25/01/2021
Phrasal Verbs အသုံးလေးတွေကို
လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်
🔅Bring up
- to look after during childhood(ကလေးဘဝတုန်းက
ကြည့်ရှုစောင့်ရှောက်လာတာကို ပြောချင်တဲ့အခါမှာသုံးတယ်)
ဥပမာလေးနဲ့တကွ လေ့လာကြည့်ကြရအောင်နော်
e.g She brought up her nephew.
သူမက သူမရဲ့တူတော်မောင်ကို ငယ်ငယ်တုန်းက စောင့်ရှောက်ခဲ့တာလေ။
🔅Take after
- to look or behave like someone(တစ်စုံတစ်ယောက်လိုမျိုး ပြုမူနေထိုင်တဲ့အခါ မှာသုံးတယ်)
ဥပမာလေးနဲ့တကွ လေ့လာကြည့်ကြရအောင်နော်
e.g He takes after his uncle in character.
သူ့ပုံစံက သူ့ဦးလေးအတိုင်းပဲ (သူ့အပြုအမူတွေကသူ့ဦးလေးအတိုင်းပဲ။)
🔅Grow up
- to become an adult(အရွယ်ရောက် ကြီးပြင်းလာတဲ့အခါ)
ဥပမာလေးနဲ့တကွ လေ့လာကြည့်ကြရအောင်နော်
e.g He want to be an engineer when he grows up.
သူကကြီးပြင်းလာတဲ့အခါ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာ။
🔅Look up to
- to respect and admire someone(တစ်စုံတစ်ဦးကိုလေးစား ကြည်ညိုမှုရှိတယ်လို့ပြောတဲ့အခါမှာသုံးပါတယ်)
ဥပမာလေးနဲ့တကွ လေ့လာကြည့်ကြရအောင်နော်
She always looks up to her teacher
သူမက အမြဲသူ့ဆရာမကို လေးစားသမှုရှိတာ။
just sharing knowledge for the people who want to learn English!
Teacher Kyawt
25.01.2021(Monday)