MESI - Monywa

MESI - Monywa MESI Monywa
Educational Environment

🙏🙏 မကြာခင် သီတင်းကျွတ်လပြည့်နေ့လေးကို ရောက်တော့မှာ ဖြစ်တဲ့ အတွက် သီတင်းကျွတ်အခါသမယလေးမှာမိတ်ဆွေသူငယ်ချင်းများအားလုံးကိုစ...
30/10/2020

🙏🙏 မကြာခင် သီတင်းကျွတ်လပြည့်နေ့လေးကို
ရောက်တော့မှာ ဖြစ်တဲ့ အတွက်
သီတင်းကျွတ်အခါသမယလေးမှာ
မိတ်ဆွေသူငယ်ချင်းများအားလုံးကို
စိတ်ချမ်းသာ ကိုယ်ကျန်းမာစေကြောင်း
MESI Monywa Team မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏


30 Business Terms (စီးပွားရေး အသုံးအနှုန်း ၃၀) Video File လေးကို ဝေမျှ ပေးလိုက်ပါတယ်ဗဟုသုတရအောင် ကြည့်စေချင်ပါတယ်MESI Mo...
21/10/2020

30 Business Terms
(စီးပွားရေး အသုံးအနှုန်း ၃၀)
Video File လေးကို ဝေမျှ ပေးလိုက်ပါတယ်

ဗဟုသုတရအောင် ကြည့်စေချင်ပါတယ်

MESI Monywa Team

ယခု video ကို ကြည့်ပြီးရင် Yes , done! လေး ရေးပေးခဲ့ပါ။ စီးပွားရေးစီမံခန့်ခွဲမှု Video ဟောပြောချက် ၅၀ ကျော်ကို လေ့လာနိုင်ဖ...

18/10/2020

🚩❤️ Next Normal Myanmar ✍️🙂👍
We Can Do It MESI

⬆️⬆️ ပြောင်းလဲ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ
အိမ်မှာနေရင်းစာတွေ လေ့လာလို့ရအောင်
ဆရာဇင်ဖြိုးပိုင်အနေ MESI ကျောင်းကြီးကို Facilities ပြည့်ပြည့်စုံစုံနဲ့ support လုပ်ပေးနိုင်အောင်ကြိုးစားထားပါတယ်

✅✅ နေရာအနှံ့ က လူပေါင်းများစွာကို နေရာ တစ်နေရာ ထဲမှာ Screen တစ်ခု ထဲမှာ အတူတကွ မြင်နိုင်အောင် Next Normal Myanmar ကို MESI ကနေလည်း ခေတ်နဲ့ အမှီ လိုက်လံ ပြောင်းလဲ ထားပါတယ်

🎓 Next Normal Myanmar မှာ ခေတ်ရေစီးကြောင်းမှာ ပြတ်မကျန်ခဲ့အောင်
MESI မှာ ပညာသင်ယူလိုက်ကြပါစို့

ဘ၀ရဲ့ Profile ကို (10-P) နဲ့ တည်ဆောက်ခြင်း================================ဘ၀ကို အကောင်းဆုံး ဖန်တီးနေဖို့လား... ? >>> ဘ၀ ...
16/10/2020

