Mathematic Family

Mathematic Family စစ်‌အာနာရှင်လက်အောက် မှာပညာသင်ကြားဖို့လုံး၀မဖြစ်နိင် စစ်ကျွန်ပညာရေး အလိုမရှိ ���
Student

CDM Supporting အတွက် ပါဝင်လှူ ဒါန်းမှုအတွက်အားလုံးကို ကျေးဇူးတင်ပါတယ်
17/07/2021

CDM Supporting
အတွက် ပါဝင်လှူ ဒါန်းမှုအတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်

7july 7.7.2021မှာ CDMဆရာ/ဆရာမ များအတွက်❤️ဆရာ ဆရာမတွေရဲ့ အချစ်ဆုံး တပည့်လေးတွေရဲ့စေသနာ 🙏🙏🙏Math Majorမှ ညီအကို/မောင်နှမမျာ...
07/07/2021

7july 7.7.2021မှာ CDMဆရာ/ဆရာမ များအတွက်❤️

ဆရာ ဆရာမတွေရဲ့ အချစ်ဆုံး တပည့်လေးတွေရဲ့စေသနာ 🙏🙏🙏

Math Majorမှ ညီအကို/မောင်နှမများခဗျာ❤️

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အဓိက‌ကျတဲ့ CDM အခန်းကဏ္ဍကနေပါ၀င်ကြသော ကျွန်‌ေတာ်/မတို့ရဲ့ မုံရွာတက္ကသိုလ် သချာ်မေဂျာမှ သူရဲကောင်းဆရာ၊ဆရာမများ၊ ရုံး၀န်ထမ်းများအတွက် ကူညီထောက်ပံ့ပေးလိုပါက အောက်ပါအကိုအမတွေဆီမှာ ဆက်သွယ်လှုဒါန်းလို့ရပါတယ်ဗျ။ တော်လှန်ရေးသက်တမ်းရှည်ကြာလာတာနဲ့အမျှ အဆုံးထိတောင့်ခံနိုင်ဖို့ရာ ကျွန်‌ေတာ်တို့ရဲ့ ဆရာ၊ဆရာမတွေ ပြည်သူ့၀န်ထမ်းတွေကို ကူညီပေးကြပါစို့။ ❤️


09791624565
09980944437
09770486969

Kpay, Wave နဲ့ရပါတယ်ဗျ။

#အရေးတော်ပုံအောင်မြင်ရမည် 🙏

သင်္ချာမိသားစုဝင်များမှMath CDM ဆရာ/ဆရာမများအတွက်ပါဝင်လှူ ဒါန်းမှုကျောင်းသားဟောင်းတစ်ဦးမှ၃၀၀၀၀ ကျပ် (26,6,2021)တတိယနှစ်ကျေ...
02/07/2021

သင်္ချာမိသားစုဝင်များမှ
Math CDM ဆရာ/ဆရာမများအတွက်
ပါဝင်လှူ ဒါန်းမှု

ကျောင်းသားဟောင်းတစ်ဦးမှ
၃၀၀၀၀ ကျပ် (26,6,2021)

တတိယနှစ်ကျောင်းသူတစ်ဦးမှ
၁၀၀၀၀ကျပ်(2,7,2021)

အခြားသော သူများကိုလည်းစောင့်နေလျက်ပါ

 #အလှူငွေပမာဏ၁၀၀ကျပ်မှစတင်ပြီးစောင့်ဆိုင်းနေပါတယ်*🙏🙏🙏ဟုတ်ကဲ့ပါဒီpageလေးကတော့  #စစ်အာဏာရှင်အစိုးရအာဏာသိမ်းပြီးတဲ့နောက်  #...
02/07/2021

#အလှူငွေပမာဏ၁၀၀ကျပ်မှစတင်ပြီးစောင့်ဆိုင်းနေပါတယ်*🙏🙏🙏
ဟုတ်ကဲ့ပါ
ဒီpageလေးကတော့ #စစ်အာဏာရှင်အစိုးရအာဏာသိမ်းပြီးတဲ့နောက် #စစ်ကျွန်ပညာရေးစနစ်ဆိုးရဲ့လက်အောက်မှာ တာဝန်မထမ်းဆောင်တဲ့ ရဲဝံ့တဲ့ ကျွန်တော်/မတိုရဲ့ #မုံရွာတက္ကသိုလ် #သင်္ချာဌာနက #သူရဲကောင်း ဆရာ/ဆရာမ တွေကို တက်နိုင်တဲ့ဘက်က #ထောက်ပံ့နိုင်ဖို့အတွက် အလှူငွေထည့်ဝင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်.....💪💪💪💪💪💪💪💪💪💪💪💪

