19/08/2026
#အညာပညာသင်ဆု ရရှိသူများစာရင်း ကြေညာခြင်း
အညာအင်စတီကျုမှ စီစဉ်ပေးအပ်သည့် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် အညာပညာသင်ဆုအတွက် လျှောက်ထားခဲ့ကြသူများထဲမှ ပညာသင်ဆုရရှိသူများကို ရွေးချယ်ပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာအပ်ပါသည်။ 🎓
ယခုနှစ်တွင် အညာပညာသင်ဆုအတွက် အနယ်နယ်အရပ်ရပ်မှ လျှောက်လွှာစုစုပေါင်း (၁၀၀) ကျော် လက်ခံရရှိခဲ့ပါသည်။ လျှောက်ထားသူများပြားသည့်အတွက် လျှောက်လွှာများကို သေချာစွာ စိစစ်ရွေးချယ်ခဲ့ပြီး ငွေကြေးအခက်အခဲရှိမှု၊ ပညာရေးအခြေအနေ၊ မိသားစုနှင့် လူမှုဘဝ အခြေ အနေများ၊ ပညာရေးဆက်လက်သင်ယူလိုစိတ်နှင့် အင်တာဗျုးအတွင်းဖြေဆိုမှုများကို ပညာသင်ဆု ရွေးချယ်ရေးကော်မတီမှ ထည့်သွင်းအကဲဖြတ်၍ရွေးချယ်ခဲ့ပါသည်။ရွေးချယ်ခံရသူများ အားလုံးကို အထူးဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ 💐
ပညာသင်ဆုရရှိသူများထံသို့ Scholarship Award Letter နှင့် Scholarship Terms & Conditions Letter များကို Email မှတစ်ဆင့် ပေးပို့၍ ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ပညာသင်ဆုရရှိသူများအနေဖြင့် ပေးပို့လာသော Terms & Conditions များကို သေချာစွာဖတ်ရှုပြီး လက်မှတ်ရေးထိုးကာ 25 August နောက်ဆုံးထား၍ Email မှတစ်ဆင့် ပြန်လည်ပေးပို့ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။
ယခုနှစ်တွင် ပညာသင်ဆုအတွက် ရွေးချယ်ခြင်းမခံရသော လျှောက်ထားသူများအနေဖြင့်လည်း အားမလျှော့ဘဲ မိမိတို့၏ ပညာရေးရည်မှန်းချက်များကို ဆက်လက်ကြိုးစားသွားကြရန်နှင့် နောင်လာမည့် ပညာသင်နှစ်များတွင် အညာပညာသင်ဆုကို ထပ်မံလျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ယခုနှစ်တွင် လျှောက်ထားခဲ့ခြင်းသည်ပင် သင်တို့၏ ပညာရေးအပေါ် စိတ်အားထက်သန်မှုနှင့် ရည်မှန်းချက်ကို ပြသနေခြင်းဖြစ်ပါသည်။
အညာပညာသင်ဆုအတွက် အချိန်ပေး၍ လျှောက်လွှာတင်သွင်းခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးတစ်ယောက်ချင်းစီနှင့် လျှောက်ထားရာတွင် ကူညီပံ့ပိုးပေးခဲ့ကြသော သက်ဆိုင်ရာ ကျောင်းများ မှ ဆရာ၊ ဆရာမများအားလုံးကိုလည်း အညာအင်စတီကျုမှ အထူးကျေးဇူးတင်ရှိပါသည်။ လျှောက်ထားသူတစ်ဦးချင်းစီ၏ ပညာရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ပြီး မိမိတို့ရည်မှန်းထားသည့် ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️
For any inquiries, please contact us:
📧 Email: [email protected]
📘 Facebook: https://www.facebook.com/ahnyarinstitute
🌐 Website: https://www.ahnyarinstitute.org/