ဘ၀ရဲ့ Profile ကို (10-P) နဲ့ တည်ဆောက်ခြင်း
================================
ဘ၀ကို အကောင်းဆုံး ဖန်တီးနေဖို့လား... ? >>> ဘ၀ + + ??? (ဘ၀ကို ဘာတွေနဲ့ပေါင်းမလဲ...၊ ဘယ်လိုတိုးတက်နိုင်မလဲ) ဆိုတာ... ဖော်ပြထားတဲ့ (10-P) ဆိုတဲ့ (P) များကို စုဆောင်းကြိုးစားသွားဖို့ အားပေးလိုက်ပါတယ်။
10-P for Life ဘ၀အတွက် (P) ၁၀ လုံးနဲ့တည်ဆောက်ဖို့
(၁) 🚩Professional ကျွမ်းကျင်ထူးချွန်သူဖြစ်ပါစေ။
ဘ၀မှာ ကိုယ်အားသန်တဲ့ နယ်ပယ်တစ်ခုမှာ ထူးချွန်ကျွမ်းကျင်ဖို့ ကြိုးစားနေပါ။ ကျွမ်းကျင်ထူးချွန်လာလေလေ အောင်မြင်မှုတွေကို ဖန်တီးနိုင်လေလေဖြစ်ပါတယ်...။
(၂) 🚩Power အလုပ်မှာရာထူးနေရာသြဇာရှိဖို့ကြိုးစားပါ...။
အလုပ်မှာ အတွေ့အကြုံရှိမှု + လေးစားမှုနဲ့အတူ အားလုံးအပေါ်မှာ လွှမ်းမိုးသြဇာရှိဖို့လိုအပ်ပါတယ်။ သြဇာရှိသူဖြစ်လေလေ အောင်မြင်လေလေဖြစ်ပါတယ်...။
(၃) 🚩People လူတွေအတွက် အားပေးရင်းအောင်မြင်စေပါ...။
အောင်မြင်မှုဆိုတာ လူတွေမှပေးလာခြင်းဖြစ်လို့ လူတွေကို အားပေးကူညီ တန်ဖိုးမြင့်တင်ရင်း အောင်မြင်မှုများစွာကိုပိုင်ဆိုင်ပါစေ...။ လူတွေကို များများပေးနိုင်လေလေ၊ လူတွေမှ အောင်မြင်မှုပြန်ပေးလေလေပါပဲ။
(၄) 🚩Personality မိမိကိုယ်တိုင်ကောင်းအောင်တည်ဆောက်ပါ...။
ဘ၀ဆိုတာ မိမိပြုလုပ်ကြိုးစားမှုတို့၏ ဖော်ပြထားတဲ့ပုံစံပင်ဖြစ်ပါတယ်။ ကောင်းမွန်သော ပြုလုပ်ကြိုးစားမှုဖြင့် အကောင်းဆုံးသော ဘ၀ပုံစံကို ဖန်တီးနိုင်ပါတယ်။ မိမိကောင်းအောင်ကြိုးစားလေလေ၊ အောင်မြင်မှုဖန်တီးနိုင်လေလေပါပဲ။
(၅) 🚩Passion စိတ်ဆန္ဒဖြစ်ချင်စိတ်ပြင်းပြင်းပြပြကြိုးစားပါ...။
လူတိုင်းတူညီပေမဲ့ မတူညီစတဲ့ စိတ်ဆန္ဒပြင်းပြမှုဟာ ဘ၀တစ်ခုကို ပိုမိုလျှင်မြန်တိုးတက်အောင်မြင်စေပါတယ်။ စိတ်ဆန္ဒပြင်းပြလေလေ ရည်မှန်းချက်ပန်းတိုင်းသို့ မြန်မြန်ရောက်လေလေပါပဲ။
(၆) 🚩Promotion မြင့်တင်တိုးတက်အောင်ကြိုးစားပါ...။
မိမိကိုယ်တိုင်မြင့်တင်ပါမှ၊ ဘ၀ပုံစံဟာ မြင့်တင်နိုင်မှာမို့၊ ပိုမိုမြင့်တင်အောင် ကြိုးစားခြင်းသည်သာ ဘ၀ပုံစံကို အဆင့်မြင့်တိုးတက်စေမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် မြင့်တင်ကြိုးစားလေလေ၊ ဘ၀ဟာ တိုးတက်လေလေပါပဲ။
(၇) 🚩Partner လုပ်ဖော်ကိုင်ဖက်ကောင်းများထားရှိစေပါ...။
ဘ၀ဆိုတာ၀န်းရံလျှက်ရှိတဲ့ ပတ်၀န်းကျင်ဟာ လွှမ်းမိုးစေတာမို့၊ မိမိထက်ထူးချွန်သော ဆရာသခင်၊ ကျွမ်းကျင်သူတွေနဲ့ လွှမ်းမိုးစေပြီး မိမိဘ၀ကို ပိုမိုတိုးတက်အောင်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေဆရာကောင်းများလေလေ၊ ဘ၀ဟာတိုးတက်လေလေပါပဲ။