အဓိက ကတော့ မုံရွာတက္ကသိုလ် က သင်္ချာမေဂျာက ဆရာဆရာမတွေအတွက် သီးသန့်အလှူငွေ ထည့်ဝင်နိုင်ဖို့ ဖွင့်ထားခြင်းဖြစ်ပါတယ်

သို့ပေမယ့် မုံရွာတက္ကသိုလ် မှာရှိတဲ့ အခြားသော ဌာနတွေက သူရဲ​ကောင်းဆရာ/မများ အတွက် လှူဒါန်းလို လျှင်လည်း ချိတ်ဆက်နိုင်
ဖို့ ကူညီပေးပါတယ် ခဗျာ/ရှင်။📯
😊😊😊😊😊😊😊😊😊😊😊😊😊😊

အလှူငွေ ထည့်ဝင်မယ် ဆိုရင် 🎊🎉
Kpay,Wavemoney,တို့ကတစ်ဆင့် ပမာဏနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ပါတယ်📩

မလှူဒါန်းခင်မှာ ဒီဖုန်းလေးကိုတော့ ကြိုဆက်ပေးပါ
📞09770486969
အလှူငွေ ၁၀၀ ကျပ်မှ စတင်ပြီး စောင့်ဆိုင်းနေပါတယ်

23.6.2021 အလှူငွေများထပ်မံရရှိပါတယ်ခဗျာ🙏Math Majorမှ ညီအကို/မောင်နှမများခဗျာ❤️စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်...
23/06/2021

23.6.2021 အလှူငွေများထပ်မံရရှိပါတယ်ခဗျာ🙏

Math Majorမှ ညီအကို/မောင်နှမများခဗျာ❤️

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အဓိက‌ကျတဲ့ CDM အခန်းကဏ္ဍကနေပါ၀င်ကြသော ကျွန်‌ေတာ်/မတို့ရဲ့ မုံရွာတက္ကသိုလ် သချာ်မေဂျာမှ သူရဲကောင်းဆရာ၊ဆရာမများ၊ ရုံး၀န်ထမ်းများအတွက် ကူညီထောက်ပံ့ပေးလိုပါက အောက်ပါအကိုအမတွေဆီမှာ ဆက်သွယ်လှုဒါန်းလို့ရပါတယ်ဗျ။ တော်လှန်ရေးသက်တမ်းရှည်ကြာလာတာနဲ့အမျှ အဆုံးထိတောင့်ခံနိုင်ဖို့ရာ ကျွန်‌ေတာ်တို့ရဲ့ ဆရာ၊ဆရာမတွေ ပြည်သူ့၀န်ထမ်းတွေကို ကူညီပေးကြပါစို့။ ❤️


09791624565
09980944437
09770486969

Kpay, Wave နဲ့ရပါတယ်ဗျ။

#အရေးတော်ပုံအောင်မြင်ရမည် 🙏

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗢𝘂𝗿 𝗟𝗲𝗮𝗱𝗲𝗿𝗠𝗼𝘁𝗵𝗲𝗿 𝗗𝗮𝘄 𝗔𝘂𝗻𝗴 𝗦𝗮𝗻 𝗦𝘂𝘂 𝗞𝘆𝗶 ♥🇲🇲 June 19, 2021ရက်နေ့မှာ ကျရောက်မဲ့ ​မွေး​နေ့မှစပြီး ​နောင်နှစ်​ပ...
18/06/2021

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗢𝘂𝗿 𝗟𝗲𝗮𝗱𝗲𝗿
𝗠𝗼𝘁𝗵𝗲𝗿 𝗗𝗮𝘄 𝗔𝘂𝗻𝗴 𝗦𝗮𝗻 𝗦𝘂𝘂 𝗞𝘆𝗶 ♥🇲🇲

