Wai Wai Lin

Call Directions Contact the school

Wai Wai Lin Your Daily’s Coach 🤍
Contact - 09964343377, Page Messenger

22/09/2026

အတိတ်က နာကျင်မှုတွေကို "ပညာဉာဏ် (Wisdom)" အဖြစ် သင် ပြောင်းလဲဖူးပါသလား?

အသက် ၂၀ ကနေ ၄၀ ကျော်အရွယ်ဆိုတာ အမှားတွေ၊ ဆုံးရှုံးမှုတွေနဲ့ အကြိမ်ကြိမ် ဒူးထောက်ခဲ့ရဖူးတဲ့ အရွယ်ပါ။

"ငါသာ အဲဒီတုန်းက ဒီလိုမလုပ်ခဲ့ရင်" ဆိုတဲ့ နောင်တတွေနဲ့ ရှင်သန်နေသရွေ့ ဝေ တို့ရဲ့ စွမ်းအင်တွေဟာ ယိုဖိတ်နေဆဲဖြစ်နေမှာပါ။

ဒါပေမဲ့ အဲဒီနာကျင်စရာ စိန်ခေါ်မှုတွေကို ပြစ်တင်မနေဘဲ

"ငါ့ကို ဒီထက်ပိုရင့်ကျက်စေဖို့ လာပြတဲ့ သင်ခန်းစာပဲ"လို့ နှလုံးသွင်းပြီး ကျေးဇူးတင်လိုက်တဲ့အခါ နာကျင်မှုတွေဟာ အဖိုးတန်တဲ့ ဉာဏ်ပညာအဖြစ် ပြောင်းသွားတယ်။

တကယ်က အတိတ်ကို ကျေးဇူးတင်ပြီး လွှတ်ချနိုင်သူသာလျှင် ပေါ့ပါးတဲ့ အနာဂတ်ကို ဖန်တီးခွင့်ရတာဖြစ်ပါတယ်။

သင့်ဘဝကို အလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ အတိတ်က စိန်ခေါ်မှုတစ်ခုကို ကျေးဇူးတင်ကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလား?
#ချစ်တဲ့​ဝေ



22/09/2026

🪻"လခဘယ်လောက်ရရ ငွေမကျန်တာ... ဝင်ငွေနည်းလို မဟုတ်ဘူး"

🪻"လဆန်းမှာ သူဌေး၊ လလယ်မှာ အကြွေးရှင်၊ လကုန်မှာ ခေါက်ဆွဲပြုတ်... ဒီသံသရာထဲမှာ လည်နေတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ?

🪻Robert Kiyosaki ရဲ့ 'Rich Dad Poor Dad' ထဲမှာ ရိုးရှင်းတဲ့ အမှန်တရားတစ်ခု ရှိတယ် — 'လူအများစုဟာ ပိုက်ဆံမရှိတဲ့အခါ ကြောက်စိတ် (Fear) နဲ့ အလုပ်လုပ်ကြပြီး၊ ပိုက်ဆံရလာတဲ့အခါ လိုအင်ဆန္ဒ (Greed) နဲ့ ပြန်သုံးပစ်ကြတယ်' တဲ့။ ဒါကို Rat Race လို ခေါ်ပါတယ်။

🪻ငွေကြေးပြဿနာဟာ ဝင်ငွေတိုးလိုက်ရုံနဲ့ မပြီးပါဘူး။ ဝင်ငွေတက်လာရင် Lifestyle Inflation (သုံးစွဲမှု) က အလိုလို လိုက်တက်လာတာ စိတ်ပညာပါ။

🪻အဓိကက ကိုယ်ဝယ်နေတာတွေဟာ ကိုယ့်အိတ်ထဲ ပိုက်ဆံထည့်ပေးမယ့် Assets လား၊ ကိုယ့်အိတ်ထဲက ပိုက်ဆံကို နှိက်ယူသွားမယ့် Liabilities လားဆိုတာ မခွဲခြားနိုင်သေးတာပါ။