(၈) 🚩Persistent အရှုံးမပေးသောဇွဲလုံ့လတို့နဲ့ကြိုးစားခြင်း...။
အောင်မြင်မှုဆိုတာ အခက်အခဲတွေရဲ့ကြားမှာပဲ တည်ရှိနေတဲ့အရာမို့ ဇွဲလုံ့လ၀ရိယနဲ့ အရှုံးမပေးကြိုးစားသူတွေသာ ပိုင်ဆိုင်နိုင်ပါတယ်။ ဇွဲလုံ့လခိုင်ခိုမာမာနဲ့ကြိုးစားလေလေ၊ ဘ၀ဟာ ခိုင်မာတိုးတက်လေလေပါပဲ။
(၉) 🚩Pioneer ဦးဆောင်တီထွင်ဖန်တီးသူဖြစ်ပါစေ...။
အောင်မြင်သူတိုင်းဟာ Pioneer ဦးဆောင်တီထွင်ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။ ဆန်းသစ်တီထွင်ကြိုးစားလေလေ၊ အောင်မြင်မှုအသစ်သစ်တွေ ရရှိနိုင်လေလေပါပဲ။
(၁၀) 🚩Prepare အနာဂတ်အတွက် အမြဲပြင်ဆင်ကြိုးစားပါ...။
အောင်မြင်မှုဆိုတာ ပေးလာတဲ့အခွင့်အရေးနဲ့ ကိုယ်ပြင်ဆင်ထားမှုရှိမှု အခွင့်အရေးကို ဖန်တီးနိုင်မှာမို့ အမြဲပြင်ဆင်ကြိုးစားနေပါ...။ အနာဂတ်အတွက် များများပြင်ဆင်လေလေ၊ အနာဂတ်မှာ ပိုမိုအောင်မြင်လေလေပါပဲ။
ဘ၀ဆိုတာ (ဘာမှမရှိတဲ့ စာရွက်လိုပါပဲ) ဘာတွေရေးဆွဲပုံဖော်ဖန်တီးမလဲဆိုတာ ဘ၀ရဲ့ Profile ပဲဖြစ်ပါတယ်။ ဘ၀ဆိုတာ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်တိုင်ဖန်တီးရတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ... လှပအောင်ရေးဆွဲပုံဖော်ပြီး အောင်မြင်တိုးတက်သော ဘ၀ပိုင်ရှင်များဖြစ်နိုင်ကြပါစေ... (10-P) နှင့်အတူ မိမိရဲ့ဘ၀တစ်ခုကို အကောင်းဆုံးဖန်တီးဖို့ အားပေးနေရင်း...
ကိုယ်တိုင်ဘ၀တိုးတက်ဖို့၊ ကိုယ်တိုင်မကြိုးစားရင်၊ ဘယ်သူကြိုးစားပေးနိုင်မှာလဲ...
ကိုယ်တိုင်ဘ၀လှပအောင်မြင်ဖို့၊ ကိုယ်တိုင်မဖန်တီးရင်၊ ဘယ်သူအောင်မြင်မှုပေးမှာလဲ...
၁၉၈၈ မှ ၂၀၂၀ (နှစ်-၃၂) အတွင်း
ကျွန်တော့်ဘ၀ကို အများရဲ့ အကူညီမရတဲ့အခါရှိသလို၊ အများရဲ့အကူညီလည်းရှာဖွေရင်း၊ ကဲ့ရဲ့မှုတွေရှိသလို၊ အားပေးမှုတွေနဲ့နေထိုင်ရင်း... ကိုယ်တိုင်သာ ကိုယ့်ဘ၀ရဲ့ဦးဆောင်ရှင်စိတ်နဲ့ ဒီနှစ်ရဲ့ဘ၀ Profile အသစ် ဆက်လက်ဖန်တီးနေလျှက်...
အားလုံးလည်း ၂၀၂၀ မှာ Profile အသစ်တွေနဲ့အတူ အောင်မြင်မှုအသစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
I Can Do It
You Can Do It
We Can Do It
ဇင်ဖြိုးပိုင် (MESI)
10-P ဖြင့် ဘ၀ရဲ့ Profile ကို အောင်မြင်စွာတည်ဆောက်နိုင်ပါစေ
🚩 အားလုံးအတွက် ပညာကုသိုလ်ပြုရင်း Like / Comment/ Share များနှင့်အတူတူ မျှဝေပေးနိုင်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်
ကျန်းမာဝမ်းသာကြပါစေ ✍️🙂