June 19, 2021ရက်နေ့မှာ ကျရောက်မဲ့ ​မွေး​နေ့မှစပြီး ​နောင်နှစ်​ပေါင်းများစွာထိ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အသက်ရှည်ပါစေလို့ ကျွန်တော်/ကျွန်မတို့ Mathematic Family Pageကနေဆုတောင်းပြုပေးပါတယ် အမေ ♡︎

#𝙵𝚛𝚎𝚎𝙾𝚞𝚛𝙻𝚎𝚊𝚍𝚎𝚛𝚜
#𝚁𝚎𝚓𝚎𝚌𝚝𝙼𝚒𝚕𝚒𝚝𝚊𝚛𝚢𝙲𝚘𝚞𝚙𝙼𝚢𝚊𝚗𝚖𝚊𝚛
#𝚂𝚊𝚟𝚎𝙼𝚢𝚊𝚗𝚖𝚊𝚛
#𝚆𝚑𝚊𝚝𝙷𝚊𝚙𝚙𝚎𝚗𝙸𝚗𝙼𝚢𝚊𝚗𝚖𝚊𝚛
Adam Aung

Photos Credit.

...ကျွန်တော် တို့ နိုင်ကိုနိုင်မှာ...ဒီစကား ကို ရဲရဲကြီး ပြောနိုင်ခြင်းက ကျွန်တော်တို့ မှာ ပြည်သူတွေရှိလို့ပဲ..ပြည်သူတွေ...
18/06/2021

...ကျွန်တော် တို့ နိုင်ကိုနိုင်မှာ...
ဒီစကား ကို ရဲရဲကြီး ပြောနိုင်ခြင်းက ကျွန်တော်တို့ မှာ ပြည်သူတွေရှိလို့ပဲ..
ပြည်သူတွေဟာ လက်ရှိအချိန်ထိ စစ်ကောင်စီ ရဲ့ အုပ်ချုပ်မှု ကို လုံးဝ လက်သင့်မခံပဲ ရရာနည်းနဲ့တော်လှန် ၊ တွန်းလှန် ပြီး စစ်ကောင်စီကို သွေးပျက်နေစေလို့ပါပဲ...
CDM လှုပ်ရှားမှု ၊ လမ်းမပေါ်က သပိတ်တိုက်ပွဲတွေ ဟာဆိုရင်လဲ အခုအချိန်ထိ အားကောင်းကောင်းနဲ့ ဆက်လက်ရှင်သန်နေဆဲပါပဲ။
တစ်ဖက် မှာလဲ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတဲ့ MOD ရဲ့ PDF တွေ၊ မြို့ပြ ၊ ကျေးရွာတွေက ပြောက်ကျားတိုက်ပွဲ တွေဟာလဲ တဖြည်းဖြည်းနဲ့အရှိန်အဟုန်တက်လာပြီပဲ ဖြစ်တယ်။
ွမြိ​ု့ပြရဲ့ လမ်းမတွေပေါ်၊ ကျေးလက်ဒေသတွေရဲ့ တော၊တောင် တွေဟာ ကျွန်တော်တို့ရဲ့ တိုက်ပွဲနေရာတွေဖြစ်တယ်။
စစ်ကောင်စီ ကို ဆန့်ကျင်တဲ့ တိုက်ပွဲပေါင်းစုံဟာ အချိန်တိုင်း ၊နေရာတိုင်း၊ မြို့ပြတိုင်း ၊ တောရွ
ာတိုင်း မှာ အဆက်မပြတ်ပေါ်ထွန်းနေမှာ ဖြစ်တယ်။
သပိတ်စုံသူပုန်ထ ဆိုတဲ့ အတိုင်း ကျွန်တော်တို့ ပြည်သူတွေဟာ ရရာနည်း၊ ရရာ လက်နက်နဲ့ အကြမ်းဖက်စစ်ကောင်စီ ကို တွန်းလှန်ကြရမှာ ဖြစ်တယ်။
-စစ်အာဏာရှင်စနစ်အလုံစုံ ပျက်သုဥ်းရေး
-ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ထွန်းပေါ်ပေါက်ရေး
ဆိုတဲ့ တူညီ တဲ့မူဝါဒ ကိုလက်ကိုင်ထားပြီး ၊ ကျွန်တော်တို့ ဒီနောက်ဆုံးတိုက်ပွဲကို တိုက်ကြရမှာ ဖြစ်တယ်။
#စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာန (၂) ခု၏ အင်တာနက်စာမျက်နှာ(Website) များ ထပ်မံထုတ်လွှင့်၁၄ ဇွန် ၂၀၂၁ပြည်ထောင်စုသမ္မတမ...
14/06/2021

