Colourful Poem

Colourful Poem Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Colourful Poem, Art school, Corner of San Pya Street and Dawar St. , Aung Chan Thar ward, Monywa.

နွေရာသီမှာ ပန်းချီဆွဲကြမယ် --------------------------------🎨 စာမေးပွဲပြီးလို့ ကျောင်းတွေပိတ်သွားပြီ ... ဒါဆိုရင် သားသားမ...
06/03/2020

နွေရာသီမှာ ပန်းချီဆွဲကြမယ်
--------------------------------
🎨 စာမေးပွဲပြီးလို့ ကျောင်းတွေပိတ်သွားပြီ ... ဒါဆိုရင် သားသားမီးမီးတို့ရဲ့ နွေရာသီအားလပ်ရက်က သိပ်ကိုပျင်းစရာကောင်းနေမလား ...? ဒီအတွက် ပူစရာမလိုပါဘူးနော် ...။ သူငယ်ချင်းတွေနဲ့အတူ ပန်းချီဆွဲဖို့ Colourful Poem ကိုသာ လာခဲ့လိုက်ပါ။

🧒 သားသားက ဘာပုံတွေဆွဲချင်တာလဲ။ ပါဝါရိမ်းဂျားတွေလား။ Bat Man ပုံလား။ ပန်းချီကားထဲမှာတော့ သားသားက ကမ္ဘာကြီးကို ကယ်တင်တဲ့သူရဲကောင်းကြီးပေါ့ ...

👩 မီးမီးလေးကရော ဘာတွေဆွဲမှာလဲ။ အိမ်မှာမွေးထားတဲ့အချစ်တော်ပါပီလေးရဲ့ ပုံတူကောက်ကြောင်းကို ဆေးခြယ်မလား။ ဒါမှမမဟုတ် ဘာဘီရုပ်လေးရဲ့ ပုံကိုဆွဲမလား။ စမ်းချောင်းလေးနဲ့ တောတောင်ရှုခင်းတွေကို ပုံဖော်မှာလား။

🎨 ဘာပဲဖြစ်ဖြစ် ... ကလေးတို့ဆွဲချင်တဲ့ပုံ ဆွဲလို့ရပါတယ်။ အဲဒီပုံလေးတွေ ပိုမိုသက်ဝင်လာအောင်၊ ပိုပြီးရုပ်လုံးကြွလာအောင် Colourful Poem က လမ်းညွှန်သင်ကြားပေးသွားမှာပါ။ ပုံရိပ်လေးတွေကို ပန်းချီကားပေါ်မှာ စိတ်တိုင်းကျပုံဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွကိုလည်း Colourful Poem မှာ လေ့ကျင့်ရယူနိုင်ပါသေးတယ်။

🎨 Colourful Poem နွေရာသီပန်းချီသင်တန်းကို ယခုမတ်လ (၈) ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး လိပ်စာကတော့ စံပြလမ်းနဲ့ ဒေဝါလမ်းထောင့်၊ အောင်ချမ်းသာရပ်ကွက်၊ မုံရွာမြို့မှာပဲဖြစ်ပါတယ်။ စိတ်ပါဝင်စားတဲ့မိဘများအနေနဲ့ 📞 ၀၉ ၇၇၉၂၂၀၄၃၇ ကို ဆက်သွယ်စုံစမ်းပြီး အပ်နှံနိုင်ပါတယ်။

သားသားမီးမီးတို့အတွက် Colourful Poem နွေရာသီပန်းချီသင်တန်း -------------------------------------------------------------...
05/03/2020

သားသားမီးမီးတို့အတွက် Colourful Poem နွေရာသီပန်းချီသင်တန်း
----------------------------------------------------------------------
🖌Colourful Poem ဆိုတာကတော့ လက်ရှိချဉ်းနင်းဝင်ရောက်နေပြီဖြစ်တဲ့ နွေကျောင်းပိတ်ရက်မှာ ကလေးငယ်တွေအတွက် ရည်ရွယ်ဖွင့်လှစ်သွားမယ့် ပန်းချီသင်တန်းလေးပဲဖြစ်ပါတယ်။