ယနေ့ခေတ် အသုံးများလာတဲ့ Marketing နည်းလမ်းများ=====================================Marketing ဆိုတာ စျေးကွက်စီးပွားရေးအတွ...
16/10/2020

ယနေ့ခေတ် အသုံးများလာတဲ့ Marketing နည်းလမ်းများ
=====================================

Marketing ဆိုတာ စျေးကွက်စီးပွားရေးအတွက်သာ အရေးကြီးတာမဟုတ်ပဲ… Market အသစ်များတိုးတက်လာမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု - စျေးကွက်ဖန်တီးလာမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမှု - အားလုံးသော လူမှု၀န်းကျင်အတွက် များစွာတိုးတက်မှုကို များစွာဖန်တီးနိုင်တဲ့ မဟာဗျူဟာလို့ ဆိုနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ ယခင်နဲ့မတူတဲ့ Marketing စျေးကွက်ထိုးဖောက်တဲ့ ပုံစံများစွာ တိုးတက်လာတာ တွေ့ရပါတယ်။ လုပ်ငန်းအသစ်စတင်သူတွေအတွက်ရော၊ လုပ်ငန်းတိုးချဲ့သူတွေအတွက်ပါ Marketing ရဲ့ ချိတ်ဆက်မှုအားဖြင့် လုပ်ငန်းများ တိုးချဲ့နိုင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းကြီးတွေရဲ့ အဓိက အားသာချက်ကတော့ Marketing အားသာမှုဆိုတာ မြင်သာနိုင်ပါတယ်။

ယနေ့ခတ်ရဲ့ အသုံးများလာတဲ့ Marketing နည်းလမ်းတချို့ကို တင်ပြရရင်...

(၁) Person Marketing (အောင်မြင်သူများကို မှီခြင်းဖြင့် စျေးကွက်ဖန်တီးခြင်း)
- အောင်မြင်မှုရရှိပြီးသော လူများဖြင့် ကြော်ငြာမှုဖြစ်စေ၊ ဟောပြောမှုဖြစ်စေ၊ ထောက်ခံအားပေးမှုဖြစ်စေ နာမည်ကြီးမှုကို မှီပြီး စျေးကွက်ကို လူအများသိအောင် ထိုးဖောက်နိုင်ပါတယ်။
(ဥပမာ - ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ဆရာကြီး၏ ဟောပြောမှုများတွင် Sponsor များ၊ ပံ့ပိုးခြင်းဖြင့် လူပေါင်းများစွာသို့ စျေးကွက်ချိတ်ဆက်နိုင်တဲ့ ပုံစံမျိုးပါ)

(၂) Relationship Marketing (အဖွဲ့အစည်းများနှင့်ချိတ်ဆက်လျှက် စျေးကွက်ဖန်တီးခြင်း)
- စျေးကွက်အတွင်းမှာ နေရာရပြီးသော လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် Corporate ချိတ်ဆက်လျှက် - Joint အကျိုးတူပူးပေါင်းလျှက် - Partnership ချိတ်ဆက်လျှက် စျေးကွက်ကို အချိန်တိုအတွင်း ချဲ့ထွင်ဆောင်ရွက်နိုင်ပါတယ်။
(ဥပမာ - Telenor ဟာ မြန်မာနိုင်ငံမှာ စျေးကွက်ချဲ့ထွင်တဲ့အခါ ဖုန်း အရောင်း ကိုယ်စားလှယ်၊ ဆိုင်များနှင့် ချိတ်ဆက်လျှက် အချိန်တိုတနိုင်ငံလုံးအဆင့် စျေးကွက်နေရာဖန်တီးယူတဲ့ ပုံစံမျိုးပါ)

(၃) Place Marketing (လူများရာ နေရာပေါ်မှီပြီး စျေးကွက်ဖန်တီးခြင်း)
- လူအများရှိစေတဲ့ နေရာများဖြစ်သော Shopping Mall များ၊ အရောင်းစင်တာများ၊ လူအများရှိတဲ့ နေရာကို မှီပြီး နေရာချင်းတူပေမဲ့ လူအများရှိစေမဲ့ နေရာများကို ရွေးချယ်ပြီး စျေးကွက်ချိတ်ဆက် ရောင်းချနိုင်ပါတယ်။
(ဥပမာ - Shopping Center တွေမှာ ပြုလုပ်လေ့ရှိတဲ့ Promotion ပွဲတွေ၊ ထုတ်ကုန် မိတ်ဆက် ပွဲတွေ ပြုလုပ်လျှက် များစွာသော လူအများသို့ စျေးကွက်ချိတ်ဆက်မှု ပုံစံမျိုးပါ)