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာန (၂) ခု၏ အင်တာနက်စာမျက်နှာ(Website) များ ထပ်မံထုတ်လွှင့်
၁၄ ဇွန် ၂၀၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့၏ အင်တာနက်စာမျက်နှာ (Website) များကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်လွှင့်လိုက်ပြီဖြစ်ပါသည်။
အဆိုပါ websites များတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းဆောင်တာများ၊ မိန့်ခွန်းများ၊ ဝန်ကြီးဌာန တစ်ခုချင်းစီ၏ အကြောင်းများ၊ ဌာန ဖွဲ့စည်းပုံ၊ လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများ၊ အစီရင်ခံစာများ၊ ဆက်သွယ်နိုင်မည့် အီးမေးလ်များကို ပြည်သူလူထုသိရှိစေရန် ဖော်ပြထားပါသည်။ ထိုသို့ဖော်ပြရာတွင် မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ဝင်ရောက်လေ့လာနိုင်ရန် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ကျန်ရှိနေသေးသော ဝန်ကြီးဌာနများ၏ တရားဝင်အင်တာနက်စာမျက်နှာများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ထပ်မံထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။
အင်တာနက်စာမျက်နှာများကို အောက်ပါ လင့်ခ်များတွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://mohadm.nugmyanmar.org

https://mowyca.nugmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန၊မုံရွာတက္ကသိုလ်ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ...
12/06/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေး၀န်ကြီးဌာန၊မုံရွာတက္ကသိုလ်
ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
ထုတ်ပြန်ကြေညာချက် ၃/၂၀၂၁
"အမည်ပျက်စာရင်းကြေညာခြင်း"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန၊မုံရွာတက္ကသိုလ်ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ...
12/06/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေး၀န်ကြီးဌာန၊မုံရွာတက္ကသိုလ်
ကြားကာလ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ
ထုတ်ပြန်ကြေညာချက် ၃/၂၀၂၁
"အမည်ပျက်စာရင်းကြေညာခြင်း"
မုံရွာတက္ကသိုလ် သင်္ချာငှာန ❌

(GZ များတို့ ဂုဏ်ပြုရေးသားပါသည်)...သေနတ်ကိုင်ပြီး ပြန်လာမယ် အမေ__________________________________________ရည်းစားထားဖို့ပ...
11/06/2021

(GZ များတို့ ဂုဏ်ပြုရေးသားပါသည်)...သေနတ်ကိုင်ပြီး ပြန်လာမယ် အမေ
__________________________________________

ရည်းစားထားဖို့ပဲသိတယ်ဆိုတဲ့ ကောင်ပါ အမေ။

တိရစ္ဆာန်လေးလို့ အမေ ချစ်စနိုးခေါ်တတ်တဲ့
တိရစ္ဆာန်လေးပါ အမေ။

ဖက်ရွက်ပေါ် ကျောခင်းပြီး
ငှက်ပျောအူကို စုပ်ရင်း ဒီစာကို ရေးလိုက်တာပါ။

ညဆို မိုးပေါ်က ကြယ်တွေကို ရေတွက်ရင်း
အမေ့ကို လွမ်းရ
နေ့ဆို အာဏာရှင်ကိုတိုက်ဖို့ သေနတ်ပစ်လေ့ကျင့်ရင်း
အားသစ်တွေ မွေးရပေါ့။

လေဟာ ဘာနဲ့မှ ပိတ်လို့မရသလို
တော်လှန်ရေး စိတ်ဟာ ဘာနဲ့မှ တားလို့မရဘူးအမေ။

အမေ့ကိုမှ ကျောမခိုင်းရက်ရင်
သေသွားတဲ့ လိပ်ပြာတွေကို
ကျနော် ဘယ်လို မျက်နှာပြရမလဲ အမေ။