🖌ကလေးငယ်တိုင်မှာ မူလကတည်းက အနုပညာဓာတ်ခံဆိုတာ ပါလာခဲ့ပြီးသားပါ။ Colourful Poem သင်တန်းရဲ့ရည်ရွယ်ချက်က ကလေးတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုအပေါ် အခြေခံပြီး အနုပညာအရည်အသွေးတိုးတက်လာအောင် မြေတောင်မြှောက်ပေးသွားဖို့ပဲဖြစ်ပါတယ်။

🖌နွေရာသီအားလပ်ရက်တွေကို အကျိုးရှိရှိအသုံးချမယ် ... ကောင်းနိုးရာရာ ပန်းချီကားလေးတွေကို စိတ်ဝင်တစားရေးဆွဲမယ်။ သူငယ်ချင်းအသစ်တွေကို ရှာဖွေရင်း ပန်းချီအနုပညာအကြောင်း အခြေခံကျကျသင်ယူမယ်ဆိုတဲ့ ကလေးငယ်တွေအတွက် Colourful Poem က အသင့်တော်ဆုံးသင်တန်းပါပဲ။
သင်ကြားပေးမယ့်နည်းပြဆရာမကတော့ မုံရွာမြို့က Bright ကိုယ်ပိုင်ကျောင်းနဲ့ Bright Mind ကိုယ်ပိုင်မူလတန်းကျောင်းတွေမှာ ပန်းချီနည်းပြအဖြစ် တာဝန်ယူသင်ကြားပေးနေတဲ့ ဆရာမဒေါ်ရွှေလီထွေး ပဲဖြစ်ပါတယ်။

🎨ဒေါ်ရွှေလီထွေးဟာ ၂၀၀၄-၀၅ ခုနှစ်၊ မန္တလေးပန်းချီပန်းပုကျောင်းဆင်းဖြစ်ပြီး ပန်းချီပြပွဲ ၄ ပွဲမှာ ပါဝင်ပြသခဲ့တဲ့ပန်းချီပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးငယ်တွေအတွက် ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားခဲ့တဲ့ ဝါရင့်ပန်းချီဆရာမလည်း ဖြစ်နေပါတယ်။

Colourful Poem ပန်းချီသင်တန်းကို ယခုမတ်လ ၈ ရက်နေ့(တနင်္ဂနွေနေ့) မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ -
🕖စနေ-တနင်္ဂနွေတန်းခွဲတွေအဖြစ် မနက် ၈ နာရီကနေ ၁၀ နာရီအထိတစ်ချိန်၊
🕖မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ တစ်ချိန်သင်ကြားပေးသွားမှာပါ။

ကြားရက်တွေမှာတော့ တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ တစ်ရက်ကို ၄ ကြိမ်ခွဲပြီး သင်ကြား‌ပေးသွားမှာဖြစ်ပါတယ်။ ကြားရက်သင်တန်းချိန်တွေကတော့ -
🕖မနက် ၈ နာရီကနေ ၉ နာရီခွဲ၊
🕖နေ့လည် ၂ နာရီကနေ ၃ နာရီခွဲ၊
🕖ညနေ ၃ နာရီခွဲကနေ ၅ နာရီ၊
🕖ညနေ ၅ နာရီကနေ ၆ နာရီခွဲအထိဖြစ်ပါတယ်။

👉သင်တန်းလိပ်စာက စံပြလမ်းနဲ့ ဒေဝါလမ်းထောင့်၊ အောင်ချမ်းသာရပ်ကွက်၊ မုံရွာမြို့မှာဖြစ်ပြီး မိဘများအနေနဲ့ ဖုန်းနံပါတ် ၀၉ ၇၇၉၂၂၀၄၃၇ ကို ဆက်သွယ်စုံစမ်းပြီး အပ်နှံနိုင်ပါတယ်။

🎨သားသားမီးမီးတို့အတွက် အရောင်အသွေးစုံလင်တဲ့ စုတ်ချက်တွေနဲ့အတူ နွေရာသီကို အလှပဆုံးဖြတ်သန်းဖို့ Colourful Poem ပန်းချီသင်တန်းက စောင့်ကြိုနေပါပြီ။

Address

Corner Of San Pya Street And Dawar St. , Aung Chan Thar Ward
Monywa

Telephone

+959779220437

Website

Alerts

Be the first to know and let us send you an email when Colourful Poem posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category