🪻မင်းဟာ ပိုက်ဆံအတွက် အလုပ်လုပ်နေတာလား၊ ပိုက်ဆံက မင်းအတွက် အလုပ်လုပ်ပေးအောင် စနစ်တစ်ခု တည်ဆောက်နေတာလား?"
#ချစ်တဲ့​ဝေ



21/09/2026
20/09/2026

🎍အလုပ်နှင့် ငွေကြေး စိတ်ဖိစီးနေသူများအတွက် ဝေ အမြဲ ကျင့်သုံးနေကြ လျှို့ဝှက်ချက်လေးပါ။

🎍ဖြစ်မလာသေးတဲ့ အရာတစ်ခုအတွက်"ကြိုတင်ပြီး ကျေးဇူးတင်တတ်ဖို့"ဘယ်လောက်ခက်သလဲ?

🎍လူတော်တော်များများက "ငွေဝင်လာမှ၊ ရာထူးတိုးမှ၊ အဆင်ပြေသွားမှ ပျော်မယ်/ကျေးဇူးတင်မယ်" လို့ သတ်မှတ်ထားကြတယ်။

🎍ဒါပေမဲ့ စိတ်ပညာနဲ့ Quantum သဘောတရားအရ— စိတ်ထဲမှာ အမှန်တကယ် ပြည့်စုံမနေသေးသရွေ့ ပြင်ပမှာ ဘယ်တော့မှ ပြည့်စုံမလာပါဘူး။

🎍"ကျေးဇူးတင်တယ်" ဆိုတဲ့ ခံစားချက်ဟာ "ငါ့မှာ ရှိပြီးသားပဲ" ဆိုတာကို ခန္ဓာကိုယ်နဲ့ မသိစိတ်က အတည်ပြုလိုက်တဲ့ အမြင့်မားဆုံး စွမ်းအင်ပါပဲ။

🎍မရသေးခင်ကတည်းက ရရှိပြီးသကဲ့သို့ ခံစားပေးနိုင်တဲ့အခါ စိတ်ပူပန်မှုတွေ ငြိမ်းအေးသွားပြီး လိုချင်တဲ့ အခွင့်အလမ်းတွေက သင့်ဆီ သဘာဝအတိုင်း ဝင်ရောက်လာပါလိမ့်တယ်။

🎍ဒီနေ့ သင် အလိုချင်ဆုံး အရာတစ်ခုအတွက် "ရပြီးသလိုမျိုး" ကြိုတင်ကျေးဇူးတင်ကြည့်ဖူးပါသလား?
#ချစ်တဲ့​ဝေ



19/09/2026

🤱"ဘာမှ မလုပ်ရသေးဘဲ မောနေတာ... မေမေတို ပျင်းလိုမဟုတ်ပါဘူး"

🤱ဦးနှောက်ရဲ့ Amygdala ဟာ အမြဲတမ်း မိသားစုတာဝန်တွေကြောင့် Alert (သတိပေးသံ) မြည်နေပြီး Nervous System က Fight-or-Flight ထဲ ရောက်နေတဲ့အခါ နှလုံးခုန်မြန်ပြီး ဘာမှမလုပ်ရဘဲ အင်အားကုန်ခမ်း (Exhausted) ဖြစ်ရတာပါ။

🤱"တစ်ခါတလေကျရင်လေ... ကလေးက အကျ်ီ​ပေတာလေးတစ်ခု၊ ရေခွက်မှောက်ကျသွားတာလေးတစ်ခုနဲ့တင် ကိုယ့်ရင်ထဲက ဒေါသက မီးတောင်ပေါက်ကွဲသလို ဖြစ်သွားဖူးလား?