အသက်တချောင်းပဲ ပါတယ်
အဲဒီအသက်တချောင်းဟာ တော်လှန်ရေးအတွက်ပဲ

ဆေးလိပ်တွေ ခိုးမသောက်နဲ့လို့
အမေ ကျနော့်ကို ဆုံးမသလိုမျိုး
အာဏာကို ခိုးမယူနဲ့ လို့
သူတို့ကို ဆုံးမလို့ မရဘူးအေမ။

လမ်းမပေါ်ရဲနေတဲ့ သွေးတွေဟာ
လူ့သွေး စစ်စစ်တွေပါ။

ဂစ်တာတီးသင်မယ်ဆိုတဲ့ စိတ်ကူးကို
သေနတ်ပစ်သင်ရင်း အာသာဖြေလိုက်ပြီ အမေ။

အိပ်မပျော်လည်း မဖြစ်နဲ့၊
စားမဝင်လည်း မဖြစ်နဲ့၊

မြေခွေးစစ်စစ်တွေအတွက်
သီချင်းစစ်စစ်တွေ မလိုလို့
သေနတ်စစ်စစ် ကိုင်ပြီး ကျနော်ပြန်လာမယ် အမေ။

GZ များသို့ ဂုဏ်ပြုရေးသားပါသည်

“Ovarian Lottery”ကျွန်တော် ငယ်ငယ်က လူကြီးတွေ ပြောကြတာ နားထောင်ရင်း ဆယ်တန်း ဆိုတာ အတော်လေး ခက်ခဲမယ် ထင်ခဲ့ဖူးတယ်။ တကယ်တမ်...
11/06/2021

“Ovarian Lottery”

ကျွန်တော် ငယ်ငယ်က လူကြီးတွေ ပြောကြတာ နားထောင်ရင်း ဆယ်တန်း ဆိုတာ အတော်လေး ခက်ခဲမယ် ထင်ခဲ့ဖူးတယ်။ တကယ်တမ်း ဆယ်တန်းရောက်လာတော့ အောင်ဖို့ ဆိုတာ ခေါင်းထဲတောင် မထည့်ခဲ့ဘူး။ ဆေးကျောင်းဝင်မယ်ဆိုတာလည်း သိနေပြီးသား။ အမှတ်ပေါင်း ၅၀၀ ကျော်မလား၊ ဘယ်နှဘာသာ ဂုဏ်ထူးပါမလဲ၊ ဒါတွေပဲ ခေါင်းထဲ ရှိခဲ့တာ။

စာကျက်နိုင်ရင် အမှတ်များတဲ့ စနစ်မှာ ဒါက ဂုဏ်ယူစရာတော့ မဟုတ်ဘူး။ သို့သော်လည်း အမျိုးတွေကြားထဲမှာ၊ ပတ်ဝန်းကျင်မှာတော့ အဲ့အချိန်က မျက်နှာပန်းလှခဲ့တာပေါ့။ စိတ်ထဲမှာလည်း အမေတို့ ပြောတဲ့ ခက်လှချည်ရဲ့ ဆိုတဲ့ ဆယ်တန်းက ဘာမှလည်း မဟုတ်ပါလားလို့ ထင်ခဲ့မိတယ်။

အဲ့လိုနဲ့ ဘွဲ့ရပြီးနောက်ပိုင်း ကျေးလက်ဒေသတွေ၊ နယ်ဘက်တွေ ရောက်တော့မှ အဲ့လို ဆယ်တန်းအောင်ဖို့၊ ဆယ်တန်းဆိုတဲ့ အဆင့်ထိ ရောက်လာဖို့ဟာ ဘယ်လောက်ခက်ခဲတယ် ဆိုတာကို သိခဲ့ရတယ်။ ဖျာပုံလိုဒေသက ကျေးရွာတွေကျ ဆင်းရဲလို့၊ ဆရာ၊ ဆရာမ မရှိလို့။ ချင်းလိုမျိုးကျ လမ်းပန်းဆက်သွယ်ရေးပါ ခက်တယ်။ ကျောင်းဖွင့်ချိန်ကို မြေပြန့်နဲ့ တစ်ပြေးတည်း လုပ်ရတော့ ခြောက်သွေ့ပြီး လမ်းပန်းသာတဲ့ နွေဆို ကလေးတွေက အိမ်မှာနေကြ။ မိုးတွေရွာ၊ လမ်းတွေပြိုလို့ သွားလာဖို့ ခက်တဲ့အချိန်ကျမှ ကျောင်းသွားကြရတယ်။ ဒါတောင် ဘာသာစကား အခက်အခဲတွေ မပါသေးဘူး။ စစ်ဘေးဒဏ်ခံရတဲ့ ဒေသတွေက ကလေးတွေဆို ပညာသင်ဖို့ ပိုတောင် ခက်ခဲသေးတာပေါ့။