(၄) Case Marketing (လက်တလော လူစိတ်၀င်စားမှုကိုမှီပြီး စျေးကွက်ဖန်တီးခြင်း)
- လတ်တလောမှာ လူအများစိတ်၀င်စားမှုရှိတဲ့ အခြေအနေများဖြစ်တဲ့ သင်္ကြန်ပွဲတွေ၊ ဘောလုံးပွဲတွေ၊ အကယ်ဒမီပေးပွဲတွေ စတဲ့ လူအများစိတ်၀င်စားတဲ့ အချက်တွေကို မှီပြီး လူအများသိအောင် လုပ်ငန်းမိတ်ဆက်ဖန်တီးနိုင်ပါတယ်။
(ဥပမာ - တနိုင်ငံလုံးမှ ကြည့်ရှုအားပေးနေတဲ့ ဘောလုံးပွဲတွေမှာ Sponsor ပေးခြင်းဖြင့် လူများစွာဆီသို့ Marketing များ ဆောင်ရွက်တဲ့ ပုံစံမျိုးတွေပါ)

(၅) Event Marketing (အရောင်းပြပွဲများ၊ ပွဲလမ်းသဘင်များမှီပြီး စျေးကွက်ဖန်တီးခြင်း)
- ယနေ့ခေတ် ရေပန်းစားလာတဲ့ Business Expo တွေ၊ Seminar Event တွေ၊ Show ပွဲတွေ စတဲ့ လူများစွာမှ စိတ်၀င်တစားလာရောက်ကြည့်ရှုမှုနှင့်အတူ မိမိလုပ်ငန်း၊ ထုတ်ကုန်များကို မိတ်ဆက်ပြီး လုပ်ငန်းများ လူအများသိအောင် စျေးကွက်ဖန်တီးနိုင်ပါတယ်။
(ဥပမာ - တပ်မတော် ခန်းမ၊ အမျိုးသားကဇတ်ရုံ စီးပွားရေး ဟောပြောပွဲတွေ၊ Business Expo များတွင် လုပ်ငန်းများမှ ပါ၀င်ပြီး လူများစွာသို့ စျေးကွက်မိတ်ဆက်တဲ့ ပုံစံမျိုးပါ)

(၆) Social Media Marketing (သတင်းမီဒီယာ လူမှုကွန်ယက်မှီပြီး စျေးကွက်ဖန်တီးခြင်း)
- ၂၁ ရာစု တိုးတက်လာတဲ့ အင်တာနက်၊ Facebook ၊ ၀ဘ်ဆိုဒ်၊ YouTube ၊ တီဗီအစီအစဉ် စတဲ့ သတင်းမီဒီယာများအား ကြားခံလျှက် Online မှ မိတ်ဆက်ရောင်းချခြင်းများဖြင့် လူများစွာသိအောင် စျေးကွက်ချိတ်ဆက် ဖန်တီးနိုင်ပါတယ်။
(ဥပမာ - တကမ္ဘာလုံးမှ လိုအပ်တဲ့ ပစ္စည်းများကို အွန်လိုင်းမှတဆင့် ၀ယ်ယူရရှိနိုင်အောင် Website ဖန်တီးပြီး ချိတ်ဆက်ရောင်းချနေတဲ့ Alibaba.com သကဲ့သို့ ပုံစံမျိုးပါ)

ယနေ့ခေတ်တိုးတက်လာမှုအားလုံးကို မှီပြီး Marketing တွေ ဖန်တီးဖို့ အားပေးပါရစေ၊ အခွင့်အရေးတွေ များလာပေမဲ့ ဖန်တီးမှုတွေရှိဖို့လည်း လိုအပ်လာပါတယ်။ မိမိထုတ်ကုန်၊ လုပ်ငန်း အားလုံးသော အရာတွေကို တခြားသော ဖောက်သည်၊ ၀ယ်ယူသူ၊ အားပေးသူ များသိအောင် ကြားခံချိတ်ဆက်ပေးတဲ့ Marketing သာ အဓိကဖြစ်လာပါတယ်။

Marketing လုပ်လိုက်လို့ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်ထက်စာရင် ပြန်လည်ရရှိစေမဲ့ Profit က များနေစမြဲပါပဲ၊ ကုန်ကျတာကို အဓိကမထားပဲ ပြန်လည်ရရှိနိုင်မဲ့ အကျိုးကျေးဇူးကို အာရုံစိုက်ခြင်းဖြင့် စျေးကွက်အသစ်များဖန်တီဖို့၊ စျေးကွက်နေရာများချိတ်ဆက်ဖို့၊ လုပ်ငန်းအခွင့်အရေးများ ဖန်တီးနိုင်ဖို့ အားပေးရေးသားလျှက်…

---------------------------------------------------------
၂၁ ရာစု - အသိပညာဦးဆောင်မှုဖြင့် ရေရှည်တိုးတက်မှုသို့...

