထား" တဲ့ စိတ်နေသဘောထားဖြစ်တယ်။

တစ်စုံတစ်ခုကို သိနားလည်ချင်တယ်၊
ဒါမှမဟုတ် အသစ်တစ်ခုကို သင်ယူလိုရင်
အသက်အရွယ်က ကိန်းဂဏန်းတစ်ခုသာ ဖြစ်တယ်။

အသက်အရွယ်နဲ့ ဘဝကို "ဘောင်ခတ်" မထားဘဲ အသက် ၅၈ မှလည်း ဒဏ္ဍာရီဆန်တဲ့ ဘဝကို စတင်နိုင်ပါတယ်။

လူအများက အလုပ်တစ်ခုစရင်ဖြစ်ဖြစ်၊
ကျန်းမာရေး လိုက်စားရင်ပဲဖြစ်ဖြစ်
"ငါ့အသက်အရွယ်က အသစ်တွေကို သင်ဖို့ နှေးသွားပြီ" လို့ ဆိုကြတယ်။

ဒါပေမဲ့ အဲလက်စ်ရဲ့မေမေက " အခုအရွယ်ဟာ အကောင်းဆုံးအရွယ်" လို့ ပြောပြသွားခဲ့ပါတယ်။

"သိပ်တော်တဲ့အချိန်ကျမှ စလုပ်တာမျိုး မဟုတ်ဘဲ လုပ်ရင်းနဲ့မှ တော်လာတာမျိုးပါ" ဆိုတဲ့ စကားကို သိပ်ကြိုက်ပါတယ်။

အခုအချိန်မှာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် လုပ်ချင်တာကို စလုပ်နိုင်ပါတယ်။ တခြားသူအတွက် လုပ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်တောင် လေးစားအားကျတဲ့ ပုံစံမျိုးအဖြစ် ဘဝမှာ ရှင်သန်နေထိုင်နိုင်ပါတယ်။


💌
#နိုင်းနိုင်းစနေ

မူကြိုပညာရေးက ဘာကြောင့် အရေးကြီးသလဲ?✅ ဦးနှောက်ဖွံ့ဖြိုးမှုမွေးကင်းစကနေ အသက် ၇-နှစ်အထိ အရွယ် ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖ...
26/01/2026

