25/05/2026
📢 We Are Hiring! Join Our Global Team
Global မှ ပညာရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် အောက်ပါရာထူးများအတွက် အလုပ်လုပ်ကိုင်လိုစိတ်ရှိပြီး အရည်အချင်းပြည့်ဝသော ဝန်ထမ်းများကို ဖိတ်ခေါ်အပ်ပါသည်။
ကျွန်ုပ်တို့ Global အနေဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းခွင် ရေရှည်တိုးတက်မှုကို အလေးထားပြီး အောက်ပါ အကျိုးခံစားခွင့်များကို ပံ့ပိုးပေးသွားမည် ဖြစ်ပါသည် -
✨ Yearly Salary Raise: လုပ်ငန်းခွင် စွမ်းဆောင်ရည်အပေါ် မူတည်၍ နှစ်စဉ် လစာတိုးမြှင့်ခွင့်။
🏆 Punctual & Attendance Rewards: အချိန်လေးစားမှုအတွက် ဂုဏ်ပြုဆု နှင့် လစဉ် ရက်မှန်ကြေး။
📚 Professional Trainings: လုပ်ငန်းခွင်စွမ်းရည် တိုးတက်စေရန် ဘာသာစကား (Language) နှင့် ခေတ်မီသင်ကြားရေး နည်းစနစ် (Teaching Methods) သင်တန်းများအား စဉ်ဆက်မပြတ် ပံ့ပိုးပေးခြင်း။
━━━━━━━━━━━━━━━━━━━━
💼 ခေါ်ယူမည့် ရာထူးနေရာများ
၁။ မူလတန်း နှင့် အလယ်တန်း ဘာသာပြ ဆရာမ (၃ ဦး)
• သက်ဆိုင်ရာ ဘာသာရပ်များကို Lesson Plan စနစ်တကျရေးဆွဲ၍ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ရမည်။
• သင်ကြားရေးအတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိရမည်။ (Green Card လက်မှတ်ရှိသူများကို အထူးဦးစားပေးမည်။)
• ကျောင်းသား/သူ ကလေးငယ်များအပေါ် ချစ်ခင်လေးစားစွာဖြင့် တန်ဖိုးထား ဆက်ဆံနိုင်ရမည်။
• ခေတ်မီပညာရပ်သစ်များကို အစဉ်မပြတ် လေ့လာသင်ယူလိုစိတ်ရှိပြီး လိုအပ်သော သင်တန်းများသို့ တက်ရောက်နိုင်ရမည်။
• လုပ်ဖော်ကိုင်ဖက်များနှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် (Teamwork) ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
━━━━━━━━━━━━━━━━━━━━
၂။ Assistant Teachers (၅ ဦး)
• သက်ဆိုင်ရာ Subject Teacher များ၏ သင်ကြားရေးလုပ်ငန်းစဉ်များကို အကောင်းမွန်ဆုံး ပံ့ပိုးကူညီနိုင်ရမည်။
• အခြေခံ အင်္ဂလိပ်စာ (English Proficiency) ကောင်းမွန်ရမည်။
• ကလေးငယ်များအပေါ် ချစ်ခင်လေးစားစွာ တန်ဖိုးထား ဆက်ဆံနိုင်ရမည်။
• ပညာရပ်သစ်များကို ကြိုးစားသင်ယူလိုစိတ်ရှိပြီး လိုအပ်သော သင်တန်းများ တက်ရောက်နိုင်ရမည်။
• အသင်းအဖွဲ့နှင့် ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
━━━━━━━━━━━━━━━━━━━━
၃။ Office Administration (၂ ဦး)
• ရုံးပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကျွမ်းကျင်စွာ တာဝန်ယူ စီမံခန့်ခွဲနိုင်ရမည်။
• Microsoft Word, Excel, PowerPoint နှင့် Canva ကို အသုံးပြု၍ Poster များ ကျွမ်းကျင်စွာ ပြုလုပ်နိုင်ရမည်။
• Internet, Email, School Website နှင့် LMS Software များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• ကျောင်းသားမိဘများနှင့် ဆက်သွယ်ရာတွင် ချိုသာယဉ်ကျေးပြီး ပြေပြစ်ကောင်းမွန်သော ဆက်သွယ်ရေးစွမ်းရည် (Communication Skills) ရှိရမည်။
• အရေးပေါ်အခြေအနေများကြုံတွေ့လာပါက မှန်ကန်မြန်ဆန်စွာ ဖြေရှင်းနိုင်စွမ်း (Problem-solving Skills) ရှိရမည်။
━━━━━━━━━━━━━━━━━━━━
📝 လျှောက်ထားရန် အချက်အလက်များ
Global နှင့်အတူ ရေရှည်လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိပြီး လုပ်ငန်းအပေါ် အမှန်တကယ် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ပါသည်။
လိုအပ်သော စာရွက်စာတမ်းများ - CV Form၊ ပညာအရည်အချင်း အထောက်အထား (Certificates)၊ လုပ်ငန်းအတွေ့အကြုံ၊ မျှော်မှန်းလစာ၊ အိမ်ထောင်စုဇယား copy နှင့် မှတ်ပုံတင် copy တို့ကို ပြည့်စုံစွာဖော်ပြ၍ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် - ကျောင်းရုံးခန်းသို့ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက် ၍ 28.05.2026 ( Thursday ) နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။
━━━━━━━━━━━━━━━━━━━━
📍 လိပ်စာ - ဂျော်ကီလမ်း ၊ ချမ်းမြသာစည်ရပ်၊ မုံရွာမြို့။
📞 ဆက်သွယ်စုံစမ်းရန် - 09 - 9632 69 349