Zin Phyo Paing (MESI University College)

22. 2. 2020 မှာ MESI University College ပြောင်းလဲသတ်မှတ်ကြောင်း သတင်းကောင်း ✍️ဘယ်အချက်တွေရှိခြင်းကြောင့် MESI University...
16/10/2020

22. 2. 2020 မှာ MESI University College ပြောင်းလဲသတ်မှတ်ကြောင်း သတင်းကောင်း
✍️ဘယ်အချက်တွေရှိခြင်းကြောင့် MESI University College အဖြစ် ပြောင်းလဲသတ်မှတ်…?

(၁) ပညာရေးဝန်ကြီးဌာနသို့ University အဆင့်ပြောင်းလဲရေး စာတမ်းပြုစုတင်ပြပြီးစီးခြင်း

(၂) မြန်မာနိုင်ငံအဆင့် ကျောင်းခွဲ (၁၅-ခု) ဖြင့် တနိုင်ငံလုံးအဆင့် ပညာရေးမြင့်တင်နေခြင်း

(၃) Prof. Dr. MBA. အဆင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမအင်အား (၅၀-ဦး) ကျော်ရှိလာခြင်း

(၄) အင်္ဂလန်၊ ရှရှား၊ မလေးရှား နိုင်ငံခြားတက္ကသိုလ်များနှင့် MOU မိတ်ဖက်လက်မှတ်ရေးထိုးထားခြင်း

(၅) တက္ကသိုလ်အဆင့် PhD, MBA, BBA, Diploma အတန်းများစွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်း

(၆) ဆရာ % နှင့် ကျောင်းသား % ပြည့်မှီပြီး ကျောင်းသားပေါင်း ၃၀၀၀ ကျော် ဘွဲ့ပေးနိုင်ခဲ့ခြင်း

(၇) University အဆင့် Own Campus ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုနှင့် လိုအပ်သော စံနှုန်းများရှိလာခြင်း

စတဲ့ University College အင်္ဂါရပ်များရှိလာခြင်းကြောင့် MESI Business Institute မှသည်…
ယနေ့မှစ၍ MESI University College အဖြစ် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်မည်ဖြစ်ပါကြောင်း…

လေးစားရတဲ့ ဆရာကြီး၊ ဆရာမကြီးများနှင့် MESI ဆရာ၊ ဆရာမများအားလုံး၊ Franchise Owner များအားလုံး၊ မိတ်ဖက်ကုမ္ပဏီများအားလုံး နှင့် MESI ကျောင်းသားကျောင်းသူများအားလုံးသို့ သတင်းကောင်းပါး ကြေငြာအပ်ပါတယ်။

🙏 အားလုံးသော ဆရာကြီး၊ ဆရာမကြီးများ၏ ပညာရေးအကြံပေးမှု

🙏 အားလုံးသော MESI Franchise ကျောင်းခွဲများ၏ ဦးဆောင်ကြိုးပမ်းခဲ့မှု

🙏 အားလုံးသော UK နိုင်ငံခြားမိတ်ဖက် ကျောင်းများ၏ ပံ့ပိုးပေးခဲ့မှု

🙏 အားလုံးသော MESI ဆရာ၊ ဆရာမများ၏ သင်ကြားပေးခဲ့မှု နှင့်

🙏 အားလုံးသော မိတ်ဖက်ကုမ္ပဏီများ၏ ပူးပေါင်းကူညီခဲ့မှုများနှင့်အတူ

🙏 အားလုံးသော MESI ကျောင်းသား၊ ကျောင်းသူများ၏ အားပေးမှုကြောင့်သာ…

ယနေ့မှာ MESI University College အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်တာမို့…

အားလုံးသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ မိတ်ဆွေများအားလုံး ဝမ်းသာပီတိဖြစ်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးလျှက်…

၂၂ - ၂ - ၂၀၂၀ (၂-ငါးလုံးပြည့် အထိမ်းအမှတ်နေ့)
I Can Do It + You Can Do It + We Can Do It (MESI)

🙏✍️ MESI University College မိသားစု မှ ကျေးဇူးတင်မှတ်တမ်း
Myanmar Entrepreneur SME International (MESI) University College

ကျောင်းသားများအားလုံး ဂုဏ်တက်စေဖို့ ပြန်လည် Share မျှဝေပေးရင်း အားလုံးဝမ်းသာပီတိဖြစ်နိုင်ကြပါစေ…