မူကြိုပညာရေးက ဘာကြောင့် အရေးကြီးသလဲ?
✅ ဦးနှောက်ဖွံ့ဖြိုးမှု
မွေးကင်းစကနေ အသက် ၇-နှစ်အထိ အရွယ် ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနှုန်းက အမြင့်မားဆုံးလို့ ပြောနိုင်ပါတယ်။ ဦးနှောက်ရဲ့ နျူရွန်ဆဲလ်တွေက မွေးကင်းစကနေ ၁-နှစ်သားအတွင်း နှစ်ဆလောက် တိုးပွားလာပြီး၊ ၃-နှစ်သား အရွယ်မှာဆိုရင် လူကြီးတစ်ဦးရဲ့ ဦးနှောက်ပမာဏရဲ့ ၈၀% လောက်ထိ ရောက်လာပါတယ်။ ထိုအတူပဲ နျူရွန်ဆဲလ်တွေက တစ်စက္ကန့်ကို တစ်သန်းနှုန်းလောက်နဲ့ ချိတ်ဆက်မှုတွေ ဖြစ်ပါတယ်။ ၂-နှစ် ၃-နှစ်သားအရွယ်မှာဆိုရင် နျူရွန်ဆက်ထုံး ပမာဏက လူကြီးတစ်ဦးမှာ ရှိသင့်တာထက် ၂-ဆလောက် ပိုပြီး ရှိနေပါတယ်။ ၃-နှစ်ကနေ ၅-နှစ်အရွယ် ကလေးတွေရဲ့ ဦးနှောက်က တက္ကသိုလ်ကျောင်းသား တယောက်ထက် ၂-ဆလောက် ပိုပြီးအလုပ်လုပ်ရတယ်လို့ ဆိုနိုင်ပါတယ်။ အသက် ၃-နှစ်ကနေ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်တဲ့ အရွယ်အတွင်းမှာ အသုံးမပြုတဲ့ နျူရွန်ဆက်ထုံးတွေက ပြန်ပျောက်ကုန်ကာ၊ အသုံးများတဲ့ နျူရွန်ဆက်ထုံးက ပိုပြီး အသားကျခိုင်မာသွားပါတယ်။ ဒါကြောင့် ၃-နှစ်ကနေ ၅-နှစ်အရွယ်ကလေးတွေကို သူတို့အရွယ်နဲ့ သင့်တော်ပြီး အဓိပ္ပါယ်ရှိတဲ့ ကစားနည်းတွေ၊ ကဗျာရွတ်ဆို ကခုန်မှုတွေ၊ ပုံပြင်နားထောင်တာတွေနဲ့ သင်ယူစေတာက သူတို့ အနာဂတ် ပညာရေးအတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်စေပါတယ်။
မွေးကင်းစကနေ အသက် ၇-နှစ်အထိ အရွယ်ကို ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ပွင့်နေတဲ့ အခွင့်အလမ်း ပြူတင်းပေါက်များ (Windows of Opportunity) လို့ သတ်မှတ်ပါတယ်။ ဒီအချိန်မှာ ကလေးတွေရဲ့ ပညာရေးအတွက် ရင်းနှီးမြုတ်နှံခဲ့ရင် ရည်ရှည် အကျိုးဖြစ်ထွန်းမှု ပိုရနိုင်သလို၊ ဒီအခွင့်အလမ်း ပြူတင်းတံခါးတွေပိတ်သွားရင် ပိုပြီးခက်ခဲသွားနိုင်ပါတယ်။ စင်္ကာပူ၊ ဂျပန်၊ ဖင်လန်စတဲ့ နိုင်ငံတွေက ပညာရေးထိပ်တန်းရောက်နေရတဲ့ အကြောင်းရင်းတွေထဲမှာ အရည်အသွေးမှီတဲ့ မူကြိုပညာရေးကို ရခဲ့ကြတာလည်း ပါပါတယ်။ ဒါကြောင့် အချို့နိုင်ငံတွေမှာဆိုရင် အစိုးရကနေ ဦးဆောင်ပြီး Early Childhood Care & Development လုပ်ငန်းတွေကို အလေးတယူဆောင်ရွက်လာတာ တွေ့ရပါတယ်။
✅ စနစ်တကျ စီမံဖန်တီးထားသည့် သင်ယူမှု ပတ်ဝန်းကျင်