အဲ့တော့မှ ကျွန်တော် သဘောပေါက်ခဲ့ရတယ်။ တကယ်တော့ ကျွန်တော် တော်တာ မဟုတ်ပါဘူး။ ပညာသင်ခွင့် ကောင်းကောင်းရခဲ့လို့ပါ။ သူတို့သာ ကျွန်တော့်နေရာမှာဆို ကျွန်တော့်လိုပဲ ဆယ်တန်းကို လွယ်လွယ်ကူကူ အောင်မှာ ဖြစ်သလို၊ သူတို့နေရာမှာ ကျွန်တော်ဆိုလည်း ပညာတစ်ပိုင်းတစ်စနဲ့ ဆုံးခန်းတိုင်ရမှာပါပဲ။

Ovarian Lottery ဆိုတာ အဲဒါပဲ။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရရင်တော့ မျိုးဥထီပေါ့။ ဘယ်လိုမိဘမျိုး၊ ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်လိုဒေသမျိုးမှာ လူဖြစ်ခွင့် ရတယ် ဆိုတဲ့အပေါ် မူတည်ပြီး ဘဝတွေ ကွာခြားသွားကြတာ။

တခါတလေ စဉ်းစားမိတယ်။ စာဖတ်သူတွေလည်း စဉ်းစားကြည့်ပါ။ ခုလက်ရှိ ကိုယ်ပိုင်ဆိုင်နေတဲ့ အရာတွေထဲမှာ ဘယ်လောက် ရာခိုင်နှုန်းလောက်က ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု ဖြစ်ပြီးတော့ ဘယ်လောက် ရာခိုင်နှုန်းလောက်က မျိုးဥထီကြောင့်လဲ ဆိုတာကို။

ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ ဥပမာ ဆက်ပေးမယ်။ ဆယ်တန်းတုန်းက အမှတ်တွေအများကြီးနဲ့ အောင်တယ် ဆိုတာ ကျွန်တော် ကြိုးစားတာလည်း ပါသလို ကျွန်တော့်မိဘကြောင့် ပညာကောင်းကောင်း သင်ခွင့်ရခဲ့တာလည်း ပါတယ်။ ကျွန်တော် တက်နေတဲ့ကျောင်းကို လက်နက်ကြီး မကျတာကြောင့်လည်း ပါမယ်။

အဲ့လိုပဲ ကျွန်တော် စာရေးသူ ဖြစ်လာတယ်။ စာအုပ်တွေ ထုတ်လာနိုင်တယ်။ ရုတ်တရက်ဆို ကျွန်တော်က စာရေးကောင်းလို့၊ အတွေးကောင်းလို့ စသဖြင့် ထင်ကြလိမ့်မယ်။ မှားလားဆိုတော့ မမှားဘူး။ ကျွန်တော် ခုလို ဖြစ်လာအောင် စာတွေဖတ်ရတယ်၊ တွေးရတယ်၊ လူတွေနဲ့ ထိတွေ့၊ ဘဝအတွေ့အကြုံတွေ ရှာရတယ်။

သို့သော် ကျွန်တော် စာရေးခွင့် ရတဲ့ခေတ်ကို ကြည့်။ ၂၀၁၂ ခုနှစ်။ အတုအယောင်ပဲဆိုဆို ဒီမိုကရေစီ ဆိုတဲ့ ခေတ်။ အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာ ရေးသားခွင့် ရတယ်။ Facebook ပေါ်လာတယ်။ အဲဒီမှာ လက်သွေးခွင့်ရတယ်။ ကိုယ့်နာမည် တည်ဆောက်ခွင့် ရခဲ့တယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ခွင့်ပြုပေးလိုက်တယ်။ ဆောင်းပါးတွေ ရေးခွင့် ရလာတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ စာမူတစ်ပုဒ်မှ အပယ်မခံဖူးဘဲနဲ့ (ရှေးက စာရေးဆရာကြီးများနဲ့ ယှဉ်ရင်) လွယ်လင့်တကူပဲ စာရေးသူ ဖြစ်လာခဲ့တယ်။