✍️🙂 MESI ​၏ Slogan အသစ်ဆောင်ပုဒ်ကြေငြာခြင်းMESI ♥️ ချစ်ခင်သူများ We Can Do It ရေးလျှက် (အားလုံးနဲ့အတူတူ ယုံကြည်အားပေးလို...
16/10/2020

✍️🙂 MESI ​၏ Slogan အသစ်ဆောင်ပုဒ်ကြေငြာခြင်း
MESI ♥️ ချစ်ခင်သူများ We Can Do It ရေးလျှက် (အားလုံးနဲ့အတူတူ ယုံကြည်အားပေးလိုက်ပါ)

MESI မှ လေးစားရပါသော ဆရာ/ ဆရာမများ/ ကျောင်းခွဲများ/ မိတ်ဖက်လုပ်ငန်းများ/ ကျောင်းသူ/သားများအားလုံး

MESI University ၏ Slogan ဆောင်ပုဒ်အား

ဖော်ပြပါအတိုင်း တိုးထည့်ပြီး Update ပြောင်းလဲလိုက်ပါကြောင်းနှင့်

Slogan ဆောင်ပုဒ်အတိုင်း အားလုံးသို့ အတူတူအားပေးလိုက်ပါကြောင်း ကြေငြာအပ်ပါသည်။

MESI University College
I Can Do It + You Can Do It
Together, We Can Do It

ကျွန်ပ်တို့အတူတူရှိရင် အားလုံးလုပ်နိုင်၏။

COVID-19 ကို Never Give-up (အရှုံးမပေးပါနဲ့) ဘဝဆိုတာ Zero မှ စလာကြလို့ သုညဖြစ်လဲ မရှုံးပါနော်🚩Never Give-up, Ever Get-up...
16/10/2020

COVID-19 ကို Never Give-up (အရှုံးမပေးပါနဲ့) ဘဝဆိုတာ Zero မှ စလာကြလို့ သုညဖြစ်လဲ မရှုံးပါနော်
🚩Never Give-up, Ever Get-up (ဘယ်တော့မှ အရှုံးမပေးမှ အမြဲအနိုင်ရမယ်)

ကျွန်တော့်ဘဝ (၁၀-နှစ်) တာခရီး အတွေ့အကြုံအရဆိုရင် (အရှုံးက အရင်စပြီး) အောင်မြင်မှုဆိုတာ ထိုအရှုံးရဲ့ နောက်မှာပဲရှိနေပါတယ်။ (ဥပမာ ၁၀ တန်းအောင်ဖို့ဆိုရင်… ၁၀-တန်းစတက်တဲ့နေ့မှာ ၁၀-တန်းစာမေးပွဲဖြေကြည့်ပါလား (အရှုံးပေါ့) သို့သော် ဆက်ကြိုးစားနေပါ ၁၀-တန်းပြီးချိန်မှာ အောင်မြင်သွားတာပဲမလား…။

၂၀၁၁ မှာ - ကျွန်တော် NGO မှ ထွက်ပြီး စင်္ကာပူသွားတော့ (အရှုံး) နဲ့ စရတာပါပဲ။
၂၀၁၂ မှာ - စင်္ကာပူ မှာ ကျောင်းပြီးအောင်တက်ခဲ့တယ် (အမြတ်) ဆိုတာ နောက်မှရလာတယ်။
၂၀၁၃ မှာ - မြန်မာနိုင်ငံပြန်လာပြီး ပုသိမ်မှာသင်တန်းဖွင့်တော့ (အရှုံး) နဲ့ စရတာပါပဲ။
၂၀၁၄ မှာ - မြို့ပေါင်းများစွာမှာ သင်တန်းတွေဖွင့်နိုင်ခဲ့တယ် (အမြတ်) ဆိုတာ အရှုံးနောက်မှာရှိပါတယ်။
၂၀၁၅ မှာ - ပုသိမ်သင်တန်းဖြတ်ပြီး ရန်ကုန်မှာအခြေချတော့ (အရှုံး) နဲ့ စရတာပါပဲ။
၂၀၁၆ မှာ - MESI ကျောင်းကို ရန်ကုန်မှာထူထောင်နိုင်ခဲ့တယ် (အမြတ်) ဆိုတာ အရှုံးခံမှာရပါတယ်။
၂၀၁၇ မှာ - Franchise ကျောင်းခွဲများစွာ စတင်ထိုးဖောက်တော့ (အရှုံး) ခံပြီး စတင်ရတာပါပဲ။
၂၀၁၈ မှာ - မြန်မာနိုင်ငံအနှံ့ ကျောင်းခွဲ (၁၀-ခု) ဖြစ်လာချိန် (အမြတ်) တိုးတက်လာခဲ့ပြန်တယ်။
၂၀၁၉ မှာ - MESI တက္ကသိုလ်ဆောက်ဖို့ စတင်ရင်းနှီးမြုပ်နှံတော့ (အရှုံး) ဆိုတာနဲ့ စရင်းရတာပဲ။
၂၀၂၀ မှာ - COVID-19 ကြောင့် ကာလတို ကျောင်းတွေပိတ်တော့ (အရှုံး) ဆိုတာ ရှိနေဦးမှာပဲ…။