၃-နှစ်ကနေ ၅-နှစ်အရွယ် ကလေးငယ်တွေက မူကြိုမထားဘဲ ကိုယ့်အိမ်မှာကိုယ် သင်ယူမှုတွေ လုပ်နိုင်ကြတယ် ဆိုပေမယ့်၊ မူကြိုထားတဲ့ ကလေးတွေမှာ ပိုပြီး အားသာတဲ့ အချက်တွေ ရှိပါတယ်။ အဓိကအားဖြင့်ကတော့ မူကြိုကျောင်းတွေက သူတို့ အရွယ်နဲ့ သင့်လျော်ပြီး သင်ယူမှုကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးထားနိုင်လို့ပါပဲ။ ရောင်စုံ ရုပ်ပုံကားချပ်တွေ၊ အသံတွေ၊ ကစားစရာတွေကို ကိုယ့်အိမ်မှာ ဖန်တီးပေးထားနိုင်တယ် ဆိုပေမယ့်လည်း၊ အခြားကလေးငယ်တွေနဲ့ အတူ ထိတွေ့ဆက်ဆံပြီး စနစ်တကျ စီမံထားတဲ့ စုပေါင်းကစားနည်းမျိုးတွေ၊ အုပ်စုဖွဲ့ သင်ယူမှုမျိုးတွေကိုတော့ မူကြိုကျောင်းတွေမှာပဲ ရနိုင်ပါလိမ့်မယ်။
✅ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
အခြားကလေးတွေ၊ ဆရာမတွေနဲ့ အတူ ရဲရဲဝံ့ဝံ့ ချိုချိုသာသာ စကားပြောဆက်ဆံတတ်ဖို့၊ တဖက်သားကို လေးလေးစားစား ဆက်ဆံတတ်ဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့၊ ကစားစရာ စတဲ့ ပစ္စည်းတွေကို အတူမျှဝေ သုံးစွဲတတ်ဖို့ စတဲ့ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကိုလည်း မူကြိုကျောင်းတွေမှာ ရနိုင်ပါတယ်။ မိမိရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တာ၊ တစုံတခုကို အာရုံစိုက်ပြီး စိတ်ပါဝင်စားစွာ သင်ယူနိုင်တာစတဲ့ အရည်အသွေးတွေကလည်း ဒီအရွယ်မှာကတည်းက စနစ်တကျ လေ့ကျင့် သင်ယူထားသင့်ပါတယ်။
✅ ဦးနှောက် ဖွံ့ဖြိုးမှုနှင့် လိုက်ဖက်သည့် သင်ခန်းစာ
အသက် ၃-နှစ် မတိုင်မီ ကလေးငယ်တွေက မှတ်ဉာဏ်ကို ကောင်းကောင်း အသုံး မချနိုင်သေးပါဘူး။ ၃-နှစ်ကျော်မှ မှတ်ဉာဏ်ကို အသုံးချနိုင်လာပါတယ်။ သင်္ကေတတွေနဲ့ စဉ်းစားနိုင်လာပါတယ်။ ဝါကျပြည့်အောင် စကားပြောနိုင်လာပါတယ်။ ကိန်းဂဏန်းတွေကို မှတ်မိ နားလည်လာပြီး၊ ပတ်ဝန်းကျင်ကိုလည်း စူးစမ်းလေ့လာ မှတ်သားလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအရွယ်မှာ ဒြဗ်မဲ့သဘောတရားတွေကို စတင်နားလည်စ ပြုလာတာဖြစ်ပြီး၊ ယုတ္တိနည်းကျ မစဉ်းစားတတ်သေးပါဘူး။ ဒါကြောင့် မူလတန်းကျောင်းတွေမှာ သင်ကြားသလို သင်ကြားရတာမျိုး မဟုတ်ဘဲ၊ ပျော်ရွှင်ဖွယ် ကစားနည်းတွေ၊ ကဗျာရွတ်ဆို ကခုန်မှုတွေ၊ ပုံပြင်တွေနဲ့ သင်ကြားရပါတယ်။ မူကြိုဆရာမတွေက ဘာသာရပ်ကို သာမက ကလေးတွေရဲ့ အရွယ်အလျောက် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နားလည်ထားကြသူများ ဖြစ်ကြပါတယ်။ မူကြိုကျောင်းတွေက ကလေးငယ်တွေကို ပတ်ဝန်းကျင်လောကနဲ့ ထိတွေ့မိတ်ဆက်ပေးပြီး၊ သူတို့ရဲ့ စူးစမ်းလိုမှုကို နှိုးဆွပေးရုံသာမက၊ သူတို့ သိလိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုလည်း သူတို့ဉာဏ်ရည် အလျောက် နားလည်နိုင်အောင် စနစ်တကျ စီမံပေးပါတယ်။