🤱ပြီးရင်တော့ 'ငါဟာ မေမေဆိုးတစ်ယောက်လား' ဆိုပြီး အိပ်ရာထဲမှာ မျက်ရည်ကျရင်း ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်နေမိတယ် မဟုတ်လား။
🤱တကယ်တော့ ဒါဟာ မေမေတိုရဲ့ စိတ်မရှည်မှုကြောင့် မဟုတ်ပါဘူး။ မေမေတိုရဲ့ ခန္ဓာကိုယ် (Physiology) က ကယ်ပါယူပါ အော်နေတဲ့ သတိပေးချက်ပါ။ ဦးနှောက်ထဲမှာ Cortisol တွေ ပြည့်လျှံနေတဲ့အခါ အချစ်ဆုံးသူတွေကိုတောင် ဒေါသနဲ့ တုံပြန်မိတတ်ပါတယ်။

🤱ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ သက်ပြင်းကို ၄ စက္ကန့်ရှူသွင်းပြီး ၆ စက္ကန့် ဖြည်းဖြည်းချင်း ပြန်ထုတ်ကြည့်ပါ။ မေမေတိုမှာ ခွန်အားတွေ ပြန်ဖြည့်ဖို အချိန်နဲ့ နားလည်ပေးမယ့် နေရာတစ်ခု လိုအပ်နေတာပါပဲ...
#ချစ်တဲ့​ဝေ



18/09/2026

⛳️မိမိခြေ​ထောက်ကို ခလုတ်တိုက်​နေသူက မိမိကိုယ်တိုင်ဖြစ်​နေကြသူများ

⛳️Self-Sabotage (မိမိကိုယ်ကို အဆင်မပြေအောင် ပြန်ဖျက်ဆီးခြင်း) ဆိုတာ အသိစိတ် (Conscious mind) က အောင်မြင်ချင်၊ တိုးတက်ချင်ပေမဲ့ မသိစိတ် (Subconscious mind) ရဲ့ အတွေး၊ အပြုအမူတွေက ကိုယ့်ရဲ့ ပန်းတိုင်နဲ့ အောင်မြင်မှုတွေကို ကိုယ်တိုင် ပြန်ပြီး လမ်းလွဲစေတာ သို့မဟုတ် ဖျက်ဆီးပစ်တာကို ခေါ်ပါတယ်။
အလွယ်ပြောရရင် "ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ခလုတ်တိုက်မိနေတဲ့ အခြေအနေ" ဖြစ်ပါတယ်။
အတွေ့ရအများဆုံး Self-Sabotage ပုံစံများ
⛳️Procrastination (အလုပ်ရွှေ့ဆိုင်းခြင်း): အရေးကြီးပြီး ကိုယ့်အတွက် တိုးတက်စေမယ့် အလုပ်မျိုးကိုမှ နောက်ဆုံးမိနစ်ထိ အကြောင်းပြချက်အမျိုးမျိုးနဲ့ အချိန်ဆွဲနေခြင်း။

⛳️Imposter Syndrome & Self-Doubt (ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခြင်း): အခွင့်အရေးကောင်းတွေ ရလာတဲ့အခါ "ငါနဲ့ မထိုက်တန်သေးပါဘူး"၊ "ငါ မလုပ်နိုင်ပါဘူး" ဆိုပြီး လက်တွန့်ဆုတ်သွားခြင်း။

⛳️Financial Self-Sabotage (ငွေကြေးဆိုင်ရာ အဖျက်အပြုအမူ): ငွေစုမိခါနီး သို့မဟုတ် ငွေကြေးအဆင်ပြေလာခါနီးတိုင်း မလိုအပ်တဲ့နေရာတွေမှာ အလွန်အကျွံ သုံးပစ်တာ၊ စွန့်စားရလွန်းတဲ့ နေရာတွေမှာ အလျင်စလို မြှုပ်နှံပြီး ပြန်ပြုတ်ကျစေခြင်း။