ယုံကြည်တယ် (အရှုံး) နဲ့ (အမြတ်) တလှည့်စီ သွားနေတဲ့ လောကကြီးမှာ အရှုံးပြီးရင် အမြတ်လာမယ်။
၂၀၂၁ မှာ - ကျွန်တော်ရည်မှန်းသော အိမ်မက်တစ်ခုဖြစ်လာဖို့ ယုံကြည်နေရင်း ဘဝဆိုတဲ့ လောကဓံတရားကို စီးမြောလိုက်ပါနေမိတယ်။

အရှုံးကိုကြောက်လို့ နေရင်တော့ (အတက်အကျ မရှိတဲ့ သေနေတဲ့ ချောင်းရေပါပဲ)
အရှုံး/အမြတ်ကိုမကြောက် စီးမြောနေရင်တော့ (အတက်အကျရှိနေတဲ့ ရှင်နေတဲ့ ပင်လယ်ပြင်ကြီးပါပဲ)

ဒါဏ်ရာတွေများလို့ ဘယ်အရာဟာ နာကျင်ရမလဲမသိတဲ့ ကျွန်တော့်အတွက်တော့ အရှုံးတွေဆိုတာ ချိုမြိန်စွာခံစားရင်း ခရီးဆက်လျှက်ပါ…။ (ဘဝမှာ ဟိုးအရင်က တကိုယ်တည်း အရှုံးမှန်သမျှ ဖြတ်သန်းခဲ့နိုင်ရင်တောင်… အခုအချိန်မှာ ဘဝလက်တွဲဖော် ချစ်ရသူနဲ့အတူ ဆိုးတူ၊ ကောင်းဘက် အရာရာ ရင်ဆိုင်နေလျှက်ပါ)

လှိုင်းတံပိုးတွေပြင်းထန်လှတဲ့ ပင်လယ်ကြီးထဲကိုဖြတ်ချိန်မှာ ခံနိုင်စွမ်းရှိမှ ပင်လယ်တဖက်ကမ်း မျှော်မှန်းချက်ကို ရောက်နိုင်လိမ့်မယ်။

ဘဝဆိုတာ ကျဉ်းမြောင်းလှတဲ့ ချောင်းငယ်ထဲမှာ သေပြီးနေရတာထက်၊ ရှင်သန်နေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ (အတက်၊ အကျ) စီးမြောရင်း လှိုင်းဒါဏ်တွေကို ခံနိုင်ဖို့ သင်ခန်းစာများစွာရလာခဲ့ပါပြီ။ (သေချာတော့ အခုအရှုံးရဲ့နောက်ကွယ်တိုင်းမှာ အမြတ်တစုံတရာရှိနေတယ် Never Give-up မျှော်လင့်လျှက်…

Never Give-up (ဘဝကို ဘယ်တော့မှအရှုံးမပေးနဲ့)
အရှုံးပေးဖို့စိတ်ကူးမိရင်တောင်မှ ဘယ်တော့မှမရှုံးဘူးလို့မှတ်
Zero သုညမှစခဲ့တဲ့ဘဝတွေမို့ ဘယ်အရာမှာ အရှုံးမရှိပါ
(လုပ်စရာရှိတာ ဆက်လုပ်ကြပါ Go On > > Get-up)

ဆန္ဒမွန်ဖြင့်

ဇင်ဖြိုးပိုင် (MESI)

COVID-19 ကို အရှုံးမပေးပါနဲ့ Never Give-up…
Zero to Hero (သုည မှ အောင်မြင်မှုသို့ ခရီးဆက်နေဖို့ပါ)
Never Give-up, Ever Get-up (ဘယ်တော့မှ အရှုံးမပေးမှ အမြဲအနိုင်ရမယ်)

Address

Monywa

Website

Alerts

Be the first to know and let us send you an email when MESI - Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category