KID ZONE Preschool and Education Center နှင့်အတူတကွလက်တွဲလုပ်ဆောင်ရန် အတွက်  Teacher (3) post  ဘာသာစကားပြောဆိုရမည်ဖြစ်သဖ...
24/01/2026

KID ZONE Preschool and Education Center
နှင့်အတူတကွလက်တွဲလုပ်ဆောင်ရန် အတွက်

Teacher (3) post

ဘာသာစကားပြောဆိုရမည်ဖြစ်သဖြင့်
ဘာသာစကား စိတ်ဝင်စားသူဖြစ်ရမည်။
ဘွဲ့တစ်ခုခုရရှိပြီးသူ
ECCD certificate ရှိသူ
လုပ်ငန်းအတွေ့အကြုံ (1)နှစ်ရှိသူ
2026February-2027Februaryထိ
#တစ်နှစ်တိတိတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်
#အသက်20မှ30ကြားဖြစ်ရမည်
ကျောင်းချိန်-နံနက်
8:00မှ3:30ထိ
(စနေနေ့တစ်ဝက်/တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များပိတ်ပါသည်)

Teacher (3 post)
အခြေခံပညာအထက်တန်းအဆင့် (သို့မဟုတ်)
ဘွဲ့မရသေးသော်လည်း‌
ကျောင်းကိစ္စကင်းရှင်းသူ
ECCD certificate ရှိသူ
လျောက်ထားနိုင်ပါသည်။

🎈ကျောင်း၏လုပ်ငန်းစဉ်အတိုင်း
လိုက်နာလုပ်ကိုင်နိုင်သူသာအလိုရှိပါသည်။

🎈ကျောင်းမှလမ်းညွှန်မှုဖြင့်
အချင်းချင်း လက်တွဲလုပ်ဆောင်နိုင်သူ
သာအလိုရှိပါသည်။

🎈Medium of instructionအား
English ဘာသာစကားနှင့်
ဆက်သွယ်ပြောဆိုရသည့်
ကျောင်းဖြစ်သည့်အတွက် အ
ခြေခံအားဖြင့် ပြောဆိုနိုင်သူ
(သို့မဟုတ်) မပြောနိုင်သေးသော်လည်း
ကျောင်းမှ on job training ပေးသည့်အခါ
ပြောလိုစိတ်ရှိသူ / ပြောင်းလဲရန်ဆန္ဒရှိသူသာ
အလိုရှိပါသည်။

🎈ကလေးငယ်များနှင့်
နေ့စဉ်လုပ်ကိုင်ဆောင်ရွက်ရသူဖြစ်သည့်အတွက် ကလေးများအား
စိတ်ရှည်စွာ ပံ့ပိုးနိုင်သူသာ အလိုရှိပါသည်။

🎈အလုပ်အပေါ်မခိုကပ်သူ ၊
ကျောင်းရှိ အသင်းအဖွဲ့နှင့်
အဆင်ပြေစွာဆက်ဆံနိုင်သူသာ အလိုရှိပါသည်။

🎈Assistant teacher position အတွက်
လက်မှတ်များထက်
ဆရာစိတ်ထားနိုင်သူသာ
အလိုရှိပါသည်။

အထက်ပါ အချက်များနှင့်
ကိုက်ညီပါက ဘွဲ့မရသေးသော်လည်း
လျောက်ထားနိုင်ပါသည်။

ကျောင်းမှ training ပေးပါမည်။

အတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှိုင်းပေးပါမည်။

ကျောင်းချိန် - #နံနက် 7:00မှ ညနေ ၃:၃၀
#သို့မဟုတ်
#နံနက်9:00မှ5:30အထိ
(စနေနေ့တစ်ဝက်/တနင်္ဂနွေနှင့်
အစိုးရရုံးပိတ်ရက်များတွင် ပိတ်ပါသည်။)

Professional Development အတွက်
ကျောင်းမှအခါအားလျော်စွာ
သင်တန်းများပေးပါမည်။

#လျှောက်လွှာများကို
်နေ့
နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပါသည်

အလုပ်လျောက်လွှာတင်လိုပါက

☎️09771501228သို့ဆက်သွယ်၍ဖြစ်စေ
Viber no.09771501228သို့ CV formပေးပို့၍
ဖြစ်စေ လျောက်ထားနိုင်ပါသည်။

🏡 မက်သဒစ်ဝင်း၊ ဆူးလေကုန်းရပ်ကွက်၊ မုံရွာမြို့

Address

Methodist Compound
Monywa

Telephone

09771501228

Website

Alerts

Be the first to know and let us send you an email when KID ZONE Pre-School & Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category