⛳️Fear of Success / Fear of Failure (အောင်မြင်မှာ သို့မဟုတ် ကျရှုံးမှာကို ကြောက်ရွံ့ခြင်း): အောင်မြင်သွားရင် တာဝန်တွေ အရမ်းကြီးလာမှာ၊ လူတွေရဲ့ အာရုံစိုက်မှု ခံရမှာကို မသိစိတ်က ကြောက်တဲ့အတွက် အဆုံးထိ မရောက်အောင် တမင် အဆင်မပြေဖြစ်အောင် လုပ်မိခြင်း။
ဘာကြောင့် Self-Sabotage ဖြစ်ရသလဲComfort Zone ထဲက မထွက်ချင်ခြင်း: လူ့ရဲ့ မသိစိတ်က "မသိသေးတဲ့ အောင်မြင်မှုအသစ်" ထက် "အဆင်မပြေပေမဲ့ ရင်းနှီးပြီးသား အခြေအနေဟောင်း" မှာ နေရတာကို ပိုပြီး ဘေးကင်းတယ် (Safe ဖြစ်တယ်) လို့ ထင်တတ်လို့ ဖြစ်ပါတယ်။

⛳️Limiting Beliefs (အတားအဆီးအတွေးများ): ငယ်စဉ်ကတည်းက စွဲကျန်ခဲ့တဲ့ "ငါက ပိုက်ဆံမကိုင်တတ်ဘူး"၊ "ငါက ကံမကောင်းဘူး" ဆိုတဲ့ အတွေးမှားတွေကို အမှန်ဖြစ်ကြောင်း ကိုယ့်မသိစိတ်က သက်သေပြဖို့ ကြိုးစားနေလို့ ဖြစ်ပါတယ်။
Self-Sabotage ကို ကျော်လွှားဖို့အတွက် ပထမဆုံးအဆင့်က ကိုယ် ဘယ်နေရာတွေမှာ ထပ်တလဲလဲ အလွဲတွေ လုပ်နေမိသလဲဆိုတဲ့ Pattern (အလေ့အထ) ကို သတိပြုမိခြင်း (Awareness ရရှိခြင်း) ကနေ စတင်ရပါတယ်။

⛳️ကိုယ့်ရဲ့ pattern တွေကို မိမိကိုယ်တိုင်သတိပြမိစေဖို့ အတွက် Coaching ယူခြင်းက အကောင်းဆုံးပင်ဖြစ်ပါတယ်။

🧚‍♀️သင့်ဘဝရဲ့အပြောင်းအလဲကို awareness ရှိရှိ ကောင်းမွန်စွာ တည်ဆောက်နိုင်ဖို့လိုအပ်နေပါပြီလို့ ခံစားချင်ရှိလာရင်"ဝေ" အမြဲ ရှိနေပါတယ်။

#ချစ်တဲ့ "ဝေ"



17/09/2026

🤝ကိုယ့်နဲ့လက်တွဲလုပ်တဲ့ သူတွေမှာ

Reason ပေးတက်တဲ့သူနဲ့
Results ထွက်အောင်လုပ်တဲ့သူ
ဘယ်သူပိုများလဲ

ကြံရည် ဖန်ရည်ရှိပြီး results ထွက်အောင်လုပ်နိုငိတဲ့သူကို မိမိဘေးမှာ ဝန်းရံထားပါ။
#ချစ်တဲ့​ဝေ



16/09/2026

အလုပ်လုပ်မယ်ဆိုရင် ဒီနှစ်ချက်အဓိက စဉ်းစားပါ

Reason နဲ့ Results

Reason ပေးမိနေသမျှ Results နဲ့ ဝေကွာနေမှာပဲ။
ကိုယ်ဘာလ်ိုချင်တာ
တစ်ခုပဲရွေးပါ။

#ချစ်တဲ့ဝေ



Address

Monywa

Telephone

+959964343377

Website

Alerts

Be the first to know and let us send you an email when Wai Wai Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Wai Wai Lin:

Shortcuts

Share

Category