ဒါကြောင့် ကျွန်တော့်ရဲ့ ဖြစ်တည်မှုတွေကို ၁၀၀ ဖိုး ထားမယ်ဆို ကျွန်တော့်ကြိုးစားမှုက ၃၀ လောက်ပဲ ရှိပြီးတော့ ခေတ်ရဲ့ အထောက်အပံ့က ၇၀ ဖိုးလောက် ပါနေတယ်။ ကျွန်တော်သာ ရှေ့ ၁၀ နှစ်လောက် စောပြီး လူဖြစ်ခဲ့မယ်ဆိုရင် စာရေးဖို့ မပြောနဲ့၊ ကိုယ့်မှာ စာရေးတဲ့ ဝါသနာ ပါမှန်းတောင် မသိလိုက်ဘဲ အဆင်ပြေရာ အလုပ်တစ်ခုခု လုပ်ရင်း ဘဝဆုံးချင်ဆုံးသွားမှာ။

ဒီ​တော့ စာဖတ်သူများလည်း စဉ်းစားကြည့်ပါ။ မိဘက သိပ်တော်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတော့ ဘာအမွေ၊ ဘာအရင်းအနှီးမှ မပေးရင်တောင် ငယ်ငယ်ကတည်းက စီးပွားရေးအမြင်တွေ၊ စကားလုံးတွေနဲ့ ရင်းနှီးနေတာမျိုး၊ ဘယ်သူ့သား ဘယ်သူ့သမီး ဆိုတာနဲ့ကို ပိုလုပ်ရကိုင်ရ လွယ်တာမျိုး၊ ရုပ်ရည် ချောနေတဲ့အတွက် အလုပ်မှာ တစ်ပန်းသာတာမျိုး စသဖြင့် ရှိပါလိမ့်မယ်။ (Ovarian lottery ကောင်းကောင်းမပေါက်ခဲ့ပေမဲ့ ဘဝကို အောက်ခြေကနေ ကြိုးစားရုန်းကန်ပြီး အောင်မြင်လာသူတွေလည်း အများကြီး ရှိတာ နားလည်ပါတယ်။)

အဲ့တော့ တိုတိုပြောရရင် ဘဝင်မမြင့်နဲ့ပေါ့ဗျာ။ အောက်ခြေမလွတ်နဲ့ပေါ့။ ကိုယ့်မှာ ရှိနေတဲ့ အရာတွေဟာ ကိုယ့်ကြိုးစားအားထုတ်မှုသက်သက်ကြောင့် မဟုတ်ဘူး။ Ovarian Lottery ၊ ပိုရှင်းအောင် ပြောရရင် ကံတရားရဲ့ အထောက်အပံ့တွေ အများကြီး ပါတယ်။ ကိုယ်အထင်တသေးနဲ့ ဆက်ဆံနေတဲ့သူတွေရဲ့ နေရာမှာသာ ကိုယ်ရောက်နေရင် သူတို့လောက်တောင် ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမှာ။ အဲ့ဒီတော့ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးကစလို့ ကိုယ့်လက်အောက်က ဝန်ထမ်းအထိ ဘယ်သူ့ကိုမဆို တလေးတစား ဆက်ဆံပေး။

အထူးသဖြင့် ကိုယ့်မိဘတွေက တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာ လုပ်၊ တွေ့သမျှ လက်ညှိုးထိုး ရောင်းပြီး ကြီးပွားလာတဲ့ အကောင်သားသမီးတွေဆို ပိုလို့တောင် ဘဝင်မမြင့်သင့်သေးတယ်။ လုပ်ငန်းပေါင်း မြောက်များစွာ တည်ထောင်ထားပေမဲ့ အဲဒါတွေက ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု မဟုတ်သလို ကိုယ့်မိဘတွေက ကြိုးစားထားတာလည်း မဟုတ်ပြန်ဘူး။ လူအများရဲ့ မျက်ရည်တွေ၊ သွေးတွေ၊ ချွေးတွေကို ရင်းပြီး တည်ထောင်ထားတာ။ အနှစ်သာရအားဖြင့်ဆို အထင်ကြီးစရာ ဘာမှ မရှိဘူး။

နောက်တစ်ချက်က ကျေးဇူးတင်တတ်ပါစေ။ ကိုယ့်ကို ဒီလိုအခွင့်အလမ်းတွေ ရလာအောင်၊ သမ္မာအာဇီ၀ အလုပ်နဲ့ အသက်မွေးပြီး ဖန်တီးပေးခဲ့တဲ့ မိဘကို ကျေးဇူးတင်ပါ။ နောက်ပြီး ခေတ်ရဲ့ ပံ့ပိုးမှုကို ရခဲ့တယ်ဆိုရင် အဲ့လိုခေတ်မျိုး ဖြစ်လာအောင်၊ ပြောင်းလဲလာအောင် အသက်ပေးပြီး၊ ဘဝတွေ အပျက်ခံပြီး ကြိုးစားပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်မှာ ရခဲ့တဲ့ အခွင့်အရေးကောင်းတွေကို တစ်ပါးသူတွေလည်း ရအောင် ကြိုးစားဖန်တီးပေးပါ။ ကျွန်တော်ကတော့ ကိုယ့်အသက်အရွယ်အရ အလုံးစုံ ပိတ်ခံထားရတဲ့ ခေတ်မှာ ပညာသင်ခဲ့ရတယ်။ ကြားထဲက မဟတဟလေး ပွင့်လာတဲ့ခေတ်မှာလည်း နေခဲ့ရတော့ ဒီကွာခြားမှုကို ကောင်းကောင်းကြီး သိတယ်။ လူငယ်တွေကို အဲဒီအမှောင်ခေတ်ထဲ မရှင်သန်စေချင်တော့ဘူး။

ငါ ဆယ်တန်းတုန်းက ဂုဏ်ထူးဘယ်နှဘာသာကွ ဆိုပြီး ကိုယ့်လောက်မှ ပညာသင်ခွင့် မရတဲ့သူတွေရှေ့မှာ လက်မ ထောင်နေမလား။ ကိုယ်ရနေတဲ့ လှေကားထစ်တွေကို နင်းတက်ပြီး သူတို့ပါ ကိုယ့်လို ပညာသင်ခွင့် ရလာအောင် လုပ်ပေးမလားပေါ့။

တကယ်တော့ လူတွေ ဆင်းရဲချမ်းသာ ကွာခြားကြတယ် ဆိုတာ ကြိုးစားအားထုတ်မှု ကွာခြားလို့ထက် အခွင့်အလမ်းတွေ ကွာခြားကြလို့သာ ဖြစ်ပါတယ်။ အေဗရာဟမ်လင်ကွန်းက ဖယောင်းတိုင် မီးလေးနဲ့တောင် ပညာကို ဘယ်လိုလေ့လာခဲ့တာ ဆိုတာမျိုးက စိတ်ဓါတ်တက်ကြွစေမှာ၊ ကြိုးစားချင်စိတ် ဖြစ်စေမှာ မှန်ပေမဲ့ ကိုယ့်နိုင်ငံကို တကယ် တိုးတက်စေချင်တယ်ဆိုရင် လူငယ်တွေဆီ ဖယောင်းတိုင်တွေ လိုက်ဝေနေရုံနဲ့တော့ မလုံလောက်ပါဘူး။ ပံ့ပိုးပေးသော ပတ်ဝန်းကျင်ကောင်း (Enabling environment) တစ်ခု ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ခုချိန်ထိ အားမလျှော့ကြသေးတာဟာလည်း ဒါပါပဲ။ လူတစ်စုတစ်ဖွဲ့ပဲ ကွက်ပြီး အခွင့်အလမ်း ရနေတာမျိုး မဟုတ်ဘဲ မြန်မာပြည်မှာ မွေးဖွား ကြီးပြင်းရမဲ့သူတိုင်းကို Ovarian Lottery ဆုကြီးကြီး ပေါက်စေချင်တာပါ။

ဒေါက်တာ ဖြိုးသီဟ
၁၁.၆.၂၀၂၁

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Mathematic Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category